လက်ပင့်ကူများ.....
Vol. 18 Ch. 245
လီလော့တို့အဖွဲ့ သမာဓိစစ်ဆေးခြင်းကို ဂုဏ်ထူးဖြင့်အောင်မြင်သွားသောကြောင့် အားလုံးက အံ့သြထိတ်လန့်နေကြသည်။
သူတို့ထဲမှ အချို့ဆိုလျှင် သမာဓိစစ်ဆေးခြင်းမှရရှိထားသည့်စိတ်ဒဏ်ရာများကို ကုစားဖို့ ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။
သို့သော်လည်း လီလော့တို့သုံးဉီးက ထမင်းစားရေသောက်သဖွယ် ဖြတ်ကျော်သွားခဲ့ကြသည်။ ကိုယ်တိုင်မြင်တွေ့ထားခြင်းမဟုတ်ပါက ယုံရခက်ခက်ပင်....
ဂျူနီယာတွေအကုန်လုံး အမိုက်စားတွေချည်းပဲလား....
ချိုးပိုင်နှင့် ထျန်ထျန်းတို့သာမက ကျန်းချင်းအာကိုယ်တိုင်လည်း အံ့သြနေခဲ့ပါသည်။
တကယ်ဆို လီလော့တို့ ရက်အနည်းငယ်ကြာမှ အောင်မြင်မည်ဟု မှန်းဆထားခဲ့မိသည်။
ကျန်းချင်းအာ၏ တောက်ပသော အပြုံးသည် အုံ့မှိုင်းသောပတ်ဝန်းကျင်ကို အလင်းပေးနေသည့်နှယ်....
သူမ မည်သူကိုမျှ ဂရုမစိုက်ဘဲ အလင်းတံတိုင်းအပြင်ဘက်သို့ ထွက်သွားခဲ့သည်။
ချိုးပိုင်နှင့် ထျန်ထျန်းတို့လည်း သူမအနောက်သို့လိုက်သွားခဲ့ကြသည်။
"သွားကြစို့....မစ်ရှင်စလိုက်ကြရအောင်....."
ကျန်းချင်းအာက မြူခိုးထဲသို့ ပြေးသွားရင်း ပြောလိုက်သည်။
လီလော့တို့အဖွဲ့ လျင်မြန်စွာ အနောက်ကလိုက်သွားခဲ့ပြီး ချိုးပိုင်နှင့်ထျန်ထျန်းတို့က ခံစစ်အနေအထားဖြင့် နောက်ဆုံးကနေ လိုက်လာခဲ့ကြသည်။
ဒူဇီဟုန်လျန်သည် ကျန်းချင်းအာတို့ ရှိသည့်ဘက်သို့ စူးစူးရဲရဲစိုက်ကြည့်နေပြီး.....
"သွားကြစို့...... ငါတို့မှာ ပစ်မှတ်တွေ ရှိတယ်.....ကျန်းချင်းအာတို့ထက်အရင် အဆင့်သုံးမျှော်စင်ကို ရှင်းရမယ်။ ဖြစ်နိုင်ရင် တခြားအဆင့်သုံးမျှော်စင်ကိုလည်းရအောင်ယူရမယ်.....နှစ်ခုလုံးကိုသာရရင် ဒီမစ်ရှင်မှာ အမှတ်အများဆုံးရမှာသေချာတယ်......."
သူမ၏အဖွဲ့သားများသည် ကျန်းချင်းအာကို အနိုင်ယူရန် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြသည်။
မဟူရာငန်းအဖွဲ့သည် အားကောင်းသော်လည်း လီလော့တို့အဖွဲ့နှင့်ပူးပေါင်းထားသောကြောင့် ပုံမှန်ထက်ပို၍ သတိထားပြီး လှုပ်ရှားနေမည်မှာ သေချာပါသည်။
ဒူဇီဟုန်လျန်တို့အဖွဲ့သည်လည်း အလင်းတံတိုင်းအပြင်ဘက်သို့ ထွက်လာခဲ့ကြပြီ....
၎င်းတို့နောက်တွင် အခြားအဖွဲ့များလည်း စတင်ထွက်ခွာလာခဲ့ကြပြီး တိတ်ဆိတ်ငြိမ်သက်နေသော အရိပ်လှိုဏ်ဂူသည် ယခုအချိန်တွင် လှုပ်လှုပ်ရှားရှားဖြစ်နေလေပြီ။
................... ............... ................
ပိန်းပိတ်အောင် မှောက်မည်းနေခြင်းသည် အနှောက်ယှက်တစ်ခုဖြစ်နေသည်။ မြင်နိုင်စွမ်းကင်းမဲ့ခြင်းနှင့် ဝေဝေဝါးဝါး တီးတိုးသံများသည် အာရုံထွေပြားစေသည်။
လမ်းတစ်လျှောက်တွင် အလင်းရရန်ထွန်းညှိပေးထားသော ကျောက်သားမီးအိမ်အချို့ကိုလည်း တွေ့ခဲ့ရသည်။
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့သည် အလွန်တုန်လှုပ်နေကြသည့်အတွက် တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေကြရှာသည်။
အဖွဲ့ခေါင်းဆောင်ဖြစ်သော လီလော့၏ တည်ငြိမ်မှုသည်အဖွဲ့သားနှစ်ယောက်ကို လုံခြုံမှုပေးစွမ်းနေသည်။
အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်သည့်အတွက် မည်သူမျှစကားမပြောဘဲ အာရုံစိုက်၍သာချီတက်နေခဲ့ကြသည်။
သိပ်မကြာခင်မှာ ရှေ့ဘက်ကနေ ထူးဆန်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသောကြောင့် ကျန်းချင်းအာ ရပ်တန့်လိုက်သည်။
သူမ လက်မြှောက်ပြီး အချက်ပြလိုက်သည့်အခါ လီလော့တို့တတွေက စွမ်းအားများထုတ်ဖော်ပြီး အသင့်ပြင်ထားလိုက်ကြသည်။
တခဏအကြာတွင်မြူခိုးများ ကင်းစင်သွားပြီးနောက် အမှောင်ထဲမှ အနက်ရောင် သတ္တဝါများ ခုန်ထွက်လာကြသည်။
၎င်းတို့သည် ပင့်ကူများဟု ထင်ရသော်လည်း အနီးကပ်ကြည့်လိုက်သည့်အခါ ကျောရိုးထဲစိမ့်သွားသည်အထိ ကြောက်စရာကောင်းနေလေ၏။၎င်းတို့သည် ပင့်ကူများနှင့်တူသောလည်း လက်ချောင်းများကတော့ လူသားလက်ချောင်းများနှင့်တထပ်တည်းတူညီနေ၏။ထို့အပြင် ကျောပြင်ပေါ်တွင်လည်း သွားအပြည့်အစုံပါသည့် လူမျက်နှာတစ်ခုစီရှိနေသည်။
"ဟီး ဟီး!"
ထိုပင့်ကူများက ကလေးငယ်များကဲ့သို့ ရယ်မောနေကြပြီး ကျယ်လောင်သော အသံများက ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဒါတွေက ကမ္ဘာခြားသက်ရှိတွေထဲက အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ လက်ပင့်ကူတွေ...
သူတို့ရဲ့ ရယ်သံက အာရုံထွေပြားစေနိုင်ပေမယ့် မင်းရဲ့နားကို စွမ်းအားနဲ့ ကာကွယ်ထားရင် ရပြီ...."
ကျန်းချင်းအာက အေးအေးဆေးဆေး ရှင်းပြပြီးသည်နှင့် လက်စွဲတော် ဓားကို ဆွဲထုတ်ကာ စတင်တိုက်ခိုက်လေတော့သည်။
ဝုန်းးးးးးးးး
အလင်းတန်းတစ်ခုသည် လက်ပင့်ကူများကို ပြာအဖြစ်သို့ ပြောင်းလဲစေပြီး၊ သူတို့၏ ကျယ်လောင်သော ရယ်မောသံများကို အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
"အူယားစရာကောင်းလိုက်တာကွာ....."
တကိုယ်လုံး ယွစိ ယွစိဖြစ်နေသဖြင့် ခန္ဓာကိုယ်ပေါ်တွင် လက်ပင့်ကူများ ကျန်မကျန်သေချာစွာစစ်ဆေးနေမိသည်။
"သူတို့တွေက လူသားတွေရဲ့မကောင်းတဲ့အတွေးတွေကနေ ပေါက်ဖွားလာတာဆိုတော့ လူသားတွေရဲ့ အစိတ်အပိုင်းတွေ သူတို့ဆီမှာ ရှိနေတာပေါ့......"
"လက်ပင့်ကူတွေက အဆင့်နိမ့်လွန်းတယ်.... သူတို့ကို အဖြူရောင်တိုက်စားသူစာရင်းထဲတောင်သွင်းလို့မရဘူး.....ကပ်ဘေးအဆင့်တွေနဲ့ တွေ့တဲ့အခါ နင်သေချာ သိလာပါလိမ်မယ်....."
ကျန်းချင်းအာက မြေပုံကို သေချာစစ်ဆေးနေပြီး လီလော့တို့ကိုလည်း လာကြည့်ခိုင်းနေသည်။
"ဒီနေ့အတွက် ငါတို့ရဲ့ ပန်းတိုင်က အဆင့်တစ်မျှော်စင်ပဲ... လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒီမျှော်စင်တွေ ဘေးကင်းလုံခြုံအောင် သေချာလမ်းရှင်းပေးရမယ်....."
၎င်းတို့၏ အဓိက ပန်းတိုင်မှာ အဆင့် ၂ နှင့် ၃ သန့်စင်ရေးမျှော်စင်များ ဖြစ်သော်လည်အရိပ်လှိုဏ်ဂူသည် အန္တရာယ်များလွန်းသည်။ ဝေးဝေးမသွားခင် လမ်းရှင်းရမည်။ အန္တရာယ်များလို့ တပ်ဆုပ်ခဲ့လျှင်တောင်
အနည်းဆုံးတော့ ဘေးကင်းလုံခြုံစွာ နောက်ကြောင်းပြန်လှည့်နိုင်လိမ့်မည်။
သတိဝီရိယနှင့် ချဉ်းကပ်ရမည်သာ.....
ထျန်ထျန်းက လမ်းကြောင်း စစ်ဆေးကြည့်ပြီးနောက်...
"ခေါင်းဆောင်....နင်ရွေးထားတဲ့လမ်းကြောင်းက အဆင့်နှစ်မျှော်စင်ဆီတိုက်ရိုက်သွားတဲ့ လမ်းကြောင်းမဟုတ်ဘူး....."
ကျန်းချင်းအာက နေရာတခုကို ညွှန်ပြလိုက်ပြီး....
"ဘာလို့လဲဆိုတော့ ...ငါ... အဲ့ဒီကိုသွားချင်လို့...."
ကျန်းချင်းအာ ညွှန်ပြနေသည့်နေရာတွင် သွေးထွက်နေသော ဦးခေါင်းခွံပုံသဏ္ဍန် အမှတ်အသားပြုထားသည်ကိုတွေ့လိုက်ရသည်။
မယုံနိုင်လောက်အောင် အန္တရာယ်များသော နေရာဖြစ်ကြောင်း အထူးတလည်ရှင်းပြနေစရာမလိုပေ။
ချိုးပိုင်က သူမကို အထိတ်တလန့် မော့ကြည့်လိုက်ပြီး....
"တားမြစ်နယ်မြေမဟုတ်လား...."
"အဲ့တာ တားမြစ်နယ်မြေမဟုတ်ဘူး....ရောင်စုံကျောက်ရေအိုင်...."