ရောင်စုံကျောက်ရေအိုင်.....
Vol. 18 Ch. 246
"ရောင်စုံကျောက်ရေအိုင်...."
ချိုးပိုင်က မေးစေ့ပွတ်နေရင်းကနေ တခုခုကိုသတိရလိုက်ဟန်ဖြင့်....
“ဟုတ်သားပဲ....တားမြစ်နယ်မြေအပြင်ဘက်မှာ ရောင်စုံကျောက်ရေအိုင်တစ်ခုရှိမှန်း မေ့နေတာ.....ဒါပေမယ့် အဲ့ရေအိုင်က အဆင့်နှစ်ဆိုတော့....အာ...မဟုတ်မှလွဲရော...."
ကျန်းချင်းအာက လီလော့ တိုးတက်ဖို့အတွက် သွားရောက်လိုခြင်းပင်.....
ချိုးပိုင်နှင့်ထျန်ထျန်းတို့ လီလော့ကို အမှန်ပင် မနာလိုဖြစ်နေမိပြီ။
ကျန်းချင်းအာ၏ လုပ်ရပ်များသည် စေ့စပ်ထားသည့်ဇနီးလောင်းတစ်ယောက်နှင့်ပင်မတူတော့ပေ။
သူမသည် လီလော့အတွက်နှင့် ပထမဆုကို စွန့်လွှတ်ထားသည့်အပြင် ယခုလိုတွေပါစီစဉ်ပေးနေသေးသည်။
သို့သော်လည်း ကျန်းချင်းအာသည် ဤမစ်ရှင်တွင် ခေါင်းဆောင်ဖြစ်သည့်အပြင် ချိုးပိုင်နှင့်ထျန်ထျန်းတို့ပေါ်တွင် ကျေးဇူးကြွေးများစွာရှိနေသည့်အတွက် သူတို့နှစ်ဉီးစလုံး ငြင်းပယ်ကြမည်မဟုတ်ပေ။
"ရောင်စုံကျောက်ရေအိုင်ဆိုတာ ဘာလဲ...."
" အရိပ်လှိုဏ်ဂူဆိုတာ ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးထားတဲ့ သီးသန့်နယ်မြေတစ်ခုလေ....အမှောင်ဒီရေတက်လာတိုင်း လှိုဏ်ဂူက အမှောင်ဒီရေကြောင့် ပျက်စီးသွားတာတွေကို သူ့အလိုလို ပြုပြင်နိုင်တဲ့နေရာအချို့လည်းရှိတယ်...အဆိပ်ကိုအဆိပ်နဲ့ဖြေတဲ့သဘောပေါ့.....လှိုဏ်ဂူထဲမှာ အဲ့လိုနေရာတွေအများကြီးရှိတယ်..ရောင်စုံကျောက်ရေအိုင်က အဲ့နေရာတွေထဲက တစ်ခု.....တကယ်တော့ ရေအိုင်ထဲမှာ ရောင်စုံကျောက်တွေရှိနေတာမဟုတ်ဘူး...အဲ့အစား သဘာဝစွမ်းအင်အရည်တွေရှိနေတာ....ယုတ္တိရှိရှိရပြောရင် အမှောင်ဒီရေကြောင့် ဆုတ်ခွာလာတဲ့ သဘာဝစွမ်းအင်တွေ တစ်နေရာထဲမှာစုဝေးနေတဲ့သဘောပဲ....."
" နေရာကောင်းတစ်ခုပါ....အဲ့ထဲမှာ စိမ်လိုက်ရင် နင်သာ အရည်အချင်းရှိတယ်ဆို တစ်ကြိမ်တည်းနဲ့ အဆင့်တက်သွားနိုင်တဲ့အထိ အကျိုးထူးတယ်....ငါလည်း အဲ့လိုနည်းနဲ့ အဆင့်တက်ဖူးတယ်...."
ကျန်းချင်းအာ၏ ပြောပုံကြောင့် ထျန်ထျနိးလန့်ဖြန့်သွားပြီး.....
" ခေါင်းဆောင်...ကောလိပ်သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်စိမ်ရုံနဲ့ အဆင့်တက်နိုင်တာ ငါးယောက်လောက်ပဲရှိတယ်နော်....ဒါပေမယ့်လည်း သွားရတာ တန်ပါတယ်လေ....."
" အဲ့ကို အရင်သွားလိုက်ရင် မစ်ရှင်လုပ်ဖို့်နှောင့်နှေးကုန်မှာပေါ့....ပြီးမှသွားလို့မရဘူးလား....."
မည်သို့ပင်ဆိုစေ အားနာတတ်ရမည်ဖြစ်သောကြောင့် လီလော့ ထိုသို့မေးလိုက်ခြင်းဖြစ်သည်။
"ရေအိုင်မှာ ပမာဏအကန့်အသတ်ချက်ရှိတယ်... ငါတို့ အရမ်းနောက်ကျသွားရင် တခြားကျောင်းသားတွေ အကုန်သုံးသွားလိမ့်မယ်....စိတ်မပူပါနဲ့ ငါတို့ရဲ့ခေါင်းဆောင်ကို ကြွေးဆပ်တယ်လို့ပဲသဘောထားလိုက်ပါ....."
ချိုးပိုင်က ပေါ့ပေါ့ပါပါး ရှင်းပြလိုက်သည်။
ကျန်းချင်းအာသည် သူတို့အတွက် သူငယ်ချင်းကောင်းဖြစ်ခဲ့သည်မဟုတ်လော.....
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့က စကားတစ်ခွန်းမှ ဝင်မပြောပေမယ့် အခုအချိန်မှာ ဘယ်သူက အရေးကြီးဆုံးမှန်း နားလည်ကြပါသည်။ ဆင်ဖြူတော်မှီပြီး ကြံစုပ်ရတော့မည်။
"တားမြစ်နယ်မြေ ကရော....အင်အားကြီးတဲ့ ကမ္ဘာခြားသက်ရှိတွေရှိနေလို့လား...."
လီလော့ တကယ်စိတ်ဝင်တစားနေမိသည်။
ကျန်းချင်းအာက ခေါင်းခါလိုက်ပြီး...
"တားမြစ်နယ်မြေမှာ ကမ္ဘာခြားသက်ရှိတွေ မရှိဘူး....."
ဟမ်? ဒါဆို ဘာကြောင့် တားမြစ်ထားတာလဲ.....
" အရိပ်လှိုဏ်ဂူထဲမှာ ကမ္ဘာခြားသက်ရှိတွေတင်မကဘူး... သားရဲတွေလည်း ရှိတယ်.... သူတို့က အပြင်လောကကနေ အရိပ်လှိုဏ်ဂူထဲကို တစ်နည်းနည်းနဲ့ ဝင်လာပြီး ဒီထဲမှာ ပိတ်မိနေကြတာ.... အသက်ရှင်နိုင်လောက်အောင် သန်မာပေမယ့် အမှောင်ဒီရေကြောင့် ရူးသွပ်နေကြပြီ.... သူတို့က အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး လူသားနဲ့ ကမ္ဘာခြားသက်ရှိတွေ ကို စားသောက်ကြတယ်.....ဒီတားမြစ်နယ်မြေထဲမှာ ကောင်းကင်နစ်မြုပ်ခြင်းအဆင့် သားရဲတစ်ကောင်ရှိတယ်.....သန်မာလွန်းလို့ မြို့စားအဆင့်လို့တောင် သတ်မှတ်လို့ရတယ်...."
"ကောလိပ်က ခရမ်းအဆင့်နည်းပြတွေ
စေလွှတ်ပြီး နှိမ်နင်းခဲ့ပေမယ့် သားရဲက ကောင်းကောင်းပုန်းအောင်းနေတယ်..... ပိုအားကောင်းတဲ့ အရိပ်အယောင်ကို ခံစားမိတဲ့အခါ နယ်မြေကျွမ်းတဲ့သားရဲက တခြားနေကရာကို သွားရှောင်နေတယ်လေ.....အဲ့တော့ နည်းပြတွေလည်း လက်လျှော့လိုက်ရတယ်......"
" တခုကံကောင်းတာက သူ့တို့တွေက တားမြစ်နယ်မြေထဲကနေ အပြင်မထွက်ကြဘူး...ငါတို့တွေ သူ့နယ်မြေထဲ မကျုးကျော်သရွေ့အဆင်ပြေပါတယ်....."
လီလော့ခေါင်းညိတ်လိုက်သည်။ထိုသားရဲသည် ပတ်ဝန်းကျင်တွင် အဆိုးဆုံးအာဏာရှင်ဖြစ်နိုင်သည်။ သွားမထိတာ အကောင်းဆုံးပါပဲ။
လမ်းကြောင်းကို ရှင်းပြပြီးနောက် လီလော့တို့ ခရီးဆက်ခဲ့ကြသည်။
လမ်းတလျှောက် အရှိန်ပြင်းပြင်း ခရီးနှင်ခဲ့ကြပြီး အမျိုးမျိုး ကြုံတွေ့ခဲ့ကြသော်လည်း ထူးထူးခြားခြား အန္တာရယ်နှင့်တော့ မကြုံခဲ့ကြပေ။
ကျန်းချင်းအာက တိုက်ခိုက်ရင်းဖြင့် ကမ္ဘာခြားသက်ရှိများ၏ အကျင့်စရိုက်များကို အတတ်နိုင်ဆုံး ရှင်းပြပေးခဲ့ပါသည်။ အချို့သော သမာဓိမကောင်းသည့် ကျောင်းသားများသည် ဝါးမြိုခံရပြီး မရှုမလှဇာတ်သိမ်းသွားကြရသည်။
တွေ့ခဲ့ရသော ကမ္ဘာခြားများသည် ကပ်ဘေးအဆင့်မဟုတ်သည့်အတွက် အချိန်ကုန်သက်သာအောင် ကျန်းချင်းအာတစ်ဉီးတည်းကသာ ဒိုင်ခံဖြေရှင်းနေလေ၏။
နောက်ဆုံးတွင် လီလော့တို့ တောင်ကုန်းတစ်ခုပေါ်ရောက်လာကြပြီး အရှေ့ဘက်တွင် တောအုပ်တစ်ခုရှိနေသည်။ အဖြူရောင်မျှော်စင်တစ်ခုကိုလည်းသစ်ကိုင်းအကိုင်းအခက်များကြားမှ လှမ်းမြင်နေရသည်။
အထူးသဖြင့် မြူခိုးမည်းများသည် သစ်တောတစ်ဝိုက်တွင် ပို၍ထူထပ်နေသည်။
ကြောက်မက်ဖွယ် တီးတိုးသံတွေကလည်း အရင်ကထက် ပိုမိုကျယ်လောင်နေသည်။
"ဒါ ငါတို့ရဲ့ ပထမဆုံး ပစ်မှတ်ပဲ....."
ကျန်းချင်းအာတို့အဖွဲ့ အေးဆေးနေသလောက် လီလော့တို့ကတော့ ဂနာမငြိမ်နိုင်တော့ပေ။
မျှော်လင့်ထားသည့်အတိုင်း၊ သန့်စင်ရေးမျှော်စင်ပတ်လည်ဧရိယာသည် အန္တရာယ်အရှိဆုံးဖြစ်လိမ့်မည်။
"ငါတို့ အခုဝင်မှာလား....."
လီလော့၏လက်များသည် ဘာအလုပ်မှမလုပ်သေးဘဲ ယားယံလာသည်။
ကျန်းချင်းအာကအနီးနားရှိ ပင်စည်ကို မှီလိုက်ပြီး...
"အဆင့်တစ်မျှော်စင်တွေက မခက်ပါဘူး....တရားမျှတမှုအဖွဲ့သားတို့ရေ.... သူတို့ကို သန့်စင်လိုက်ပါ......"
လီလော့တို့တစ်ဖွဲ့လုံး သူမကို စိုက်ကြည့်နေသည်။
သူတို့ လုပ်ရမှာလား......
//မင်းငါ့ကို အဖိုးတန်ရတနာတစ်ခုလို တလျှောက်လုံး ကာကွယ်ပေးနေတာမဟုတ်ဘူးလား.....အခုတော့ အန္တာရာယ်တောထဲ ခုန်ချခိုင်းနေပြီပေါ့.....//
ဤအဆင့်တစ်မျှော်စင်ကို သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား....