← Chapters

မျက်လုံးကမ္ဘာခြားရှိ.....

Vol. 18 Ch. 248

မျက်လုံးကမ္ဘာခြားရှိ.....

Vol. 18 Ch. 248

မီးခိုးရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် မျက်လုံးမကောင်းဆိုးဝါးကိုသာ မြင်နေရသည်။ပတ်ပတ်လည်တွင် ရှိနေသော သစ်ကိုင်းခြောက်များသည် လီလော့တို့မကြာခင်ကြုံတွေ့ရမည့် ကံကြမ္မာကို ကြိုတင်နမိတ်ဆောင်နေသည့်နှယ်....

လက်ရှိမြင်တွေ့နေသည့် မြင်ကွင်းသည် ကလေးဘဝအ်ိမ်မက်ဆိုးများထက်ပင်ကြောက်စရာကောင်းလွန်းလှသည်။

ဇွီးးးးးးဇွီးးးးးး

မျက်လုံးမကောင်းဆိုးဝါးက ထူးဆန်းသည့်မြည်တွန်သံမျိုးဖြင့် အော်ဟစ်လိုက်ပြီး ချွန်မြနေသော လက်သည်းတပြင်ပြင်ဖြင့် တိုက်ခိုက်ဖို့ ဟန်ပြင်နေသည်။

ပုပ်သိုးနေသော ခြေသည်းလက်သည်းများနှင့်သာ ထိမိလိုက်ပါက ဒဏ်ရာအပြင်းအထန်ရမည်မှာ သေချာလောက်သည်။

ဝုန်းးးးး

မကောင်းဆိုးဝါး၏ လက်သည်းများက လီလော့၏ဉီးခေါင်းပေါ်ကနေ သီသီလေးဖြတ်ကျော်သွားသည်မှာ အသည်းအေးဖွယ်ကောင်းနေလေ၏။

မြင်နေရသည့် လူသုံးဉီးစလုံးတမဟုတ်ချင်းပျောက်ကွယ်သွားသောကြောင့် မကောင်းဆိုးဝါးကြီး မျက်မှောင်ကြုံနေသည်။

ပုံရိပ်ယောင်များ......

ဒေါသတကြီးအော်ဟစ်သံများ ပိုလို့တောင် ကျယ်လောင်ပြင်းထန်လာသည်။

" အရိပ်လှိုဏ်ဂူက တကယ့်ကို ငရဲပဲ ......"

လီလော့ သက်ပြင်းချလိုက်ပြီး သစ်ပင်နောက်ကနေ ထွက်လာခဲ့ကာ သုံးဉီးစလုံး၏ အမြင်အာရုံများကို စွမ်းအားများဖြင့် ကာကွယ်ထားလိုက်ကြသည်။

လီလော့တို့သည် အန္တာရာယ်အငွေ့အသက်ကိုအာရုံခံမိသောကြောင့် ပုံရိပ်ယောင်များချန်ရစ်ခဲ့ပြီး ဘေးကင်းရာဆီပြေးခဲ့ကြခြင်းဖြစ်သည်။

"ခေါင်းဆောင်က တော်လိုက်တာ...."

ပိုင်မျန်မျန်သည် ကလေးငယ်တစ်ဉီးသဖွယ် ခုန်ပေါက်ပျော်မြူးနေလေ၏။

"အိုးးး ဒါက....နင့်ရဲ့ပုံရိပ်ယောင်စွမ်းရည်​ကြောင့်ပါ...."

ဇွီးးးးးး

နှစ်ယောက်သားအပြန်အလှန် ချီးကျုးရင်းအလုပ်ရှုပ်နေချိန်တွင် ရှင်းဖူကတော့အလုပ်များနေရှာသည်။

ရှင်းဖူ၏ခန္ဓာကိုယ်သည် မှောင်မည်းနေသောပတ်ဝန်းကျင်နှင့် တသားတည်းဖြစ်နေပြီး ဤသည်ကိုအခွင့်ကောင်းယူကာ မကောင်းဆိုးဝါး၏ နောက်ကျောဘက်သို့ချဉ်းကပ်သွားပြီး စွမ်းအားအပြည့်ပါသော ဓားချက်ဖြင့် အသားလှီးသလို ခုတ်ပိုင်းလိုက်လေသည်။

ထိုအခါ အဖြူရောင်အော်ရာအချို့ထွက်ပေါ်လာပြီး ရှင်းဖူ၏တိုက်ခိုက်မှုကို ခုခံလိုက်သည့်အပြင် တန်ပြန်တိုက်ခိုက်မှုပါ ပြုလုပ်လိုက်သေးသည်။

ထိပ်တိုက်တွေ့ဆုံမှုကြောင့် ရွှေရောင်မီးပွားများလွင့်စင်လာပြီး အမှောင်ထုကို မှီခိုကာ ရှင်းဖူ နောက်ကြောင်းပြန်လှည့်လာခဲ့သည်။

"သတိထား.... တော်တော်သန်မာတယ်.... ဒီအဖြူရောင်တိုက်စားသူက ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်လောက်ရှိမယ်ထင်တယ်....."

"ဒုတိယပုံစံတဲ့လားးးး ဟေးးးး..."

မကောင်းဆိုးဝါးက လီလော့နှင့်ရှင်းဖူတို့ထက်အဆင့်မြင့်သည့်အပြင် ပိုင်မျန်မျန်၏ ပုံရိပ်ယောင်စွမ်းရည်ကလည်း လွင့်ပျယ်နေပြီ။

" မျန်မျန်...သတိထား....."

လီလော့  သူမကို သတိပေးလိုက်ပြီး ဓားချက်ထုတ်ဖော်လိုက်သည့်အခါ ရေအစွန်အဖျားပညာရပ်ကြောင့် လေထုထဲတွင်ရေစက်များရွှဲနစ်ကုန်သည်။

ခန္ဓာကိုယ်တွင်းမှ ပဲ့တင်ထပ်သံမျိုးစေ့နှစ်ခုကလည်း အဆက်မပြတ်လည်ပတ်နေပြီး စွမ်းအားများ ထောက်ပံ့ပေးနေသောကြောင့် ဓားသွားမှ ထွက်ပေါ်လာသာအသံသည် ဒီရေတိုးသံကဲ့သို့ တဝေါဝေါမြည်ဟီးနေသည်။

စိတ်ပျက်ဖွယ်ငြီးငြူသံအချို့နှင့်အတူ မကောင်းဆိုးဝါးကြီးကလည်း လီလော့တို့ကိုအဆက်မပြတ်တိုက်ခိုက်လာသည့်အတွက် နောက်ထပ် မီးပွားများ လွင့်စင်လာပြန်သည်။

ယခုချိန်တွင် လီလော့သည် တိုက်ခိုက်မှုတွင်သာ အာရုံစူးစိုက်ထားရသည်။တိုက်ခိုက်မှုတခုချင်းစီက လီလော့၏လက်မောင်းများကိုဆွဲဖြုတ်နိုင်သည်အထိ ပြင်းထန်နေသော်လည်း ကြံ့ကြံ့ခိုင်ရပ်တည်နေနိုခြင်းမှာ မျိုးစေ့နှစ်ခု ဆီမှ ထောက်ပံ့ပေးနေသော စွမ်းအားများကြောင့်ပင်......

တိုက်ပွဲ အရှိန်ပြင်းလာသည်နှင့်အမျှ မျက်လုံးမကောင်းဆိုးဝါးသည် အဖြူရောင်မှ အနီရောင်သို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး သန်မာမှုကလည်း မှန်းမရအောင်ပြင်းထန်လာသည်။

​ခြေသည်းများကို အာရုံစိုက်နေချိန်တွင် မျက်လုံးထောင့်ကနေ အလင်းတန်းတစ်ခုကို လှစ်ကနဲမြင်လိုက်ရသည်။

ပိုင်မျန်မျန်၏ ခုခံပေးမှုကြောင့်သာမဟုတ်လျှင် ထိုအလင်းတန်းထိမှန်သွားသော သစ်ပင်လိုပင် လီလော့လည်း ပုပ်သိုးဆွေးမြည့်နေလောက်ပြီ......

မျက်လုံးမကောင်းဆိုးဝါးက ပစ်မှတ်အသစ်တွေ့သွားသည့်အနေဖြင့် ပိုင်မျန်မျန်ဘက်သို့လှည့်သွားသည့်အတွက် ရှင်းဖူက လေထဲသို့ခုန်တက်လိုက်ပြီး အလင်းထက်ပင်လျင်မြန်လွန်းသည့် ဓားချက်များကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။

အထိနာသွားသည့်အခါ မကောင်းဆိုးဝါးကြီးနောက်ကြောင်းလှည့်ပြေးလေသည်။သို့သော်လည်း ပြေးနေရင်းကနေ ခြေထောက်နှစ်ဖက်စလုံး မြေပြင်ထဲကျုံ့ဝင်သွားပြီး လီလော့က သူ့ရှေ့တွင်ပိတ်ရပ်နေလေ၏။

လီလော့ ဓားချက်မထုတ်ဖော်ခင် ပိုင်မျန်မျန်က သတိလှမ်းပေးလိုက်သည်။

" ခေါင်းဆောင်..သတိထား...."

လီလော့က ရေအစွန်အဖျားပညာရပ်ကိုသုံးကာ ဓားချက်များ အ​ဆက်မပြတ်ထုတ်ဖော်နေပြီး ရေအလင်းဘောလုံးများ စုစည်းလိုက်ပြီး....

"ရေအလင်းဘောလုံး...."

တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကိုအလင်းဆောင်နေလေ၏။

ပေါက်ကွဲသံခပ်သဲ့သဲ့နှင့်အတူ နာကျင်စွာ​အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီး မကောင်းဆိုးဝါးကြီး၏ ခန္ဓာကိုယ်ပေါက်ကွဲသွားခဲ့သည်။တခဏအကြာတွင် မျက်လုံးမကောင်းဆိုးဝါးကြီး တည်ရှိခဲ့ဖူးခြင်းမရှိသလို ပျောက်ကွယ်သွားလေပြီ။

ရှင်းဖူက လီလော့နားကိုရောက်လာပြီး....

"ပြီးပြီလား...."

ပိုင်မျန်မျန်ကလည်း မဝံ့မရဲ ပြေးလာပြီး.....

"အားပြင်းတဲ့အလင်းရောင်ကို ကြောက်ကြတယ်နဲ့တူတယ်....."

"ဟုတ်တယ် သူတို့က သန်မာပေမယ့် အားနည်းချက်ရှိကြတယ်..... အမှောင်ထဲမှာနေသားကျနေကြတော့ အလင်းရောင်ကိုကြောက်ကြတယ်လေ......အထူးသဖြင့် မီးပွားတွေ လွင့်သွားတိုင်း သူတို့အခြေနေကိုစောင့်ကြည့်ထားလို့ အားနည်းချက်ကိုရှာတွေ့ခဲ့တာ......"

"ခေါင်းဆောင်ရဲ့ ရေအလင်းဘောလုံးတိုက်ခိုက်မှုက သာမာန်ထက်ပိုတောက်ပတယ်နော်....."

"ဟုတ်တယ်......ပေါင်းစပ်ထားတဲ့နည်းပညာလေကွာ......"

မြေပြင်ပေါ်တွင် ကျန်နေခဲ့သည့် မကောင်းဆိုးဝါးအငွေ့အသက်ရှိနေသည့်ပစ္စည်းတစ်ခုကို အသင့်ယူဆောင်လာသည့်ပုလင်းထဲသို့ ကောက်ထည့်လိုက်သည်။

ထိုပစ္စည်းကို အမှတ်ရဖို့ သက်သေအနေဖြင့်ကျောင်းတော်သို့ တင်ပြရမည်။

"ပထမသွေးစက်...."

မျက်လုံးမကောင်းဆိုးဝါးကို နှိမ်နှင်းနိုင်လိုက်မှသာ လီလော့တို့စိတ်အေးနိုင်ခဲ့ကြသည်။ခက်ခဲပင်ပန်းစွာကြိုးစားခဲ့ရပေမယ့်လည်း အတွဲညီညီလုပ်ဆောင်နိုင်သည့်အတွက် ပျော်ရွှင်နေမိပါသည်။

" ဒီလမ်းအတိုင်း ဆက်ရှင်းကြတာပေါ့....."

ပထမဆုံးတိုက်ပွဲကို အောင်နိုင်ထားသဖြင့်သုံးဉီးစလုံး ယုံကြည်မှုအပြည့်ဖြင့် ရှေ့ဆက်ခဲ့ကြသည်။

.......................... ..................... ..

တောင်ကုန်းပေါ်တွင်.....

လီလော့တို့တိုက်ပွဲကို ကြည့်ရှုနေကြသည့်

ကျန်းချင်းအာတို့ကလည်း အံ့အားသင့်နေကြသည်။

"မဆိုးပါဘူး၊ လမ်းကြောင်းရွေးတတ်တဲ့အပြင် အားသာချက်ကိုယ်စီ ထုတ်သုံးတတ်ကြတယ်....."

မမျှော်လင့်ထားလောက်အောင် အတွဲညီခဲ့ကြသည့် လီလော့တို့ကို ထျန်ထျန်းက ချီးကျုးစကားဆိုနေလေ၏။

"အရေးကြီးဆုံးက သူတို့တွေ မျှော်စင်ဆီကို ရူးရူးမိုက်မိုက်မတိုးဝင်ဘဲ လမ်းကြောင်းသေချာရှင်းသွားကြတယ်...."

" အစပိုင်းမှာ နည်းနည်းထိတ်လန့်နေပေမယ့်ကောင်းကောင်းလုပ်နိုင်ကြသားပဲ.... အသစ်လေးတွေက ထင်သလောက်တော့ မဆိုးပါဘူး"

ချိုးပိုင်ကလည်း  ခေါင်းညိတ်ကာ ထောက်ခံလေ၏။

ကျန်းချင်းအာကတော့  အနက်ရောင် မြူခိုးထူထပ်သော  သစ်တောကို ကြည့်နေဆဲပင်....

"အခုမှအစပဲရှိသေးတယ်...မျှော်စင်ကိုပြန်လည်အသက်သွင်းပြီးတဲ့အချိန်ချီးကျူးဖို့ချန်ထားကြဉီး....."

All Chapters