← Chapters

ဇာတ်တူသားစားသည့် ကမ္ဘာခြားသက်ရှိများ....

Vol. 18 Ch. 249

ဇာတ်တူသားစားသည့် ကမ္ဘာခြားသက်ရှိများ....

Vol. 18 Ch. 249

ဘုန်းးးးးး

ပြင်းထန်သည့်ပေါက်မှုကြောင့် အနီးအနာရှိသစ်ပင်ကြီးများ ဖွာလန်ကြဲကုန်ပြီး လီလော့သည်လည်း ပေါက်ကွဲမှုနှင့်အတူ အဝေးသို့လွင့်ပျံသွားခဲ့သည်။

ရှင်းဖူ ကာထားပေးသောကြောင့်သာ အကျမနာခြင်းဖြစ်သည်။

ဝေါ.......

သူတို့ရှေ့တွင် သစ်ပင်နှင့်တူသည့် မကောင်းဆိုးဝါးကြီးတစ်ကောင်ရောက်နေသည့်အတွက်လီလော့ တုန်လှုပ်သွားသည်။

နောက်တစ်ကောင်......

ထိုအရာသည် သစ်ပင်များနှင့်ရောနှောပုန်းကွယ်နေပြီး လီလော့တို့ကို တိုက်ခိုက်ရန်ချောင်းမြောင်းနေခြင်းဖြစ်သည်။

ချုံခိုတိုက်ခိုက်ခံရသော်လည်း အချိန်မှီရှောင်တိမ်းနိုင်ခဲ့ကြသည်။

နောက်ဆုံးတွင်ကျန်ခဲ့သည့်ပိုင်မျန်မျန်ကတော့ သစ်ပိုင်းစအချို့နှင့် ခြစ်မိသွားသောကြောင့် လက်မောင်းပေါ်တွင် အနက်ရောင် အကွက်များဖြစ်ပေါ်လာ၏။

ထူးဆန်းသော စွမ်းအားအချို့က သူမကို ထိခိုက်စေခဲ့ပြီး သူမ၏ စိတ်အခြေအနေသည် အမှောင်ဖုံးစပြုနေလေပြီ။

လီလော့ သူမလက်ကိုအမြန်ဆွဲလိုက်ပြီး ကုသရေးစွမ်းအင်အချို့ ပို့လွှတ်ပေးလိုက်သည့်အခါ.....

ဝုန်းးးးး

ကျယ်လောင်လှသောအသံနှင့်အတူ ဒဏ်ရာမှ အနက်ရောင် မီးခိုးငွေ့များ

ထွက်လာပြီး ခဏအကြာတွင် အကောင်းတိုင်းပြန်ဖြစ်သွားခဲ့သည်။

ပိုင်မျန်မျန်သည် ချောမွေ့နေသော အရေပြားကို စမ်းသပ်ကြည့်ကာ အလွန်ပျော်မြူးနေရှာသည်။

" ကျေးဇူးတင်ပါတယ်....."

မိန်းကလေးတစ်ယောက်အတွက်အသားအရေကောင်းမွန်ခြင်းသည်  အလွန်အရေးကြီးသည့်အတွက် လီလော့၏ ကုသခြင်းသည် အတော်ရေပန်းစားလာမည်မှာသေချာသည်။

"ခေါင်းဆောင်.... ငါလည်းထိထားတယ်...."

ရှင်းဖူကလည်း မျှော်လင့်ချက်တကြီးဖြင့် လီလော့ရှေ့သို့ လက်တစ်ဖက် ထိုးပေးလာသည်။

လီလော့၏လေသံသည် မိဘမှသားသမီးကိုဆိုဆုံးမနေသည့်လေသံမျိုးပြောင်းသွားပြီး.....

"ရှင်းဖူ...သေချာနားထောင်...အမာရွတ်တွေဆိုတာ ယောက်ျားပီသခြင်းရဲ့ အမှတ်အသားတွေ....ငါတို့ရောက်နေတာ အရိပ်လှိုဏ်ဂူနော်....အသေးအမွှားဒဏ်ရာလောက်ကိုဂရုစိုက်မနေနဲ့....."

ရှင်ဖူသည် လီလော့၏ ထူးဆန်းသော အားပေးမှုကြောင့် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း  ခေါင်းညိတ်လိုက်သည်။

"အင်း...ဟုတ်​တယ်​....."

လီလော့ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကုသခြင်းသည် စွမ်းအားများစွာ ကုန်ဆုံးသည်။ မိန်းကလေးဖြစ်သော ပိုင်မျန်မျန်ကို ဂရုစိုက်ပေးသင့်သော်လည်း ယောက်ကျားလေးနှစ်ယောက်ဖြစ်သော သူတို့ကိုပါ ကုသပေးနေရလျှင် မျှော်စင်မရောက်ခင် အရည်ခမ်းကုန်လိမ့်မည်။

" လေးကောင်သတ်ပြီးပြီဆိုတော့ တစ်ကောင်ကျန်သေးတာပေါ့....."

" အကွာအဝေးအရဆိုရင် ရှင်းဖို့ နောက်ဆုံးနေရာတစ်ခုပဲ ကျန်တော့တယ်"  ပိုင်မျန်မျန်က  ညာဘက်သို့ ညွှန်ပြကာ သုံးသပ်လိုက်သည်။

လီလော့ ကြောက်ရွံ့မှု အနည်းငယ် ခံစားလိုက်ရသည်။ ထိုနေရာသည် ယခုအချိန်အထိ ရှောင်လွှဲခဲ့သောနေရာဖြစ်သည်။ ထိုနေရာတွင် အနက်ရောင် မြူခိုးများ အထူထပ်ဆုံးဖြစ်သည်။

ထိုနေရာတွင် အသန်မာဆုံးကမ္ဘာခြားသက်ရှိ ရှိနေမည်မှာ သေချာလောက်သည်။

အရင်တွေ့ကြုံခဲ့ရသည့် လေးကောင်သည် အဖြူရောင်တိုက်စားသူများဟုဆိုသော်လည်း ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်လောက်ထိ သန်မာသူများဖြစ်ကြသည်။

ကျန်ရှိနေသည့်အကောင်သည် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ပင်ဖြစ်နိုင်သည်။

ရှင်းဖူနှင့်ပိုင်မျန်မျန်တို့ကလည်း အကြီးမားဆုံး အတားအဆီး ရှေ့ကို ရောက်နေပြီဆိုသည်ကို နားလည်ကြပါသည်။

"ကဲ...ရင်ဆိုင်စရာရှိတာ ရင်ဆိုင်လိုက်ကြတာပေါ့......"

ဤသို့ဖြင့် သုံးယောက်သားရှေ့ဆက်ခဲ့ကြလေသည်။

ထူးဆန်းသည်မှာ ထိုနယ်မြေသည် ကမ္ဘာခြားသက်ရှိ ရှိနေသည်ဟုပင်မထင်ရလောက်အောင် ငြိမ်သက်နေသည်။

"ထူးဆန်းနေတယ်....."

လီလော့၏လေသံက အနည်းငယ်မာကျောနေသည်။

ပလပ်!

ထိုအချိန်တွင် ရှေ့မှ မကောင်းဆိုးဝါး စွမ်းအင်များ အလုံးအရင်းလိုက် ထွက်ပေါ်လာသည့်အတွက် သုံးယောက်စလုံးခန္ဓာကိုယ်ကို စွမ်းအားများဖြင့်ကာကွယ်လိုက်ရသည်။

မြူခိုးများလွှင့်ပျယ်သွားသည့်အခါ  သွေးသ့တရွှဲရွှဲအူအခွေလိုက်ကို အစုလိုက်အပြုံလိုက်ကြီးမြင်တွေ့လိုက်ရသည်။

ထိုအရာများ၏အလယ်တွင် အရေပြားရော ဉီးခေါင်းပါမရှိသည့် မကောင်းဆိုးဝါးကြီးတစ်ကောင် ထိုင်နေလေ၏။

ထိုမ​ကောင်းဆိုးဝါးကြီးသည် မီးခိုးရောင်ကြိုးများဖြင့် ချည်နှောင်ထားရသည့်အတွက်

မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေထွက်ပြေးရန် မဖြစ်နိုင်ပေ။

မြင်ဖူးသမျှထဲတွင် အရက်စက်ဆုံးမြင်ကွင်းဖြစ်သဖြင့် သုံးဉီးစလုံးကြောင်အစွာကြည့်နေမိကြသည်။

"ဘာတွေဖြစ်နေတာလဲ...."

ပိုင်မျန်မျန်က တိုးတိုးလေးမေးနေသည်။

"ကမ္ဘာခြားသက်ရှိတွေ ရန်ဖြစ်နေကြတာ...."

ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်သည့်အခါ မှော်ကော်ဇောကဲ့သို့ မြူမှုန်များထဲတွင် လွင့်မျောနေသော အဖြူရောင်လူသားအရေခွံတစ်ခုကိုတွေ့လိုက်ရသည်။

ဤသည်မှာ ဒဏ္ဍာရီပုံပြင်များကို ကိုယ်တိုင်တွေ့မြင်လိုက်ရသည့်နှယ်......

ထို​အရေခွံသည်  သံကြိုးများ၏ အရင်းအမြစ်ဖြစ်ရမည်။

အိပ်မက်ဆိုးနှင့်တူသော မကောင်းဆိုးဝါးကြီးနှစ်ကောင် အချင်းချင်း မာန်ဖီနေသည့်အသံသည် သားရဲဟိန်းဟောက်သံများသဖွယ်ကြောက်စရာကောင်းလွန်းလှသည်။

လူအရေခွံ မကောင်းဆိုးဝါကြီးသည် တစတစပြန့်ကားလာပြီး ခေါင်းမရှိသည့် မကောင်းဆိုးဝါးကြီးကို လွှမ်းခြုံသွားလေ၏။

ဝေါင်းးးးးးး

​ခေါင်းမရှိသည့်မကောင်းဆိုးဝါးကြီးသည်

အရေပြားအောက်ကနေ  ဒေါသတကြီး ရုန်းကန်နေသော်လည်း နောက်ဆုံးတွင် ဝါးမြိုခံလိုက်ရသည်သာ....

လူအရေခွံမကောင်းဆိုးဝါးသည် ခေါင်းမပါသည့်မကောင်းဆိုးဝါးကြီးကို စားသောက်လိုက်လေပြီ။

ထိုမြင်ကွင်းသည် ထူးဆန်းထိတ်လန့်စရာကောင်းလွန်းသဖြင့် လီလော့တို့ ကြက်သီးတဖြနန်းဖြန်းထနေရှာသည်။

တခဏအကြာတွင် လူအရေခွံအောက်ကနေ သွေးများစီးကျလာပြီး ပိုမို​ကျယ်ပြန်လာသည်။

"ပိုအားကောင်းလာပြီ.....ဝါးမြို

ပြီးသွားရင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း  စတုတ္ထအဆင့်၊ ပဉ္စမအဆင့်တောင် ဖြစ်သွားနိုင်တယ်....."

ရှင်းဖူက တိုးတိုးကပ်ပြောသည်ကို ပိုင်မျန်မျန်က.....

"အခု ငါတို့ အလစ်ဝင်တိုက်ကြမလား......"

လီလော့ တခဏမျှစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ အလစ်တိုက်ဖို့အတွက်အခွင့်သာသည်ဆိုသော်လည်း အန္တာရာယ်များလွန်းလှသည်။

"မကြောက်ကြနဲ့..... လူအရေခွံမ​ကောင်းဆိုးဝါးက  အသားတွေကို အပြည့်အဝစုပ်ယူဖို့ အချိန်တစ်ခုလိုလိမ့်မယ်...မျှော်စင်ကို အသက်သွင်းဖို့ ဒီအခွင့်အရေးကို အသုံးချလိုက်ရအောင်...အစာချေဖျက်နေတဲ့အတွက် သူ ငါတို့ကိုနှောင့်ယှက်နိုက်မှာမဟုတ်ဘူး....မျှော်စင်အသက်ဝင်လာရင် သူ့အလိုလိုဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်...."

"ပြီးတော့မှ ဒါကြီးကို ဝမ်းပန်းတသာ ကြိုဆိုလိုက်ကြတာပေါ့....."

All Chapters