အရှိန်ဖြင့်စီးဆင်းခြင်း....
Vol. 18 Ch. 251
ဘုန်းးးးးး
လက်ရှစ်ခုရှိသော မကောင်းဆိုးဝါးသည် စွမ်းအာလှိုင်းလုံးများကို လီလော့တို့သုံးဉီးထံပစ်လွှတ်လိုက်သည်။
အနည်းဆုံး ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း စတုတ္ထပုံစံအဆင့်လောက်ရှိမည်ဖြစ်သောကြောင့် ထိပ်တိုက်တွေ့ရင် သူတို့သာ အသားပြားဖြစ်ကုန်လိမ့်မည်။ ထို့ကြောင့် ရှောင်နိုင်သမျှရှောင်ရမည်။
ဒေါင်......
ထိုသတ္တဝါကြီးက လက်ဖက်ကိုအားပြုကာခန္ဓာကိုယ်ကို မွတ်နေအောင်လှည့်ပတ်လိုကပြီး တိုက်ခိုက်လိုက်ပြန်သည်။
လီလော့တို့ကလည်း စွမ်းအားများသုံးပြီးရှောင်တိမ်းရပြန်သည်။
ဤအတိုင်းသာရှောင်တိမ်းနေပါက မကြာမီစွမ်းအင်ကုန်ခမ်းပြီး ကိစ္စတုံးကုန်ကြလိမ့်မည်။
ကျန်းချင်းအာတို့က အနီးနားရှိသစ်ပင်တစ်ပင်ပေါ်ကနေ တိုက်ပွဲအခြေနေကို စောင့်ကြည့်နေကြသည်။
“ခေါင်းဆောင်၊ သူတို့ ဒုက္ခရောက်နေပြီ.....”
ထျန်ထျန်းပြောသည်ကို ချိုးပိုင်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်ပြီး.......
"သေချာတယ် ပဉ္စမအဆင့်နီးနီးသန်မာနေပြီ..... သူတို့အတွက် တော်တော် အန္တရာယ်များနေပြီ......."
တိုက်ပွဲကို မျက်တောင်မခတ်စတမ်းကြည့်ရှုနေသည့် ကျန်းချင်းအာသည် တည်ငြိမ်နေပုံရသော်လည်း စွမ်းအားများကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း သူမအဖွဲ့သားများ နားလည်လိုက်ကြသည်။
သူမ အသင့်ပြင်နေပြီ......
ဒီတစ်ကောင်ကိုသာရှင်းလိုက်နိုင်လျှင် ဤနယ်မြေတစ်ခုလုံး အောင်အောင်မြင်မြင် သန့်စင်နိုင်ပြီဖြစ်သောကြောင့် လီလော့တို့အတွက် နှမြောစရာကာင်းလွန်းနေသည်။
မည်သို့ပင်ဆိုစေ လူသစ်တွေအနေဖြင့် ဤမျှလောက်ထိစွမ်းဆောင်နိုင်ခြင်းမှာ ချီးကျုးဖွယ်ပင်ကောင်းနေလေ၏။
မကောင်းဆိုးဝါးကြီးသည် တိုက်ခိုက်မှုကိုနှစ်ဆတိုးကာ သုံးယောက်ထဲတွင် အန္တရာယ် အများဆုံးဟုယူဆထားရသောလီလော့ဆီဉီတည်လာနေသည်။
ဤတစ်ကြိမ်တွင်တော့ အရှိန်မြန်လွန်းသဖြင့် လီလော့အဖို့လုံးဝလွတ်လမ်းမမြင်တော့ပေ။
အရိပ်ကြီးတစ်ခု စီးမိုးကျဆင်းလာပြီ.....
ကျန်းချင်းအာကလည်း ဓားရိုးပေါ်လက်တင်လိုက်လေပြီ။
ဝုန်းးးး
ထိုအချိန်တွင် မြေပြင်ပေါ်တွင် တွင်းပေါက်တစ်ခုဖြစ်ပေါ်လာပြီး လီလော့က အစွန်းဘက်တွင်ရှိနေသည်။
မကောင်းဆိုးဝါးကြီး အရှိန်မထိန်းနိုင်ဘဲတွင်းထဲသို့ ကျသွားလေတော့သည်။
"ဘာတုန်းဟ...."
ချိုးပိုင် အလန့်တကြားထအော်လိုက်မိသည်။
"သူအရင်ကလည်း ဒါမျိုး လုပ်ဖူးတယ်....အထဲမှာ ရေစွမ်းအားတွေရှိတယ်....နေပါဉီး...သူဘာလုပ်မလို့လဲ...."
ထိုမျှလောက်နှင့် အဖြူရောင်တိုက်စားသူတစ်ကောင်ကိုရှင်းပစ်ဖို့မလွယ်ပါ.....
ဘာတွေဖြစ်နေမှန်း မသိသော်လည်း လီလော့ကို ယုံကြည်သည့်အတွက် ကျန်းချင်းအာက ဓားရိုးပေါ်ကနေ လက်ဖယ်ထားလိုက်ပါပြီ။
လီလော့ သူတို့နားရောက်လာသည်နှင့် ပိုင်မျန်မျန်က
"ကြယ်ပျံ......"
ပိုင်မျန်မျန်၏ တောက်ပသော စွမ်းအားများသည် အေးခဲစေနိုင်လောက်သည့် ပုံရိပ်ယောင်စွမ်းရည်များပါရှိသည့် လိပ်ပြာများအဖြစ်ဖွဲ့စည်းသွားလေသည်။ထိုလိပ်ပြညများကြောင့် မကောင်းဆိုးဝါးကြီး တွင်းပေါ်တက်ဖို့ကြိုးစားနေရာကနေ အောက်ပြန်ကျသွားသည်။
" ကပ်ငြိခြင်း....."
ရှင်းဖူ ထိုသို့ အော်ဟစ်လိုက်သည့်အခါ သူ့နောက်ကနေ ထွက်ပေါ်လာသည့် ရှည်လျားသောအနက်ရောင်အရိပ်များသည် တစုတစည်းတည်းပေါင်းစည်းသွားပြီး တွင်းထဲမှအကောင်ကို အပြင်မထွက်လာနိုင်အောင် ပိတ်ဆို့လိုက်သည်။
"ခေါင်းဆောင်.....ငါ ဒါကို ငါးစက္ကန့်ပဲ လုပ်နိုင်မယ်........"
ရှင်းဖူ အံကြိတ်သံဖြင့် ပြောလိုက်သည်ကို လီလော့က.......
"ရှင်းဖူ...! စကားပြောဆင်ခြင်စမ်း...မျန်မျန်ရှိနေတယ်လေကွာ......"
ရှင်းဖူ သွေးအန်မိတော့မည်။
// ခေါင်းဆောင်ရယ် ဒီအချိန်က စနောက်နေရမယ့်အချိန်လား.....//
သို့သော်လည်း လီလော့သည် ပဲ့တင်ထပ်သံပညာရပ် ထုတ်ဖော်ဖို့ အလုပ်များနေပါသည်။
"ကျားအဆင့် ပညာရပ်...အရှိန်ဖြင့်စီးဆငိးခြင်း......"
ဝှစ်...ဝှစ်.....
တွင်းထဲရှိရေစွမ်းအားများသည် ကြီးမားသည့်ရေစက်လုံးကြီးအဖြစ် ပြောင်းလဲသွားသည့်အတွက် မကောင်းဆိုးဝါးကြီး ထိုအထဲတွင် အတော်ရုန်းကန်နေရသည်။
ထိုရေစက်လုံးကြီးသည် အရှိန်ပြင်းစွာ စတင်လည်ပတ်လာပြီး မကောင်းဆိုးဝါးကြီးကို စတင်ဆုတ်ဖြဲလေတော့သည်။
ပြင်းထန်သောဖိအာကြောင့် ဖြူဖွေးသောအရေပြားများစတင် ကွာကျလာပြီး ၎င်းအောက်တွင်ရှိနေသော အနီရောင်အသားပိုင်းများစတင်ပေါ်ထွက်လာသည်။
တစ်ကောင်ကို နှစ်ကောင်ဖြစ်အောင်ခွဲထုတ်ခြင်း.....
ယခုချိန်တွင် လူရေခွံမကောင်းဆိုးဝါးသည် အတွင်း အပြင် ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခံနေရသည်။အပြင်ဘက်က လီလော့၏တိုက်ခိုက်မှုကို ခံစားနေရပြီး အတွင်းဘက်ကနေ အစာမကြေသေးသည့်အကောင်ကလည်း ရုန်းထွက်ဖို့ကြိုးစားနေသည်။
ဘယ်လိုပဲ ရုန်းကန်နေပါစေ ဘယ်လိုမှ တိုက်ထုတ်၍မရပေ။
တခဏအကြာတွင် စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ မကောင်းဆိုးဝါးကြီး နှစ်ပိုင်းကွဲသွားခဲ့သည်။
"ခေါင်းဆောင်.....အလုပ်ဖြစ်ပြီ..... ဉာဏ်ကြီးရှင်ပဲနော်....."
ပိုင်မျန်မျန်က အော်ဟစ်ချီးကျူးပြီး လက်ခုပ်ပင်တီးနေသေးသည်။
ရှင်းဖူ အခုမှသာ သက်ပြင်းချနိုင်ရှာတော့သည်။
သူသည် လီလော့၏ အကြံအစည်အပေါ် သံသယဝင်ခဲ့မိသည်။
လီလော့က လူရေခွံမကောင်းဆိုးဝါး၏ ဆင့်ကဲပြောင်းလဲမှုကို ရပ်တန့်ပစ်ပြီး အချင်းချင်းတိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ထူးထူးခြားခြား ဉာဏ်ကောင်းလှသည့်သူတို့၏ခေါင်းဆောင်သည် တကယ့်ရတနာတစ်ပါးဖြစ်သည်။
ရှင်းဖူသည် ငွေရောင်ဆံပင် အောက်တွင်ရှိနေသည့် ဦးနှောက်ကို ပို ပိုပြီး လေးစားနေမိတော့သည်။
ရေစွမ်းအားထဲတွင် အလင်းစွမ်းအားထည့်သုံးထားခြင်းကြောင့်သာ အောင်မြင်ခဲ့သည်ကို လီလော့ မည်သူ့ကိုမျှ ထုတ်ပြောလိမ့်မည်မဟုတ်ပေ။
ဝုန်းးးးးး
ရေစက်လုံး ပေါက်ကွဲသွားပြီး အကောင်နှစ်ကောင် ထွက်ပေါ်လာသည်။
သို့ပေမယ့် ယခုချိန်တွင် နှစ်ကောင်စလုံး သိသိသာသာ အားနည်းပါပြီ။
ထိုနှစ်ကောင်သည် မုန်းတီးမှုတွေနဲ့ ကြည့်နေကြပြီး အချင်းချင်း ကိုက်သတ်ဖို့ အသင့်ဖြစ်နေကြလေပြီ။
သို့သော်လည်း ယခုချိန်တွင် လှည့်ပြေးရုံမှတပါး အခြားမရှိ.......
ဉာဏ်ရည်မပြည့်မီသော်လည်း သူတို့မှာ ရှင်သန်ဖို့အတွက် ဗီဇရှိကြသည်။ အားမတန်မှန်းသိသည့်အတွက် လှည့်ပြေးဖို့ပြင်နေကြသည်။
လီလော့က ရှင်းဖူကို မျက်စပစ်လိုက်ပြီး.....
"လာစမ်းပါ....အကုန်ပါးပါးလှီးပစ်လိုက်မယ်....."
မကောင်းဆိုးဝါးများသည် ယခုဆိုလျှင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းပထမအဆင့်လောက်သာရှိတော့သည့်အတွက် ရှင်းပစ်ဖို့ အချိန်ကောင်းပင်....
ရှင်းဖူကတော့ လီလော့လို နောက်ပြောင်မနေဘဲ အလုပ်ဖြင့်သာ သက်သေပြလိုက်သည်။
မယုံနိုင်လောက်သည့် အလှည့်အပြောင်းကြောင့် ကျန်းချင်းအာတို့သုံးဉီးစလုံးမှင်သက်နေကြရှာသည်။
" ဝိုးးး ဒီနေ့တော့ မျက်စိပွင့်နားပွင့်စရာတွေနဲ့ကြုံခဲ့ရပြီ......"
ချိုးပိုင်နှင့်ထျန်ထျန်းတို့း၏ ချီးကျုးစကားကို ကျန်းချင်းအာက အပြုံးတပွင့်ဖြင့်ထောက်ခံလိုက်လေသည်။