ဂုဏ်ထူးမှတ်ဖြင့်အောင်မြင်ခြင်း....
Vol. 18 Ch. 252
တိုက်ပွဲ လျင်မြန်စွာပြီးဆုံး သွားခဲ့သည်။
အားပျော့သွားသော အဖြူရောင်တိုက်စားသူ နှစ်ဦးသည် လီလော့တို့ သုံးဦး၏ ပေါင်းစပ်စွမ်းအားကို ဆန့်ကျင်ဖို့မဖြစ်နိုင်ခဲ့ပေ။
မျှော်စင်၏အစွမ်းကြောင့်လည်း ပါပါလိမ့်မည်။အရှိန်အဟုန်ပြင်းစွာစီးဆင်းခြင်းပညာရပ် ထိရောက်မှုရှိစေရန် ပတ်ဝန်းကျင်၏ပံ့ပိုးမှုအချို့လည်း လိုအပ်ခဲ့ပါသည်။
ဝမ်.....
မျှော်စင်မှ အလင်းရောင် ပိုမို အားကောင်းလာပြီး မကြာမီ သစ်တောတစ်ခုလုံး လင်းထိန်နေတော့သည်။
အနက်ရောင် မြူမှုန်များသည်လည်း တဖြည်းဖြည်း မှိန်ဖျော့သွားကာ နောက်ဆုံးတွင် အလင်းရောင်အောက်တွင် ပျောက်ကွယ်သွားခဲ့ကြသည်။
လေထုသည်လည်း တဖန်ပြန်လည် ကြည်လင်လတ်ဆန်နေခဲ့ပါပြီ။
ဖိနှိပ်ချုပ်ချယ်ခံရသည် ခံစားချက်တွေဆီကနေ လွတ်မြောက်လာသလိုပင်....
"မဆိုးပါဘူး....နင်တို့ရဲ့ ပထမဆုံး တစ်ကိုယ်တော် မစ်ရှင်အတွက် ဂုဏ်ယူပါတယ်......"
စီနီယာအဖွဲ့ပေါ်လာပြီး ကျန်းချင်းအာ၏ မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုရှိနေသည်။
လီလော့ သူမကိုမော့ကြည့်လိုက်သောလည်း မတ်တပ်ရပ်ဖို့ပင် အင်အားမရှိတော့ပေ။
ကျန်းချင်းအာ ကမ်းပေးသည့် လက်တစ်ဖက်ကို ဖမ်းဆုပ်လိုက်သည့်အခါ သက်တောင့်သက်တာဖြစ်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။
" ဆုမချတော့ဘူးလား...."
"ကျန်သေးတယ်....နောက်ထပ် အဆင့်နှစ်မျှော်စင်တစ်ခု အသက်သွင်းပြီးရင် ဆုကြီးကြီးပေးမယ်...."
" ကျေးဇူးပါ.... ငါကတော့ အသက်လေးနှမြောတယ်....."
မည်သို့မျှ မဖြစ်နိုင်ပါ...လက်ရှစ်ချောင်းမကောင်းဆိုးဝါးကိုတိုက်ခိုက်ဖို့တောင် ရှိသမျှ အကြံဉာဏ်အကုန်ထုတ်သုံးခဲ့ရသည်။ ဒါတောင် အောင်မြင်နိုင်ချေ 40% လောက်သာရှိခဲ့သည်။
အဆင့်နှစ်မျှော်စင်တွင် အနီရောင်တိုက်စားသူများအပြင် ကံမကောင်းလျှင် ကပ်ဘေးအဆင့်များနှင့်ပါ တွေ့ရနိုင်သည်။
ဤသို့သာဆိုပါက တဖွဲ့လုံး အစားခံရလိမ့်မည်။
ဆုလာဘ်က ဆွဲဆောင်မှုရှိနေပေမယ့် ဤသည်မှာ အဆင့်နှစ်မျှော်စင်ဖြစ်နေသောကြောင့် အရူးသာလျှင် ရွေးချယ်လိမ့်မည်။
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ကလည်း လီလော့၏ ၏ဆင်ခြင်တုံတရားကို သဘောကျလက်ခံခဲ့ကြသည်။ ခေါင်းဆောင်ဖြစ်သော လီလော့ကသာလျှင် အဖွဲ့သားတစ်ယောက်ချင်းစီ၏ အားသာချက်၊အားနည်းချက်တွေကိုအကောင်းဆုံးသိမြင်နိုင်သူဖြစ်သည်။
"အဆင့်တစ် မျှော်စင်ကို အသက်သွင်းနိုင်တာကိုက ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်နေပါပြီ....ပြီးတော့ ဇာတ်တူသားစားတဲ့မြင်ကွင်းမျိုးက အဆင့်တစ်မျှော်စင်တွေမှာ တွေ့ရခဲတယ်...."
ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်နှင့် နီးကပ်သော ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ကြယ်နှစ်ပွင့်အဖွဲ့ပင်လျှင် ဝေးဝေးကရှောင်ကြလိမ့်မည်။
လီလော့တို့ အခုလိုအောင်မြင်ခဲ့ခြင်းမှာ ခွန်အားတစ်ခုတည်းကြောင့်မဟုတ်ဘဲ ဉာဏ်ရည်ကိုအားကိုးခဲ့ကြရသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အလုပ်တစ်ခုတော့ ပြီးသွားပြီ...."
ဤသည်မှာ အဖိုးတန်သည့် အတွေ့အကြုံတစ်ခုဖြစ်သည်။ ယခုဆိုလျှင် အရိပ်လှိုဏ်ဂူတွင်ရှိနေသော အန္တရာယ်များနှင့်မျှော်စင်များအကြောင်း ကောင်းကောင်းနားလည်လာခဲ့ပြီ။လီလော့တို့လို ထိပ်တန်းအဖွဲ့တောင် အတော်လေး ရုန်းကန်ခဲ့ရသည်။
"လူအရေခွံမကောင်းဆိုးဝါး ဝါးမြိုနေတာတွေ့တုန်းက အရှိန်အဟုန်ပြင်းစွာ စီးဆင်းခြင်းပညာရပ်သုံးဖို့စဉ်းစားထားလို့ နင်တို့ မတိုက်ခိုက်ခဲ့တာလား....."
ထိုဆုံးဖြတ်ချက်သည် ထိုအချိန်က ဘာမှမဟုတ်သလို ထင်ရသော်လည်း အမှန်မှာ စွဲမက်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ လီလော့သည် ကမ္ဘခြားသက်ရှိများ၏ အလေ့အထကို ကောင်းစွာသိကျွမ်းသည့်အပြင် အခြေနေအချိန်အခါလိုက် လှုပ်ရှားတတ်သည်မှာ အထင်ကြီးစရာကောင်းနေလေ၏။
" သူ စားနေတာကြည့်လိုက်ကတည်းက အဆင်မပြေမှန်းသိနေတာ....ဒါပေမယ့် သူတို့နှစ်ကောင်က လိုက်ဖက်တယ်လို့ထင်ရတယ်....စစချင်းကတည်းကတိုက်ခိုက်လိုက်ရင် နှစ်ခုကွဲသွားရင်တောင် အရမ်းအားနည်းနေမှာမဟုတ်ဘူး....သူတို့နှစ်ကောင်ပေါင်းပြီး ငါတို့ကိုရှင်းပြီးမှ သူတို့ဘာသာ ဆက်ရှင်းကြလိမ့်မယ်....."
တွက်ချက်တတ်ခြင်း.....
အမြော်အမြင်ရှိခြင်း....ပြတ်သားခြင်း....
" ပိုဆိုးလားမှာကို မကြောက်ဘူးလား...."
ထျန်ထျန်း၏ အမေးကို ချိုးပိုင်က ဖြည့်စွက်လိုက်ပြီး....
"ဟုတ်တယ်....ဝါးမြိုမှုပြီးဆုံးတာနဲ့ သေချာပေါက် အနီရောင်တိုက်စားသူဖြစ်လာမှာ အနည်းဆုံးတော့ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်ပဲ....သေချာတာက မင်း တတ်နိုင်တာထက်ကျော်လွန်သွားပြီ...."
"ကျူပ်မှာ တခြားရွေးချယ်စရာများရှိခဲ့လို့လား.....ဟီးးးဟီးးး ပြီးတော့ အခြေနေမကောင်းရင် လာကယ်မယ့်သူတွေရှိနေတယ်လေ...အဲ့တာကြောင့်မို့ ဒီလိုဆုံးဖြတ်ရဲတာပေါ့......"
ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး....
" ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ အရိပ်လှ်ိဏ်ဂူမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး လုံခြုံရေးအတွက် တိကျသေချာတဲ့ အာမခံချက်မရှိဘူး... တစ်ခါတစ်လေ ဆုံးဖြတ်ချက်တစ်ခုချပြီး အောင်ပွဲခံနိုင်ပါတယ်....."
မည်သို့ပင်ဆိုစေ လီလော့ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့သည့်အတွက် သူမ အတော် ဝမ်းသာနေမိသည်။
ချုံငုံသုံးသပ်ရလျှင် သူမ၏ စမ်းသပ်မှုကို လီလော့က ဂုဏ်ထူးမှတ်ဖြင့်အောင်မြင်ခဲ့သည်မဟုတ်ပါလား....
ယခုဆိုလျှင် ချိုးပိုင်နှင့်ထျန်ထျန်းတို့ကလည်း လီလော့တို့ကို အထင်ပိုကြီးလာသည့်အပြင် ပို၍လည်း ယုံကြည်လာကြပြီဖြစ်သည်။
ကျန်းချင်းအာ မြေပုံကို လှန်ကြည့်လိုက်သည့်အခါ လီလော့တို့အသက်သွင်းခဲ့သည် မျှော်စင်က အဖြူရောင် တောက်ပနေတာကို တွေ့လိုက်ရသည်။
ခပ်ဖွဖွပွတ်သတ်လိုက်သည့်အခါ မှိန်ဖျော့သော စာကြောင်းနှစ်ကြောင်း ပေါ်လာသည်။
မဟူရာငန်းအဖွဲ့......
တရားမျှတမှုအဖွဲ့......
လီလော့ အံ့သြသွားသည်။
"ငါတို့နာမည်တွေကို တခြားအဖွဲ့တွေရဲ့ မြေပုံတွေပေါ်မှာရော မြင်နေရမှာလား "
ကျန်းချင်းအာ ခေါင်းညိတ်လိုက်သည်။
"ဒီမြေပုံတွေကို ရှန်းလိသစ်ခေါက်နဲ့ လုပ်ထားတာဆိုတော့... မျှော်စင်တွေရဲ့သစ်သားနဲ့ ပိုပြီးနက်ရှိုင်းတဲ့ အဆင့်မျိုးနဲ့ ချိတ်ဆက်ထားတယ်..... အခြားသူတွေရဲ့ တိုးတက်မှုကို မြင်နေရတာက အထီးကျန်မှုကို တွန်းအားပေးတဲ့အတွက် တကယ် အရေးကြီးတယ်.."
" ကဲ..အရှိန်ရနေတုန်း ခရီးဆက်ကြရအောင်...ဒီတစ်ခါတော့ အရှိန်နဲ့သွားမှဖြစ်မယ်....တားမြစ်နယ်မြေအပြင်ဘက်ကို သုံးရက်အတွင်း ရောက်အောင်သွားမှဖြစ်မယ်....."
သူမသည် လီလော့တို့ကို နားချိန် မပေးဘဲနောက်ထပ် မျှော်စင်တစ်ခုဆီသို့ ပြေးခိုင်းနေပြီ။