← Chapters

လျှို့ဝှက်လွန်းသော သတ္တမမြောက်တောင်ထိပ် ( ၁ )

Vol. 22 Ch. 330

လျှို့ဝှက်လွန်းသော သတ္တမမြောက်တောင်ထိပ် ( ၁ )

Vol. 22 Ch. 330

ရွှေကျီးကန်းကြီး လေထဲသို့ ပျံတက်သွားပြီး မီးပင်လယ်ကြီး ပျံ့နှံ့သွားစဉ် တစ္ဆေထီးပေါ်ရှိ မရေမတွက်နိုင်သော ကြောက်မက်ဖွယ်မျက်နှာများ စူးစူးရှရှ အော်ဟစ်လိုက်ကြသည်။ ရွှေကျီးကန်းကြီးကို သူတို့ ဖိနှိပ်ချင်ပါသော်လည်း အသုံးမဝင်ပေ။

ရွှေကျီးကန်းကြီးက တမုဟုတ်ချင်း ဝင်ရောက်သွားသည်။

တစ္ဆေမျက်နှာများ၏ စူးစူးရှရှအော်ဟစ်သံများက နာကျင်စွာ အော်ဟစ်မြည်တမ်းသံများအဖြစ် ပြောင်းလဲသွားသည်။ တစ္ဆေထီးတစ်လက်လုံး အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းသွားသည်။ ထီးထဲရှိ မကောင်းဆိုးဝါးမျက်နှာများက ရုန်းကန်ရန် ကြိုးစားလိုက်ပါသော်လည်း မအောင်မြင်ပေ။

မျက်တောင်တစ်ချက်ခတ်အတွင်း ရွှေကျီးကန်းကြီး၏လက်ချက်ဖြင့် မကောင်းဆိုးဝါးများအားလုံး လောင်ကျွမ်းသွားသည်။ တချိန်တည်းမှာပင် စီမာယွီ၏ ခန္ဓာကိုယ်မှ အသွင်ပြောင်းသွားခဲ့ကြသော မိစ္ဆာအရိပ်များသည်လည်း ရွှေကျီးကန်းကြီး၏ မီးပင်လယ်အောက်တွင် လွင့်ပျယ်သွားတော့မည့်ဟန်တူသည်။

သို့သော်လည်း စီမာယွီ၏ တိုက်ရည်ခိုက်ရည်က အံ့မခန်းပင်။ သူမသည် တုန်လှုပ်ချောက်ချားနေပါသော်လည်း ရွှီချင်းထံသို့ ဝင်ရောက်သွားသေးသည်။ သူမသည် မီးပင်လယ်ကြီးကို ကျော်ဖြတ်၍ မရေမတွက်နိုင်သော မျက်နှာများအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏တစ်ကိုယ်လုံးပေါ်သို့ ကြမ်းတမ်းစွာ ခုန်အုပ်လိုက်သည်။

လေအေးများ တဟူးဟူး တိုက်ခတ်လာပြီး ရွှီချင်း၏ သက်စောင့်မီးလုံးများကို ငြှိမ်းသက်ချင်နေသည်။

ရွှီချင်းမှာ မျက်ခုံးမွေးပင့်သွားပြီး သူ့ကိုယ်ထဲရှိ ဓမ္မတံခါးများအားလုံး တဟုန်းဟုန်း လောင်ကျွမ်းလာသည်။ ထိုအချိန်၌ သူ့ကိုယ်ထဲရှိ ဓမ္မတံခါးများကို ကွယ်ဝှက်နေစရာအကြောင်းမရှိဟု သူ ခံစားလိုက်ရသည်။ သူ့ရှေ့ရှိ သက်စောင့်မီးလုံးလေးလုံးတိုက်ရည်ခိုက်ရည်နှင့် အမျိုးသမီးမှာ ဖိနှိပ်ရန် အလွန်ခက်သည်။ သူ၏ ဓမ္မတံခါးကိုးဆယ်က ဧရာမမီးဖိုကြီးတစ်လုံးအလား အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာသည်။

သူ၏ဓမ္မတံခါးများသည် တခြားသူများ၏ဓမ္မတံခါးများနှင့် မတူပေ။ သူ၏ဓမ္မတံခါးများသည် ပို၍ပင် ထည်ဝါပြီး ဓမ္မတံခါးတစ်ခုစီတွင် ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်များရှိသည်။

ထိုကဲ့သို့ အံ့အားသင့်စရာကောင်းသော ဝိညာဉ်ပင်လယ်တစ်ခုက ကြောက်ခမန်းလိလိဓမ္မစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဓမ္မစွမ်းအား၏ အထောက်အပံ့အောက်တွင် ရွှီချင်း၏သက်စောင့်မီးလုံးများမှ ထုတ်လွှတ်နိုင်သော စွမ်းအားအဆင့် အလွန့်အလွန် ကြောက်မက်ဖွယ်ရာ ဖြစ်လာသည်။

ထိုလေအေးသည် ကျင့်ကြံသူများစွာ၏ သက်စောင့်မီးလုံးများကို ငြှိမ်းသက်နိုင်ကောင်း ငြှိမ်းသက်နိုင်မည် ဖြစ်ပါသော်လည်း ရွှီချင်း၏မီးတောက်များကို လွင့်ပျယ်သွားအောင် မလုပ်နိုင်ပေ။

သူ၏သက်စောင့်မီးလုံးများသည် အရှိန်တညီးညီး တောက်လောင်နေသည်။ ထိုမိစ္ဆာများ မည်မျှပင် အနီးကပ်သွားသည်ဖြစ်စေ ကူကယ်ရာမဲ့သွားကြသည်။ ယင်းအပြင် ရွှီချင်းက ရွှေကျီးကန်းအတတ်ကို ကျင့်ကြံထားသည်ဖြစ်၍ သူ၏အပြင်အားက မြင့်မားသောအဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးနှင့်ချီက မီးပင်လယ်နှင့် ပေါင်းစည်းကာ သွေးအလင်းတန်းဖြစ်သွားပြီး တဂျိမ်းဂျိမ်းမြည်ဟည်းကာ အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ ထိုသွေးအလင်းတန်းနှင့် ထိမိလိုက်သည့် မိစ္ဆာများအားလုံး ချေဖျက်ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားသည်။

စီမာယွီမှ ပြောင်းလဲသွားခဲ့သည့် မိစ္ဆာအရိပ်များသည်လည်း ပြိုကွဲပျက်စီးသွားပြီး မြူခိုးများ ပြန်ဖြစ်သွားကြသည်။ မနီးမဝေးနေရာတွင် ၎င်းတို့ စုစည်းသွားပြီး ပို၍ပင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

မာန်ဖီကြုံးဝါးသံနှင့်အတူ မြူခိုးများသည် ခေါင်းသုံးလုံးနှင့် ဧရာမသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုသားရဲကြီးသည် ကျားတစ်ကောင်နှင့် ဆင်တူသည်။ ထိပ်မှာ ခေါင်းခုနစ်လုံးရှိပြီး အမြီးတွင် ခေါင်းတစ်လုံးရှိသည်။ ၎င်း ပေါ်လာသည့်အခိုက် လေပြင်းများ တဟူးဟူး တိုက်ခတ်လာပြီး အေးစက်စက်အငွေ့အသက်များပါ စိမ့်ဝင်ပျံ့နှံ့လာသည်။ ၎င်းက ရွှီချင်းကို ချက်ချင်း ခုန်အုပ်လိုက်သည်။

၎င်းသည် သြချရလောက်အောင် မြန်ဆန်သည်။

၎င်း၏ကိုယ်ထဲမှ တစ္ဆေအမြောက်အမြား ထွက်လာပြီး အဆက်မပြတ် လှည့်ပတ်သွားသည်။ ထို့နောက် အရာအားလုံးကို တိုက်ခတ်ပစ်မည့် လေပွေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ ခြေတစ်လှမ်း တိုးသွားပြီး တစ္ဆေကျားကြီးရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူ့ညာလက်ကို မြှောက်လိုက်ရာ သူ့ကိုယ်ထဲမှ မိစ္ဆာမီးတောက်များ တဟုန်းဟုန်း ထွက်ပေါ်လာပြီး ဧရာမလက်သီးကြီးအသွင်ဖြင့် အောက်သို့ ထိုးချလိုက်သည်။

ကျားကြီးသည် ဟိန်းဟောက်မာန်ဖီကာ ရှောင်တိမ်းလိုက်သည်။ ၎င်းက ရွှီချင်းအနီးသို့ ရောက်လာပြီး ပါးစပ်ကြီးကို ဖွင့်လိုက်သည်။ ၎င်း၏ပါးစပ်ကြီးအား ဖွင့်ထားပုံမှာ အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့်အလားပင်။

ရွှီချင်း၏အကြည့်က တည်ငြိမ်နေသည်။ သူက ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး ရှေ့သို့ ညွှန်လိုက်သည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ မီးပင်လယ်ကြီး ဖြာထွက်လာပြီး မိုဆာဆောကြီး ရုပ်လုံးပေါ်လာသည်။ မိုဆာဆောကြီးသည် အရွယ်အစားအားဖြင့် ကျားကြီးထက် ပို၍ ကြီးသည်။ ၎င်းက ပါးစပ်ကြီးကို ဟ၍ ကျားကြီးအား ဝါးမျိုလိုက်သည်။

တစ္ဆေကျားကြီး ပျက်စီးသွားပြီး စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလိုက်သည်။ သို့သော်လည်း စီမာယွီသည် အမှန်ပင် ထူးချွန်သူဖြစ်သည်။ တစ္ဆေကျားကြီးကို မိုဆာဆောကြီး ဝါးမျိုလိုက်သည့်အချိန်မှာပင် တစ္ဆေကျားကြီးက တခဏလေးအတွင်း ပေါက်ကွဲပျက်စီးသွားသည်။ ထူထပ်သိပ်သည်းသော မြူခိုးများ ပြန်လည်စုစည်းသွားပြီး တတိယမြောက်မိစ္ဆာကြီးအဖြစ် လေထဲတွင် ပေါ်လာသည်။

ထိုမိစ္ဆာကြီးသည် ကျောတွင်အမြီးများနှင့် မည်းနက်သော ခန္ဓာရှိပြီး ယက္ခဘီလူးကြီးနှင့် ဆင်တူသည်။

၎င်းက မာန်သွင်းအော်ဟစ်လိုက်ပြီး ရွှီချင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သို့သော်လည်း ကောင်းကင်ဝေဟင်ပြင်ရှိ တိမ်များကို ထိုးဖောက်သွားခဲ့သော အနက်ရောင်လျှပ်စီးတန်းက ယက္ခဘီလူးကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ အရိပ်လေးသည်လည်း ပြန့်ကားသွားသည်။

စီမာယွီမှ အသွင်ပြောင်းလဲသွားခဲ့သော ယက္ခဘီလူးကြီးမှာ မျက်နှာပျက်သွားသည်။ ယက္ခဘီလူးကြီးသည် သံတုတ်နက်လေးနှင့် မြေပြင်ပေါ်ရှိ အရိပ်လေးကို ရှောင်တိမ်းခဲ့ပါသော်လည်း ရွှီချင်းကို မရှောင်နိုင်ပေ။

ရွှီချင်းသည် ခံ့ညားထည်ဝါသောအရှိန်အဝါဖြင့် ခုန်အုပ်လိုက်သည်။ သူ အနီးကပ်သွားသည်နှင့် ယက္ခဘီးလူးကြီး၏ လည်ပင်းကို ဆတ်ခနဲ ဆုပ်ကိုင်လိုက်ပြီး ဘေးရှိနံရံနှင့် ပစ်ရိုက်လိုက်သည်။

နံရံ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသည်။ ယက္ခကြီး၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေစဉ် ရွှီချင်း၏လက်ထဲမှ မိစ္ဆာမီးအများအပြား ပျံ့နှံ့လာသည်။

သူက ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ယက္ခဘီလူးကြီးကို ကြည့်၍ စတင်သန့်စင်လိုက်သည်။

တခဏလေးအတွင်း ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ကိုးဆယ့်တစ်ခုမြောက်ဓမ္မတံခါးမှာ ပွင့်လာတော့မည့်လက္ခဏာများ ပြသလာသည်။

ယက္ခဘီလူးကြီးက အပြင်းအထန် ရုန်းကန်လိုက်သည်။ ရွှီချင်းသည် အေးစက်စက်နှာမှုတ်လိုက်ပြီး ယက္ခဘီလူးကြီးကို အပေါ်သို့ ဆွဲမလိုက်သည်။ ထို့နောက် ယက္ခဘီလူးကြီးကို မြေပြင်နှင့် ကြမ်းတမ်းစွာ ဖိချလိုက်သည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ယက္ခဘီလူးကြီး၏ခန္ဓာကိုယ် ပေါက်ကွဲပျက်စီးသွားသည်။

မြူခိုးများ လွင့်ပျံနေသေးသည်ကို မြင်၍ လေထဲရှိ ရွှေကျီးကန်းကြီးက ဂီးခနဲ အော်မြည်လိုက်ပြီး အရူးအမူး ရှူသွင်းလိုက်သည်။ ရုတ်တရက် မြူခိုးများက ၎င်း၏ပါးစပ်တည့်တည့်ဝင်ရောက်သွားပြီး ဝါးမျိုခံရတော့မည့်ဟန်တူသည်။

ထိုအချိန်၌ မြူခိုးများ အလုအယက် စုစည်းသွားပြီး စတုတ္ထမြောက်ပုံသဏ္ဍာန်ပေါ်လာသည်။

ယင်းမှာ ပေတစ်ထောင်ရှည်သော ဖောင်းပွပွလူ့ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ လူ့ဘီလူးကြီးက ကြောက်စရာကောင်းလောက်အောင် လေးလံဟန်တူပြီး ရွှေကျီးကန်းကြီးကို ခုခံရန် မြေပြင်ပေါ် ထိုင်ချလိုက်သည်။

သို့သော်လည်း လူ့ဘီလူးကြီးမှာ ရွှေကျီးကန်းကြီးကို ယှဉ်ပြိုင်နိုင်သည့်အရည်အချင်းမရှိကြောင်း သိသာသည်။ ရွှေကျီးကန်းကြီးက အေးစက်စက်အကြည့်ဖြင့် ၎င်းကို စုပ်ယူလိုက်ပြန်သည်။ ရွှီချင်းသည်လည်း လျှောက်လာသည်။

သူက စီမာယွီ၏ စတုတ္ထမြောက်ပုံသဏ္ဍာန်ကို ကြည့်၍ သူ့မျက်လုံးများထဲ ထူးဆန်းသောအလင်းများ ဝင်းလက်သွားသည်။

မကြာသေးခင်က စုပ်ယူခြင်းသည် ဓမ္မတံခါးတစ်ခုကို ချက်ချင်း အက်ကွဲသွားစေသည်။ ထို့ကြောင့် ရွှီချင်းသည် ရတနာတစ်ပါးကို ကြည့်နေသည့်အလား စီမာယွီကို ကြည့်နေသည်။

သို့ဖြစ်၍ ရုန်းကန်နေသော လူ့ဘီလူးကြီးအနီးသို့ သူ ရောက်သောအခါ သူ့ကိုယ်ထဲမှ မိစ္ဆာမီးများ ပေါက်ကွဲထွက်လာပြီး လူ့ဘီလူးကြီးကို လွှမ်းခြုံသွားသည်။

လူ့ဘီလူးကြီးမှာ ကြောက်လန့်တုန်ရီသွားပြီး အပြင်းအထန် ရုန်းကန်ပါသော်လည်း မလွတ်မြောက်နိုင်ပေ။

၎င်းက ရွှီချင်းနှင့် ၎င်းကို စုပ်ယူနေသော ရွှေကျီးကန်းကြီး၊ စိုးရိမ်တကြီး ပြေးလာနေသော အရိပ်လေးနှင့် စိတ်လှုပ်ရှားစွာဖြင့် ချဉ်းကပ်လာနေသော သံတုတ်နက်တို့ကို ကြည့်လိုက်သည်။

All Chapters