နိုင်ငံရတနာအဖြစ်လည်း သတ်မှတ်ခံရခြင်း
Vol. 25 Ch. 375
အစောပိုင်းက ရဲ့လင်းချန်၏ စွမ်းဆောင်မှုက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ တရုတ်အသင်း၏ ကစားသမားများတောင်မှ သတိပြန်မဝင်လာသေးပေ။
ထိုသို့သောအချိန်၌ ကိုရီးယားနိုင်ငံ ကစားသမား၏ နှုတ်ခမ်းက တွန့်ကွေးလာပြီး ဂုဏ်ယူဟန်ဖြင့် ပြုံးလေသည်။ သူ့ခန္ဓာကိုယ်က ခုန်တက်လာပြီး မျက်လုံးများက တိုင်ကိုသာ အာရုံစိုက်နေပြီး ခုန်ပစ်ရန် အသင့်ဖြစ်နေ၏။
“ကောင်းတယ်”
ဤသည်ကိုမြင်သော် နံပါတ်တစ်ဆယ် ကစားသမားသည် အံ့ဩသွားပြီး မယုံနိုင်လောက်အောင် စိတ်လှုပ်ရှား လာသည်။
*မင်း ဘောလုံးကို ဖြတ်လုနိုင်လဲ ဘာဖြစ်လဲ၊ ငါတို့ အမှတ်ရမှာပဲ၊ ငါတို့ ဒီပွဲကို နိုင်နေဦးမှာ၊ မင်း ဆက်ပြီး မာန်တက်နေလိုက်*
သူ စိတ်ထဲ၌ အော်ဟစ်နေပြီး ကစားပွဲ ပြီးသွားသည်နှင့် ရဲ့လင်းချန်ကို သရော်ရန် အသင့် ဖြစ်နေ၏။
သို့သော် တစ်ခဏအတွင်းမှာပင် သူ့အပြုံးက အေးခဲသွားရသည်။ သူ့မျက်လုံးထောင့်နားမှ အရိပ်တစ်ခုက လေတိုးသံ နှင့်အတူ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ဖြတ်ပြေးသွားသည်။ သူက ခုန်ပစ်တော့မည့် ကစားသမားနားသို့ ရောက်သွားလေသည်။
“ဘုန်း”
ကျယ်လောင်သော အသံနှင့်အတူ ဘတ်စကက်ဘောသည် ထိုလူ၏ လက်ထဲမှ လွင့်ထွက်သွားသည်။ ပြီးပြည့်စုံသော တားဆီးမှုတစ်ခုအား အသာလေး လုပ်ဆောင်သွားသဖြင့် ပရိသတ်များ အံ့ဩသွားရပြန်သည်။
ဘတ်စကက်ဘောက ချမ်စန်း၏ လက်ထဲသို့ ပျံဝဲသွားသည်။ ချမ်စန်းသည် စဉ်းစားမနေဘဲ ရဲ့လင်းချန်ထံ ပြန်ပစ်ပေး လိုက်သည်။
“ဘုတ် ဘုတ် ဘုတ်”
ရဲ့လင်းချန်သည် ဘောလုံးကို အသာအယာ ပုတ်နေပြီး မျက်လုံးများက ကိုရီးယားနိုင်ငံ၏ ကစားသမားများကို ဝေ့ကြည့်ကာ သူတို့ကို ဖိအားပေးနေသည်။
“ကြောက်နေပြီလား၊ ကိုရီးယားနိုင်ငံက ကစားသမားတွေက တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ”
ရဲ့လင်းချန်က ခေါင်းခါ၍ အရေးမစိုက်သလို ပြောသည်။
“သေချာကြည့်ထား၊ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောက ဘာလဲဆိုတာကို ငါ မင်းတို့ကို ပြမယ်”
“ဘုတ် ဘုတ် ဘုတ်”
ထိုသို့ပြောပြီးသည်နှင့် ရဲ့လင်းချန်၏ ဘောလုံးပုတ်သည့် အရှိန်က ရုတ်တရက် မြန်လာသည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းလာပြီး ကျားသစ်တစ်ကောင်ကဲ့သို့ အရှေ့သို့ ပြေးတက်လေသည်။
“မင်းတို့ ဇရှိရင် ငါ့ဆီ တက်လာခဲ့”
နံပါတ် တစ်ဆယ် ကစားသမား၏ မျက်နှာက အရှက်ရသလို ဖြစ်သွားလေသည်။ သူသည် ကိုယ်ကိုနှိမ့်၍ လက်မောင်းကို ဆန့်ကာ ရဲ့လင်းချန်အား သိမ်းငှက်တစ်ကောင်ကဲ့သို့ ဝဲ၍ ကာနေသည်။
“မင်း ငါ့ခံစစ်ကို လုံးဝ မဖောက်နိုင်ဘူးကွ”
ထိုသို့ အော်သော်ငြားလည်း သူ့စိတ်သည် ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။ သူ ယခု ရဲ့လင်းချန်ကို တားမှ ဖြစ်မည်။ သို့မဟုတ်ပါက ယနေ့သည် သူ တစ်သက်လုံး မေ့မရနိုင်မည့် အရှက်ရခဲ့သော နေ့တစ်နေ့ ဖြစ်လာပေလိမ့်မည်။
ပွဲကြည့်စင်တွင် လူတိုင်း၏ ခန္ဓာကိုယ်က ရှေ့သို့ မသိမသာ ကိုင်းနေပြီး မျက်တောင်ပင် မခတ်ရဲကြချေ။
“ကျွီ”
ရဲ့လင်းချန်က ဘောလုံးကို ပုတ်၍ဆွဲလာပြီး နံပါတ် တစ်ဆယ် ကစားသမားရှေ့သို့ အရှိန်မလျော့ဘဲ ပြေးလာနေသည်။ နံပါတ်တစ်ဆယ် ကစားသမား၏ ဘေးမှ ဖြတ်နိုင်တော့မည့်ပုံပင်။
နံပါတ်တစ်ဆယ် ကစားသမားက လက်များကိုဆန့်၍ ဘောလုံးကို လှမ်းဖမ်းရန် အသင့် ဖြစ်နေသည်။
သို့သော် ရဲ့လင်းချန်၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး လက်ကို ဆတ်ခနဲ ရပ်လိုက်သည်။ ထိုသို့ အရှိန်ဖြင့် လှုပ်ရှားနေချိန်တွင် သူက မမျှော်လင့်ဘဲ ဘက်ပြောင်းကာ ပြိုင်ဘက်၏ အခြားတစ်ဖက်မှ ဖြတ်သွားသည်။
“ဘုတ် ဘုတ် ဘုတ်”
ဘောလုံးကို ပုတ်သည့်အသံက ရပ်မသွားပေ။ မကြာခင်မှာပင် အားလုံး၏ အကြည့်အောက်၌ ရဲ့လင်းချန်ကို ခုန်၍ ဘောလုံးကို လှမ်းပစ်လိုက်သည်။
ထိုလှုပ်ရှားမှုသည် အံ့ဩစရာကောင်းလောက်အောင် အစမှအဆုံးတိုင် ချောမွေ့နေခဲ့သည်။ လူတိုင်း အလွန် အားကျစရာ ကောင်းသည်ဟု တွေးမိသည်။ နံပါတ်တစ်ဆယ် ကစားသမား၏ ခံစစ်က ရဲ့လင်းချန်အတွက် ဘာမှ မဟုတ်ပေ။ သူ့အတွက် လုံးဝကို ခြိမ်းခြောက်မှု မဟုတ်ခဲ့ချေ။
နံပါတ်တစ်ဆယ် ကစားသမားသည် ရဲ့လင်းချန် သူ့ကို ကျော်သွားသောအခါ တုံ့ပြန်နိုင်စွမ်း မရှိပေ။ ထိုအရှိန်ကြောင့် သူတောင်မှ ကြမ်းပြင်ပေါ် ပစ်လဲကျသွားရသည်။
ထိုသို့ဖြစ်ပြီးသွားသည့်တိုင် သူသည် ကြမ်းပြင်ပေါ် ထိုင်မြဲထိုင်နေကာ တွေဝေနေသော မျက်နှာအမူအရာမျိုး ဖြစ်နေ၏။
“အံ့…အံ့ဩစရာ ကောင်းလိုက်တာ၊ ထူးဆန်းတယ်”
“ဒီဘတ်စကက်ဘော ငကြောင်က ဘယ်က ရောက်လာတာလဲ၊ ကြီးမြတ်တဲ့ ငါတို့ တရုတ်နိုင်ငံရဲ့ ဘတ်စကက်ဘောက တိုးတက်လာတော့မှာကွ”
“အား…အား…အား…ချောလိုက်တာ၊ တအား ယောက်ျားပီသတာပဲ၊ ငါ မခံနိုင်တော့ဘူး၊ ငါ ပျော်လွန်းလို့ သတိလစ်တော့မယ်”
“ဟားဟားဩား ဘာလို့ ကိုရီးယားနိုင်ငံကလူတွေ စကားမပြောတော့တာလဲ၊ လာလေ ခုန်ပြီး အော်ပါဦးကွ၊ ဘာလို့ အဲ့လောက် ကြောက်နေတာလဲ”
“အရင်တုန်းက ငါတို့ တရုတ်နိုင်ငံက မင်းတို့နဲ့ ဘာရန်ငြိုးရန်စမှ မရှိဘူး၊ ကြီးမားပြီး သန်မာတဲ့ ငါတို့လို နိုင်ငံမှာ ဆရာသခင်တွေ အများကြီးပဲကွ၊ ဝါးဟားဟားဟား …”
…
တစ်ကြိမ်သာ ပစ်လိုက်သော်လည်း အားကစားရုံတစ်ခုလုံးအား ဆူညံသွားစေသည်။ ရဲ့လင်းချန်သည် အကြိမ် အနည်းငယ်မျှသာ ပစ်ခဲ့သော်လည်း သူ ပစ်လိုက်သည့်အချိန်တိုင်း လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
*ဒါ ဆရာသခင်တစ်ယောက်ရဲ့ အရှိန်အဝါပဲ*
“ရှောင်ရဲ့၊ မိုက်တယ်ဟေ့”
ရှောင်ကမ်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲနေသည်။ သူက အသံပျောက်လုနီးပါး အော်ဟစ်နေ၏။ သူ ကွင်းထဲ ပြေးဆင်းချင်စိတ်ပင် ပေါက်နေ၏။
“မင်း မြင်လိုက်လား၊ သူက ငါ့အတန်းဖော်၊ ငါ့အခင်ဆုံး ဘော်ဒါပေါ့”
အာလူးလေးနှင့် ရှန်းတို့သည် အလွန် ဂုဏ်ယူနေပြီး စိတ်လွတ်လက်လွတ် ဖြစ်နေကြသည်။ သူတို့သည် ဘေးနားမှ လူများအား မသိလျင် သူတို့ကိုယ်တိုင်က အံ့ဩစရာ ကောင်းနေသကဲ့သို့ ဆက်ကြွားနေကြလေသည်။
ပီကင်းတက္ကသိုလ်မှ ကျောင်းသားများလည်း ထိုနည်းတူပင်။ သူတို့က ရဲ့လင်းချန်၏ နာမည်ကို အရူးအမူး အော်ဟစ်နေကြပြီး သူတို့အသံက ကောင်းကင်ပင် တုန်ခါသွားလောက်သည်။
ကျောက်ရီထျန်းက ရဲ့လင်းချန်ကို ငိုင်၍ ကြည့်နေသည်။ သူ့မျက်နှာတွင် ဂုဏ်ယူစိတ်နှင့် လေးစားစိတ်တို့ ရှိနေသေးသော်လည်း တစ်ချိန်တည်းမှာပင် ခံစားချက် ရောပြွမ်းနေသော အရိပ်အယောင်များ ဖြစ်ပေါ်နေ၏။ သူ လက်သီးကို တင်းနေအောင် ဆုပ်ထားမိသည်။
သူ အမြဲ အိပ်မက်မက်နေသော ခေတ်အခါက ရဲ့လင်းချန်၏ လက်ထဲ၌ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သူ သတိပြု လိုက်မိသည်။ သူ နောက်၌ ကျန်နေ၍ မဖြစ်သဖြင့် သူ၏ ဘတ်စကက်ဘော လေ့ကျင့်ရေးကို အရှိန်မြှင့်မှ ရပေမည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”
ဝန်ကြီးချုပ်ဖန့် တုန်ယင်စွာ ထရပ်သည်။ သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာပြီး ရဲ့လင်းချန်အား စူးစိုက်ကြည့် နေသည်။
“အံ့ဩဖို့ကောင်းလိုက်တာ၊ သူက တော်တာပဲ၊ ဒီလူကို … နိုင်ငံ့ ရတနာတစ်ခုအဖြစ် သတ်မှတ်ရမယ်”
“ဝန်ကြီးချုပ်ဖန့်၊ ခင်ဗျား အတင်းကြီး မလုပ်ပါနဲ့ဗျာ၊ ရဲ့လင်းချန်က ထွက်မပြေးပါဘူး”
ကျန်းဟဲက အလျင်စလို ပြောလိုက်သည်။
“သူ မပြေးဘူးလား”
ဝန်ကြီးချုပ်ဖန့်က သူ့ကို စိုက်ကြည့်၍ မပျော်မရွှင် ပြောသည်။
“သူ့လို တော်တဲ့ လူတစ်ယောက်က မင်းကို ဒေါသထွက်လို့ ထွက်သွားခဲ့တာလေ၊ မင်း ငါ့ကို သေမတတ် ဒေါသထွက်အောင် လုပ်ခဲ့တာကွ”
“ဝန်ကြီးချုပ်ဖန့်၊ သူက ဒီမှာလေ မဟုတ်ဘူးလား၊ စိတ်လျော့ပါ၊ စိတ်လျော့ပါ”
ဖန်ဟမ်က အောင့်သက်သက် ပြုံး၍ ပြောလိုက်သည်။
“ငါ့ခြေထောက်ကိုပဲ စိတ်လျော့လိုက်၊ ငါ့တစ်သက်လုံး စောင့်နေခဲ့တာ၊ ငါ့တစ်သက်လုံးကွ၊ နောက်ဆုံးတော့ ဒီလိုနေ့မျိုး ရောက်လာပြီပဲ”
ဝန်ကြီးချုပ်ဖန့်က ခံစားချက်အပြည့်ဖြင့် ပြောသည်။
“ဒီလို အရည်အချင်းမျိုးကို ဦးစားပေး အရေးပေးမှု ပေးကိုပေးရမယ်ကွ”
ရဲ့လင်းချန်က လူအများကို ပျော်ရွှင်မှု တစ်ခုပြီးတစ်ခု ပေးနေသည်။ တရုတ်လူမျိုးများသည် ကြာမြင့်စွာ သည်းခံ ထားရသဖြင့် သူတို့အတွက် စိတ်ပြန်ငြိမ်ရန် ခက်လှပေသည်။
ကွင်းထဲတွင် ဘောလုံးကို ပြန်ပေးနေပြီး ကစားပွဲ စနေ၏။
တရုတ်လူမျိုး ကစားသမားများကြားထဲတွင် ဘောလုံးကို ရဲ့လင်းချန်အား သေချာပေါက် လှမ်းပေးကြသည်။
ရဲ့လင်းချန်က ကိုရီးယားနိုင်ငံမှ ကစားသမားများ၏ ပစ်မှတ် ဖြစ်လာလေသည်။ ကစားသမား ငါးယောက်သည် အခြား ဘယ်သူ့ကိုမှ အရေးစိုက်မနေတော့ဘဲ ရဲ့လင်းချန်ကို အားလုံး ဝိုင်း၍ ကာထားကြသည်။
သူတို့ ကြိုးစားသော်လည်း ရဲ့လင်းချန်က သူတို့လက်ထဲမှ ဘောလုံးကို အသာလေး ဖြတ်လုနိုင်နေသည်။ သူ၏ ကြံ့ခိုင်သော ကိုယ်ကာယ၊ လျင်မြန်သော အရှိန်နှင့် ထူးခြားသော စွမ်းရည်တို့က သူတို့အား အလွန် မခံချိ မခံသာ ဖြစ်စေသည်။
“ဘုတ်”
“ဘုတ်”
“ဘုတ်”
အမှတ်များ ထပ်ရပြီးရင်းရကာ အားကစားရုံ တစ်ခုလုံးက ရဲ့လင်းချန်၏ တစ်ကိုယ်တော် ပြပွဲအလား ဖြစ်လာလေသည်။
ကိုရီးယားနိုင်ငံမှ ကစားသမားများက ရဲ့လင်းချန်ကို ဝိုင်းထားသော်လည်း ဘတ်စကက်ဘောအား ထိပင် မထိနိုင်ပေ။
ရဲ့လင်းချန်၏ ဘတ်စကက်ဘော စွမ်းရည်က တော်လွန်းလှသည်။ ရိုးရှင်းသော ဟန်လုပ်ပုတ်ခြင်းတစ်ခုက သူတို့ကို လည်သွားစေနိုင်ပြီးနောက် သူက ချက်ချင်း ခံစစ်ကို ဖောက်၍ အမှတ် ရရှိစေခဲ့သည်။
အချိန်က တဖြည်းဖြည်း ကုန်လာပြီး အမှတ်ကလည်း နီးသထက် နီးလာသည်။
“သူ့ကို ရှိရှိသမျှ နည်းနဲ့တားကြ၊ ငါတို့ သူ့ကို အမှတ်သာသွားအောင် လုပ်ခွင့်ပြုလို့ မဖြစ်ဘူး”
ယင်းက ကိုရီးယားနိုင်ငံ ကစားသမားများ၏ ရင်ထဲမှ တစ်ခုတည်းသော အတွေး ဖြစ်လာ၏။
တရုတ်လူမျိုးများမှာမူ ငြိမ်သက်နေပြီး ကွင်းထဲမှ အမှတ်ကို သေချာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
*မဟုတ်မှလွဲရော … အမှတ်ကို ပြောင်းပြန်လှန်ဖို့ ဖြစ်နိုင်တာလား*
ပြီးခဲ့သည့် ငါးမိနစ်အတွင်း အမှတ်က ၁၀၆:၁၃၆ ဖြစ်လာခဲ့သည်။
ရဲ့လင်းချန်က ၄၈ မှတ်ရအောင် လုပ်ခဲ့ပြီးပြီဖြစ်သော်လည်း ကိုရီးယားနိုင်ငံ၏ အမှတ်က ပြောင်းမသွားပေ။
ပရိသတ်များ ငြိမ်သက်နေပြီး နောက်ဆုံးရလဒ်ကို တိတ်ဆိတ်စွာ စောင့်နေကြသည်။
“သူ့ကို ကာကြ၊ အားကုန်သုံးပြီး သူ့ကို တားကြ”
ကိုရီးယားနိုင်ငံ၏ နည်းပြက အော်ပြောလာသည်။
ရဲ့လင်းချန်က ကိုရီးယားနိုင်ငံမှ ကစားသမားများကို ကြည့်၍ ပြုံးလိုက်သည်။ သူတို့ကို ထိုးဖောက်ရင်း အမိဖမ်းခံ ရမည့်အစား သူက ရောက်သည့်နေရာမှ ခုန်၍ ဘတ်စကက်ဘောအား လှမ်းပစ်လိုက်သည်။
“ဒေါင်”
တိကျသော ပစ်ချက်နှင့်အတူ သုံးမှတ် ရသွားလေသည်။ သူ ဆက်၍ လှမ်းပစ်သည်။
“ဒေါင်”
နောက်ထပ် သုံးမှတ်။ ထို့နောက် နောက်ထပ် သုံးမှတ်။ …