← Chapters

ငါ ဝင်ပါဖို့ အချိန်တန်ပြီ

Vol. 26 Ch. 377

ငါ ဝင်ပါဖို့ အချိန်တန်ပြီ

Vol. 26 Ch. 377

မြင့်တက်လာသော သူ၏ ရေပန်းစားမှုကို ကြည့်ပြီး ရဲ့လင်းချန် အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

ကိန်းဂဏန်းက မယုံနိုင်စရာကောင်းသော အရှိန်ဖြင့် အရူးအမူး ထိုးတက်နေပြီး သူ၏ ရေပန်းစားမှု တန်ဖိုးကို ဖော်ပြနေသည့် အချက်အလက်များ အလျင်အမြန် ပြောင်းလဲနေသည်ကိုသာ သူ မြင်နေရသည်။

၇၀၀,၀၀၀

၈၀၀,၀၀၀

၉၀၀,၀၀၀

၁,၀၀၀,၀၀၀

သို့သော် ထိုမျှနှင့် ရပ်မသွားသေးပေ။

၁,၁၃၆,၇၈၉ သို့ ရောက်သည့်အခါမှသာ စ၍ အရှိန်လျော့သွားသည်။

ထိုအခါတွင်မှ တရုတ်လူမျိုးများအတွက် အားကစား၏ အရေးပါပုံကို ရဲ့လင်းချန် သတိပြုမိသွားသည်။ ဘတ်စကက်ဘော ကစားပွဲမှာ ဝင်ပါခဲ့သည်က သူ အတော်လေး အမျော်အမြင် ရှိသွားခဲ့သည်။

သူ ပို၍ စဉ်းစားကြည့်သောအခါ အတော်လေး ထိတ်လန့်မိသည်။ နိုင်ငံတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်ခဲ့သည့်အပြင် ပြည်ပမှ လူများသည်လည်း ထိတ်လန့်ခဲ့ကြသည်။ အထူးသဖြင့် ကိုရီးယားနိုင်ငံပင်။ ထိုလူများကလည်း သူ့ထံ ရေပန်းစားမှုများ ယူဆောင်လာပေးခဲ့သည်။

နိုင်ငံတကာ ချစ်ကြည်ရေး ပြိုင်ပွဲလေးတစ်ခုက သူ၏ ရေပန်းစားမှုကို ငါးသိန်းတိတိ တိုးလာစေခဲ့သည်။

*ငါ ကစားပွဲတွေမှာ ပိုကစားရင်း ဆယ်သန်း ကျော်လောက်မလား*

အဆင့်မြင့် ပညာသို့ အဆင့်မြှင့်တင်နိုင်ရန် သိပ်မဝေးတော့မှန်း ရဲ့လင်းချန် ရုတ်တရက် သတိပြုလိုက်မိသည်။

သူ၏ ရေပန်းစားမှုအမှတ် တစ်သန်းကျော်သည်က ယခု ဒုတိယအကြိမ်ပင်။ ယင်းက အလတ်အလင့်အဆင့် ပညာတစ်ခုအား ဒုတိယအကြိမ် အဆင့်မြှင့်တင်ရန် အချိန်ကျပြီဟု ဆိုလိုနေ၏။

ရဲ့လင်းချန် မျှော်လင့်ချက်များ ဖြစ်ပေါ်လာပြီး သူ၏ အာရုံက စနစ်မျက်နှာပြင်ပေါ်သို့ အလုံးစုံ ကျရောက်သွားသည်။ သူ၏ လက်ရှိ စွမ်းရည်များကို သူ ရေတွက်နေမိသည်။

အလယ်အလတ်စွမ်းရည်ဟူ၍ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း အလယ်အလတ်အဆင့် တစ်ခုတည်းသာ ရှိလေသည်။ ၎င်းက သူ့အား သူ့ခန္ဓာကိုယ်ဖြင့် ကျည်ဆံများကို တားဆီးနိုင်စေသည်။ ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်သည့် စွမ်းရည်လဲ။

သို့သော် အခြေခံအဆင့် စွမ်းရည်များက ပိုများလေသည်။

နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံ အဆင့်) ၊ လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အခြေခံအဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အခြေခံအဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ပြောင်းရုပ်လွှဲ ပညာရပ် (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)။

သူ မသိလိုက်ခင်မှာပင် သူ့၌ အခြေခံအဆင့် စွမ်းရည် ရှစ်ခု ရှိနေလေပြီ။

သူ အောက်သို့ ဆက်ကြည့်လိုက်သောအခါ စွမ်းရည် တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသည့် ပညာရပ်များစွာကို တွေ့လိုက်ရသည်။

လက်ရေးလှပညာ၊ အနှိပ်ပညာ၊ အနောက်တိုင်း ဆေးပညာ၊ အချက်အပြုတ် ပညာ၊ လယ်စိုက်ခြင်း ပညာ၊ ရေကူးခြင်း၊ ဂျာမန် ဘာသာစကား၊ ဖုန်းရွှေ ပညာရပ်၊ ရုရှာဘာသာစကား …

စုစုပေါင်း ပညာရပ် လေးဆယ်ကျော်ပြီး အများစုမှာ နိုင်ငံများစွာ၏ ဘာသာစကားများ ဖြစ်လေသည်။ အခြားသော ပညာရပ်များ ကျန်သေးသော်လည်း သူ၏ ကျွမ်းကျင်မှု စွမ်းရည် မပြည့်သေးပေ။

နောက်တစ်ဆင့်မှာ သူ၏ အလယ်အလတ် စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဖြစ်သည်။

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီး အာရုံ စူးစိုက်ကာ စတင်ခြင်း ခလုတ်ကို နှိပ်လိုက်သည်။

ရွှေရောင် အလင်းတန်းလေးက အခြေခံအဆင့် စွမ်းရည်တိုင်းပေါ်၌ လျင်မြန်သော အရှိန်ဖြင့် ဖြတ်ပြေးနေသည်။ သူ၏ အသက်ရှူသံက အလွန် ပြင်းထန်လာပြီး အလွန်အမင်း စိတ်လှုပ်ရှားလာလေသည်။

အခြေခံအဆင့် စွမ်းရည် စုစုပေါင်း ရှစ်ခု ရှိပြီး အလင်းတန်းက ဆယ်ခါမျှ ခေါက်တုံ့ခေါက်ပြန် ပြေးနေပြီးမှ ရပ်သွားသည်။

*လျင်မြန်စွာ ပြေးခြင်း စွမ်းရည်ပါလား*

ရဲ့လင်းချန် တစ်ခဏမျှ အံ့ဩသွားပြီးမှ ပြုံးလိုက်မိသည်။

လျင်မြန်စွာ ပြေးခြင်း စွမ်းရည်သည် အလယ်အလတ်အဆင့်သို့ အဆင့်မြှင့်တင်လိုက်နိုင်သည့် ပထမဆုံး စွမ်းရည် ဖြစ်ပြီး ရဲ့လင်းချန်အတွက် အတော်လေး အကျိုးရှိသည်။ သူ၏ ဒုတိယမြောက် အလယ်အလတ်အဆင့် စွမ်းရည်က ၎င်း ဖြစ်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ကံကြမ္မာဟုပင် ဆိုရပေမည်။

မျက်စိစူးလောက်သည့် ရွှေရောင်အလင်းနှင့်အတူ သူ၏ အခြေခံအဆင့် စွမ်းရည်တစ်ခုက အလယ်အလတ် အဆင့် ဖြစ်သွားလေသည်။

လျင်မြန်စွာပြေးခြင်း (အလယ်အလတ်အဆင့်): သန်မာသော ခြေထောက် နည်းစနစ်က သင်၏ ပြေးလွှားခြင်းကို အပြည့်အဝ ထောက်ပံ့နိုင်သည်။ ကိုးဆယ် ဒီဂရီ ပြေးနိုင်ပြီး ရေပေါ် လမ်းလျှောက်ခြင်းက အိပ်မက်ထဲက အရာ မဟုတ်တော့ပေ။

*အံ့ဩစရာပဲ*

စွမ်းရည်၏ ရှင်းပြချက်ကို ဖတ်ပြီးနောက် ရဲ့လင်းချန် အလိုလို ရင်တုန်သွားရသည်။ ရှင်းပြချက်က တိုတောင်း သော်လည်း အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။

အပြေးစွမ်းရည်၏ အမြင့်ဆုံးသို့ပင် သူ ရောက်သွားပြီဟု ဆိုနိုင်ပေသည်။ သူ အဆင့်မြင့်အဆင့်သို့သာ အဆင့်မြှင့်နိုင်ပါက သူ ပျံနိုင်သည့် စွမ်းရည်ပင် ရနိုင်လေမလား။

ရဲ့လင်းချန်သည် ကျေနပ်နေသော အပြုံးနှင့်အတူ စနစ်၏ မျက်နှာပြင်ကို ဆက်ကြည့်နေသည်။ သူ၏ ရေပန်းစားမှု တန်ဖိုးက တစ်သိန်း ကျန်နေသေးသဖြင့် သူ တစ်ခါတည်း အကုန်သုံးလိုက်သင့်ပေသည်။

သူသည် စိတ်အားထက်သန်နေသော မျက်နှာ အမူအရာဖြင့် လက်ကို ပွတ်လိုက်သည်။

သူ ခလုတ်ိနှပ်လိုက်ပြီးနောက် အဆင့်မြှင့်ခြင်း စတင်လေသည်။

ရင်းနှီးနေသော အလင်းတန်းက တဖျပ်ဖျပ် လက်နေပြီး တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များက သူ၏ အခြေခံအဆင့် စွမ်းရည်များထက် ပိုများလေသည်။ ရဲ့လင်းချန် ငိုင်တွေနေစဉ်မှာပင် အလင်းတန်းက ရပ်သွားလေသည်။

*အချက်အပြုတ်ပညာလား*

ရဲ့လင်းချန် အံ့ဩနေစဉ်မှာပင် ရွှေရောင် အလင်းတန်းနှင့်အတူ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)

စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်): သင်သည် ချက်ပြုတ်ခြင်း၏ အကန့်အသတ်များကို ချိုးဖောက်သွားခဲ့ပြီး ယခု အရသာတွေ့သော အစားအသောက်များကို ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။

*ဒီစွမ်းရည်ကလည်း အံ့ဩစရာကောင်းတဲ့ စွမ်းရည်တစ်ခု ဖြစ်မယ့်ပုံပဲ*

စနစ်မှ ပေးသော စွမ်းရည်များသည့် အရည်အသွေးမြင့် အရာများ ဖြစ်သည်။ သာမန် စွမ်းရည်များက အဆင့်မြှင့်လိုက်သည်နှင် အဖိုးတန်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကျန်ရှိနေသော ရေပန်းစားမှုအမှတ် သုံးသောင်းကို ကြည့်ပြီး ရဲ့လင်းချန်၏ မျက်လုံးများက အနည်းငယ် တောက်ပ သွားသည်။ သတင်း၌ သူ ဆက်တိုက် ပါဝင်နေသောကြောင့် သူ၏ ရေပန်းစားမှုအမှတ်က အခုတလော လျင်မြန်စွာ မြင့်လာခဲ့သည်။ နောင်အနာဂတ်တွင် သူ ထိုအချက်ကို ပို၍ အာရုံစိုက်သင့်ပေသည်။

သူ အရာရာကို ပြီးပြည့်စုံအောင် ပြုလုပ်သရွေ့ သူ၏ ရေပန်းစားမှု တန်ဖိုးက မိုးထိုးမတတ် မြင့်တက်လာမှာ အသေအချာပင်။

…

ဤနေ့တွင်ပင် ရဲ့လ့င်းချန် ကားငှား၍ မြို့တော်၏ တောင်ဘက် ဆင်ခြေဖုံးအရပ်သို့ ထွက်လာခဲ့လိုက်သည်။

တောင်ဘက် ဆင်ခြေဖုံးအရပ်သည် မြို့တော်၏ တိုးတက်ရေးဇုံ အဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့သည် ကျေးလက်ဆန်သေးပြီး ဖွံ့ဖြိုးဆဲဟု ဆိုရပေမည်။ သို့သော် ပြီးခဲ့သည့် ငါးနှစ်အတွင်း အစိုးရ စည်းမျဉ်းစည်းကမ်းများက ထိုဧရိယာဘက်သို့ တိမ်းညွတ်လာခဲ့သဖြင့် အတော်လေး တိုးတက်လာရသည်။ ၎င်းသည် ကျေးလက် ဧရိယာတစ်ခုမှ မိုးမျှော်တိုက်များ ရှိသည့် နေရာတစ်ခု ဖြစ်လာပြီး အိမ်များစွာကို ဖျက်၍ နေရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

ထိုအဖြစ်က ဘယ်လောက် ဒုက္ခများလဲ သူ မှတ်မိပါသေးသည်။ လူပေါင်းများစွာက မျက်ရည်တို့ဖြင့် သူတို့၏ အိမ်ဟောင်းများ အဖျက်ခံရသည်ကို ကြည့်နေကြသည်။ သို့သော် ထိုမျက်ရည်များက ပျော်ရွှင်မှုနှင့် ဝမ်းသာမှု တို့ကြောင့် ကျသည့် မျက်ရည် ဖြစ်သည်။

ဖွံ့ဖြိုးရေး ဧရိယာထဲမှ တိုက်ခန်းတစ်ခုသည် ရှောင်ဖေးဖေး၏ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းအတွက် ရုပ်ရှင် ရိုက်ကူးရေး နေရာ ဖြစ်လေသည်။ အဖြူနှင့် အနီ စပ်ထားသည့် နံရံများက တိုက်ခန်းတစ်ခုလုံးကို အလွန် နွေးထွေးစေပြီး တိုက်ခန်းကလည်း ပန်းခြံတစ်ခုနှင့် နီးလေသည်။ ရှုခင်းက လှပလာပြီး စိမ်းစိုသော အပင်များက ကန်ရေပြင်ထက်၌ အရိပ် ထင်နေသည်။

လမ်းတစ်လျှောက်တွင် ကားအား ဖြည်းဖြည်း မောင်းနှင်နေသည်။ ယာဉ်မောင်းသည် တိတ်ဆိတ်ပြီး ကားမောင်းခြင်း၌ အာရုံ စိုက်ထားသည်။ ရဲ့လင်းချန်ကမူ မျက်လုံး အသာမှိတ်၍ ရေဒီယိုမှ သီချင်းကို နားထောင်နေသည်။

ထိုသို့သောအချိန်၌ ရေဒီယိုချန်နယ်က တခဏမျှ ရပ်သွားပြီး တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ရေဒီယိုမှနေ၍ အလျင်လိုသော အသံတစ်သံ ပေါ်ထွက်လာ၏။

“အခု ကျွန်တော်တို့ အရေးကြီး သတင်းတစ်ပုဒ်ကို ကြေညာပါမယ်”

“အစောပိုင်းတုန်းက မြို့တော် ဖွံ့ဖြိုးရေးဇုန်ထဲမှာ ဘတ်စကားတစ်စီးက လုံယိုရေကန်ရဲ့ တံတားပေါ်က ထိုးကျပြီး ယာဉ်တစ်စီးလုံး ရေထဲကျသွားပါတယ်၊ ကားပေါ်က လူပေါင်း လေးဆယ့နှစ်ယောက်လုံး ရေထဲ ကျသွားပါတယ်၊ လုံယိုရေကန်နဲ့ နီးစပ်တဲ့ ရေကူးသမားတိုင်းကို အကူအညီ တောင်းပါတယ်၊ ကျေးဇူးပြုပြီး လူလာကယ်ပေးကြပါ”

သတင်းကို အကျော့ကျော့ ကြေညာနေပြီး အလွန် အလျင်လိုကြောင်း ပြောနေသည်။

လုံယိုရေကန်သည် မြို့တော် ဖွံ့ဖြိုးရေးဇုံ၏ ကနဦးအစက တည်ဆောက်ခဲ့သည့် လူလုပ်ရေကန်တစ်ကန် ဖြစ်ပြိး မရေတွက်နိုင်သည့် လူအားနှင့် အရင်းအမြစ်များ သုံးစွဲခဲ့ရသည်။ ယင်းအား နိုင်ငံတွင်း၌ အကြီးဆုံး လူလုပ်ရေကန်ဟု ဆိုနိုင်ပေသည်။ အကယ်၍ လူတစ်ယောက်က ကန်အစွန်းတစ်ဖက်၌ ရပ်နေပါက ကန်၏ အခြားတစ်ဖက်အစွန်းမှနေ၍ ရေးတေးတေးသာ မြင်ရလေသည်။

ရေမငြိမ်ပါက တံတားပေါ်မှ ပြုတ်ကျလျင် ရေပြန်ကူးရန် ခက်ပေသည်။ ရေနစ်သွားရန် အလွန် ဖြစ်နိုင်ချေ ရှိသည်။

သတင်း၌ ပါရှိသည့် တစ်ခုတည်းသော သတင်းကောင်းမှာ ရေထဲမကျခင်တွင် ဘတ်စ်ကား၏ တံခါးနှင့် ပြတင်းပေါက်များ ဖွင့်ထားသည့်ဟူသည့် အချက်ပင်။ ဤနည်းအားဖြင့် ခရီးသည်များ ကားထဲမှ ရေကူး၍ ထွက်လာနိုင်သည်။ သို့မဟုတ်ပါက ကားထဲပိတ်မိပြီး ရေနစ်သွားပါက ဘုရားတောင်မှ ကယ်နိုင်မည် မဟုတ်ပါ။

သတင်းက ရဲ့လင်းချန်ကို အနည်းငယ် ထိတ်လန့်သွားစေသည်။ လုံယိုရေကန်သည် ဖွံ့ဖြိုးရေးဇုန်ထဲ၌ ရှိပြီး သူ ရောက်နေသော နေရာနှင့် သိပ်မဝေးပေ။

၎င်းသည် ကယ်ဆယ်ရေး တာဝန်တစ်ခု သက်သက်တင် မကဘဲ ရေပန်းစားမှု ပမာဏများစွာကိုလည်း ကိုယ်စား ပြုသည်။ သူ့အင်္ကျီထဲမှ မျက်နှာဖုံးကို သူ ထိလိုက်မိသည်။ စူပါမန်းဝိုင်သည် အချိန်အတော်ကြာအောင် ငြိမ်နေခဲ့သဖြင့် သူ့အတွက် ပြန်ပေါ်လာရန် အချိန်တန်လေပြီ။

“ငါ လှုပ်ရှားဖို့ အချိန်တန်ပြီနဲ့တူတယ်”

ရဲ့လင်းချန် ဘာမှမပြောနိုင်ခင်မှာပင် လမ်းတစ်လျှောက် ငြိမ်နေခဲ့သည့် ယာဉ်မောင်းက ခပ်ကျယ်ကျယ် ပြောလာသည်။ ထိုအခိုက်တွင် သူ့အသက်ရှူသံက ပြောင်းလဲလာပြီး သူ့အား ခန့်မှန်းမရတော့ချေ။

“မိတ်ဆွေလေး ငါ တောင်းပန်ပါတယ်၊ ငါ သူတို့ကို အရင် ကယ်ဖို့ လုံယိုရေကန်ကို အရင် မောင်းရမယ်၊ အဲ့ဒါကြောင့် ငါ မင်း ခရီးစဉ်ကို နှောင့်နှေးစေရတော့မယ်”

ထိုသို့ ပြောပြီးသည်နှင့် သူက ရုတ်တရက် စတီယာတိုင်ကို လှည့်၍ တက္ကစီအား ကွေ့လိုက်သည်။ ထို့နောက် သူက လီဗာကို အသားကုန် နင်းလေသည်။

“ကျွီ”

စူးရှသော ပွတ်တိုက်သံနှင့်အတူ တက္ကစီက မြန်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် ထွက်ခွာလာနေ၏။

…

All Chapters