← Chapters

ဝံပုလွေ ခေါင်းလှည့်ကြည့်တယ်ဆိုတာ အကြောင်းအရင်း ရှိလို့ပါ

Vol. 22 Ch. 342

ဝံပုလွေ ခေါင်းလှည့်ကြည့်တယ်ဆိုတာ အကြောင်းအရင်း ရှိလို့ပါ

Vol. 22 Ch. 342

ကောင်းကင်ကြီး လင်းထိန်နေပြီး မကောင်းဆိုးဝါးများအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ရွှီချင်းသည် သစ်ပင်ကြီးတစ်ပင်ကို ရှာတွေ့သွားပြီး အပင်ပေါ်တက်၍ အနားယူလိုက်သည်။

ကောင်းကင်ယံတွင် နေမင်းကြီး မြင့်တက်လာသောအခါတွင် မျက်လုံးများကို ဖွင့်၍ ယမန်နေ့ညက တစ္ဆေမြို့တော် ပေါ်လာခဲ့သည့်အရပ်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ တိုးပွားလာသည်။ ယင်းနောက် သူက သစ်ပင်ပေါ်မှ ခုန်ဆင်းကာ တောအုပ်ထဲ လှည့်ပတ်သွားလေသည်။

ရွှီချင်းသည် ယနေ့တွင် သူ စီစဉ်ထားသည့် သားရဲများကို မရှာတော့ပေ။ ထိုအစား တားမြစ်ဒေသကြီးတစ်လျှောက် တရိပ်ရိပ်ဖြင့် သွားနေသည်။ သူ သွားသည့်နေရာတိုင်း ဂရုတစိုက်ဖြင့် ကြည့်ရှုတတ်သည်။ တစ်နာရီကြာသည့်အခါ တောင်ကြားတစ်ခုကို သူ မြင်လိုက်ရသည်။

ရွှီချင်းသည် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်၍ တောင်ကြားကို လှည့်ပတ်ကြည့်လိုက်သည်။

အထက်မှကြည့်လျှင် ထိုတောင်ကြားသည် အတွင်းဘက်သို့ ချိုင့်ဝင်သွားသောပုံစံရှိသည်။ ဝင်ပေါက်တစ်ပေါက်တည်းသာ ရှိပြီး ထွက်ပေါက်မရှိပေ။

ရွှီချင်းသည် မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးနောက် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ရုတ်တရက် ဘေးရှိ တောင်နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။

ကျောက်စရစ်ခဲများစွာ ကျဆင်းလာပြီး တောင်နံရံမှာ အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။

ရွှီချင်းသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး မတူညီသောနေရာအသီးသီးကို လက်သီးများဖြင့် ဆက်တိုက်ထိုးလိုက်သည်။

ခဏအကြာ ရွှီချင်းသည် တောင်ကြားဘေးတစ်ဖက်တစ်ချပ်ရှိ တောင်နံရံများပေါ်တွင် အပေါက်ကြီးဒါဇင်ကျော်ကို ထိုးလိုက်သည်။

ပြီးသည်နှင့် တောင်ကြားမြေပြင်ကို အဆက်မပြတ် ထိုးလိုက်ပြီး ကျဉ်းဒါဇင်ကျော် ပေါ်လာသောအခါမှသာ ရပ်လိုက်သည်။

သူသည် အချိန်ကို တွက်ချက်ကြည့်လိုက်ပြီး ကျဉ်းကြီးတစ်ကျဉ်းထဲ တိုးဝင်သွားသည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ သံသေတ္တာလေးတစ်လုံး ထုတ်လိုက်သည်။

ထိုသေတ္တာလေးသည် အဆိပ်တားမြစ်ဆေးပါဝင်သော ဆန္ဒမွန်သေတ္တာလေးမှလွဲ၍ တခြားမဟုတ်ပေ။

ရွှီချင်းသည် ဆန္ဒမွန်သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး မြေပြင်မှာ ထားလိုက်သည်။

ရုတ်တရက် ဆန္ဒမွန်သေတ္တာထဲရှိ အဆိပ်တားမြစ်ဆေးအနံ့များ အရပ်မျက်နှာတစ်ခွင် လွင့်ပျံသွားသည်။

ရွှီချင်းသည် အဆိပ်တားမြစ်ဆေးကို ပြန်ပိတ်မနေတော့ဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည်။ သူသည် ဘေးပတ်လည်ရှိ ပြိုကျလာသော ကျောက်တုံးများကို ယူကာ အဆိပ်ဆေးရှိနေသည့် အပေါက်ကြီး၏ အစွန်အဖျားတွင် ကျောက်တုံးများစွာကို နံရံကြီးသဖွယ် စုပုံလိုက်သည်။

ထိုကျောက်နံရံကြီးက ကျဉ်းကြီးကို ပိတ်ဆို့ထားနိုင်သည် မဟုတ်သော်လည်း သူ နားလည်ထားသည်အရ လေမတိုက်မချင်း အဆိပ်တားမြစ်ဆေး၏အနံ့မှာ အနိမ့်ဆုံးတစ်ရက်ကြာသည်အထိ ခံနိုင်သည်။ ထို့နောက် သူသည် ကျဉ်းကြီး၏ဝင်ပေါက်ကို ပိတ်လိုက်ပြီး ဒုတိယမြောက်ကျဉ်းကြီးထံ သွားလိုက်သည်။

ရွှီချင်းသည် မြေပြင်ရှိ ကျဉ်းနက်ကြီးများအပါအဝင် ကျဉ်းတိုင်းမှ အဆိပ်နံ့များ လေထဲသို့ ပျံံ့နှံ့နေစေရန် စီစဉ်နေခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် တောင်ကြား၏ ထူးခြားသော မြေမျက်နှာသွင်ပြင်အရ လွင့်ပျံနေသော အဆိပ်နံ့များသည် တောင်ကြားထဲမှာသာ ရှိနေမည် ဖြစ်သည်။

ရွှီချင်းသည် ဆက်လက်လုပ်ဆောင်နေ၏။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် တင်းမာခက်ထန်သောအမူအရာဖြင့် လုပ်နေသော ရွှီချင်းကို ကြည့်ကာ တုန်ရီသွားသည်။ မည်သူ့ကိုမဆို ရန်စနိုင်ပါသော်လည်း မိစ္ဆာရွှီကို ရန်မစသင့်ကြောင်း သူ တွေးလိုက်မိသည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားသည်။

ညနက်လာသည့်တိုင်အောင် ရွှီချင်းက ဆက်လက်ပြင်ဆင်နေသည်။ ညသန်းခေါင်ယံသို့ ရောက်ခါနီးတွင် ရွှီချင်းသည် လုပ်လက်စများကို လက်စသတ်လိုက်သည်။

တောင်ကြားထဲတွင် စုစုပေါင်း ကျဉ်းခြောက်ဆယ်ကျော်ရှိသည်။ ထိုကျဉ်းများအားလုံးတွင် အဆိပ်နံ့များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

တောင်ကြားထဲရှိ အဆိပ်နံ့မှာ အလွန် ထူထပ်သိပ်သည်းနေပြီဖြစ်သည်။ ရွှီချင်းသည်ပင် တောင်ကြားထဲမှ အဆိပ်နံ့ကို မခံနိုင်ပေ။ ကျဉ်းများတူးကာ အဆိပ်နံ့များ သွတ်သွင်းနေစဉ်အတောအတွင်း သူ အပြင်ထွက်ကာ အချိန်အတော်ကြာသည်အထိ အနားယူခဲ့ရသည်။

ယခု ကိစ္စဝိစ္စများ ပြီးစီးသွားသောအခါ တောင်ကြားကို ကျေနပ်သည့်အကြည့်ဖြင့် သူ ကြည့်လိုက်သည်။

လက်ရှိခံနိုင်ရည်ဖြင့်ပင် တောင်ကြားထဲမှာ ရှစ်မိနစ်ခန့်သာ နေနိုင်ကြောင်း ရွှီချင်း ခံစားမိသည်။ ထိုရှစ်မိနစ်ကျော်သွားသည်နှင့် ခရမ်းရောင်သလင်းကျောက်က သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

သို့ဖြစ်ပေရာ ထိုအဆိပ်ဒဏ်ခံရမည့် မည်သည့်သတ္တဝါမဆို ပို၍ပင် ဆိုးဆိုးဝါးဝါး ကြုံတွေ့သွားရပေမည်။

“ အဲဒီခေါင်းကြီး ဘယ်လောက်အထိ ခံနိုင်မတုံး ကြည့်ရသေးတာပေါ့ ”

ရွှီချင်းသည် တောင်ကြားထဲမှ ထွက်ပြီး တောင်ကြားနှင့်မနီးမဝေးရှိ တောအုပ်ထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထိုနေရာတွင် သူ ပိုင်းဖြတ်ကာ တြွိဂံပုံစံချထားသည့် သစ်ပင်ကြီးသုံးပင် ရှိသည်။

သစ်ပင်များပေါ်တွင် အဖြူရောင်ဖယောင်းတိုင်သုံးချောင်းလည်း ရှိသည်။

ရွှီချင်းသည် ယနေ့ညတွင် ခေါင်းကြီး အလိုလို ပေါ်မလာမည်ကို စိတ်ပူသည်။ ထို့ကြောင့် မပေါ်လာခဲ့လျှင် ဆင့်ခေါ်ရန် သူ စီစဉ်ထားခြင်း ဖြစ်သည်။

သူ စောင့်နေစဉ် နောက်ဆုံးတွင် ညသန်းခေါင်ယံအချိန်သို့ ရောက်လာသည်။

အမှန်တရားက ရွှီချင်း အတွေးလွန်နေခြင်းဖြစ်ကြောင်း သက်သေပြလာသည်။ အချိန်ကျလာသည်နှင့် တစ္ဆေမြို့ကြီးကို သူ ဆင့်ခေါ်နေရန် မလိုခဲ့ပေ။ ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့လာသော ရင်းနှီးသော အအေးဓာတ်ကို သူ အာရုံရလိုက်ပြီး သူ အသက်ရှူထုတ်လိုက်သောအခါ အဖြူရောင်မြူခိုးများ ပေါ်လာသည်။

“ ဒီကို ရောက်လာပြီပဲ ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

မကြာခင် သူ့ရှေ့ရှိ တောအုပ်ထဲတွင် မြူခိုးများဖြင့် ပြည့်နှက်လာသည်။ တခဏလေးအတွင်း ရင်းနှီးသော တစ္ဆေမြို့ကြီး တစ်ဖန် ပေါ်ပေါက်လာသည်။

ယခုတစ်ကြိမ်တွင် ဘုန်းကြီးခေါင်းကြီး၌ ယမန်နေ့ညကထက် သံကြိုးများပို၍ ချည်နှောင်ထားသည်။ ခေါင်းကြီးကို တစ္ဆေမြို့တော်က ချုပ်နှောင်ခြင်းမှာ ယမန်နေ့ညကထက် ပို၍ ပြင်းထန်လာသည်။

သို့သော်လည်း တစ္ဆေမြို့ကြီး ပေါ်လာသေးသည်ဖြစ်၍ ထိုသို့ချုပ်နှောင်ထားသည့်တိုင်အောင် မလုံလောက်သေးကြောင်း ဖော်ပြနေသည်။

တစ္ဆေမြို့ကြီး ပေါ်လာသည်နှင့် ဘုန်းကြီး၏ မျက်လုံးများ ဖျပ်ခနဲ ပွင့်လာပြီး ရွှီချင်းကို စူးစိုက်၍ ကြည့်လိုက်သည်။

“ ရွှေကျီးကန်း သေကိုသေရမယ် ”

ထိုသို့ပြောပြီးသည်နှင့် ခေါင်းကြီးက ယမန်နေ့ကအတိုင်း တဟုန်ထိုး ပြေးဝင်သွားသည်။ ၎င်းကို ချည်နှောင်ထားသည့် သံကြိုးများကို လျစ်လျူရှု၍ ရွှီချင်းထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ၎င်းသည် မြန်ဆန်လွန်းလှသည်ဖြစ်၍ ရွှီချင်းအနားသို့ ရိပ်ခနဲ ရောက်သွားသည်။

ရွှီချင်း ရှိနေခဲ့သည့် သစ်ပင်များမှာ ပျက်စီးသွားပြီး မြေပြင်များ ကွဲအက်သွားသည်။

ရွှီချင်းသည် အစောကတည်းက ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်ထားခဲ့သည်ဖြစ်ပြီး အဝေးသို့ ပြေးထွက်သွားခဲ့သည်။ သူသည် သွေးပျက်ချောက်ချားနေသောအမူအရာပင် ဖမ်းထားသည်။

“ ခင်ဗျားက စွဲလမ်းစိတ်တွေနဲ့ တစ္ဆေကြီးတစ်ကောင်လိုပဲ။ ခင်ဗျား ဘာလိုချင်လို့တုံး ”

ခေါင်းကြီးက ရွှင်မြူးတက်ကြွနေသည့်တိုင်အောင် ရွှီချင်းမှာ လှမ်းအော်နေဆဲပင်။

ဘုန်းကြီးခေါင်းကြီးသည် သူ့နောက်ရှိ မြေပြင်သို့ ကျသွားပြီး ရှေ့သို့ တလိမ့်လိမ့်ဖြင့် သွားလေသည်။ ခေါင်းကြီး၏ပါးစပ်မှ တဟီးဟီးတဟားဟား ရယ်မောသံများ ထွက်လာပြီး ရွှီချင်းနှင့် နီးကပ်သည်ထက် နီးကပ်လာသည်။

ထိုအချိန်၌ တစ္ဆေမြို့ကြီးသည်လည်း တုန်ရီနေသည်။ တစ္ဆေမြို့ကြီးထဲမှ လက်များစွာ ထွက်လာပြီး ခေါင်းကြီးနောက်သို့ ထပ်ကြပ်မကွာ လိုက်သွားသည်။ ယမန်နေ့ညအတိုင်း တစ်ထပ်တည်း ဖြစ်လာပါသော်လည်း ရွှီချင်းမှာ တောင်ကြားထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

တောင်ကြားထဲသို့ ရွှီချင်း ဝင်သွားသည်ကို မြင်၍ ဘုန်းကြီးခေါင်းကြီးသည် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲလေသလော၊ သို့တည်းမဟုတ် ဦးနှောက်ချို့ယွင်းနေ၍ အမှန်၊အမှားကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့လေသလော အော်ဟစ်၍ ရွှီချင်းနောက်သို့ တလိမ့်လိမ့်ဖြင့် လိုက်သွားသည်။

ခဏအကြာ ဘုန်းကြီးခေါင်းကြီး၏ အော်ဟစ်သံ တိခနဲ ရပ်သွားသည်။

ယင်းနောက် တောင်ကြားထဲမှ ဟိန်းသံကြီး မြည်ဟည်းသွားသည်။ တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ တလိမ့်လိမ့်ဝင်ရောက်နေသော ခေါင်းကြီးမှာ ချက်ချင်း နောက်ဆုတ်သွားသည်။ ပျော်ရွှင်မြူးထူးနေသည့် ၎င်း၏မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ အစားထိုးနေရာယူလာသည်။

၎င်း၏မျက်နှာပေါ်ရှိ အရေပြားအများစု ဆွေးမြေ့ပျက်စီးနေသည်။

သို့သော်လည်း သွေးတစ်စက်မျှ မထွက်ပေ။

ထိုခေါင်းကြီးသည် သွေးမရှိဘဲ ထူးဆန်းသော ဖွဲ့စည်းတည်ဆောက်ပုံမျိုးဖြင့် ဖြစ်တည်နေသည့်အလားပင်။

မည်မျှပင် ထူးဆန်းစေကာမူ ယခင်ခေတ်မှ ကျန်ခဲ့သော အဆိပ်နံ့များအောက်တွင် ခေါင်းကြီးမှာ ဆွေးမြေ့ကာ အရည်ပျော်လာသည့်လက္ခဏာများ ပြသလာသည်။

၎င်း တလိမ့်လိမ့်ဖြင့် အပြင်ထွက်နေစဉ် တောင်ကြားထဲရှိ ရွှီချင်းသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ မယှဉ်သာအောင် ကြီးမားသော မိုဆာဆောကြီးတစ်ကောင် သူ့နောက်တွင် ပေါ်လာသည်။ ထို့နောက် တောင်ကြားကို အရှိန်ပြင်းစွာ ရိုက်ချလိုက်သည်။

ဘုန်း …

တောင်ကြားတစ်ခုလုံး ပျက်စီးသွားပြီး အဆိပ်နံှ့များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

ခေါင်းကြီးသည် အဆိပ်နံ့များကို မရှောင်တိမ်းနိုင်ဘဲ ပို၍ အဆိပ်မိသွားသည်။ ၎င်းမှာ သည်းကြီးမည်းကြီး ကြောက်လန့်တုန်ရီလာပြီး အဆိပ်ဓာတ်ကို ချေဖျက်ရန် မရေမတွက်နိုင်သော ခေါင်းသေးလေးများအဖြစ် ပြောင်းလဲလိုက်သည်။

သို့သော်လည်း အဆိပ်ဆေး၏အစွမ်းကား ကြောက်ခမန်းလိလိပင်။ ထိုသို့ ခေါင်းသေးလေးများအဖြစ် ဖြိုခွဲလိုက်သည့်တိုင်အောင် အဆိပ်ဓာတ်ကို ပျက်ပျယ်သွားအောင် မလုပ်နိုင်သေးပေ။

အဆိပ်ဓာတ်က မြန်ဆန်စွာ မပြသော်လည်း ထိုမျှစွန်းထင်းသွားသည့်အဆိပ်ကို အလွယ်တကူ မချေဖျက်နိုင်ကြောင်း သိသာသည်။

ရွှီချင်း၏ မျက်လုံးများထဲတွင် လူသတ်ချင်သည့်အရိပ်အယောင်များ ထင်ဟပ်လာပြီး အပြင်ဘက်သို့ သူ ပြေးထွက်သွားသည်။ သူသည် ညာလက်ကို မြှောက်လိုက်ရာ ကောင်းကင်ဓားမော့ကြီး ပေါ်လာပြီး ဘေးပတ်လည်သို့ ပျံ့ကျဲသွားသည့် ခေါင်းသေးလေးများစွာကို အညှာအတာမဲ့စွာ ခုတ်လိုက်သည်။

မြေပြင်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး ရွှေကျီးကန်းကြီးသည်လည်း ပျံတက်လာကာ အရပ်မျက်နှာအနှံ့ မီးတောက်နက်များ မှုတ်ထုတ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မီးပင်လယ်ကြီး ဖြစ်သွားသည်။ ထို့နောက် ရွှေကျီးကန်းကြီးက အငမ်းမရ ရှူသွင်းလိုက်သည်။

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှှု့် အရိပ်လေးတို့မှာမူ မလှုပ်ရှားဝံ့ကြပေ။ ထိုအဆိပ်ကို သူတို့လည်း ကြောက်ရွံ့ကြသည်။

ပိုးကောင်နက်လေးများသည်သာ အဆိပ်ဓာတ်ကို အနည်းငယ် ခံနိုင်ရည်ရှိကြသည်။ ပိုးကောင်နက်လေးများသည် အပြင်သို့ ထွက်သွားကြပြီး ခေါင်းများကို ဝါးမျိုရန် ကြိုးစားလိုက်ကြသည်။ ရွှီချင်းက ကောင်းကင်ဓားမော့ကြီးကို ထပ်ခုတ်ချလိုက်ပြန်သည်။ မြေပြင်ကြီး တုန်ဟီးသွားပြီး ခေါင်းလေးများမှာ စူးစူးဝါးဝါး အော်မြည်ကာ အဝေးသို့ အလုအယက် ပြေးသွားကြသည်။

ထိုအချိန်၌ ခေါင်းသေးလေးတိုင်းက ဆွေးမြေ့နေသော အစိတ်အပိုင်းများကို ဖယ်ထုတ်ရန် ထပ်မံဖြိုခွင်းလိုက်ကြပြန်သည်။

ထိုသည်ကို မြင်၍ ရွှီချင်းမှာ ဆက်လက်တိုက်ခိုက်မနေတော့ပေ။ စီမာလင်းထံမှ ရရှိခဲ့သည့် မိစ္ဆာများကို ပစ်မှတ်ထားသော ဓမ္မအသုံးအဆောင်ကို သူ ထုတ်လိုက်သည်။

ထိုဓမ္မအသုံးအဆောင်သည် လှပပြီး သလင်းကျောက်ဖြင့် လုပ်ထားသော စေတီ ဖြစ်သည်။

ထိုစေတီကို အသက်သွင်းသည့်နည်းလမ်းမှာ ရိုးရှင်းပြီး ဓမ္မစွမ်းအားများကိုသာ လိုအပ်သည်။ ရွှီချင်းသည် စေတီအား အသက်သွင်းလိုက်ပြီး ဆွေးမြေ့သောအစိတ်အပိုင်းများကို ဖယ်ထုတ်လိုက်ရ၍ အားနည်းသွားသော ခေါင်းလေးတစ်ခေါင်းထံသို့ စေတီကို ပစ်လွှတ်လိုက်သည်။

ခေါင်းလေးသည် ဆွေးမြေ့သောအစိတ်အပိုင်းကို ဖယ်ထုတ်ပြီးနောက် သိသိသာသာ အားနည်းသွားသည်ဖြစ်၍ သလင်းကျောက်စေတီ၏ လွှမ်းခြုံခြင်း ခံလိုက်ရပြီး ချက်ချင်း ချုပ်နှောင်ခံလိုက်ရသည်။

ရွှီချင်းသည် စေတီကို ဖမ်းဆုပ်လိုက်ပြီး သိမ်းထားလိုက်သည်။ ထို့နောက် ချာခနဲ လှည့်ကာ ထွက်သွားသည်။

အဆိပ်တားမြစ်ဆေးက ကြောက်စရာကောင်းပါသော်လည်း ယခု သူ ထုတ်လွှတ်ခဲ့သည်မှာ အဆိပ်နံ့သာ ဖြစ်သည်။ စစ်မှန်သော အဆိပ်တားမြစ်ဆေး မဟုတ်သေးပေ။ အဆိပ်နံ့နှင့် အဆိပ်ဆေးကြားတွင် ကွာခြားချက် ရှိသေးသည်။

အဆိပ်တားမြစ်ဆေး၏ အစစ်အမှန်စွမ်းအားကို ရွှီချင်း သေချာမသိပေ။

သို့သော်လည်း ဘုန်းကြီးခေါင်းကြီး အဆိပ်မိသွားပြီးနောက် မရေမတွက်နိုင်သော ခေါင်းများအဖြစ် ပြောင်းလဲကာ အဆိပ်ကို ချေဖျက်ရန် ကြိုးစားခဲ့ပါသော်လည်း အရေးနိမ့်သွားသည်ကို ကြည့်ကာ ထိုအဆိပ်ဆေးနှင့်ပတ်သက်ပြီး သူ့ရင်ထဲတွင် ခန့်မှန်းချက်အနည်းငယ် ရှိသည်။ သူက လက်စားချေပြီးပြီဖြစ်၍ အလျင်အမြန် ထွက်သွားသည်။

ယခုတစ်ခေါက်တွင် ဘုန်းကြီးခေါင်းကြီးကို သူ လက်စတုံးမပစ်နိုင်ခဲ့ပါသော်လည်း ထိုထူးဆန်းသော ဘုန်းကြီးခေါင်းကြီးသည်လည်း အခြေအနေဆိုးဝါးသွားခဲ့သည်။ ယင်းအပြင် ဘုန်းကြီးခေါင်းကြီးကို လေ့လာရန် စံနမူနာကို သူ ရသွားခဲ့ပြီဖြစ်၍ ၎င်းအား ယတိပြတ် လက်စတုံးပစ်ရန် နည်းလမ်းရှာရမည် ဖြစ်သည်။

“ ဒါမှမဟုတ် အဲဒီဘုန်းကြီးခေါင်းကြီးကို မသတ်ခင် ငါ အဆိပ်တားမြစ်ဆေးနဲ့ ပေါင်းပြီး အဆိပ်တားမြစ်ဆေးရဲ့ အစစ်အမှန်စွမ်းအားကို ဖော်ထုတ်နိုင်တဲ့အထိ စောင့်ရမယ် ”

ရွှီချင်းသည် လူသတ်ချင်စိတ်များကို ချိုးနှိမ်ကာ ဝေးသည်ထက်ဝေးရာသို့ လျှောက်သွားသည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။

ထူးဆန်းသော ဘုန်းကြီးခေါင်းကြီး မည်သို့ အဆုံးသတ်သွားသည်ကို ရွှီချင်း မသိပါသော်လည်း နောက်ညများတွင် တစ္ဆေမြို့ကြီး နောက်ထပ်ပေါ်မလာတော့ပေ။ ရွှီချင်းသည်လည်း စစ်ဆေးကြည့်ရန် တစ္ဆေပုလွေကို မမှုတ်ခဲ့ပေ။

ဘုန်းကြီးခေါင်းကြီးကို လက်စတုံးမပစ်နိုင်ခင်အထိ စစ်ဆေးကြည့်သည်မှာ အကြောင်းမရှိကြောင်း သူ ခံစားမိသည်။ သို့သော် ဝါးပေလွှာပေါ်တွင် ‘ ဘုန်းကြီးခေါင်းကြီး ’ ဆိုသည့်စကားကို ရေးထွင်းလိုက်သည်။

ယင်းနောက် သူ စီစဉ်ထားသည့် အဆိပ်သားရဲများကို ရှာဖွေရာတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လိုက်လေသည်။ အဆိပ်ကောင်များကို သူ ရှာဖွေသည့်နည်းလမ်းမှာ ရိုးရှင်းသည်။ အရိပ်လေးက တားမြစ်ဒေသကြီးထဲရှိ သားရဲများပေါ်တွင် အရိပ်မျက်လုံးများစွာ ဖြန့်ကျက်လိုက်သည်။ ထိုမျက်လုံးများက မရေမတွက်နိုင်သော လျှို့ဝှက်အထောက်တော်များသဖွယ် နေရာအသီးသီးသို့ ဖြန့်ကျက်သွားပြီး ရွှီချင်းကို သူ၏ပစ်မှတ်များ ရှာဖွေရာတွင် အကူအညီပေးလေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရွှီချင်း၏ ရှာဖွေရေးခရီးစဉ်က ပို၍ အဆင်ပြေချောမွေ့လာခဲ့သည်။ သူ၏စာရင်းထဲရှိ အဆိပ်သားရဲများအားလုံးကို သူ စုဆောင်းပြီးသွားခဲ့ပြီဖြစ်ပြီး အဆိပ်များ ပို၍ ရရှိလာခဲ့သည်။

ထိုအတောအတွင်း သူ ဝယ်ခဲ့သည့် မိစ္ဆာယင်အဆိပ်ကိုလည်း အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူ ရရှိခဲ့သည့် အဆိပ်နှင့် ပေါင်းစပ်လိုက်သောအခါ ပိုးကောင်နက်လေးများ၏ အသွင်ပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်စတင်နိုင်လာသည်။

ရွှီချင်းသည် အဆိပ်သားရဲများ၏ ခန္ဓာကိုယ်များဖြင့် ပိုးကောင်နက်များကို ဆက်လက်မွေးမြူနေခဲ့ပြီး ပိုးကောင်နက်များက အစွမ်းထက်သည်ထက် အစွမ်းထက်လာသည်။ သို့သော်လည်း ပိုးကောင်နက်များက ပြောင်းလဲခြင်းများစွာ ကြုံရသည်ဖြစ်ပြီး ပြောင်းလဲခြင်းတစ်ခုစီအတွက် များစွာ အချိန်ပေးရသည်။

ရွှီချင်းသည် သူ အားနေစဉ်အတောအတွင်း အစွန်းရောက်ကောင်းကင်တာအိုဘုရားကျောင်း တည်ရှိရာ မြို့ပျက်ကြီးဆီသို့ သွား၍ အစွန်းရောက်ကောင်းကင်ဓားမော့အား နားလည်အောင် လုပ်ကြည့်ရန် တွေးနေသည်။

ထိုသို့ သူ တွေးနေစဉ် အရိပ်လေးသည် ရွှီချင်းထံသို့ တအံ့တသြဖြစ်နေသော ခံစားချက်များ ပို့လွှတ်လိုက်သည်။

“… အရူး … ကပ်ပါး … ချီးကျူး …”

“ အရူး …. ”

ရွှီချင်း ကြောင်သွားသည်။

“ သခင်လေး၊ အရိပ်လေးပြောတာက ပထမတောင်ထိပ်က အရူးကို ဒီအနားတစ်ဝိုက်က သူ့မျက်လုံး ကပ်တွယ်ထားတဲ့ သားရဲကောင်ကနေတစ်ဆင့် မြင်ရတယ်လို့ ပြောတာပါ။ ပြီးတော့ အဲဒီအရူးက သံသယဝင်စရာကောင်းတဲ့အရာတစ်ခုခုကို လုပ်နေတယ်တဲ့ ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက အသွင်ပြောင်းလဲလိုက်ပြီး အရိပ်လေး ဆိုလိုက်သည့် ‘ ချီးကျူး ’ ဆိုသော စကားကို အလိုလိုပင် လျစ်လျူရှု၍ အလျင်အမြန် ဘာသာပြန်ပေးလိုက်သည်။

‘ မင်းက မိစ္ဆာရွှီကို မင်းကို ချီးကျူးစေချင်တယ်ပေါ့။ သောက်ကလေး၊ ငါ မင်းကို ဘာသာပြန်ပေးနေသမျှ စိတ်ကူးတောင် မယဉ်နဲ့ ’

All Chapters