← Chapters

တားမြစ်နယ်မြေအပြင်ဘက်.....

Vol. 19 Ch. 253

တားမြစ်နယ်မြေအပြင်ဘက်.....

Vol. 19 Ch. 253

နောက်သုံးရက်အကြာတွင် ကျန်းချင်းအာနှင့်လီလော့တို့သည် နောက်ထပ် အဆင့်တစ်မျှော်စင် ၅ခုကို အသက်သွင်းနိုင်ခဲ့ကြသည်။ ထိုရက်များအတွင်း လီလော့၏တိုက်ခိုက်မှုများသည် ပိုမိုအားကောင်းလာသည့်အပြင် ပိုမိုလျင်မြန်လာသည်။

သူတို့အတွက်အနားယူချိန် မရှိသလောက်နည်းပါးသည့်အပြင် ကျန်းချင်းအာကလည်း လီလော့တို့ကို ကိုယ်အားကိုယ်ကိုးခိုင်းထားသည့်အတွက် အချိန်ပြည့် သတိချပ်နေခဲ့ရသည်။

တိုက်ပွဲအတွေ့အကြုံများလာသည်နှင့်အမျှအရင်ကလောက် တုန်လှုပ်နေခြင်းမရှိတော့ဘဲ အရာရာကို ချင့်ချိန်နှိုင်းဆနိုင်ကြပြီဖြစ်သည်။

သို့သော် ၎င်းတို့သည် အဆင့်တစ် သန့်စင်ရေးမျှော်စင်များအနီးရှိ ကမ္ဘာခြားသက်ရှိ

များကို ဖြတ်ကျော်ကာ ရက်စက်စွာ ဖြိုခွင်းခဲ့သည့် မဟူရာငန်းအဖွဲ့ နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်သေးပေ။

လီလော့တို့အဖွဲ့ ၎င်းတို့အတွက် သတ်မှတ်ပေးထားသောနယ်မြေကို သန့်စင်ပြီးသည့်အခါတိုင်း မဟူရာငန်းအဖွဲ့က မျှော်စင်တွင် အနားယူပြီး လီလော့တို့အလုပ်ပြီးသည့်အချိန်ထိ စောင့်ဆိုင်းနေခဲ့ကြသည်။

လီလော့တို့အဖွဲ့ အသက်ရှုကြပ်သည်အထိ မောပန်းနွမ်းနယ်လာတိုင်း တခဏမျှသာ အနားပြီးခဲ့ကြသည့်အတွက် ငြီးငြူမနေအားဘဲ အမှီလိုက်နိုင်ဖို့သာအသည်းအသန်ကြိုးစားခဲ့ကြရသည်။

မိန်းမသားဖြစ်သော ပိုင်မျန်မျန်သည် လီလော့နှင့်ရှင်းဖူတို့ကို အမှီလိုက်နိူင်သောကြောင့် ထျန်ထျန်းနှင့်ချိုးပိုင်တို့ပင်လျှင်အံ့သြနေခဲ့ကြသည်။

တရားမျှတမှုအဖွဲ့သည် ပထမနေရာနှင့် အမှန်တကယ် ထိုက်တန်သည့်အဖွဲ့ဖြစ်ကြောင်းလက်ခံလိုက်ကြလေပြီ။ ၎င်းတို့သည် အတွေ့အကြုံနုနယ်သော်လည်း တောက်ပသော အရည်အချင်းရှိသူများဖြစ်ကြသည်။

အချိန်တန်သော် ၎င်းတို့သည် ကောလိပ်တွင် အပြင်းထန်ဆုံးအဖွဲ့ဖြစ်လာနိုင်သည်။

ကြမ်းတမ်းသောသုံးရက်တာအချိန်များသည်သည် အကျိုးမယုတ်ခဲ့ပေ။ သူတို့၏ ပဲ့တင်ထပ်သံ စွမ်းအားများတိုးတက်လာသကဲ့သို့ ရမှတ်များသည်လည်း ဆက်လက်တိုးပွားလာခဲ့သည်။

သုံးရက်အတွင်း တိုးတက်လာမှုသည် ကေယလိပ်တွင် တစ်လခွဲကြာ ကျင့်ကြံမှုနှင့်တူညီနေ၏။

အရိပ်လှိုဏ်ဂူ၏ ကြောက်မက်ဖွယ်ရာများကိုသာ ထည့်မတွက်ပါက ကျင့်ကြံမှုပိုင်းတွင် များစွာအကျိုးထူးလှပါသည်။

နောက်သုံးရက်ကြာတွင် ရည်ရွယ်ရာပန်းတိုင်ဆီသို့ရောက်ရှိခဲ့ကြပြီဖြစ်သည်။

တားမြစ်နယ်မြေအပြင်ဘက်......

လီလော့တို့သည် ရှေ့တွင်မြင်နေရသော တောင်ကုန်းများကို တအံ့တသြစိုက်ကြည့်နေကြသည်။ တောင်တန်းများပေါ်တွင် မြူခိုဖြူများရစ်သိုင်းနေပြီးအောက်ခြေပတ်လည်တွင်  နေရာအနှံ့ မှောင်မိုက်နေလေ၏။

သို့သော်လည်း တိုက်စားဝါးမြိုမှုကို အရိပ်အယောင်သော်မျှ မမြင်ရပေ။

ထိုမြင်ကွင်းကို အချိန်ကြာကြာသာ ကြည့်နေမိပါက အပြင်လောကသို့ပြန်ရောက်နေပြီဟုပင်ထင်မိလိမ့်မည်။

ရှင်းလင်းနေသောနေရာသည် အန္တာရာယ်အများဆုံးနေရာဖြစ်ကြောင်း လီလော့တို့ သဘောပေါက်ကြပါသည်။

လက်ရှိခံစားနေရသည့် ခြိမ်းခြောက်မှုဟာ အရင်က ရှင်းလင်းခဲ့သည်မျှော်စင်တွေထက် အဆပေါင်းများစွာ ကြီးမားနေလေ၏။

တားမြစ်နယ်မြေထဲတွင် ခရမ်းအဆင့်နည်းပြများ လက်မှိုင်ချထားရသော ရူးသွပ်နေသည့် သားရဲကြီးရှိနေသည်မဟုတ်လော.....

"ဒီအကောင်က အပြင်ထွက်ခဲတယ်...."

"ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျောင်းသားတော်တော်များများ ရောင်စုံကျောက်ရေအိုင်ကို လာခဲ့ကြပေမယ့် သူတို့ထဲက တစ်ယောက်မှ သားရဲရဲ့ တိုက်ခိုက်မှု​ကို မခံခဲ့ရဖူးဘူး...ဒါ့ကြောင့် စိုးရိမ်စရာ မလိုဘူး...."

ကျန်းချင်းအာ ရှင်းပြသည်ကို လီလော့တို့က သေချာစွာနားထောင်နေကြသည်။ထိုအချိန်တွင် အခြားသော ကျောင်းသားများရောက်လာသည်ကို လှမ်းမြင်နေရသည်။

" ရောင်စုံကျောက်ရေအိုင်တွေက အရိပ်လှိုဏ်ဂူရဲ့ အကောင်းဆုံးနေရာတွေထဲကတစ်ုဖြစ်နေတာကြောင့် အရိပ်လှိုဏ်ဂူ ပွင့်လာတိုင်း ကျောင်းသားတွေ အပြေးအလွှားရောက်လာတတ်ကြတယ်.... နောက်မှရောက်လေ အကျိုးသက်ရောက်မှု အားနည်းလေပဲ...."

"ငါတို့အခု အချိန်ကောင်းမှာရောက်လာခဲ့ကြတယ်.....လွန်ခဲ့တဲ့ သုံးရက်လုံးလုံးပင်ပန်းခဲ့တဲ့အတွက် ဆုချတယ်လို့ပဲသဘောထားလိုက်....."

စိတ်အားထက်သန်သော အကြည့်သုံးသည်  သူမဆီမှတဆင့် ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားလေ၏။

လွန်စွာမတ်စောက်ပြီး အကွေ့အကောက်များသောလမ်းပေါ်မှဆင်းရန် တစ်နာရီခန့်​ကြာခဲ့သော်လည်း နှစ်သိမ့်မှုတစ်ခုအနေနှင့်၊ ဤနေရာတွင် အနက်ရောင်အခိုးအငွေ့များပိုမိုပါးလွှာလာခဲ့သည်။

ခဏကြာတွင် အနီရောင်ကြေးမုံတစ်ချပ်သဖွယ် တောက်ပနေသည့် ရေအိုင်ရှေ့သို့ ရောက်လာခဲ့ကြသည်။

၎င်းသည် ထူးဆန်းသော ရေအိုင်တစ်ခု ဖြစ်ပြီး အနီးနားရှိ ကမ်းပါးများတွင် တောက်ပနေသော ကြာညိုရွက်များစွာ ရှိနေပါသည်။ထိုအရွက်များသည့် ထူထဲပြီး ခိုင်ခံ့သည့်အတွက် ၎င်းတို့ပေါ်တွင် မတ်တပ်ရပ်နေသူအချို့ရှိနေ၏။

လီလော့သည် ရေအိုင်၏ အလယ်ဗဟိုကို လှမ်းကြည့်လိုက်ရာ အတွင်းပိုင်းမှ အစိမ်းရောင်တောက်ပနေသည့် ကြာရွက်အချို့ကို

တွေ့လိုက်ရသည်။ ၎င်းတို့သည် နက်နဲသော သဘာဝစွမ်းအင်တို့ဖြင့်ပြည့်နှက်နေသည်။

ရေအိုင်ထဲတွင် သဘာဝစွမ်းအင် အဆီအနှစ်တို့ဖြင့်သာပြည့်နှက်နေသည်။

အထူးသဖြင့် လက်ရှိ ရှိသူများသည် ကျန်းချင်းအာကိုတွေ့သောအခါ အတော်လေး မျက်နှာပျက်နေကြသည်။

ကြယ်သုံးပွင့်ခန်းမ ကျောင်းသားများသည် ၎င်းတို့အတွက်အကျိုးသက်ရောက်မှု နည်းပါးသော အဆင့်နှစ် ရေအိုင်တွင် အချိန်ဖြုန်းလေ့မရှိကြပေ။ ထိုအစား အဆင့်မြင့်သော ရေအိုင်များကိုသာရှာတတ်ကြသည်။

သို့သော်လည်း  ကျန်းချင်းအာရောက်လာချင်းသည် အတူပါလာသော ကလေးသုံးယောက်အတွက်မှန်း လူတိုင်းခန့်မှန်းမိကြသည်။

ရေအိုင်အတွင်းရှိ ကြာရွက်များသည် အရေအတွက်အကန့်အသတ်ရှိသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တော့မည်သာ.....

ကျန်းချင်းအာသည် အကြည့်စူးစူးများကို ဂရုစိုက်မနေဘဲ လက်စွဲတော် ဓားဖြင့် ကမ်းနံဘေးရှိ ကြာရွက်တစ်ရွက်ဆီ ချိန်ရွယ်ပြီး ရွှေရောင်စွမ်းအားများဖြင့် အမှတ်အသားပြုလိုက်လေ၏။

ဒါငါ့အပိုင်ဟု အသံတိတ် ကြေငြာလိုက်ခြင်းပင်.....

လီလော့တို့ကတော့ အံ့သြနေကြရှာသည်။

ကျန်းချင်းအာ မှတ်သားပေးထားသော အမှတ်သည် လီလော့တို့အတွက်ဖိအားများကို လျှော့ချပေးနေသည်။

ဤသည်မှာ လှပပြီး ကျယ်ဝန်းသော  အင်္ကျီတစ်ထည်သဖွယ်ပင်....

ကျန်းချင်းအာ တစ်ရွက်ပြီးတစ်ရွက် အမှတ်အသားပြုနေသည်ကို အားလုံးက လောဘတကြီးသာ စိုက်ကြည့်နေကြပြီး မည်သူမျှ ဝင်မပြောရဲကြပေ။

"စီနီယာကျန်းရဲ့လုပ်ရပ်တွေက  စည်းကမ်းနဲ့ ဆန့်ကျင်တယ်လို့မထင်မိဘူးလား..... "

ကျန်းချင်းအာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရဲသည့် သတ္တိခဲ မည်သူမည်ဝါမှန်း သိချင်ဇောဖြင့်  အသံလာရာအရပ်ဆီ အားလုံးလှည့်ကြည့်လိုက်ကြသည်။

All Chapters