ရောင်စုံသစ်ရွက်များ.....
Vol. 19 Ch. 254
အသံပိုင်ရှင်ဆီသို့ အားလုံး လှည့်ကြည့်လိုက်ကြသည်။
ထိုသူသည် ငယ်ရွယ်ချောမောသူတစ်ဉီးဖြစ်သည်။
" ဝမ်ယုဖန်က ကြယ်နှစ်ပွင့် ကျောင်းသားလေ...."
"သူက ဘာလဲ....ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်လား....."
"ဒါဆို သူ့ကိုယ်သူ စီနီယာကျန်း နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ထင်နေတာလား....ရူးမိုက်လိုက်တာ...."
လီလော့၏အကြည့်သည် ဝမ်ယုဖန် နောက်မှ လူနှစ်ယောက်အပေါ်တွင်သာ ကပ်ငြိနေသည်။
စုန်ချီယုနှင့် တီဖာချင်းမင်....
စုန်ချီယုတို့၏ စုန်မိသားစုသည် ထျန်ရှုစီရင်စစုတွင် လီလော့တို့၏ ရှီးယန်ရုံးခွဲကို ဖြုတ်ချရန်ကြိုးစားခဲ့သော်လည်း လီလော့ကြောင့်သာ အထိနာခဲ့ကြရသည်။
ထိုအချိန်ကတည်းက ကမ္ဘာမကြေရန်ကြွေးများစတင်ခဲ့ကြခြင်းဖြစ်သည်။ ယခုကိစ္စတွင် စုန်ချီယု စနက်မကင်းမှန်း လီလော့သိနေသည်။
"ငါ စည်းကမ်းတွေ ချိုးဖောက်လိုက်မိတာလား....."
ကျန်းချင်းအာကလည်း တည်ငြိမ်စွာ မေးခွန်းပြန်ထုတ်လိုက်သည်။
"တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်စွမ်းရည်ပေါ် မူတည်ပြီး ကိုယ့်နေရာကိုယ်ရွေးသင့်တာ လူတိုင်းသိပြီးသားပါ.....စီနီယာကျန်းက အရမ်းသန်မာပါတယ်.... စီနီယာကျန်း ကိုယ့်အတွက်ကိုယ်ယူတယ်ဆို ဘယ်သူမှ စိတ်ကွက်ကြမှာမဟုတ်ပေမယ့် လီလော့တို့အတွက် ယူပေးတာကတော့ အဆင်ပြေမနေဘူးလေဗျာ....."
စုန်ချီယုသည် ဝမ်ယုဖန်လက်ကို မဝံ့မရဲ ဆုပ်ကိုင်လိုက်ပြီး.....
"ယုဖန်....ထားလိုက်ပါတော့.... စီနီယာကျန်းက အရမ်းသန်မာတယ်..... နောက်ဆုတ်လိုက်ကြရအောင်....."
ထိုစကားကိုကြားသောအခါ ဝမ်ယုဖန် ၏မျက်နှာသည် ပို၍မည်းမှောင်သွားခဲ့သည်။
"သန်မာတိုင်းသာ စည်းကမ်းချိုးဖောက်နိုင်မယ်ဆို ကောလိပ်ကို စော်ကားလိုက်တာနဲ့အတူတူပဲ....."
ထိုစကားလုံးများက ကျောင်းသားများကို သတိချပ်စေခဲ့သည်။ ထို့အပြင် ကျန်းချင်းအာ ဤနေရာတွင် ရှိနေပါက သူတို့အတွက် အခွင့်ရေးများဆုံးရှုံးရပေလိမ့်မည်။
ယခုတွင်မူ ဝမ်ယုဖန်က လူစွမ်းကောင်းလုပ်၍ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသောကြောင့် အကုန်လုံး အားရဝမ်းသာ သံယောင်လိုက်ကြရုံသာ.....
ဤသို့ဖြင့် တီးတိုးဝေဖန်သံများ ပို၍ ပြင်းထန်လာသည်။
လီလော့သည် ကြိုးကိုင်ချယ်လှယ်ရာတွင်ကျွမ်းကျင်လှသော စုန်ချီယုကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထျန်ရှုစီရင်စုတွင် မိုလင်းကို ခုတုံးလုပ်၍ ပြသာနာရှာခဲ့သည်။ ယခုတွင်မူ ဝမ်ယုဖန်ကို ခုတုံးလုပ်နေပြန်ပြီ.....
ရောင်စုံကျောက်ရေအိုင်များသည် များပြားသော စွမ်းအင်များကို ထိန်းသိမ်းထားသော်လည်း ထိုစွမ်းအင်များသည် အချိန်နှင့်အမျှ အပြောင်းလဲများဖြစ်သွားနိုင်သောကြောင့် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်များပင်လျှင် မိမိကိုယ်ကို ဘေးကင်းမည်ဟု မည်သူမျှ အာမ မခံနိုင်ကြပေ။
ဤသို့ဆိုပါက အဘယ်ကြောင့် ရောင်စုံကျောက်ရေအိုင်သို့လာခဲ့ကြသနည်း။
အဘယ်ကြောင့်ဆိုသော် ရေအိုင်တစ်ခုစီတွင် တစ်ရွက်ချင်းစီ၌ သဘာဝစွမ်းအင်အဆီအနှစ်များပြည့်ဝနေသော ရောင်စုံသစ်ရွက်များရှိနေသောကြောင့်ပင်.....
သစ်ရွက်တစ်ရွက်ချင်းစီတိုင်းတွင် အပိုင်းသုံးပိုင်းရှိသောကြောင့် သစ်ရွက်တစ်ရွက်ရရုံဖြင့် တစ်ဖွဲ့လုံး ကျင့်ကြံနိုင်ကြပြီဖြစ်သည်။
တစ်နည်းဆိုရသော် ကမ်းနံဘေးရှိ
သစ်ရွက်များသည် ရေအိုင်ဝင်ခွင့်လက်မှတ်များဖြစ်ကြသည်။သစ်ရွက်များကို ရယူနိုင်လျှင် ရေအိုင်ထဲသို့ဝင်ခွင့်ရပြီး သန်မာအောင်ကျင့်ကြံနိုင်လိမ့်မည်။ မဟုတ်ပါက ဘေးထိုင်ပွဲကြည့်နေကြရုံသာ......
ရေအိုင်နှင့်ပိုနီးသူများသည် သစ်ရွက်များကို ဖမ်းယူရာတွင် အားသာချက်များရှိသောကြောင့် ကျန်းချင်းအာ ရှေ့ထွက်ခဲ့ခြင်းဖြစ်သည်။
" ရောင်စုံကျောက်ရေအိုင်ကို ရှာတွေ့ပြီဆိုကတည်းက လူတိုင်း လိုချင်မက်မောကြတာပဲလေ....."
ဝမ်ယုဖန် ပါးစပ် ထပ်ဟလိုက်သည့်အခါ ကျန်းချင်းအာက ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး.....
"နင် အတွေးလွန်နေတာပဲ.....လီလော့တို့တတွေ သူတို့ဘာသာ သစ်ရွက်ဖမ်းကြလိမ့်မယ်.... ငါကသူတို့ကိုယ်စား နေရာယူထားရုံသက်သက်ပဲ ..အဲ့တော့ ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ထားဘူး.....ရှင်းတယ်နော်...."
"ဟမ်..."
သူမ၏ ကြေငြာချက်သည် အားလုံးကို ငြိမ်သက်သွားစေခဲ့သည်။
လူသူလေးပါးအလယ် အရှက်ခွဲခံလိုက်ရသဖြင့် ဝမ်ယုဖန် ပူထူနေလေပြီ.....
ထိုအခါ စုန်ချီယုက ရယ်လိုက်ပြီး.....
"စီနီယာကျန်း....တကယ်ပြောနေတာလား..."
"ငါ့ပုံစံက လိမ်တဲ့ပုံပေါက်နေလို့လား...."
ကျန်းချင်းအာက စုန်ချီယုကို စေ့စေ့ကြည့်ပြီး မေးချလိုက်သည့်အတွက် စုန်ချီယု လန့်ဖြန့်သွားပြီး ဝမ်ယုဖန်၏နောက်တွင်မသိမသာဝင်ပုန်းနေလေ၏။
" ကောင်းပြီလေ...သူတို့က အသစ်တွေမဟုတ်လား....အရည်အချင်းရှိမရှ် မကြာခင်သိရမှာပါ....."
သူမသည် ဤစကားကို အထင်ကြီးလောက်သည့် လေသံဖြင့် ပြောခဲ့သော်လည်း လီလော့တို့အဖွဲ့ အောင်မြင်ပါက ကြယ်နှစ်ပွင့် ကျောင်းသားများ အရှက်ရကြရမည်ဟု တစ်နည်းနည်းဖြင့် ရည်ညွှန်းနေသည်။
" နင့်နာမည် စုန်ချီယုမလား....နင် ကျင့်ကြံမှုကိုပိုအာရုံစိုက်ဖို့ အကြံပေးချင်တယ်...သူများနောက်မှာ ပုန်းနေတာက နင့်ကိုသန်မာလာစေမှာမဟုတ်ဘူး...."
ကျန်းချင်းအာ၏ တဲ့တိုးဆန်သော အပြောသည် သူမကို သရဲဘောကြောင်သူဟု တိုက်ရိုက်မပြောရုံတမယ်ပင်....စုန်ချီယုသည် ရှက်ရွံနေသော်လည်း ကျန်းချင်းအာကို မယှဉ်ဝံ့သည့်အတွက် နှုတ်ဆိတ်နေရုံမှတပါးအခြားမရှိ။
"စိတ်မပူပါနဲ့.....ကျန်းချင်းအာ ဝင်မစွက်ဖက်ဘူးဆို လီလော့တို့တွေ သစ်ရွက်ဖမ်းနိုင်မှာမဟုတ်ဘူး.... "
ဝမ်ယုဖန်က စုန်ချီယုကို နှစ်သိမ့်နေ၏။
တီဖာချင်းမင်ကတော့ အစကနေအဆုံးထိ နှုတ်ဆိတ်နေပြီး ဝမ်ယုဖန်ကိုကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းနေလေ၏။
// ချီယုရေ... ထျန်ရှုမှာခံခဲ့ရတာ မမှတ်သေးဘူးလား.....ထျန်ရှုရဲ့ ချန်ပီယံဖြစ်ပြီးကတည်းက လီလော့ရဲ့တောက်ပမှုကို ဘယ်သူဟန့်တားနိုင်ခဲ့လို့လဲ.....//
ကျန်းချင်းအာကိုယ်တိုင်ကိုက လီလော့အတွက် ပထမနေရာကို စွန့်လွှတ်ပေးတးထားတာကိုပဲကြည့်လေ.....
"သွားတော့....နင့်အတွက် နေရာကောင်းရွေးထားပေးပြီးပြီ.... ဒါပေမယ့် သစ်ရွက်ကို ရဖို့ ကိုယ့်ဘာကိုယ် ကြိုးစားရလိမ့်မယ်.... တစ်ခုတော့မှတ်ထားကြ...ဘာမှခက်ခဲမနေဘူး အမြန်နှုန်းကသာ အဓိကပဲ......"
ကျန်းချင်းအာကို သုံးယောက်သား ခေါင်းညိတ်ပြပြီးနောက် နေရာယူလိုက်ကြသည်။
ချိုးပိုင်နှင့်ထျန်ထျန်းတို့က.....
"လီလော့တို့တတွေ ဒါကို လုပ်နိုင်တာ သေချာရဲ့လား......."
"အဆင့်တစ် မျှော်စင်ကို အသက်သွင်းခိုင်းတုန်းကလည်း အဲ့လိုမေးဖူးတယ်မလား....."
"အင်း..ဒါဆိုရင်တော့........"