ယှဉ်ပြိုင်ခြင်း....
Vol. 19 Ch. 255
လီလော့နှင့် အခြားသူများသည် ကြာရွက်ပေါ်သို့ တက်လိုက်သည့်အခါ ကျောက်တုံးတစ်တုံးကဲ့သို့ ခိုင်ခံ့နေသည့် ကြာရွက်များကြောင့် အံ့သြကုန်ကြသည်။
ထိုကြာရွက်များသည် ရေအိုင်မှ အဆက်မပြတ် စီးဆင်းနေသည့် သဘာဝစွမ်းအင်လှိုင်းများကြောင့် ဖြစ်တည်လာသောအရာများဖြစ်သောကြောင့်စွမ်းအင်များ အရှိန်အဟုန်ဖြင့် တောက်လျှောက် ထွက်ပေါ်နေ၏။
အခြားအဖွဲ့အများကလည်း ကြာရွက်များတွင် ငြိမ်ငြိမ်ရပ်နေနိုင်ရန် စုပေါင်းအင်အားကို အသုံးပြုနေရသည်။
ကျန်းချင်းအာ၏ဓားချက်ကြောင့် ဖိအားအချို့လွှင့်ပျယ်သွားပြီးဖြစ်သောကြောင့် နှိုင်းယှဉ်ကြည့်လျှင် လီလော့တို့အဖွဲ့သည် အခြားအဖွဲ့များထက် အခြေနေပိုကောင်းနေသည်။
ကျန်းချင်းအာသည် သစ်ရွက်တွေကို တိုက်ရိုက်ဖမ်းယူဖို့ မကူညီနိုင်ပေမယ့် ခွန်အားသုံးရ သက်သာစေဖို့အများကြီးကူညီပေးခဲ့သည်။
အခြားကြယ်ပွင့်ခန်းမမှ ကျောင်းသားများ ကလည်း လီလော့တို့ကို မနာလိုစွာ ကြည့်နေကြသည် ။ ၎င်းသည် စည်းကမ်းများနှင့် မဆန့်ကျင်သည့် အလွန်ကောင်းမွန်သော အကျိုးခံစားခွင့်တစ်ခုဖြစ်သည်မဟုတ်လော....
ကောလိပ်တွင် ကျန်းချင်းအာသည် လီလော့ တဉီးတည်းကိုသာ ဤမျှလောက်ထိ ဂရုစိုက်ပေးခြင်းဖြစ်သည်။
ဝမ်ယုဖန်၏ ရန်လိုသည့်အကြည့်ကိုခံစားနေရသော်လည်း လီလော့ လျစ်လျူရှုထားလိုက်သည်။
ထို့အပြင် သူတို့နှစ်ဉီးသည် သိပ်မဝေးကြပေ။ထို့ကြောင့် ဦးတည်ရာသို့ ရောက်ရှိပါက ထိပ်တိုက်တွေ့ကြမည်မှာ မလွဲမသွေပင်ဖြစ်သည်။
"ခေါင်းဆောင်.....ငါတို့ ဝမ်ယုဖန်ကို သတိထားရမယ်.... သူက စတုတ္ထအဆင့်ရောက်နေပြီ.....ပြီးတော့ သူ့မှာ အဆင့်ခုနှစ် လျှပ်စီးသိမ်းငှက် ပဲ့တင်ထပ်သံရှိတယ်.....သူ့အားသာချက်က အရှိန်မြန်တာပဲ....."
ပိုင်မျန်မျန်က လီလော့ကို တိုးတိုး သတိပေးနေ၏။
ရှင်းဖူကလည်း ခေါင်းညိတ်လိုက်ပြီး....
"သစ်ရွက်ကို ရဖို့က ခွန်အားထက် အရှိန်ကိုပိုအားကိုးရမယ်....ဒါ့ကြောင့် ဝမ်ယုဖန်နဲ့ဆို ငါတို့ ဒုက္ခများမယ့်ပုံပဲ......"
"အဆင့်နိမ့်...အဆင့်ခုနှစ် လျှပ်စီးသိမ်းငှက်တဲ့လား.....ဟမ့်.....စိတ်မပူနဲ့ အစီအစဉ်ထားတဲ့အတိုင်းသာ လုပ်ပါ....."
ကျန်းချင်းအာ အကုန်ရှင်းပြထားသည့်အတွက် သင့်လျော်သော နည်းဗျူဟာကို ရေးဆွဲထားပြီးဖြစ်သည်။ ဘယ်လောက်ထိ ထိရောက်မှု ရှိသလဲဆိုသည်ကို မကြာမီသိရတော့မည်။
ပိုင်မျန်မျန်နှင့်ရှင်းဖူက နားလည်ကြောင်း ခေါင်းညိတ်လိုက်ကြသည်။
ရေအိုင်ထဲက စွမ်းအင်များ လှုပ်ခတ်လာမည့်အချိန်ကို သုံးယောက်သား တိတ်တဆိတ်စွာစောင့်မျှော်နေကြသည် ။
နှစ်နာရီကြာအောင် စောင့်ဆိုင်းခဲ့ကြပြီးနောက် ကျယ်လောင်သောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည့်အတွက် ကျောင်းသားအားလုံး အဆင်သင့်ပြင်လိုက်ကြသည်။
အားလုံးသော မျက်လုံးများသည် လင်းလက်တောက်ပနေသော ရေအိုင်၏ အတွင်းပိုင်းကို ကြည့်ကာ ရတနာများကို သိမ်းပိုက်ရန် စိတ်စောနေကြသည်။
သစ်ရွက်အရေအတွက်သည် ကျပန်းထွက်ပေါ်လာတတ်ပြီး အကန့်အသတ်ရှိသည်။တစ်ခါတစ်ရံဆို တစ်နေ့မှာ တစ်ရွက်ပဲထွက်ပေါ်သည့်နေ့မျိုးပင်ရှိတတ်သည်။
ထိုနေ့မျိုးဆို မလွဲဧကန် တိုက်ပွဲပြင်းထန်မည်သာ.....
ဒီနေ့ ဘယ်နှရွက် ထွက်လာမည်နည်း....
အိုးးးးးးးးးး
ဆူပွက်လာသော စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံဆီသို့ လွင့်ပျံလာသည်။ထိုအရှိန်ကြောင့်အနီးတစ်ဝိုက်ရှိ သစ်ပင်များ လွင့်စင်သွားကာ အားနည်းသော အဖွဲ့အချို့ဆိုလျှင်သည် ကြာညိုရွက်များပေါ်မှ ပြုတ်ကျကုန်သည်။ အင်အားကြီးသောအဖွဲ့များသာ အချင်းချင်း ဖေးမကူညီခြင်းဖြင့် ထိန်းထားနိုင်ခဲ့ကြသည်။
လီလော့တို့အဖွဲ့သည် ကျန်းချင်းအာ ကာကွယ်ပေးသော အမှတ်အသားကြောင့် တည်ငြိမ်စွာ ရပ်နေနိုင်ခဲ့ကြသည်။အကယ်၍ ထိုအရာသာ မရှိရင် အရိပ်လှိုဏ်ဂူ၏ အဝင်ဝထိရောက်အောင် လွင့်ထွက်သွားနိုင်သည်။
ကျန်းချင်းအာ၏အကူအညီကြောင့်သာ လီလော့တို့တတွေ ပြည့်လျှံနေသောစွမ်းအင်များကို လျစ်လျူရှုပြီး ရေအိုင်ကို အပြည့်အဝအာရုံစိုက်နိုင်ခဲ့ကြသည်။
သို့သော်လည်း သုံးယောက်စလုံး အသက်ရှုကြပ်သည်အထိ ဖိအားကိုခံစားနေရဆဲပင်.....
စွမ်းအင်လှိုင်းရဲ့ အလယ်တွင် အနက်ရောင် ပုံသဏ္ဌန် ၃ ခု ပေါ်ထွက်လာသည်။
ဤသည်မှာ ယခုတစ်ခေါက်အတွက် ကျင့်ကြံနိုင်ရန် အရွက်သုံးရွက်သာ ရှိမည့်အဓိပ္ပါယ်ပင်.....
"အလို!...."
ကျောင်းသားများအားလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြပြီး မတူညီသော လမ်းကြောင်းသုံးသွယ်ဖြင့် ပျံသန်းသွားကြသည်။
အိုးးးးး
ထိုအချိန်တွင် သူတို့ရှေ့ကနေ ငွေရောင်အလင်းတန်းတစ်ခုဖြတ်ကျော်သွားလေ၏။
ဝမ်ယုဖန်သည် သစ်ရွက်တစ်ရွက်ကို အပိုင်ဖမ်းရန် ရည်ရွယ်ထားပုံရသည်။
သို့တိုင် သူသည် ထိုသို့ပြုနိုင်လောက်အောင် ကျွမ်းကျင်လှသည်။ သူ၏ လျှပ်စီးတမျှအမြန်နှုန်းသည် အခြားသူများထက် ပိုမိုသာလွန်ပြီး သစ်ရွက်များရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။
စုန်ချီယုသည် ဝမ်ယုဖန် သစ်ရွက်ရှေ့တွင် ပိတ်နေသည်ကို မြင်လိုက်ရသည့်အခါ ကျန်းချင်းအာကို ခပ်ထေ့ထေ့လှမ်းပြုံးပြလိုက်သည်။
// နင် သိပ်အထင်ကြီးနေတဲ့ လီလော့ကိုကြည့်လိုက်စမ်း.....//
အဆင့်ခုနှစ် အဆင့်နိမ့် လျှပ်စီးသိမ်းငှက်ပဲ့တင်ထပ်သံပိုင်ဆိုင်သူ ဝမ်ယုဖန်၏ အမြန်နှုန်းကို ကြယ်နှစ်ပွင့်ကျောင်းသားများပင် လိုက်မမှီသောကြောင့် လီလော့ဆိုလျှင်ပြောနေစရာပင်မလိုတော့ချေ။
ဝမ်ယုဖန် သစ်ရွက်ဆီလက်လှမ်းလိုက်ချိန်တွင်.....
ဝှစ်......
အလင်းတန်းတစ်ခုက သူ့ကိုဖြတ်ကျော်သွားပြီးရှေ့ကသစ်ရွက်ကို ထိမှန်သွားသည်။
ထန်.....
ထိုအလင်းတန်းသည် သစ်ရွက်တစ်ရွက်သဖွယ် ပါးလျသည်ဟု ထင်ရသော်လည်းတကယ်တမ်းတွင်မူ မာကြောလွန်းလှသည့်မျှားတစ်စင်းဖြစ်နေသည်။
ဝမ်ယုဖန်တစ်ယောက် လေကိုသာဖမ်းဆုပ်မိသည့်အပြင် လီလော့၏ညစ်ကျယ်ကျယ်အပြုံးကြောင့် အတော်ဒေါသထွက်နေလေ၏။
နှောက်ယှက်ဖို့ မြှားကို အသုံးပြုလိုက်တယ်ဆိုတော့ ဉာဏ်ကောင်းသားပဲ..ဟမ့်..ဒါပေမယ့် ဒီလောက်လွယ်မှာမဟုတ်ဘူး!
ဝမ်ယုဖန်သည်အရှိန်ဖြင့် လှည့်၍ သစ်ရွက်ဆီသို့ ပြေးသွားပြန်သည်။
ဝှစ်.....
နောက်ထပ်ပစ်လွတ်လိုက်သောမျှားတံကြောင့် သစ်ရွက်ရွေ့သွားခဲ့ပြန်ပြီ.....
"ထပ်ပြီးတော့လား.....ဟားးဟားးး သိမ်းငှက်လက်သည်း!..."
ဝမ်ယုဖန် ထိုသို့ကြုံးဝါးလိုက်ပြီး တိိုက်ကွက်ထုတ်ဖော်လိုက်သည့်အခါ တိုက်ကွက်အရှိန်ကြောင့် မျှားတံ ပျောက်ကွယ်သွားလေ၏။
ထိုမျှားတံသည် ပုံရိပ်ယောင်တစ်ခုဖြစ်နေသည်။
ဝမ်ယုဖန် တွေဝေနေချိန်တွင် မျှားတံများသည် ပျားအုပ်သဖွယ် ဝဲပျံလာပြီး ဘယ်ဟာအစစ် ဘယ်ဟာ အတုမှန်း ခွဲမရတော့ပေ။
ဘယ်လိုနည်းဗျူဟာမျိုးလဲ.....
ဝမ်ယုဖန် သတိပြန်ဝင်လာချိန်တွင် လီလော့တို့သုံးဉီးစလုံးသူ့ကို ဖြတ်ကျော်သွားခဲ့ကြပြီ.....
ဒေါသထွက်နေသော ဝမ်ယုဖန်သည် လီလော့တို့နောက်ကိုအရှိန်မြင့်ပြီးလိုက်သွားခဲ့သည်။ အမှန်တကယ်အရည်အချင်းရှိသူမို့ တခဏအတွင်း အမှီလိုက်နိုင်ခဲ့ပါသည်။
အစစ်အမှန်ဟုထင်ရသော မျှားတံတစ်ခုကို ဖျက်စီးလိုက်သည့်အခါ ပေါက်ကွဲသွားသည့်အရှိန်ကြောင့် သစ်ရွက်ကို ရှေ့သို့တွန်းပို့လိုက်သလိုဖြစ်နေသည်။
ဝှစ်....
ဝမ်ယုဖန် ဖမ်းမိခါနီးတွင် အရိပ်စွမ်းအားတစ်ခုပေါက်ကွဲလာပြီး သစ်ရွက်ရွေ့သွားပြန်သည်။
သိမ်မကြာခင်မှာပင် လီလော့ဆီသို့ သစ်ရွက်ရောက်သွားခဲ့လေပြီ။
ဝမ်ယုဖန် အရှိန်မြန်သော်လည်း စွမ်းအင်လောက်မြန်နိုင်မည်လော.....
လီလော့ သစ်ရွက်ပေါ် ရောက်ပြီးချိန်အထိ ဝမ်ယုဖန်အရှိန်မထိန်းနိုင်သေးပေ။
ကမန်းကတမ်း အရှိန်ထိန်းလိုက်ရသောကြောင့်လည်း အတော်ပင်ကို့ရို့ကားယားဖြစ်ခဲ့ရသည်။
" စီနီယာဝမ်....ခင်ဗျား အင်အားသုံးပြီးလုယုမလို့လား...."
လီလော့က ထိုသို့ပြောနေရင်းနှင့် ကျန်းချင်းအာတို့ကို လက်လှမ်းပြနေသေးသည်။
ပြီးနောက်......
" စိတ်မကောင်းပါဘူး...စီနီယာဝမ်...တစ်ခါတစ်လေကျရင် ဉာဏ်ကောင်းတာက အလင်းလိုအရှိန်မြန်တာထက် ပိုအသုံးဝင်တယ်ဗျ......."
ထိုအချိန်တွင် ရှင်းဖူနှင့်ပိုင်မျန်မျန်တို့တွေးနေခဲ့သည်က.....
// ငါတို့ခေါင်းဆောင်က အနာပေါ်ဆားသိပ်တဲ့နေရာမှာသိပ်တော်ပဲနော်......//