← Chapters

ခင်ပွန်းသည်ကိုပွဲထုတ်ခြင်း....

Vol. 19 Ch. 256

ခင်ပွန်းသည်ကိုပွဲထုတ်ခြင်း....

Vol. 19 Ch. 256

"မင်း......"

ယခုချိန်တွင် ဝမ်ယုဖန်သည် ဒေါသထွက်နေသလို အတော်လေးလဲ ရှက်နေခဲ့ပါသည်။တကယ်ဆို လီလော့ထက် ပိုသန်မာသည်မှာ အထင်အရှားပင်.....

အရှိန်နှုန်းအရဆို သူ့အတွက် သစ်ရွက်တစ်ရွက်ဖမ်းယူခြင်းမှာ ထမင်းစားရေသောကသလို လွယ်ကူသင့်ပါလျှက်နှင့် လီလော့ တစ်ကွက်ပြသွားသည့်အတွက် ရှုံးနိမ့်ခဲ့ရလေပြီ။

လီလော့တို့သည် အားနည်းသော်လည်း အဖွဲ့လိုက်လုပ်ဆောင်ခဲ့ကြသဖြင့် အောင်မြင်ခဲ့ကြသည်။ သူကတော့ စုန်ချီယုနှင့်တီဖာချင်းမင်တို့ကို မာနကြောင့် အကူအညီမတောင်းမိခဲ့ပေ။

မည်သို့ပင်ဆိုစေ လီလော့ အနိုင်ရသွားပြီဖြစ်သဖြင့် ဝမ်ယုဖန် တွင်းထဲဝင်ပုန်းချင်လောက်အောင် ရှက်ရွံနေရှာသည်။

ဒေါသထွက်နေသော်လည်း ကျန်းချင်းအာတို့ကိုမယှဉ်နိူင်သောကြောင့် အင်အားသုံး၍ ဖြေရှင်းလို့လည်း မဖြစ်နိုင်သေးပေ။

နောက်ဆုံးတွင်မူ ကမ်းစပ်သို့ပြန်လာခဲ့ပြီး စုန်ချီယုကို ကြည့်ကာ....

" တောင်းပန်ပါတယ်...."ဟူ၍ ခပ်တိုးတိုးရေရွတ်နေသည်။

သူကို တည့်တည့်ကြည့်ပြီး ရွှင်မြူးစွာပြုံးပြနေသောလီလော့သည် ဝမ်ယုဖန် အသုံးမကျကြောင်းကို အသံတိတ်ကြွေးကြော်နေသည့်နှယ်.......

ကြယ်နှစ်ပွင့်ခန်းမ၏ အမြန်ဆုံးလူသား ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်ကျွမ်းကျင်သူတစ်ယောက်က လီလော့ကို ရှုံးနိမ့်ခဲ့လေပြီ။

စုန်ချီယု အားတင်း ပြုံးပြလိုက်ပြီး...

" ရပါတယ်...ဘာမှမဖြစ်ဘူး.... လီလော့က ဉာဏ်နီဉာဏ်နက်များတယ်....ဒီတစ်ခါမရတော့လည်း နောက်တစ်ခါပေါ့....."

စုန်ချီယု အထင်ကြီးခံရအောင် ကြိုးစားခဲ့သော်လည်း မှန်းချက်နှင့်နှမ်းထွက် မကိုက်သောကြောင့် ဝမ်ယုဖန် အမြှီးကုပ်နေရရှာသည်။

အခြားသစ်ရွက်နှစ်ရွက်ကိုလည်း အခြားအဖွဲ့များက မောင်ပိုင်စီးသွားခဲ့ကြပြီ။

ထိုအချိန်တွင် အခြားအဖွဲ့များက  ဝမ်ယုဖန်ကို ရွံရှာသည့်အကြည့်များဖြင့် ဝိုင်းကြည့်နေကြသည်။

ကျန်းချင်းအာက ထျန်ထျန်းတို့ဘက်ကိုလှည့်လိုက်ပြီး....

" ကဲ....ငါပြောတယ်မဟုတ်လား...."

လီလော့တို့အဖွဲ့သည် ကြာရွက်ပေါ်မှ ခြေတစ်လှမ်းမျှ မကြွဘဲ သစ်ရွက်ဖမ်းနိုင်ခဲ့ကြသည်မဟုတ်လော.....

ပြီးပြည့်စုံသော အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် နည်းဗျူဟာ.......

၎င်းသည် ချိုးပိုင်နှင့်ထျန်ထျန်းတို့ နှစ်ဦးစလုံးကို အထင်ကြီးစေခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် မာနကြီးသော ဝမ်ယုဖန်ကို သိက္ခာကျစေခဲ့သည်။

"ထူးချွန်တဲ့ခေါင်းဆောင်...."

ထျန်ထျန်း ရိုးသားစွာ ချီးကျုးလိုက်သည်ကို ချိုးပိုင်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

ဝေးကွာလွန်းသောအနေထားကတောင် သစ်ရွက်ကို ဖမ်းယူနိုင်သည်ဆိုကတည်းက အမှန်ပင် အထင်ကြီးစရာကောင်းနေလေ၏။

ဤသည်မှာ ကံကောင်းခြင်းကြောင့်မဟုတ်ဘဲ လီလော့တို့အဖွဲ့၏ ထူးခြားမှုကြောင့်သာပင်.....

အဖွဲ့သားများ၏ အသိအမှတ်ပြုမှုကို ကျမ်းချင်းအာ၏ မျက်ဝန်းအစုံသည်  ကျေနပ်မှုကြောင့် တောက်ပနေသည်။

"နေပါဦး..... ခေါင်းဆောင်....ငါတို့ ချီးကျူးနေတာ လီလော့ကိုပါ....နင်က ဘာလို့ပြုံးဖြီးနေရတာလဲ......"

ထျန်ထျန်း အော်ဟစ်လိုက်သည်။

ကျန်းချင်းအာသည် များသောအားဖြင့် အေးအေးဆေးဆေးနေလေ့ရှိပြီး မြှောက်ပင့်ပြောဆိုသည်များကို ဂရုစိုက်တတ်သူမဟုတ်ပေ။သို့သော်လည်း...လီလော့ကို ချီးကျုးနေသည်ကိုတော့ ကျေနပ်ဝမ်းသာနေလေ၏။

" ငါတန်ဖိုးထားရတဲ့သူကို ချီးကျုးနေကြတာလေ....ငါမပျော်သင့်ဘူးလား....."

ကျန်းချင်းအာ ပါးစပ်ကနေ ဆိုခဲလှသော စကားချိုချိုများ ထွက်လာပုံထောက်လျှင် လီလော့သည် သူမအတွက် အလွန်အရေးကြီးသည်မှာ ထင်ရှားနေပြီ.....

သူတို့ရဲ့ဆက်ဆံရေးက ကတိပြုထားသည့်စေ့စပ်မှုထက် ပိုမိုနက်ရှိုင်းနေသည်မှာ သေချာသလောက်ပင်....

ကျန်းချင်းအာလို နတ်ဘုရားမကို အနိုင်ယူနိုင်သည့် လီလော့ကို မလေးစားဘဲမနေနိုင်တော့ပေ။

ထိုအချိန်တွင် လီလော့သည် သစ်ရွက်ကို ချိုးလိုက်ပြီး ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ကို သုံးပုံတစ်ပုံစီ ပေးလိုက်သည်။

"ဒါကြီးတွေကို ပါးစပ်ထဲ ငုံထားရမှာလား....."

ပိုင်မျန်မျန်သည် ကြည့်ရဆိုးသော ရုပ်ဆိုးသော သစ်ရွက်ကို နှာခေါင်းရှုံ့ကာ သံသယဖြင့် မေးလိုက်သည်။ သစ်ရွက်ပေါ်တွင် ထူးဆန်းသော အဖုလည်းရှိနေသေးသည်။

"သည်းခံလိုက်ပါ....."

လီလော့နှင့်ရှင်းဖူတို့က သူမကို တိုက်တွန်းပြီးနောက် ပါးစပ်ထဲသို့ သစ်ရွက်များထည့်လိုက်သည့်အခါ  ရေအိုင်၏ စွမ်းအင်ဖိအားများ  ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

“မှော်ဆန်လိုက်တာ...”

ပိုင်မျန်မျန်ကလည်း သစ်ရွကိကိုလျှက်သားဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

ထိုအချိန်တွင်......

"သွားကြစို့...."

လီလော့က ဉီးဆောင်ပြီး ရှင်းဖူတို့နှင့်အတူ ရေအိုင်အတွင်းပိုင်းဆီ ဉီးတည်လိုက်ကြသည်။

မြူခိုးများသဖွယ် ရစ်သိုင်းနေသော  စွမ်းအင်အခိုးအငွေ့များထဲသို့ လီလော့တို့သုံးဉီးဝက်ရောက် ပျောက်ကွယ်သွားသောအခါ ကျန်းချင်းအာကလည်း တစ်ဖက်သို့ လှည့်ထွက်သွားခဲ့သည်။

"ရေအိုင်ထဲက အဆင့် ၃၈ ဆင့်တိုင်းမှာရှိတဲ့ ဖိအားတွေကို ခံနိုင်ရင် ကျင့်ကြံမှုတိုးတက်လာလိမ့်မယ်..... ခေါင်းဆောင် ....လီလော့ ဘယ်နှလှမ်းလောက် လှမ်းနိုင်မယ်ထင်လဲ......"

ထျန်ထျန်း၏အမေးကို ချိုးပိုင်ကရယ်လိုက်ပြီး......

"ငါမှတ်မိသလောက်ဆို ခေါင်းဆောင်က ​ ၃၈ ဆင့်​စလုံးလှမ်းနိုင်ပြီး ဒုတိယအဆင့်ထိရောက်ခဲ့တယ်မလား.....တကယ့်ကို အံ့မခမ်းပဲ........."

"လီလော့ ၃၈ဆင့်အထိ​ရောက်နိုင်လိမ့်မယ်...."

ကျန်းချင်းအာ ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည့် အတွက် ချိုးပိုင်နှင့် ထျန်ထျန်းတို့ မျက်လုံးပြူးကုန်ကြသည်။ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံကြောင့် ကျန်းချင်းအာ ဝေးဝေးသွားနိုင်သော်လည်း လီလော့အဖို့လွယ်ကူလိမ့်မည်မထင်....

အဘယ်​ကြောင့် ကျန်းချင်းအာ သူ့အပေါ် အလေးအနက်တွေးထားရသနည်း.....

မည်သို့ပင်ဆိုစေ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော လီလော့၏ လုပ်ရည်ကိုင်ရည်များကို မြင်တွေ့ဖူးသည့်အတွက် ထွေထွေထူးထူး အံ့သြနေစရာမလိုတော့ဘူး.....

ထို့အပြင် ကျန်းချင်းအာသည် ခင်ပွန်းလောင်းကို အပီအပြင်ပွဲထုတ်တော့မည့်နှယ် စိတ်လှုပ်ရှားနေလေ၏။

All Chapters