ကန့်သတ်ချက်များ....
Vol. 19 Ch. 258
၃၅ဆင့်သို့ ခြေချလိုက်မိသည်နှင့် ခန္ဓာကိုယ်ထဲသို့သဘာဝစွမ်းအင်များ တဟုန်ထိုးတိုးဝင်လာသည်မှာ စက်တစ်ခုကိုမိုင်ကုန်မောင်းနှင်လိုက်သည့်နှယ်....
ရောင်စုံကျောက်ရေအိုင်သည် အမှောင်ဒီရေ၏ စွမ်းအင်ခိုလှုံရာ ဖြစ်ခဲ့သော်လည်းထိုလောက်နှင့်ပင် မလုံလောက်သေးပေ။ စွမ်းအင်များသည် ပိုမိုလုံခြုံသောလက်ခံသူကို အမြဲရှာဖွေနေသည့်အတွက် ရေအိုင်၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ရွေးချယ်သည်က ပိုသင့်တော်သည်။
ထို့ကြောင့် ပဲ့တင်ထပ်သံနန်းတော်သည် စွမ်းအင်ကို စုပ်ယူကာ ပိုမိုသန်မာလာခြင်းဖြစ်သည်။
ခပ်နက်နက်ထိ ဆင်းလာလေ၊ ပိုမိုအားကောင်းလာလေပင်.....
များပြားလှသော သဘာဝစွမ်းအင်များသည် လီလော့၏ခန္ဓာကိုယ် အတွင်းသို့ အရှိန်ပြင်းစွာတိုးဝင်လာပြီး မျိုးစေ့နှစ်ခုဆီသို့ စီးဝင်သွားကြသည်။
အိုးးးးး
ထိုအချိန်တွင် သူ့ဘေးနားမှ အသံတိုးတိုးလေး ကြားလိုက်ရသည်။ ရှင်းဖူ၏ မျက်နှာသည် အာရုံစူးစိုက်မှုကြောင့် ချွေးများစီးကျလျှက်ရှိသည်။
ရှင်းဖူသည် ကန့်သတ်ချက်ကို အံတုပြီးကြိုးပမ်းခဲ့သော်လည်း ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်သို့ မရောက်နိုင်သဖြင့် နောင်တရနေရှာသည်။
ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်သည် အောင်မြင်ရန်ပိုမိုခက်ခဲလှသည်။ပိုင်မျန်မျန်သည် ပွင့်လန်းခြင်းအဆင့်တွင်သာရှိသေးသည့်အတွက်အလွယ်တကူအောင်မြင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကြိုးစားအားထုတ်မှုများ အချည်းနှီးမဖြစ်ခဲ့ပေ။ယခုဆိုလျှင် ပဲ့တင်ထပ်သံနန်းတော်အတွင်းရှိ မျိုးစေ့များ ပိုမိုတောက်ပလာပြီးစွမ်းအင်များပြည့်နှက်နေပြီး ဒုတိယအဆင့်အတွက် ပုံသဏ္ဍာန်များစတင်ပေါ်ပေါက်လာပြီဖြစ်သည်။
အောင်မြင်ဖို့ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည့်အတွက် အားတင်းပြီး နောက်ထပ်သုံးဆင့်ထိ လျှောက်လှမ်းခဲ့ကြပြန်သည်။
ပတ်ဝန်းကျင်က ဖိအားများသည် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ယှဉ်လျှင် စာမဖွဲ့လောက်ပေ။
လော့လန်အိမ်တော်၏ ပြောင်းလဲမှုများ၊အချိန်နှင့်အမျှ လျော့နည်းလာသည့် လက်ကျန်သက်တမ်း စရှိသည်တို့သည် ဆံချည်မျှင်ဖြင့်ချည်နှောင်ထားသော ဓားတစ်လက်အုပ်မိုးထားသည့်နှယ်.....
လီလော့သည် အပြင်ပန်းတွင် အေးအေးဆေးဆေး သက်တောင့်သက်သာရှိနေပုံရသော်လည်း အတွင်းပိုင်းတွင်မူ မည်သူမျှမသိနိုင်သော စိုးရိမ်သောကများဖြင့်ပြည့်နှက်နေသည်။
ရေအိုင်တွင် ပထမဆုံးအကြိမ်ကျင့်ကြံခြင်းကသာ အင်မတန်အကျိုးထူးစေပြီး နောက်ပိုင်းအကြိမ်များတွင် သက်ရောက်မှု လျှော့နည်းလာမည်ဟု ကျန်းချင်းအာကလည်း သေချာသတိပေးထားခဲ့သည်။
ထို့ကြောင့်အခုချိန် အဆင့်တက်ချင်လျှင် တက်နိုင်သော်လည်းအတတ်နိုင်ဆုံးဖိနှိပ်ထိန်းချုပ်ထားရမည်။
ကျန်းချင်းအာသည် ပထမဆုံးအကြိမ်တွင် အဆင့် ၃၈ ကိုကျော်လွန်၍ ဒုတိယအဆင့်ထိရောက်ခဲ့သည်မှာ လီလော့ကို ပြင်းထန်စွာဆွဲဆောင်နေလေ၏။
ဤသည်မှာ မယုံနိုင်လောက်အောင် ခက်ခဲနိုင်သော်လည်း ကြိုးစားကြည့်သင့်သည် မဟုတ်လော။
ငါးနှစ်အတွင်း မြို့စားအဆင့်ရောက်အောင်မည်သို့ကျင့်ကြံရမည်နည်း.....
ထိုအတွေးကြောင့် မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အငွေ့များပိုမိုထင်ရှားလာလေ၏။
ထိုအချိန်တွင် ရှင်းဖူက ထွက်သွားတော့မည်ဖြစ်ကြောင်း မျက်နှာရိပ်ပြလာသည့်အတွက် လီလော့ခေါင်းညိတ်လိုက်လေသည်။
ယခုဆိုလျှင် ကျန်သည့်နှစ်ဖွဲ့ပါ ထွက်ခွာသွားပြီဖြစ်သောကြောင့် ရေအိုင်ထဲတွင် လီလော့တစ်ယာက်သာကျန်နေခဲ့တော့သည်။
အသက်ပြင်းပြင်းရှူပြီး အောက်ကို ဆက်ဆင်းခဲ့ပြန်သည်။
.....................
ကမ်းစပ်တွင်......
အခြားအဖွဲ့များ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာသည်နှင့်အမျှ လူတစ်ဦး ပျောက်ဆုံးနေကြောင်း မကြာမီ သတိထားမိလာကြသည်။
"လီလော့ ထွက်မလာသေးဘူးလား....."
"သူ ၃၅ဆင့်ထိ ဆင်းသွားတယ်လို့ တခြားသူတွေပြောကြပေမယ့် အခုထိ ထွက်မလာသေးပုံထောက်ရင် နောက်ထပ်သုံးဆင့်ထိ ထပ်ဆင်းတော့မယ်ထင်တယ်....."
"အိုးးး သတ္တိကောင်းလိုက်တာ....နောက်ထပ်သုံးဆင့်ထိ ထပ်ဆင်းမယ်တဲ့လား...."
"ဟယ်..... နောက်ဆုံးအဆင့်သုံးဆင့်ရဲ့ ဖိအားက မယုံနိုင်စရာကောင်းလွန်းတယ်...မဖြစ်နိုင်ဘူး.... အတင်းအကြပ်လုပ်ရင် ထိခိုက်ကုန်မှာပေါ့....."
" သူ့မှာ ပဲ့တင်ထပ်သံ နှစ်ခုရှိတယ်..... ဒါ့ကြောင့် သူများထက် ရည်မှန်းချက် နှစ်ဆပိုရှိလိမ့်မယ်...."
"သူတကယ်ကိုသန်မာတာပဲနော်...."
ယခုဆိုလျှင် စုန်ချီယုနှင့်ဝမ်ယုဖန်တို့ မျက်နှာဘယ်နားထားရမှန်းပင်မသိတော့ချေ။
"ငါသာဆို ၃၆ဆင့်ထိ ရောက်နိုင်တယ်....ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပထမအဆင့်လောက်က ဘယ်လောက်ဝေးဝေးထိရောက်နိုင်မှာမို့လဲ...."
ဝမ်ယုဖန် မှိုချိုးမျှစ်ချိုး ဝေဖန်နေသော်လည်း စုန်ချီယု ဘာမှပြန်မဖြေပေမယ့် သူမရဲ့မျက်လုံးထဲမှာတော့ အရိပ်အယောင်တစ်ခုရှိနေသည်။
လီလော့ မနိုင်ဝန်ထမ်းပြီး လက်ဗလာဖြင့်ပြန်ထွက်လာပါစေဟုသာ ဆုတောင်းနေမိသည်။
သစ်ကိုင်းတစ်ခုပေါ်တွင်.....
"ဒါဆို သူက နောက်ဆုံးသုံးအဆင့်အတွက် တကယ်ပဲ သွားတော့မှာပေါ့..."
ထျန်ထျန်း တအံ့သြတပြောသည်ကို ချိုးပိုင်က ခေါင်းညိတ်လိုက်ပြီး...
"ရည်မှန်းချက်ကြီးတယ်....."
လီလော့ရင်ဆိုင်နေရသည့်ဖိအားများကိုနားလည်နေသည့်အတွက် ကျန်းချင်းအာကတော့ ဘာတစ်ခွန်းမှ ဝင်မပြောဘဲနှုတ်ဆိတ်နေလေ၏။
အရင်ကဆို လီလော့အတွက် ဝန်ပေါ့စေရန် လော့လန်အိမ်တော်၏အရေးကိစ္စအဝဝကိုဖြေရှင်းဖို့ မိမိတစ်ဉီးတည်းသာ မြို့စားအမြန့်ရောက်ရန်ကြိုးစားသင့်သည်ဟု ယူဆခဲ့သော်လည်း ယခုဆိုလျှင် သက်တမ်းပြသာနာကြောင့် လီလော့ပါ အမြန်ဆုံးနည်းဖြင့်မြို့စားအဆင့်ရောက်ရန်လိုအပ်နေပြီဖြစ်သည်။
ထို့ကြောင့် သူ့ကို အရိပ်လှိုဏ်ဂူတွင် အစမ်းစစ်ဆေးပြီး အကဲဖြတ်ခဲ့ရခြင်းပင်။
အသက်မသေခင် အခုအချိန်မှာ သေးငယ်တဲ့ စွန့်စားခန်းတွေကို စွန့်စားတာက ပိုကောင်းသည်မဟုတ်လော။
ရေအိုင်၏ စွမ်းအင်ရေစီးကြောင်းထဲသို့ နက်ရှိုင်းစွာ စိုက်ကြည့်ရင်း ဓားရိုးပေါ်အရံသင့်လက်တင်