အောင်မြင်မှုနှစ်ခု........
Vol. 19 Ch. 259
၃၈ ဆင့်ကိုရောက်သည်နှင့် ပိုမိုပြင်းထန်သော မြည်သံအသစ်တစ်ခုကြားလိုက်ရသည်။ ၎င်းသည် စွမ်းအင်စီးကြောင်းနည်းတူ အားကောင်းလှပြီး ကြားဖူးသမျှထဲတွင် အကျယ်လောင်ဆုံး ဖြစ်လိမ့်မည်။
ပြင်းထန်စွာ ဝေ့ဝဲနေသော စွမ်းအင်စီးကြောင်းမြည်သံကြောင့် အာရုံစိုက်ဖို့ပင်မလွယ်တော့ချေ။
၃၈ ဆင့်သည် ရူးသွပ်ဖွယ်ကောင်းလှသည်။
အရေပြားပေါ်မှ ပြတ်ရှရာများထဲသို့ စွမ်းအင်အရည်များစိမ့်ဝင်လာသောအခါ အေးစက်သောခံစားချက်ကြောင့်သတိလစ်တော့မတတ်ပင်.....
ဝေါ.....
စွမ်းအင်စီးကြောင်းက သူ့ခန္ဓာကိုယ်ကို အရုပ်လေးလို တွန်းလှန်နေချိန်မှာတောင် စိတ် တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်မိသည်။ ထိတ်လန့်နေလို့လည်းမဖြစ်... နောက်ဆုတ်ဖို့လည်းမဖြစ်......
ထို့ကြောင့် ကြာပန်းသဏ္ဍန်တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်အာရုံကို ပဲ့တင်ထပ်သံနန်းတော်နှစ်ခုဆီ အာရုံစိုက်လိုက်သည်။
ရေပဲ့တင်ထပ်သံ... သစ်သားပဲ့တင်ထပ်သံ....
အလင်းပဲ့တင်ထပ်သံ....မြေပဲ့တင်ထပ်သံ......
ပင်မ ပဲ့တင်ထပ်သံများနှင့် အကူပဲ့တင်ထပ်သံများ.....
သူသည် စွမ်းအင်စီးဆင်းမှုပိုမိုချောမွေ့စေရန် အနက်ရောင်စွမ်းအင် အရောအနှောထဲမှ မိမိနှင့်သက်ဆိုင်သော စွမ်းအင်များကိုသာ ရွေးချယ်စုပ်ယူနေသည်။ကုသရေးစွမ်းရည်ပါရှိသော ရေပဲ့တင်ထပ်သံနှင့် သစ်သားပဲ့တင်ထပ်သံတို့ကြောင့်သာ အခုလောက်ထိတောင့်ခံနေနိူင်ခြင်းဖြစ်သည်။
သူသာ ဆုပ်ကိုင်ထားသော စွမ်းအင်များကို ခွဲထုတ်နိုင်လျှင် ဤနေရာတွင် လျင်မြန်စွာ ကြီးထွားလာနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ လီလော့သည် သူ့ပတ်ဝန်းကျင်ရှိ စွမ်းအင်များပါးလျလာသည်ကို သတိပြုမိသည်။
၎င်းတို့ကျိုးပျက်သွားသည်နှင့် စွမ်းအင် လှိုင်းလုံးကြီး တစ်ခုလုံးကို ရင်ဆိုင်ရတော့မည်။
"ငါ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခု အရမ်းအားနည်းနေပြီထင်တယ်...."
အဆင့်ငါးနှင့် အဆင့်ခြောက် ပဲ့တင်ထပ်သံတို့သည် အဆင့်ကိုးပဲ့တင်ထပ်သံနှင့် နှိုင်းယှဉ်၍မရပေ။
တကယ်တော့၊ သူ့မှာ အပိုဆုကြေးအဖြစ် အလယ်လတ်တန်းစား ပဲ့တင်ထပ်သံ နှစ်ခု ရှိနေ၍သာ ခံသာနေခြင်းဖြစ်သည်။ မဟုတ်လျှင် ဤမျှလောက်အထိ ထိန်းထားနိုင်မည်မဟုတ်ပေ။
လီလော့သည် ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်အမြှေးပါးကို စိုက်ကြည့်နေသည်။ ၎င်းအောက်တွင် ပဲ့တင်ထပ်သံ စွမ်းအားလေးခုသည် အမြှေးပါး၏ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသည့် ပါးလွှာသော အလွှာတစ်ခုအတွင်း စီးဆင်းသွားသည်။
၎င်းသည် သိုလှောင်နိုင်သည့် စွမ်းအင်ပမာဏထက်ကျော်လွန်နေပြီဖြစ်သည်။
ဤအခြေနေကို ဗျူဟာကျကျသုံးချမှဖြစ်တော့မည်......
ယခုအချိန်သည် ပဲ့တင်ထပ်သံနှစ်ခု၏ထူးခြားသောအားသာချက်များကို အသုံးချရန်အကောင်းဆုံးအချိန်ပင်.......
ပဲ့တင်ထပ်သံနှစ်ခု၏ စွမ်းရည်ကို အချိန်အကြာကြီး မသုံးနိုင်သောကြောင့် အရေးကြီးသောအခိုက်အတန့်များအတွက် နောက်ဆုံးကာကွယ်မှုအဖြစ် သိမ်းဆည်းထားလေ့ရှိသည်။
သို့တိုင် အောင်မြင်သည်အထိ ထိန်းထားနိုင်လျှင် ရေအိုင်အတွင်းရှိ စွမ်းအင်များ၏ သက်ရောက်မှု လျော့နည်းသွားမည်ဖြစ်ပြီး အသက်ရှင်ဖို့အခွင့်အလမ်းများလာလိမ့်မည်။
ပဲ့တင်ထပ်သံမျိုးစေ့နှစ်စေ့သည် ကြယ်များကဲ့သို့ တောက်ပစွာ တောက်ပနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ရောက်လုနီးပြီ......
ရွှီးးးးးးးးဟူသောမြည်သံနှင့်အတူ စွမ်းအင်အမြှေးပါးများ ဆုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။
တွေဝေမနေဘဲ အခွင့်အရေးကို အမိအရဖမ်းဆုပ်လိုက်သည့်အခါ.....
တစ်ချိန်တည်းမှာပင် ပဲ့တင်ထပ်သံ မျိုးစေ့နှစ်စေ့ဆီမှ ထုတ်လွှတ်နေသော စွမ်းအားနှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ပေါင်းစည်းသွားလေ၏။
ပဲ့တင်ထပ်သံပေါင်းစည်းခြင်း......
ဟမ်!
အပြာရောင်နှင့် အစိမ်းရောင်စွမ်းအားတို့သည် တောက်ပသော စိမ်းပြာရောင်အဖြစ် ရောနှောကာ လီလော့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းပေးထားသည်။
အောင်မြင်မှုရရှိဖို့အတွက် အာရုံမလွင့်ရဲဘဲ အပြည့်အဝအာရုံစိုက်ထားရသည်။
ပဲ့တင်ထပ်သံပေါင်းစည်းခြင်းသည် စစ်မှန်သော မြို့စားအဆင့်များ၏ နယ်ပယ်ဖြစ်သည်။ သို့သော် လီလော့သည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်နှင့်ပင် လုပ်ဆောင်နိုင်နေပြီဖြစ်သည်။
ဟူးးးးးးးးး
ရေအိုင်ထဲမှစွမ်းအင်ဖိအားများကို ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ထားသော စွမ်းအားများက ကာကွယ်ပေးထားသဖြင့် သဘာဝစွမ်းအင်များကို စိတ်ချလက်ချ စုပ်ယူနေနိုင်ခြင်းဖြစ်သည်။
စွမ်းအင်ဖိအားများပိုများလာသောကြောင့် ခဏအကြာတွင် စိမ်းပြာရောင်စွမ်းအား အကာအကွယ် မှိန်ဖျော့လာသည်။
လီလော့ ပြုံးပြီး ဖြေလျှော့လိုက်လေပြီ.....
အချိန်တန်ပြီ......
ယခုချိန်တွင် အဆင့်တက်ခြင်းကို ထိန်းချူပ်မထားတော့ဘဲ ပြည့်ဝစွာလွတ်လပ်ခွင့်ပေးလိုက်တော့သည်။
စွမ်းအင်များသည် မျိုးစေ့နှစ်ခုပေါ်တွင် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်အတွက် ကောက်ကြောင်းများကိုစတင်ပုံဖော်နေပြီဖြစ်သည်။
ဆရာသခင်အဆင့်၏ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ဒုတိယအဆင့်......
ဒုတိယပုံစံဖွဲ့စည်းပြီးသည့်တိုင် မျိုးစေ့များသည် အစွမ်းထက်မြက်နေသေးသည်။ ပဲ့တင်ထပ်သံစွမ်းအားလှိုင်းများသည် အစေ့များ၏ မျက်နှာပြင်ပေါ်တွင် လှိုင်းလုံးများသဖွယ် လှုပ်ခတ်သွားပြီးနောက် တတိယပုံသဏ္ဍာန်အတွက် ကောက်ကြောင်းများစတင်ရေးဆွဲနေပြန်သည်။
အမှတ်အသားများ ပိုမိုရှင်းလင်းလာသည်နှင့်အမျှ စွမ်းအင်ကုန်ဆုံးမှုကြောင့် မျိုးစေ့တွေ မှိန်ဖျော့လာသည်။
ထိုအခါ လီလော့ မတ်တပ်ထရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ရှုပ်ထွေးသော အနေအထားဖြင့်ပြန်ပြင်ထိုင်လိုက်ပြီး သူ့အသက်ရှုပုံကိုလည်း ပြောင်းလဲလိုက်သည်။
လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်၏ စတုထ္တအဆင့်....ဝင်သက်..ထွက်သက်...
၎င်းသည် နောက်ဆုံးအဆင့်တိုက်ပွဲတွင် ဆုကြေးအဖြစ်ရရှိခဲ့သော မြို့စားအဆင့် စွမ်းအားကျင့်စဉ်တစ်ခုဖြစ်သောကြောင့် အခြေခံအဆင့်များကို ကျွမ်းကျင်အောင်လေ့ကျင့်ထားပြီးဖြစ်သည်။
ယခုချိန်တွင် ထိုကျင့်စဉ်ကို အသုံးချရန် အကောင်းဆုံးအချိန်ဖြစ်သည်။
လီလော့သည် မီးမှုတ်ရန် ပြင်ဆင်နေသော နဂါးတစ်ကောင်သဖွယ် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး.....
ဝေါင်းးးးးးးး
အလွန်များပြားသော စွမ်းအင်များကို ခန္ဓာကိုယ်တွင်းသို့ စုပ်လိုက်သည်။
ထိုကဲ့သို့ လေးကြိမ်လေးခါပြုလုပ်ခဲ့သည်။
စုပ်သွင်းလိုက်သော စွမ်းအင်လေးမျိုးသည် မျိုးစေ့နှစ်ခုကို အားဖြည့်ပေးပြီး တတိယပုံသဏ္ဍာန်အတွက် ကောက်ကြောင်းများရေး
ဆွဲခြင်းကို ပြီးပြည့်စုံစေခဲ့သည်။
ယခုဆိုလျှင် မျိုးစေ့တွေရဲ့ မျက်နှာပြင်မှာ ရဲရင့်ပြီး ပြတ်သားတဲ့ ပုံစံသဏ္ဍာန်သုံးမျိုး ပြည့်စုံနေပါပြီ.....
ထိုမှသာ လီလော့ စိတ်အေးလက်အေးသက်ပြင်းချနိုင်ရှာတော့သည်။
သူသည် ကျန်းချင်းအာကဲ့သို့ပင် နှစ်ဆင့်ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။