← Chapters

ခိုးကြောင်ခိုးဝှက်အမြတ်ထုတ်ခြင်း......

Vol. 19 Ch. 260

ခိုးကြောင်ခိုးဝှက်အမြတ်ထုတ်ခြင်း......

Vol. 19 Ch. 260

ဆရာသခင်အဆင့်၏ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်.. ..

ယခုဆိုလျှင် လီလော့၏ ခန္ဓာကိုယ်တွင်း၌ စွမ်းအင်စီးကြောင်းအသစ်တစ်ခု ဖြတ်သန်းစီးဆင်းနေပြီး အရင်ကထက် ပိုသန်မာလာသည်ကိုခံစားနေရသည်။

တတိယအဆင့်ရောက်ပြီဆိုသောကြောင့် ကြယ်နှစ်ပွင့်ခန်းမရှိ ထိပ်တန်းအယောက်၃၀ ကို ယှဉ်ပြိုင်နိုင်ပြီဖြစ်သည်။

ကောလိပ်သက်တမ်းတစ်လျှောက်တွင် ၆လတည်းဖြင့် ထိုအဆင်သို့ရောက်သူတစ်ဉီးမျှ မရှိသေးသည့်အတွက် လီလော့ သူ့ကိုယ်သူ ကျေနပ်နေမိသည်။

ရောင်စုံကျောက်ရေအိုင်ဆီသို့ ခရီးထွက်ရကျိုးနပ်သည်ဟုဆိုရမည်။

လမ်းတစ်လျှောက်တွေ့ကြုံဖြတ်သန်းခဲ့ရသည့် နာကျင်မှုတွေ အားလုံးဟာ အောင်မြင်မှုတွေကြောင့် ယူပစ်သလို ပျောက်ကင်းကုန်ပြီဖြစ်သည်။

အပြင်လောကတွင် နှစ်လတာ ကြာမြင့်မည့်အချိန်ကာလကို ချုံ့ပစ်လိုက်သလိုပင်.....

ရောင်စုံရေအိုင်များသည် ရှားပါးပြီး ထိရောက်မှုရှိသည့်အတွက် အောင်မြင်ဖို့အတွက် ကံကောင်းခြင်းနဲ့အသိဉာဏ် နှစ်ခုစလုံး လိုအပ်ပါသည်။

ယခုဆိုလျှင် ကြယ်တပွင့်ခန်းမတွင် လီလော့ကို ရင်ဆိုင်နိုင်သူမှာ ချင်ဇူလု တစ်ဉီးသာ ရှိတော့ပြီး ဝမ်ဟေးကျူနှင့်ပိုင်တုတုတို့ကို နောက်ကောက်ချန်နိုင်ခဲ့ပြီဖြစ်သည်။

အဆင့်နှစ်ခု ချိုးဖောက်နိုင်ပြီဖြစ်သော်လည်း စွမ်းအင်များကို ဆက်လက်စုပ်ယူနေဆဲပင်.....

စွမ်းအင်များကိုစုပ်ယူနေရင်း အမှောင်ထုအတွင်းထဲသို့ ပိုနက်ရှိုင်းစွာ ကြည့်လိုက်မိသည်။

အဆင့် ၃၈ သည် ကန့်သတ်ချက်ဟု ယူဆရသော်လည်း အကယ်၍ အောက်တွင် မည်သည့်အရာရှိနေမည်နည်း.....

စိတ်အားထက်သန်စွာနှင့် အမှောင်ထုအတွင်းသို့ရေကျည်ဆန်အချို့ပစ်လွှတ်လိုက်သည်။

အိုးးးးး

တောက်ပပြီး သေးငယ်သော အမှုန်အမွှားလေးသည် မှေးမှိန်နေသော အနက်ရှိုင်းထဲသို့ လွင့်ပျံသွားသည်။

ခဏအကြာတွင်၊ ရေကျည်ဆန်၏ အလင်းရောင်ကြောင့် အနက်ရောင်သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်ရာ ကျောက်နံရံတစ်ခုကို တွေ့လိုက်ရသည်။

သစ်ပင်ပေါ်ရှိ အနက်ရောင်အရွက်များသည် အလင်းရောင်ကြောင့် လှိုင်းလုံးများသဖွယ် လှုပ်ခါသွားကြသည်။

ရောင်စုံသစ်ပင်နဲ့ ရောင်စုံသစ်ရွက်တွေ......

စွမ်းအင်လှိုင်းများကြောင့် အရွက်များ၏ အပေါ်ဆုံးအလွှာသာ လွင့်ထွက်သွားသည်ကို လီလော့ သတိပြုမိခဲ့သည်။ စွမ်းအင်များကို ဆန့်ကျင်ကာ ခိုအောင်းနေသော ကျောက်နံရံကြီးဆီသို့ သစ်ရွက်များစွာ ဖိကပ်နေသည်။

တစ်ကြိမ်လျှင် အရွက် နှစ်လုံး သုံးရွက်သာ လွင့်ထွက်သွားသည်မှာ အံ့သြစရာမဟုတ်ပေ။

"ငါ  ဖမ်းလို့ရမလားမသိဘူး...."

ရောင်စုံသစ်ရွက်များသည် ရောင်စုံကျောက်ရေအိုင်အတွင်းသို့ဝင်ရောက်နိုင်သည့် လက်မှတ်များဖြစ်ကြသည်။ရေအိုင်အထက်သို့ပေါ်လာသည့် သစ်ရွက်အရေအတွက်နည်းပါးမှုကြောင့် ကျောင်းသားများစိတ်ပျက်လက်ပျက်ဖြစ်နေကြသည်မဟုတ်လော.....

ဤနေရာတွင်ရှိနေသည့် သစ်ရွက်အနည်းငယ်သာ ရခဲ့ပါလျှင် ပြန်လည်ရောင်းချနိုင်လိမ့်မည်။ထိုသို့ဆိုပါက လိုအပ်နေသောအမှတ် တစ်သိန်းအမြန်ဆုံး ပြည့်မီနိုင်တော့မည်......

ဤသည်မှာ နှစ်ဉီးနှစ်ဖက်စလုံးအဆင်ပြေသောအခြေနေပင်.....

လီလော့၏မျက်လုံးများသည် အတွေးများဖြင့် တောက်ပနေ၏။

"အကြံပိုင်ချက်ပဲ.. ဟားးဟားးးးး"

မဆိုင်းမတွဘဲ ဓားနှစ်လက်ကို ပေါင်းစပ်ပြီး  မြှားတစ်စင်း ပစ်လွှတ်လိုက်ပြန်သည်။

သို့သော် စိတ်ကူးနှင့်လက်တွေ့ ထပ်တူကျဖို့မလွယ်ကူနိုင်ပေ။

အလင်းမြှားသည် အရှေ့သို့ မီတာပေါင်းတစ်ဒါဇင်ခန့်သာ ပျံသန်းနိုင်ခဲ့သည့်အတွက် လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာတွင် စွမ်းအင်ပြတ်တောက်မှုမြန်ဆန်လွန်းလှသည်။

ဤသည်မှာ ကျောက်သားနံရံကို သစ်သားလှံတွေနဲ့ပစ်ပေါက်နေသလိုပင်......

သေချာတာတစ်ခုက ၃၈ ဆင့်ကို တက်လှမ်းပြီး ငွေရှာဖို့ကို သူတစ်ဉီးတည်းစဉ်းစားမိခဲ့ခြင်းမဟုတ်သလို အောင်မြင်ခဲ့သူလည်းမရှိခဲ့ပေ။

ရေအိုင်အတွင်းရှိ ဖိအားများကိုခုခံနေရသည့်အပြင် သစ်ရွက်များကို ရယူဖို့လောက်ထိ စွမ်းအင်မလုံလောက်မည်မဟုတ်။

သိပ်မကြာခင် အပြင်ပြန်ထွက်ရတော့မည်ဖြစ်သောကြောင့် နောက်ဆုံးကြိုးစားသည့်အနေဖြင့် ပေါင်းစပ်ထားသည့်ပဲ့တင်ထပ်သံစွမ်းအားများကို သုံးပြီး လေးညှို့တင်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် အလင်းမြှားသည် လေးကိုင်းနှင့် လေးကြိုးကို ချိတ်ဆက်ပေးထားသည့် အပ်ချည်ကြိုးတစ်ခုသဖွယ် ပါးလျလွန်းနေသည်။

သို့သော် ဤပျော့ပျောင်းသော မျှားတံတွင် များပြားလွန်းလှသော စွမ်းအားများ ပါဝင်နေသည်။

ဝှစ်......

စိမ်းပြာရောင်တောက်ပနေသော မျှားတံသည် အရှိန်ပြင်းစွာ ပျံသန်းသွားပြီး သစ်ပင်နှင့် အရွက်များကြားရှိ ချိတ်ဆက်မှုများကို ဖြတ်တောက်လိုက်လေပြီ။

အိုးးးးးး

ကြွေကျလာသောသစ်ရွက်များကို လီလော့က ပဲ့တင်ထပ်သံစွမ်းအားများဖြင့်ဖန်တီးထားသော ပိုးကြိုးများဖြင့် ဖမ်းဆီးလိုက်လေသည်။

အကြမ်းဖျဉ်းတွက်ကြည့်သလောက်ဆို ရှစ်ရွက်လောက်ရှိလိမ့်မည်။

လီလော့ လောဘတကြီးပြုံးနေစဉ်တွင် အန္တရာယ်အငွေ့သက်တစ်ခုကြောင့် ကျောရိုးတစ်လျှောက်စိမ့်တက်လာသည်။

အောက်ပြန်ငုံ့ကြည့်သည့်အခါ နက်မှောင်နေသော ရေထုထဲမှနေ၍ နတ်ဆိုးမျက်ဝန်းတစ်စုံဖြင့် သူ့ကိုစိုက်ကြည့်နေသလို ခံစားလိုက်ရသောကြောင့် ဉီးရေပြားများပင် ကျိန်းစပ်လာသည်။

နားမလည်နိုင်သော်လည်း ချက်ခြင်း ထွက်သွားချင်လောက်သည်အထိ အန္တာရာယ်အငွေ့အသက်က ပြင်းထန်လွန်းလှသည်။ထို့ကြောင့်  တုံ့ဆိုင်းမနေတော့ဘဲ အတတ်နိုင်ဆုံး နောက်ကြောင်းလှည့်ပြေးခဲ့လေသည်။

နောက်ကျတဲ့​ခြေထောက် သစ္စာဖောက်ဟုပင်ဆိုရတော့မည်......

...............................

တားမြစ်နယ်မြေ၏ တောနက်တစ်နေရာရှိအနက်ရောင်ဂူတစ်ခုထဲတွင်.......

ရိုင်းစိုင်းသော အော်ဟစ်သံနှင့်အတူ ကြက်သွေးရောင် သားရဲမျက်လုံးတစ်စုံပွင့်လာပြီး ရောင်စုံရေအိုင်ရှိရာဆီ မျှော်ကြည့်နေသည်။

ရောင်စုံရေအိုင်အောက်​ခြေတွင်ရှိသည့် များစွာသော  ဥမင်လိုဏ်ခေါင်းများသည် ပတ္တမြားရေအိုင်တစ်ခုနှင့်ချိတ်ဆက်လျှက်ရှိသောကြောင့်  တွန်းအားဖြစ်စေသော ထူးဆန်းသော စွမ်းအားကို ခံစားလိုက်ရသည်။

ပဲ့တင်ထပ်သံနှစ်ခုလား......

နောက်ထပ် စိန်ခေါ်ဖို့ ရောက်လာတဲ့မြို့စားအဆင့်ကျွမ်းကျင်သူများလား......

မဟုတ်ဘူး..... ဒါကဆရာသခင်အဆင့်တစ်ယောက်ပါပဲ...... ဒါပေမယ့်... ပဲ့တင်ထပ်သံနှစ်ခုနဲ့လား........

ကြက်သွေးရောင်မျက်လုံးများသည် ဉာဏ်ရည်ထက်မြက်သော လူသားများ၏မျက်ဝန်းများသဖွယ် တလက်လက်တောက်ပနေသည်။

၎င်း၏ကြီးမားသောခန္ဓာကိုယ်သည် ရေကန်မှနိုးထလာသောအခါ တစ်စုံတစ်ခုကို သတိပြုမိလိုက်ပုံရသည်။

ပဲ့တင်ထပ်သံ နှစ်ခု အသုံးပြုသူတဲ့လား......ကောင်းပြီ.... ဒီက​လေးကိုစားလိုက်​ရင်​ မြို့စားအဆင့်နဲ့ ​ ခြေတစ်​လှမ်းပိုနီး​လာလိမ့်မယ်.....

လောဘစိတ်ကြောင့် ဝင်းလက်တောက်ပနေသော မျက်ဝန်းတစ်စုံသည် တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်တော့မည်ဟု ဆုံးဖြတ်ချက်ချထားသည့်နှယ်.......

All Chapters