← Chapters

စီးပွားရေးသမားလီလော့.....

Vol. 19 Ch. 261

စီးပွားရေးသမားလီလော့.....

Vol. 19 Ch. 261

နောက်ဆုံးမှ ပြန်ထွက်လာသော လီလော့ကို​အားလုံးက စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။

လီလော့၏ ပဲ့တင်ထပ်သံစွမ်းအားများသည် ရေအိုင်ထဲ မဆင်းမီကထက် များစွာသန်မာအားကောင်းလာသောကြောင့်ပင်.....

သူ အောင်မြင်ခဲ့တာလား....၃၈ ဆင့်ထိရောက်ခဲ့တယ်ပေါ့......

ကျန်းချင်းအာက လီလော့ မူပျက်နေသည်ကို သတိပြုမိလိုက်သောကြောင့်.....

" ဘာဖြစ်လာလို့လဲ.. "

လီလော့သည် ရေအိုင်အောက်ခြေကအကြောင်းကို တွေးမိလိုက်သည့်အခါ တည်ငြိမ်အောင်ထိန်းဖို့အတော်ကြိုးစားနေရသည်။

နောက်ဆုံးတော့ ခေါင်းခါပြလိုက်ပြီး ဘာမှမဟုတ်ကြောင်း ငြင်းဆန်လိုက်ပါသည်။

" ၃၈ ဆင့်ထိ ရောက်ခဲ့လား.... "

ကျန်းချင်းအာသူ့ကို ပို၍ အနီးကပ်ကြည့်လိုက်သည့်အခါ ပြန်ဖြေရန်ပင်မလိုတော့ပေ။

လီလော့ဆီကနေ ထွက်ပေါ်လာသည့် ပဲ့တင်ထပ်သံ စွမ်းအားများက အောင်မြင်မှုထက်ပင် ပိုများနေသည်မဟုတ်လော.....

လီလော့ ပြုံး၍ ခေါင်းညိတ်လိုက်ပြီး....

"ငါ...၃၈ ဆင့်ထိရောက်ပြီး နှစ်ထပ်ကွမ်းအောင်မြင်မှုရခဲ့တယ်...အခုဆို ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်ရောက်သွားပြီ....."

ဘုရားရေ......

သူ့စကားက အားလုံးကို ထိတ်လန့်သွားစေသည်။

လီလော့က အဆင့် ၃၈ ထိ ရောက်ခဲ့ပြီး

ကျန်းချင်းအာလို အောင်မြင်မှုနှစ်ခုရခဲ့တယ်ပေါ့.....

အရမ်းမိုက်တယ်!

ချိုးပိုင်နှင့်ထျန်ထျန်းတို့လည်း အနည်းငယ် လန့်သွားသည် ။

"မဖြစ်နိုင်ဘူး!"

ထိုအချိန်တွင်တည်ငြိမ်မှု ပျောက်ဆုံးနေသော စုန်ချီယုထံမှ အသံထွက်လာသည်။ မနာလိုမှုကြောင့် အာခံတွင်းတစ်ခုလုံးလည်း ချဉ်စူးနေလေ၏။

ဝမ်ယုဖန်သည်လည်း မနာလိုမှုကြောင့် မျက်နှာတစ်ခုလုံး မည်းသည်းနေသည်။

မည်သို့ပင်ဆိုစေ လီလော့၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသော စွမ်းအားက သက်သေခံပေးနေသည်။

နှစ်နာရီမပြည့်မီတွင်... မယုံနိုင်စရာအသွင်ပြောင်းမှုကို ခံစားခဲ့ရသည်။

"ခေါင်းဆောင်က တကယ့်ကို အံ့သြစရာပဲ!"

ပိုင်မျန်မျန်က သူ့ကို စိတ်အားထက်သန်စွာ အားပေးနေရှာသည်။

ကျောင်းစတက်ချိန်တုန်းက သူ့ထက် တစ်ဆင့်နိမ့်ဖူးသော လီလော့သည် ယခုဆို နှစ်ဆင့်ကျောသွားပြီဖြစ်သောကြောင့် ရှင်းဖူကလည်း လေးစားအားကျသည့်အကြည့်ဖြင့်ကြည့်နေလေ၏။

ယခုဆိုလျှင် လီလော့သည် ဝမ်ဟေးကျူကို ခွန်အားသက်သက်ဖြင့် အန်ိုင်ယူနိုင်ပြီဖြစ်သည်။

သူသည် ကြယ်တစ်ပွင့်ခန်းမ၏ ချန်ပီယံအစစ်ဖြစ်သော ချင်ဇူလုကို စိန်ခေါ်ရန်လည်း အသင့်ဖြစ်နေပြီဖြစ်သည်။

ကြယ်နှစ်ပွင့်ခန်းမက ကျောင်းသားများနှင့်ပင်ယှဉ်နိုင်ပြီသော လီလော့ကို အားလုံးက မနာလိုအားကျဖြစ်နေသည်မှာ ထူးဆန်းမနေတော့ပေ။

ဝမ်ယုဖန်ကိုယ်တိုင်ပင်လျှင် စတုတ္ထအဆင့်တွင်သာရှိသေးသည်။

ဤအတိုင်းသာဆို နောက်ထပ်တစ်နှစ်ခွဲအတွင်း ကျန်းချင်းအာနှင့်ပခုံးချင်းယှဉ်နိုင်တော့မည်.......

"ကဲ....ပြီးပြီဆို ခရီးဆက်ကြရအောင်....."

အောင်မြင်မှု ရပြီးပြီဖြစ်သောကြောင့် မစ်ရှင်ဆက်လုပ်ဖို့ ခရီးဆက်ကြရဉီးမည်။

လီလော့က ကျန်းချင်းအာကို ပြုံးပြ

လိုက်ပြီး....

"နေပါဦး ငါ့မှာ အလုပ်စရာ ကိစ္စတစ်ခုရှိသေးတယ်"

လီလော့  ဆွဲထုတ်လိုက်သော သစ်ရွက်များကိုမြင်သည့်အခါ ကျန်းချင်းအာလို တည်ငြိမ်သူပင် ပါးစပ်အဟောင်းသားဖြစ်ကုန်လေပြီ။

"အဟမ်းး.အဟမ်းးးး..."

လီလော့သည် အာရုံစိုက်ခံရအောင် ချောင်းဟန့်လိုက်ပြီး သစ်ရွက်များကို အများသူငှာ မြင်သာအောင် ပြသလိုက်သည့်အခါ ကျောင်းသားများလည်း မယုံနိူင်အောင် အံ့သြကုန်ကြသည်။

မင်းနောက်နေတာလား.....ဒီသစ်ရွက်တွေကို ဘယ်လိုသယ်လာတာလဲ......

၃၈ ဆင့်ထိ ရောက်ခဲ့သည်ကိုပင် ယုံကြည်ရန်ခက်ခဲနေချိန်တွင် သစ်ရွက်များထုတ်ပြနေပြန်ပြီ...... ထက်ထက်မြက်မြက်ရှိသူအချို့က သေချာစေ့စပ်စွာတွေးတောကြည့်သည့်အခါ စိတ်လှုပ်ရှားမှုကြောင့် အသက်ရှုသံများပြင်းထန်လာကြသည်။

"ကျု​ပ် ရေအိုင်အောက်ခြေကနေ သစ်ရွက်အချို့ ခူးလာခဲ့တယ်ဆိုတာ တကယ်ပါ.....အမြင်မှားနေကြတာမဟုတ်ပါဘူး....."

ထိုကြေငြာချက်ကြောင့် အသံတိတ်ကုန်သော်လည်း စိတ်လှုပ်ရှားမှုများကတော့ တရိပ်ရိပ်မြင့်တက်လာပြီဖြစ်သည်။

အားလုံး၏ အကြည့်များသည် သစ်ရွက်များပေါ်တွင်သာကပ်ငြိနေကြသည်။

မယုံနိုင်လောက်သော မြင်ကွင်းကြောင့် ချိုးပိုင်နှင့်ထျန်ထျန်းတို့လည်း ကြောင်အနေကြသည်။

ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ.....

"ဒီအရွက်တွေကို နင်ဘယ်လိုရခဲ့တာလဲ.....ရေအိုင်အောက်ခြေမှာ စွမ်းအားထိုးဖောက်ဖို့ ခက်ခဲတဲ့ အတားအဆီးတစ်ခုရှိတယ်.....

၃၈ဆင့်ထိ ကိုယ်တိုင်ရောက်ခဲ့ဖူးသော် ကျန်းချင်းအာပင်လျှင် မယုံကြည်နိုင်သေးပေ။

"ပဲ့တင်ထပ်သံနှစ်ခုကြောင့်ပေါ့.....သာမန် ပဲ့တင်ထပ်သံ စွမ်းအားတွေ မထိုးဖောက်နိုင်ပေမယ့် ငါ့ရဲ့ စွမ်းအားတွေကတော့ ထိုးဖောက်နိုင်ခဲ့တယ်......."

မြို့စားအဆင့်များသာ အသုံးပြုနိုင်သည့် ပဲ့တင်ထပ်သံပေါင်းစည်းခြင်းစွမ်းရည်သည် ဟာသတစ်ခုမဟုတ်ခဲ့ပေ။

အခြားသူများကတော့ လိုချင်သည့်သစ်ရွ က်ကိုရမည်ဆိုပါက နောက်ကြောင်းရာဇဝင်များကိုနားထောင်နေစရာမလိုပင်.....

"ဒါဆို လူတိုင်းစိတ်ဝင်စားကြမယ်ထင်တယ်အရွက်တစ်ရွက်အတွက် တော်ဝင်သစ်စေး  ပုလင်းတစ်ဝက်.....ဒါ တရားမျှတတဲ့ ကုန်သွယ်မှုနော်... ဓားပြတိုက်နေတာမဟုတ်ဘူး....တန်ရာတန်ကြေးရမယ်ဆို ဘယ်သူမဆိုလာဝယ်လို့ရတယ်......"

All Chapters