လီလော့၏ကစားပွဲ.....
Vol. 19 Ch. 262
သစ်ရွက်တစ်ရွက်ကို တော်ဝင်သစ်စေး ပုလင်းတစ်ဝက်.......
တော်ရုံ စျေးကြီးခြင်းမဟုတ်သည့်အတွက် အကုန် မျက်ကလူးဆန်ပြာဖြစ်ကုန်ကြသည်။
တော်ဝင်သစ်စေးတစ်ပုလင်း၏တန်ကြေး သည် အမှတ် 5,000 ဖြစ်သည်။ ပုလင်းတစ်ဝက်ဆိုလျှင် အမှတ် 2,500 ......
အဖွဲ့တိုင်းသည် ကျန်းချင်းအာတို့ မဟူရာငန်းအဖွဲ့လို အကုန်ဖြိုဖျက်နိုင်သည့် ဘူဒိုဇာအဖွဲ့များမဟုတ်ကြပေ။
ယခင်တွက်ချက်မှုများအရ အသင်းအများစုသည် အမှတ် 5,000 ခန့်သာဖြင့် အရိပ်လှိုဏ်ဂူမှ ထွက်ခွာခဲ့ကြရသည်။
ထို့ကြောင့်အမှတ် 2,500 ဆိုသည်မှာ သေးငယ်သောစျေးနှုန်းဟုတ်မနေပေ။
သို့သော်လည်း အမှတ် 2,500တည်းဖြင့် ရောင်စုံကျောက်ရေအိုင်တွင် ကျင့်ကြံနိုင်သည်မှာ ထိုက်တန်သော အပေးအယူဖြစ်နေပါသည်။
မည်သို့ပင်ဆိုစေ ရမှတ်များကို ကျင့်ကြံရေးအတွက်အသုံးရတာချင်းအတူတူ ရောင်စုံကျောက်ရေအိုင်တွင် ကျင့်ကြံခြင်းကသာ ပိုအကျိုးထူးလိမ့်မည်။
ကျောင်းသားများအားလုံး သွေးဆောင်ခံနေကြရပြီ.....
လီလော့၏ စီးပွားရေး လာဘ်မြင်မှုသည် အခြားသူများလိုက်မမှီနိုင်အောင်ဖြစ်နေသည့်အတွက် ကျန်းချင်းအာတစ်ယောက် ငိုရခက်၊ရယ်ရခက်ဖြစ်နေရှာသည်။
သို့တိုင် လီလော့သည် ထိုသစ်ရွက်များကိုကိုယ်ပိုင်အစွမ်းအစဖြင့် ရယူထားသောကြောင့် စိတ်တိုင်းကျပြုမူနိုင်ပါသည်။
"လီလော့...အချိန်တန်ရင် ရေအိုင်ထဲမှာ သစ်ရွက်တွေ သူ့အလိုလိုပေါ်လာလိမ့်မယ်.....သူများထက်အရင် ဝင်ခွင့်ရတာကို အခွင့်ကောင်းယူပြီး အခုလိုရောင်းစားနေတာ လွန်လွန်းတယ်လို့မထင်မိဘူးလား...."
စုန်ချီယု၏ ကဖျက်ယဖျက်စကားသံကြောင့် ကျောင်းသားများ သံသယဝင်လာကြပြီ.....
“ပထမအချက်အနေနဲ့ ငါ ဒီအရွက်တွေကို ယူသွားပေမယ့်လည်း ရေအိုင်ထဲမှာ အရွက်တွေ အများကြီးကျန်နေသေးတယ်... ငါ့ဆီကအရွက်တွေကို စိတ်မဝင်စားဘူးဆိုရင် နောက်ထပ်ပေါ်လာမယ့်အချိန်ကို ပျော်ပျော်ကြီးစောင့်ကြပေါ့.....ဒုတိယအချက်အနေနဲ့... သစ်ရွက်တွေကတစ်ခါပေါ်မှ နှစ်ရွက်၊သုံးရွက်ဆိုတော့ နင်တို့အဖွဲ့လို အားကောင်းတဲ့သူတွေပဲသိမ်းကြုံးယူသွားကြမှာမဟုတ်လား.....အခုဆို တခြားသူတွေပါ သစ်ရွက်ရနိုင်မယ့်အခွင့်အရေးပေါ်လာပြီပဲ....ဒါကို နင်က ကန့်ကွက်ချင်နေတယ်ဆိုတော့ ရေအိုင်ကိုနင်တို့တွေချည်းပဲ လက်ဝါးကြီးအုပ်ထားချင်နေတာလား......"
လီလော့၏ ပျစ်ပျစ်နှစ်နှစ် ချေပချက်များကြောင့် စုန်ချီယု မျက်စိမျက်နှာပျက်နေလေပြီ ။
"လီလော့ပြောတာ နည်းလမ်းကျတယ်..... သစ်ရွက်တွေကို စောင့်ရတာ အချိန် အရမ်းကြာတယ် ပြီးတော့ အရွက်လည်း နည်းလွန်းတယ်.....အခုဆို ပြိုင်ဆိုင်နေစရာမလိုဘဲ သစ်ရွက်တစ်ရွက်ရဖို့ အမှတ် 2,500 လောက် သုံးလိုက်ရုံပဲလေ......."
ကျောင်းသားတစ်ယောက်က ရုတ်တရက်ပြောလိုက်သည့်အခါ ထောက်ခံအားပေးသံများ ဆူဝေကုန်သည်။
"ဟုတ်တယ်!"
"ဝယ်မယ်....ဝယ်မယ်"
အပြိုင်အဆိုင် အလုအယက် ဝယ်ယူနေကြပြီဖြစ်သောကြောင့် စုန်ချီယု ဘာပြောရမှန်းပင်မသိတော့ပေ။
ထိုအချိန် ကျောင်းသားတစ်ယောက်က.....
" လီလော့ရေ......ငါတို့ဆီမှာ လောလောဆယ် တော်ဝင်သစ်စေး အသင့်ပါမလာဘူး....ကျောင်းကိုပြန်ရောက်တော့မှ လာပေးလို့ရမလား....."
" ရပါတယ်....ဒီလိုအသေးအမွှားတွေလောက်နဲ့ ကျင့်ကြံရေးကို ထိခိုက်ခံစရာလား.....ရစေရမယ်..အချင်းချင်းတွေပဲဟာ..... "
လီလော့၏ ရက်ရောမှုကြောင့် စုန်ချီယုတိူ့အဖွဲ့ကလွဲရင် အားလုံးပျော်ရွှင်နေခဲ့ကြသည်။
လီလော့ အကြွေးစာရင်းများကို မှတ်ရင်း လာမပေးလျှင် ကျန်းချင်းအာကိုလိုက်တောင်းခိုင်းမည်ဟု တေးမှတ်ထားသည်။
လူပိုများလာသည့်အတွက် တန်းစီကြရင်း ခိုက်ရန်ဖြစ်ပွားမှုများပင် ဖြစ်ပေါ်လာသည်။
မကြာမီတွင် ပျော်ရွှင်နေသော
အဖွဲ့ ခုနစ်ဖွဲ့သည် ရေအိုင်တွင် ကျင့်ကြံရန် ထွက်ခွာသွားခဲ့ကြပြီ.....
ပထမဆုံးအကြိမ် ရေအိုင်တွင်စိမ်ခြင်းကသာသက်ရောက်မှုအားကောင်းသည့်အတွက် ပေးရသည့်စျေးနှင့် တန်သောကြောင့်အားလုံးဝမ်းသာနေကြသည်။
ယခုဆိုလျှင်စုန်ချီယုနှင့်ဝမ်ယုဖန်တို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းပင်မသိတော့ပေ။ နောက်ထပ်သစ်ရွက်တွေ ဘယ်တော့ထွက်လာမည်မှန်း ဘယ်သူမှမသိကြသည့်အပြင် အကယ်၍ သစ်ရွက် ထပ်ရခဲ့လျှင်တောင် သက်ရောက်မှုအားနည်းနေသော ရေအိုင်ကိုသာ အသုံးပြုရတော့မည်။
ရေအိုင်၏ အကျိုးသက်ရောက်မှုသည် အသုံးပြုသူများပြားလာသည်နှင့်အမျှ ကျဆင်းလာမည်သာ.....
လီလော့သည် အကြွေးစာရင်းခုနှစ်ခုကိုကြည့်ပြီးအတော်အူမြူးနေသည်။
သစ်ရွက် ခုနှစ်ရွက်....တော်ဝင်သစ်စေး သုံးပုလင်းခွဲ....အမှတ်နှင့်တွက်လျှင် ၁၇၅၀၀တန်ကြေးရှိသည်။
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့သည် လီလော့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
ရေအိုင်ကို စိတ်ကြိုက်အသုံးပြုရုံတင်မကဘဲ စီးပွားပါရအောင်ရှာလိုက်သေးသည်မဟုတ်လော.....
"တော်လိုက်တာ...."
ထျန်ထျန်းက ချီးကျူးစကားဆိုနေသော်လည်း ချိုးပိုင်ကတော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။
လီလော့ အကြွေးစာရင်း မှတ်ပြီးသည်နှင့် ဝမ်ယုဖန်၊စုန်ချီယု ၊တီဖာချင်းမင်တို့ဆီသို့ လျှောက်သွားလိုက်သည်။
လီလော့ ချဉ်းကပ်လာသည်ကို မြင်သည်နှင့် ဝမ်ယုဖန်ကရှေ့ထွက်လာပြီး
"လီလော့.... မင်းဘာလိုချင်လို့လဲ"
သူများကိုမကောင်းကြံတိုင်း သူချည်းသာ ခံနေရသည့်စုန်ချီယုကို လီလော့က သနားသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“သစ်ရွက်ဝယ်ချင်လား.....”
တကယ်ဆို သူတို့လည်း အခြားသူတွေလို ဝယ်ချင်ပေမယ့် မာနကြောင့်ပြောမထွက်သည့်အပြင် လီလော့ကလည်း ရောင်းမပေးလောက်ဘူးဟုထင်နေခဲ့မိသည်။
ထို့ကြောင့် လီလော့ အကြွေးရောင်းနေချိန်တွင် အသည်းအသန်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
သူတို့အတွက် အမှတ် 2,500 သည်ပြောပလောက်သည့်ပမာဏမဟုတ်ပေ။
"မင်း ဘာကိုဆိုလိုတာလဲ မင်းမှာ သစ်ရွက်ရှိသေးလို့လား...."
သတိကြီးကြီးထားပြီးမေးနေသော်လည်း ဝမ်ယုဖန်၏လေသံသည် အတော်လေး ကတိုက်ကရိုက်နိုင်နေသည်။
"အင်း...တစ်ရွက်ကျန်သေးတယ်...."
လီလော့ပြုံးနေသည်ကိုကြည့်ပြီး စုန်ချီယု မသက်မသာခံစားနေရသည်။
"မင်းဝယ်ချင်လား...တော်ဝင်သစ်စေး ပုလင်းတစ်ဝက်၊ အကြွေးမရဘူးနော်...."
ဝမ်ယုဖန် ဝေခွဲရခက်နေသည်။တော်ဝင်သစ်စေးပုလင်းတစ်ဝက်လောက်က ဘာမှမဖြစ်ပေမယ့်... လီလော့ သူတို့အပေါ် ဒီလောက်ထိကြင်နာလိမ့်မယ်လို့ ယုံရခက်ခက်ဖြစ်နေသည်။
သို့ပေမယ်... သံသယစိတ်ကြောင့် သစ်ရွက်ကို တကယ် စွန့်လွှတ်လိုက်ရမည်လော......
စုန်ချီယုကို တစ်ချက်ကြည့်လိုက်သည့်အခါ သူမက ခေါင်းညိတ်ပြနေသည်။
"ကောင်းပြီ....ငါတို့ယူမယ်...."
လီလော့က သစ်ရွက်ကို ထုတ်လိုက်ပြီး အံ့သြစွာ အော်လိုက်သည်။
"အိုး..နှမြောစရာပဲ... ဒီသစ်ရွက်က ပျက်စီးနေပြီထင်တယ်...."
အနီးကပ်ကြည့်လိုက်သည့်အခါ အရွက်တစ်ဝက်သာကျန်တော့သည်။
အရွက်တစ်ဝက်သည် သုံးယောက်လုံးအတွက် မလုံလောက်ဘဲ နှစ်ယောက်အတွက်သာ လုံလောက်ပါသည်။
သို့သော်... အဖွဲ့တစ်ဖွဲ့လျှင် လူ သုံးယောက်ရှိသည်။
လီလော့က နှမြောတသဖြစ်နေဟန်နှင့် သက်ပြင်းချလိုက်ပြီး...
"နည်းနည်းပျက်စီးသွားပေမယ့် သုံးလို့တော့ရပါသေးတယ်....မင်းတို့ ယူမှာလား...."
တဖြည်းဖြည်းနှင့် လီလော့၏ အ
ကစားကွက်ကို စုန်ချီယု နားလည်ခဲ့လေပြီ........