← Chapters

တားမြစ်နယ်မြေထဲတွင် ပတ်မွှေခြင်း.....

Vol. 19 Ch. 263

တားမြစ်နယ်မြေထဲတွင် ပတ်မွှေခြင်း.....

Vol. 19 Ch. 263

ဝမ်ယုဖန်၊ စုန်ချီယုနှင့် တီဖာချင်းမင်တို့သည် လီလော့လက်ထဲက စုတ်ပြတ်နေသည့် သစ်ရွက်တစ်ရွက်ကို စိုက်ကြည့်နေကြသည်။

ရူးနေသူများမဟုတ်သည့်အတွက် လီလော့ဘက်က ပျက်စီးနေသော သစ်ရွက်ကို ထုတ်ပြသည့် အချိန်မှစ၍ ဆိုလိုရင်းကို နားလည်နေကြပြီဖြစ်သည်။

ဤသည်မှာ သဘောထားကွဲလွဲမှုမျိုးစေ့များကို ကြဲချပြီး ၎င်းတို့၏အဖွဲ့ဝင်တစ်ဦးကို စွန့်လွှတ်ရန် ဖိအားပေးနေခြင်းပင်.....

မည်သို့ပင်ဆိုစေ တစ်ယောက်ကတော့ ကျန်နေခဲ့မည်သာ....

လီလော့တကယ် အဆိပ်ပြင်းလွန်းလှသည်...ဤသည်ကိုလည်း နည်းနည်းလေးမျှဖုံးကွယ်ဖို့ မကြိုးစားခဲ့ပေ။

ရေအိုင်တွင် ကျင့်ကြံနိုင်မည့် သွေးဆောင်မှုကို တွန်းလှန်နိုင်လျှင် သစ်ရွက်မဝယ်ဘဲ နေလို့ရသည်။

သုံးယောက်စလုံး  ထိုသွေးဆောင်မှုကို တွန်းလှန်နိုင်သရွေ့ လီလော့ အစီအစဥ်ထားသမျှ ပျက်စီးကုန်မည်သာ.....

သို့သော်....သူတို့သုံးယောက်စလုံး သွေးဆောင်မှုကို မတွန်းလှန်နိုင်ကြပေ။

"ဟေးးး ယူမှာလား မယူဘူးလား... မယူဘူးဆိုလည်း ငါသွားတော့မယ်....."

လီလော့ လှည့်ပြန်တော့မည့်အချိန်တွင် စုန်ချီယု ရှေ့တိုးလာပြီး ပုလင်းတစ်လုံးနှင့် သစ်ရွက်ကို လဲလှယ်သွားသည်။

လဲလှယ်မှုပြီးဆုံးသည်နှင့် လီလော့က ကျန်တာတွေ ဂရုစိုက်မနေဘဲ လှည့်ထွက်လာခဲ့လိုက်သည်။

စုန်ချီယုက လီလော့ထွက်သွားတာ သေချာတော့မှ......

"နင်တို့နှစ်​​ယောက်​က အရင်သုံးလိုက်.... ငါ​စောင့်​​နေမယ်​....."

"ချီယု....အဲ့လိုမလုပ်ပါနဲ့......"

ဝမ်ယုဖန်က ကန့်ကွက်လိုက်သည်။

"ခွဲတမ်းချမယ်ဆိုလည်း အမှန်ကန်ဆုံးနည်းလမ်းသုံးပြီး ခွဲဝေကြတာပေါ့.....အသန်မာဆုံးသူနှစ်ယောက်အရင်သွားပြီး အားအနည်းဆုံးသူကျန်ခဲ့ပေါ့..... ဒါမှ အကောင်းဆုံး လုပ်နိုင်မှာ...."

စုန်ချီယု စိတ်ထဲကနေသာ ကျိန်ဆဲလိုက်တော့

သည်။ မျှော်လင့်ထားသည့်အတိုင်း တိတ်ဆိတ်နေသော တီဖာချင်းမင်သည် မျက်နှာပျက်သွားသော်လည်း အချိန်မှီထိန်းထားလိုက်သည်။

" ဟုတ်တယ်.....ဒါတရားမျှတတယ်.....ချီယု...နင်နဲ့ခေါင်းဆောင်တို့အရင်ဝင်လိုက်..ငါနေခဲ့မယ်....."

"ကျင်းမင်...ဘာမှစိတ်မပူနဲ့.....ငါတို့ မင်းကို စိတ်မပျက်စေရဘူး....ငါတို့မှာ အချိန်ကျန်ပါသေးတယ်။ မင်းအတွက် အဆင်ပြေမယ့် နည်းလမ်းတစ်ခု တွေ့အောင်ရှာပေးမယ်....."

တီဖာချင်းမင်က အရေးမကြီးကြောင်း လက်ခါပြနေသည်။

စုန်ချီယု ချီတုံချတုံဖြစ်နေသည်။ တီဖာချင်းမင်သည် သူမ၏ ငယ်သူငယ်ချင်းဖြစ်သည့်အပြင် မိသားစုချင်းပါ ခင်မင်ရင်းနှီးကြသူများဖြစ်သည်။ နှစ်ပေါင်းများစွာ ခင်မင်မှုကိုထောက်ထားပြီး ချင်းမင်အတွက် ကူပြောပေးသင့်သည်မဟုတ်လော။

သို့သော်လည်း ထိုသို့ပြောလိုက်ပါက မာနကြီးလွန်းသော ဝမ်ယုဖန်က လက်ခံမည်မဟုတ်ပေ။ထို့အပြင် ဒီလိုလုပ်တာက သူမရဲ့ ပင်ကိုယ်စရိုက်ကိုပါ ထိခိုက်စေသည်။

သူမ နှုတ်ဆိတ်နေသောကြောင့် တီဖာချင်းမင်နှင့် သူငယ်ချင်းခန်းပြတ်​တော့မည်ကိုနားလည်သော်လည်း သူမတွင်ရွေးချယ်စရာမရှိခဲ့ပေ။

သူမရော ဝမ်ယုဖန်ပါ သစ်ရွက်ရဲ့သွေးဆောင်မှုကို မလွန်ဆန်နိုင်ကြပေ။ အကျိုးဆက်များ လျော့ပါးလာမည့်အချိန်တွင် နောက်တစ်ခေါက်ကို စောင့်မျှော်ရန် ဆန္ဒမရှိကြပေ။

လီလော့က မိမိတို့ကို အဆိပ်ခတ်ထားသော သစ်ရွက်တစ်ရွက် ရောင်းချခဲ့မှန်း သိလျှက်နှင့်ပင် ဝမ်းမြောက်စွာ လက်ခံခဲ့ကြသည်။

လီလော့၏ လိမ္မာပါးနပ်မှုကို သူမ လျှော့တွက်ခဲ့မိသည်။ သူသည် ကျန်းချင်းအာလို အကြမ်းဖက်မှုမသုံးခဲ့ဘဲ​​  သန့်ရှင်းသပ်ရပ်ပြီး ရိုးရှင်းသော အရောင်းအ၀ယ်တစ်ခုကို ကမ်းလှမ်းခဲ့သည့်အတွက် အပြစ်ပြောစရာ ဘာတစ်ခုမျှ မရှိခဲ့ပေ။

ရိုးရှင်းသော သစ်ရွက်လေးတစ်ရွက် နှင့် သူတို့တစ်ဖွဲ့လုံးကို ဆွဲနှစ်သွားခဲ့​သည် ။ သူမ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော ဆက်ဆံရေးတစ်ခုလည်း ဆုံးရှုံးသွားနိုင်သည်။

စျေးကြီးလွန်းသည်......

လီလော့ကို ဆန့်ကျင်မိသည့်အတွက် စုန်ချီယု နောင်တကြီးစွာရနေပြီဖြစ်သည်။

လီလော့က ကျန်းချင်းအာလောက်  မသန်မာပေမယ့် သူ့ရဲ့ နည်းစနစ်တွေက ပို၍ပင်ပြတ်သားနေသည်။

ရေအိုင်တွင် အဆင့်နှစ်ဆင့်ဖြတ်ကျော်နိုင်ခဲ့သည့်အပြင် အမြတ်ထွက်ထားသည့်အတွက် စုန်ချီယု၏ နောင်တများကို လီလော့ ဂရုမစိုက်နိုင်သေးပေ။

လီလော့က သူ့အဖွဲ့ဆီသို့ ပြန်သွားခဲ့ပြီး.....

"တောင်းပန်ပါတယ် ငါတို့ဒီမှာ အချိန်အများကြီးယူခဲ့မိတယ်....."

သူတို့ ဤနေရာတွင် တစ်နေ့တာ အချိန်ကုန်ခဲ့သော်ကြောင့် ထိုအချိန်တွင် ဒူဇီဟုန်လျန် နှင့် ရဲချူတင်းတို့က အဆင့်နှစ်မျှော်စင်ကို အသက်သွင်းလိုက်ကြပြီ။

ထျန်ထျန်းက. အားရပါးရ ရယ်မောလိုက်ပြီး.....

"ပုဆိန်သွေးတာက ထင်းခုတ်တာကို မနှောင့်နှေးစေပါဘူး.... နင်တို့တွေ အခု ပိုသန်မာလာပြီဆိုတော့ အဆင့်နှစ် မျှော်စင်တွေကို ကိုင်တွယ်တဲ့အခါ အကူအညီပိုရတာပေါ့......"

ကျန်းချင်းအာလို ထိပ်တန်းခေါင်းဆောင်ရှိနေသည့်အတွက် ဒူဇီဟုန်လျန်လောက်ကို ဂရုစိုက်နေစရာမလိုပေ။

ကျန်းချင်းအာ မြေပုံကို ဆွဲထုတ်ပြီး စစ်ဆေးလိုက်သည့်အခါ အဆင့်နှစ်မျှော်စင်နှစ်ခု လင်းလက်နေပြီး ၎င်းတို့အနက်မှ တစ်ခုတွင် ဒူဇီဟုန်လျန်၏ အမည် ရေးထိုးထားသည်။

"စိတ်မပူပါနဲ့၊ ငါတို့မှာ အမှီလိုက်ဖို့ အခွင့်အရေးရှိပါသေးတယ်...... "

ထိုအချိန်တွင်ပင် ချိုင့်ဝှမ်းထဲမှ သွေးပျက်ဖွယ် အူသံတစ်ခု ထွက်ပေါ်လာပြီး  အသံလှိုင်းများကြောင့် အနီးအနားရှိ သစ်ပင်များ လဲပြိုကုန်သည်။

တုံ့ပြန်မှုအနေနဲ့ ရေအိုင်ထဲက စွမ်းအင်များလည်း ရူးသွပ်စွာ ဆူပွက်လာသည်။

ကျောင်းသားများသည်  ကြောက်ရွံ့စွာဖြင့်

တောနက်ကြီးဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။

ထိုနေရာတွင် ရှိနေသည်က.....ကောင်းကင်နစ်မြုပ်ခြင်း အဆင့် ဝိဉာဉ်သားရဲ....

ထိုသားရဲ အဘယ်ကြောင့်နိုးထလာသနည်း.....

ချိုးပိုင်နှင့်ထျန်ထျန်းတို့လည်း စိုးရိမ်ပူပန်နေပုံရသည်။ အနက်ရောင်မြုခိုးများ၊ ဖုန်မှုန့်များ တောက်လောင်နေသည့် လမ်းကို အဝေးကလှမ်းမြင်နေရပြီး မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ တစ်စုံတစ်ခု တောအုပ်ထဲတွင် ရှိနေသည်။

မီးခိုးမြူများထူထပ်နေသည့်အတွက် သစ်ပင်များ လဲကျနေသံကိုသာကြားနေရပြီး ဘာကိုမျှမမြင်ရပေ။

အခြားကျောင်းသားများထံမှ ထိတ်လန့်တကြား အော်ဟစ်သံများလည်း ထွက်ပေါ်လာသောကြောင့်.....

"ကြောက်စရာ မလိုပါဘူး"

ကျန်းချင်းအာ က ကျယ်လောင်စွာ အော်လိုက်သည်။

"ကျောင်းအုပ်ကြီးကိုယ်တိုင် တားမြစ်နယ်မြေ တဝိုက်မှာ စည်းချထားတဲ့အတွက် ဝိညာဉ်သားရဲတွေ ထွက်မလာနိုင်ဘူး......"

ဤသည်မှာ ကျောင်းသားများအတွက် သတင်းအချက်အလက်အသစ်ဖြစ်သော်လည်း ကျန်းချင်းအာ၏ဂုဏ်သတင်းကြောင့် သူမကို ရိုးရိုးရှင်းရှင်းယုံကြည်လိုက်ကြသည်။

နီးကပ်လာနေသော တည်ရှိမှုနှင့်ပတ်သက်၍ ရင်းနှီးမှုနေသည်ဟု ခံစားနေရသောကြောင့်လီလော့ မျက်မှောင်ကြုတ်လိုက်သည်။

အိုးးးးးး

//ရေအိုင်အောက်​​ခြေမှာ ခံစားခဲ့ရတဲ့ ခြိမ်းခြောက်မှုနဲ့ အတူတူပဲကိုး....ဒါဆို ဒါကြီးက တားမြစ်နယ်​မြေထဲက ဝိဉာဉ်သားရဲကြီးပေါ့.....သစ်ရွက်တွေခိုးသွားလို့ ငါ့ဆီလိုက်လာတာလား.....မဟုတ်သေးပါဘူး... ဒီသစ်ရွက်တွေက သားရဲအကြီးအတွက်အသုံးမှမဝင်တာ....ခံစားနေရတဲ့အငွေ့အသက်တွေက ငါ့ကိုအကောင်လိုက်မြိုချချင်နေသလိုပဲ......သစ်ရွက်ကြောင့်မဟုတ်ရင် ဘာကြောင့်များလဲ.....ရေအိုင်ထဲမှာ ငါဘာတွေလုပ်မိသေးလဲ......အိုးးးး ပဲ့တင်ထပ်သံနှစ်ခု ပေါင်းစပ်ခဲ့တာပဲ.....ဒါဆို သားရဲကြီးက အဆင့်တက်ဖို့ ငါ့ကိုစားချင်နေတာပေါ့.....//

ယခုချိန်တွင် ကျောင်းအုပ်ကြီး၏ စည်းတံဆိပ်များအမှန်တကယ် အလုပ်ဖြစ်ပါစေဟုသာ ဆုတောင်းရတော့မည်။ထိုစည်းတံဆိပ်များသာ သူသည် နံပါတ်တစ် ပစ်မှတ် ဖြစ်လာတော့မည်။

ကြောက်စိတ်ကြောင့် သူ့ခြေထောက်တွေပျော့ခွေနေလေပြီ။

လောင်ကျွမ်းနေသော အနက်ရောင်မီးခိုးငွေ့များ ပို၍နီးကပ်လာသည့်အခါ   တောင်တန်းများပင် တုန်ခါသွားကြသည်။ ကျောင်းသား အတော်များများ အသက်လုပြေးနေကြပြီ.....

လီလော့ ထွက်ပြေးရန် တွေးနေချိန်တွင်ကောင်းကင်မှ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ရုတ်တရက် ကျဆင်းလာသည်။

၎င်းသည် ကြီးမားပြီး ရှေးကျသော မှော်စာလုံးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

စည်းတံဆိပ်သည်  လေထဲတွင် လင်းလက်သွားပြီး လမ်းကြောင်းတစ်ခုကို ပိတ်ဆို့နေသည်။

လှိုက်တက်လာသော အနက်ရောင် မီးခိုးများအတွင်းမှ  သွေးပျက်ဖွယ် ဟိန်းဟောက်သံများ ထပ်မံထွက်ပေါ်လာပြီး အသံလှ်ိုင်း​ကြောင့် တောင်တန်းများ လဲပြိုပျက်စီးကုန်လေပြီ။

All Chapters