← Chapters

အခြားသော ကမ္ဘာခြားသက်ရှိ....

Vol. 19 Ch. 264

အခြားသော ကမ္ဘာခြားသက်ရှိ....

Vol. 19 Ch. 264

ဝေါင်းးးးးးးးး

ကျယ်လောင်သော ဟိန်းဟောက်သံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါနေသည်။

အနက်ရောင် မီးခိုးတိမ်တိုက်များအတွင်းမှ ပြင်းထန်နီရဲသော မျက်လုံးတစ်စုံသည် ကြောက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် စိုက်ကြည့်နေသည်။

၎င်းကိုတောထဲက မထွက်အောင် တားတဲ့ အရာတစ်ခုရှိနေသည်။

မှော်အတားအဆီးသည် အချိန်ကြာလာ

သည်နှင့်အမျှ အားနည်းလာမည်ဟု တွေးထင်ခဲ့သော်လည်း၊ သားရဲကြီးကို ယခုအချိန်အထိ ထိန်းထားနိုင်လောက်အောင် အားကောင်းနေပုံရသည်။

သားကောင်ကို မြင်နေရပါလျှက်နှင့် မစားရအညှော်ခံ ဖြစ်နေသောကြောင့် သားရဲကြီး အတော်ဒေါပွနေလေ၏။

ပဲ့တင်ထပ်သံနှစ်ခုရှိသည့် လူသားကိုစားသုံးလိုက်ပါက ချက်ချင်းအဆင့်တက်နိုင်လိမ့်မည်ဖြစ်ပြီး သားရဲကောင်ကလည်း လက်တစ်ကမ်းတွင်ရှိနေသည်။

ဝေါင်းးးးးးး

မှော်စာလုံးများကို ရင်မဆိုင်နိူင်သောကြောင့် ဒေါသတကြီးခွာရှပ်နေရုံသာ တတ်နိုင်ရှာသည်။

သားရဲကြီးသည် မှော်စာလုံးများကိုသာမက ၎င်းတို့ကိုဖန်တီးခဲ့သူကိုပါ ကြောက်လန့်နေခြင်းဖြစ်သည်။

ထိုလူကို တစ်ချိန်က မြင်ဖူးသောကြောင့် ရှင်သန်မှု ဗီဇအရ တောနက်ထဲတွင်ပုန်းအောင်းနေခဲ့ရသည်။

နောက်ဆုံးတွင်မူ သားရဲကြီးသည် အားမတန်၍ မာန်​လျှော့ကာ နောက်ကြောင်းလှည့်ပြန်သွားလေတော့သည်။

ထို့ကြောင့်၊ လေထဲတွင် မီးခိုးငွေ့နည်းပါးသွားပြီး တောင်ထိပ်တွင် လင်းလက်နေသော စွမ်းအင်အလင်းတန်းတစ်ခုကို အထင်အရှားမြင်လိုက်ကြရသည်။

အခုမှသာ ကျောင်းသားတိုင်း သက်ပြင်းချနိုင်ရှာတော့သည်။

နတ်သားရဲကြီးသည် ကျောင်းအုပ်ကြီး၏ အတားအဆီးတွင်ပိတ်နေမိနေသည်မှာ အတော်ပင် ကံကောင်းလှသည်။

သားရဲကြီး လွတ်လာပါက အရင်ဆုံးအစားခံမည်မှာ သူကိုယ်တိုင်ဖြစ်နေသောကြောင့် လီလော့၏သက်ပြင်းချသံသည် အခြားသူများထက်ပိုမိုကျယ်လောင်နေပါသည်။

ကောင်းကင်နစ်မြုပ်ခြင်းအဆင့် နတ်သားရဲကို အမာခံခုနှစ်ဉီးပင် အနိုင်ယူနိုင်မည်မဟုတ်.....

ဤနေရာတွင် အသန်မာဆုံးဖြစ်သည့် ကျန်းချင်းအာကိုယ်တိုင်ပင်လျှင် ကမ္ဘာမြေနှင့်ရင်းနှီးခြင်း အလယ်အလတ်အဆင့်တွင်သာရှိသေးသည်။

"သားရဲကြီးသာလွတ်လာရင် ရောင်စုံရေအိုင်မှာ သွေးချောင်းစီးကုန်လိမ့်မယ်......"

ထျန်ထျန်း၏ မှတ်ချက်ကို ချိုးပိုင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ထိုသားရဲကြီးနှင့် ရင်ဆိုင်ရပါက ကြယ်လေးပွင့်ခန်းမ တပ်ဖွဲ့များပင်လျှင် ထွက်ပြေးရလိမ့်မည်။

"မှော်စာလုံးတစ်ခုတည်းနဲ့ နတ်သားရဲကြီးကို ချုပ်ထားနိုင်တယ်ဆိုတော့ ကျောင်းအုပ်ကြီးက အရမ်းသန်မာတယ်နော်....."

"ဟုတ်တယ်....ဒီစာလုံးမှာ  ဘုရင်အဆင့်ရဲ့ ဆန္ဒအငွေ့အသက်တွေပါဝင်နေတယ်....အဲ့ဒါက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတစ်ခုပဲ....."

သူမသည် တောင်ထိပ်ကို လှမ်းကြည့်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။

"တစ်နေ့ကျရင် နင်နဲ့ငါလည်း အဲ့လိုအဆင့်ထိရောက်နိုင်မှာပါ......"

"အယ်? ငါရောလား....."

လီလော့က နောက်ပြောင်လိုက်သည်။

"လူတိုင်းမှာ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ မရှိဘူးဆိုတာလေးတော့ သတိရဉီး......"

"အိုးး နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကလည်း တန်ဖိုးကြီးတာပဲလေ.....ကန့်သတ်ချက်တွေကိုတောင် မစမ်းသပ်ရသေးဘူးမလား....."

အမြင်စူးရှလွန်းသော ကျန်းချင်းအာနှင့်အကြည့်ချင်းမစုံအောင် မျက်နှာလွှဲနေရသည်။

ပဲ့တင်ထပ်သံနှစ်ခုရှိသောကြောင့်

လီလော့သာ စစ်သူကြီးအဆင့်ရောက်ပါက မြို့စားအဆင့်များကို လက်ရည်တူတိုက်ခိုက်နိုင်လိမ့်မည်။

"သွားကြမယ်...အဆင့်နှစ်မျှော်စင်တွေ အသက်သွင်းလိုက်ကြရအောင်......."

ကျန်းချင်းအာ၏ လောဆော်မှုကို လီလော့တိူ့သုံးဉီးစလုံး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ကြသည်။

အဆင့်နှစ် မျှော်စင်များသည် အဆင့်တစ်မျှော်စင်များထက် ရှင်းလင်းရန် ပိုမိုခက်ခဲပါသည်။ အဖြူရောင်တိုက်စားသူများသည် နေရာတိုင်းတွင်ရှိပြီး အနီရောင်တိုက်စားသူ များကိုလည်း တစ်ခါတစ်ရံတွေ့ကြုံရနိုင်သည်။အနက်ရောင်မြူခိုး အထူထပ်ဆုံးနေရာတွင် ဘေးဒုက္ခ အဆင့်များလည်း ရှိကောင်းရှိနိုင်သည်။

၎င်းတို့သည် စစ်သူကြီးအဆင့် ကျင့်ကြံသူများနှင့် ညီမျှသည့်အတွက် မဟူရာငန်းအဖွဲ့ကသာ တာဝန်ယူဖြေရှင်းပေးလိမ့်မည်။

ကျန်းချင်းအာက  အဆင့်နှစ် မျှော်စင် အနည်းငယ်ကို ညွှန်ပြပြီး သူတို့သွားမည့်လမ်းကြောင်းကို ညွှန်ပြနေသည်။

နောက်ဆုံးပစ်မှတ်မှာ....အနီရောင် အန္တာရာယ်အမှတ်အသားရှိသည့် အဆင့်သုံး မျှော်စင်ဖြစ်သည်။

အဆင့်သုံးမျှော်စင်ကိုသာ အောင်မြင်စွာအသက်သွင်းနိုင်လျှင် ချိုမြိန်သော အောင်မြင်မှုများရရှိနိုင်တော့မည်။

...............

မြင့်မားသော တောင်တစ်ခုပေါ်တွင် စိုထိုင်းဆပိုမိုမြင့်မားသည့်အတွက် မည်းမှောင်နေသော မီးခိုးငွေ့များက ထူထပ်သိပ်သည်းနေပြီး သစ်ကိုင်းခြောက်များကလည်း အရိုးခြောက်လက်များသဖွယ် တွဲလဲဲပြုတ်ကျနေသည်။

သစ်ကိုင်း​​ခြောက်ကို လေတိုးသည့်အခါ ချောက်ချားဖွယ်အော်ငြီးသံများသဖွယ် အသည်းထိတ်ဖွယ် ကောင်းသောအသံများထွက်ပေါ်နေ၏။

ရံဖန်ရံခါတွင် အနက်ရောင် မြူခိုးများကြားမှအရိပ်တစ်ခု ပျံတက်လာပြီး အော်ဟစ်မြည်ကြွေးကာ စွမ်းအားများပေါက်ကွဲထွက်လာသည်။

တောင်ကြီး၏ လျှို​မြောင်ထဲတွင် အဖြူရောင်အရိုးများ တောင်ပုံရာပုံရှိနေပြီး ထိုအရိုးပုံပေါ်တွင် အသားစများရစ်ပတ်ထားသည့် အရိုးပုလ္လင်တစ်ခုရှိနေသည်။

ထို အရိုးပုလ္လင်ကို ပိုင်စိုးထားသော ကမ္ဘာခြားသက်ရှိသည် လူသားဉီးခေါင်းနှင့် ကင်းခြေများခန္ဓာကိုယ်ရှိပြီး အလွန်ချောက်ခြားဖွယ်ကောင်းလှသည်။

ထိုကင်းခြေများ ကမ္ဘာခြားသက်ရှိသည် ကပ်ဘေးအဆင့်ရောက်နေပြီဖြစ်သည်။

ကမ္ဘာခြားသက်ရှိ အချင်းချင်းကိုက်ဖြတ်စားသောက်နေသည်ကို ဉီးခေါင်းတွင်ရှိနေသည့် မျက်လုံး​ခြောက်လုံးဖြင့်  စိုက်ကြည့်နေ၏။

ကင်းခြေများကမ္ဘာခြားသက်ရှိသည် မျက်နှာအပြည့်နီးပါးလောက်ထိ ကျယ်ပြန့်သည့် ပါးစပ်ကိုဖွင့်ကာ အခြားသော ကမ္ဘာခြားသက်ရှိများကို စုပ်ယူဝါးမြိုလိုက်သည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး အသံတိတ်ကျသွားလေသည်။

နောက်တစ်ကြိမ် ပါးစပ်ဖွင့်ပြီး မြည်တွန်သံတစ်ခု ထုတ်ဖော်လိုက်သည့်အခါ ထိုအသံသည်  အချင်းချင်းတိုက်ခိုက်နေကြသော ကမ္ဘာခြားသက်ရှိများကို ကောင်းစွာဆွဲဆောင်ခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ဘာမျှ တုံ့ပြန်ခြင်းမရှိပေ။

နယ်မြေဘုရင်ကို အာခံဝံ့သည့်လက်အောက်ငယ်သားများပင်.....

ကင်းခြေများမကောင်းဆိုးဝါးသည် ဒေါသဖြေလျှော့ရန် ဝင်ပေါက်ဆီသို့ တွားသွားလိုက်ပြီး.....

ဟီးးးးးးဟီးးးးး

ကြားလိုက်ရသည့်ရယ်သံကြောင့် ကြောက်းိတ်များ ထိန်းမရအောင် လှိုက်တက်လာသည်။

အသံပိုင်ရှင်သည် ပိုသန်မာသော ကမ္ဘာခြားသက်ရှိတစ်ကောင်သာပင်....

ကင်းခြေများကောင်ကြီးသည် မြေပြင်ပေါ်တွင် ထွက်ပေါ်နေသည့် လူမျက်နှာမကောင်းဆိုးဝါးကြီးကို ကြောက်ရွံ့ထိတ်လနိ့စွာ ငုံ့ကြည့်လိုက်ပြီး နာခံစွာဖြင့် အစားခံလိုက်လေတော့သည်။

All Chapters