ဘယ်အရပ်ကရောက်လာကြတာလဲ.....
Vol. 19 Ch. 265
နောက်ဆယ်ရက်အကြာတွင် လီလော့တို့တတွေ အရှိန်အပြည့်နဲ့ ရှေ့ဆက်ခဲ့ကြပြီး အဆင့်နှစ်မျှော်စင် သုံးခုကို အသက်ပြန်သွင်းနိုင်ခဲ့ပြီးထောက်ပံ့ရေးပစ္စည်းများပြန်လည်ဖြည့်တင်းရန်အတွက် မူလစမှတ်ဆီ နှစ်ကြိမ်ပြန်လာခဲ့ကြသည်။
သန်မာလာပြီဆိုသော်လည်း ရန်သူကိုလျှော့မတွက်သင့်ပေ။ဇာတ်တူသားစားပြီးကြသည့် အဖြူရောင်တိုက်စားသူများသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်ထက်ပင်ကျော်လွန်နေကြသည်။
အကယ်၍ ရောင်စုံကျောက်ရေအိုင်တွင်သာ အောင်မြင်မှုမရခဲ့လျှင် အခုနေ ဒုက္ခများနေလိမ့်မည်။
အဆင့်နှစ်မျှော်စင်များကို အသက်သွင်းသည့်အခါ ကျန်းချင်းအာတို့အဖွဲ့လည်း အရက်လို မအေးဆေးနိုင်ကြတော့ပေ။
တစ်ခါတစ်ရံတွင် တွေ့ကြုံရတတ်သည် ကမ္ဘာခြားသက်ရှိများသည် လီလော့တို့ရင်ဆိုင်နိူင်သော အနေအထားထက်ပင်ကျော်လွန်နေသောကြောင့် အမြဲသတိချပ်နေရသည်။
ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်ရှိသည့် ကမ္ဘာခြားသက်ရှိနှင့်ရင်ဆိုင်ရသည့်အခါ လီလော့တို့အဖွဲ့ အနိူင်ရခဲ့သော်လည်း သုံးယောက်စလုံး ဒဏ်ရာပြင်းထန်စွာရခဲ့ကြသည်။
သို့သော်လည်း တိုးတက်မှုမှာ ကျေနပ်လောက်စရာပင်.....
တိုက်ပွဲအတွေ့ကြောင့် ရှင်းဖူသည်ပင် အဆင့်တက်နိုင်ခဲ့ပြီဖြစ်သည်။
လေအဝေ့တွင် လွင့်ပါးပျောက်ကွယ်နေပြီဖြစ်သော ကမ္ဘာခြားသက်ရှိ၏ ခန္ဓာကိုယ်ကို ကြည့်ပြီး သုံးယောက်စလုံး ပီတိဖြစ်နေကြသည်။
တစ်ရန်တော့အေးပြီ......နောက်ထပ်ပစ်မှတ်က အနီရောင်တိုက်စားသူတွေပဲ........
............................................................
ချောက်ကမ်းပါးတစ်ခုအနီးတွင်......
ကျန်းချင်းအာတစ်ယောက် အဝေးသို့လှမ်းမျှော်ကြည့်နေသည်။သူမကို ကြည့်ရသည်မှာ
တိုက်ပွဲများဆက်တိုက် ဆင်နွှဲထားရသောကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသည်။
သူမ နှိမ်နင်းခဲ့သော် ကမ္ဘာခြားသက်ရှိအရေအတွက်သည် လီလော့တို့ တစ်ဖွဲ့လုံး ပေါင်းထားသည်ထက်ပင်ကျော်လွန်သည်။
အချို့အဖွဲ့များသည် အကန့်အသတ်ရောက်သည်အထိ တိုက်ခိုက်ပြီးသည်နှင့်အားဖြည့်ဖို့စမှတ်ဆီပြန်လာတတ်ကြသည်။
ကျန်းချင်းအာ၏ အဆင့်ကိုးအလင်းပဲ့တင်ထပ်သံသည် ခရီးလမ်းတစ်လျှောက်တွင် မီးရှူးတန်ဆောင်သဖွယ် လန်းမှန်ကို အမြဲတစေ ညွှန်ပြသေးသည့်အတွက် တခြားအဖွဲ့များထက် ခရီးပိုတွင်ခဲ့ကြသည်။
အရိပ်လှိုဏ်ဂူတွင် နှစ်ပတ်တာ အချိန်ကုန်ဆုံးခဲ့ချိန်တွင် အမှတ်ပေးဇယား၌ အပြောင်းအလဲများစွာဖြစ်ပေါ်နေပြီး အကိပ်လှိုဏ်ဂူသည် နားထောင်ခဲ့ရဖူးသည်ထက် များစွာအန္တာရာယ်များကြောင်းနားလည်ခဲ့ပြီဖြစ်သည်။
အသက်ဘေးနှင့်ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ်ပျော့ညံ့သူများပင်လျှင် ရင့်ကျက်တည်ငြိမ်သွားကြသည်မဟုတ်လော.....
ထို့အပြင် ကမ္ဘာခြားသက်ရှိများသည် သနားကြင်နာတတ်သူများမဟုတ်ကြပေ။တစ်ချက်လေး သတိလွတ်သွားသည်နှင့် အသက်ပေးလိုက်ရမည်သာ......
သူတို့အားလုံး ချောက်ကမ်းပါးပြင်ကို မျှော်ကြည့်နေကြသည်။စိမ်းပြာရောင် မြက်ခင်းပြင်ပေါ်တွင် ကြေကွဲဖွယ်ရာ အပျက်အစီးများ ရှိနေသည်။ အတွင်းမှ ရံဖန်ရံခါ ထွက်ပေါ်လာသော ရယ်စရာကောင်းသော အော်သံများမှလွဲလျှင် ဤမြင်ကွင်းသည် ယခုအချိန်အထိ သူတို့ တွေ့ကြုံဖူးသည့် အရာများထက်ပင် ပို၍ပင် အေးချမ်းနေပါသည်။
၎င်းသည် အဆင့်နှစ် မျှော်စင်ဖြစ်သည်။ သို့သော် အနက်ရောင်မြူခိုးများသည် အခြားသော အဆင့်နှစ်မျှော်စင်များထက် ပိုမိုများပြားနေသည်။
"ဒီမျှော်စင်က သန့်စင်တဲ့နယ်မြေရဲ့ အပြင်ဘက်မှာ ရှိနေတယ်.....ဒါကို ရှင်းနိုင်ရင် ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်နဲ့ နီးနေပြီ....."
ကျန်းချင်းအာ၏ ကြည်လင်သော အသံသည် စိတ်ထဲတွင် ထုံကျင်နေသော အခိုးအငွေ့များနှင့် ပုပ်ပွနေသည့်အရာများကို ဖယ်ကျင်းပေးလိုက်သည့် လေနုအေးသဖွယ်ပင်......
"သန့်စင်တဲ့နယ်မြေ အပြင်ဘက်မှာ ရှိနေတဲ့အတွက် ဒီနေရာမှာ အခြားနေရာတွေထက်
ကမ္ဘာခြားသက်ရှိတွေ ပိုများလိမ့်မယ်....."
ထျန်ထျန်း ထိုသို့သတိပေးလိုက်သည့်အခါ ကျန်းချင်းအာက မျက်မှောင်ကြုတ်လိုက်ပြီး.....
"ဗျူဟာပြောင်းဖို့ အချိန်ကျပြီ..... ဒီတစ်ခါမျှော်စင်ကိုအသက်သွင်းပြီးမှ
သန့်ရှင်းရေးလုပ်ကြမယ်......"
"ဒါဆို ဒီမှာရှိနေတဲ့ ကမ္ဘာခြားသက်ရှိတွေကို ဆွဲဆောင်လိုက်သလို ဖြစ်မနေဘူးလား....."
" ငါတို့ရောက်နေတဲ့နေရာက အန္တာရာယ်အရမ်းများတယ်....ငါတို့နှစ်ဖွဲ့တည်းနဲ့ မလုံလောက်ဘူး.....အကူအညီခေါ်မှဖြစ်မယ်....."
ကျန်းချင်းအာက ပြောပြောဆိုဆိုနှင့်ကြမ်းတမ်းသောသစ်ခေါက်ဖြင့် ပြုလုပ်ထားသော စာလိပ်တစ်စောင်ကို ဆွဲထုတ်လိုက်သည်။
"ဒါက ရိက္ခာဖြည့်ဖို့ စမှတ်ကို ပြန်သွားတုန်းဝယ်လာခဲ့တဲ့ နယ်နိမိတ်စာလိပ်.......ဒါကိုမျှော်စင်ကိုရောက်တဲ့အခါ ဖွင့်လိုက် အနီရောင်တိုက်စားသူအဆင့်အောက်က ကမ္ဘာခြားသက်ရှိတွေကို ကာကွယ်ပေးနိူင်တဲ့ အတားအဆီးတစ်ခု ဖြစ်သွားလိမ့်မယ်.....ဒါနဲ့ဆို ကောင်းကောင်းအလုပ်ဖြစ်မှာပါ......မျှော်စင်ကိုအသက်သွင်းပြီးတာနဲ့မျှော်စင်က အလင်းတန်းတွေက ကျန်နေသေးတဲ့ ကမ္ဘာခြားသက်ရှိတွေကို သုတ်သင်သွားလိမ့်မယ်......"
လီလော့ ခေါင်းညိတ်လိုက်သည်။ ဒီအစီအစဉ် အလုပ်ဖြစ်မှာသေချာပါသည်။ အနီရောင်တိုက်စားသူများထက် အားကောင်းသူများသာ အတားအဆီးကိုဖြတ်ကျော်လာနိုင်လိမ့်မည်။
ထို့ကြောင့် အနီရောင်တိုက်စားသူများနှင့်သာ ထိပ်တိုက်ရင်ဆိုင်ရမည်။
"အတားအဆီးကိုဖွင့်လိုက်တာနဲ့ ကမ္ဘာခြားသက်ရှိတွေကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ရမယ်.....နင်တို့သုံးယောက်က မျှော်စင်ပတ်လည်မှာ နောက်ဆုံးအကာကွယ်အဖြစ် စောင့်နေပေးကြ......."
ယခုချိန်သည် သူရဲကောင်းဝင်လုပ်ရမည့်အချိန်မဟုတ်သောကြောင့် လီလော့တို့ နာခံစွာခေါင်းညိတ်လိုက်ကြသည်။
ရှင်းပြသင့်သည်များကို ရှင်းပြပြီးသည်နှင့် ခရီးဆက်ခဲ့ကြပြန်သည်။
မကြာခင်မှာ... တိမ်မည်းတွေဖုံးအုပ်နေသည့် နယ်မြေထဲသို့ရောက်လာခဲ့ကြသည်။
အသက်ရှုကြပ်လောက်အောင် မွန်းကြပ်နေသော်လည်း သတိကြီးကြီးထားပြီး လျှောက်လှမ်းနေကြရသည်။
လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေသည်မှာ ဗလာနယ်မြေထဲရောက်နေသလိုပင်.....
တိတ်ဆိတ်မှုသည် တစ်နည်းတစ်ဖုံ ထူးဆန်းနေပြီး အနက်ရောင်မြူခိုးများကြောင့် ဖြစ်ပေါ်လာသော ကြောက်စိတ်သည် တည်ငြိမ်အေးချမ်းမှုကို တတိတိဝါးမျိုနေသည်။
ကျန်းချင်းအာပင်လျှင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"ဘာဖြစ်နေတာလဲ၊ ဒီမှာ မြူအရမ်းထူနေပေမယ့် ဘာမှမရှိသလိုပါပဲလား......"
"သဘာဝမကျတဲ့ဟာတွေရှိနေလိမ့်မယ်.....သတိထားကြ....ဒီအတိုင်းသာဆို မျှော်စင်ကိုအသက်သွင်းနိုင်ပါ့မလား......"
ကျန်းချင်းအာ၏ အဆိုကို တခြားသူတွေကလည်း ခေါင်းညိတ်လိုက်ကြသည်။
၎င်းတို့သည် မြုခိုးများအတွင်းသို့ သတိကြီးစွာထား၍ တိုးဝင်ခဲ့ကြရာ စိုစွတ်သော ရွှံ့နွံများဆီသို့ ရောက်လာသည့်တိုင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေဆဲပင်....
တိတ်ဆိတ်နေခြင်းသည် ပို၍ကြောက်စရာကောင်းသည်......
ဤသို့ဖြင့် နောက်ဆုံးတွင် အဆင့်နှစ်မျှော်စင်ရှေ့သို့ရောက်လာခဲ့ကြပြီဖြစ်သည်။
မျှော်စင်ကိုအခုထိအသက်မသွင်းရသေးသည့်အတွက် ကမ္ဘာခြားသက်ရှိများ ဘယ်ရောက်ကုန်ကြသနည်း..........