← Chapters

နတ်ဘုရားလား၊ နတ်ဆိုးလား

Vol. 26 Ch. 378

နတ်ဘုရားလား၊ နတ်ဆိုးလား

Vol. 26 Ch. 378

“ကျွီ ကျွီ ကျွီ”

ရဲ့လင်းချန်၏ အံ့ဩနေသော အကြည့်အောက်မှာပင် ယာဉ်မောင်းက ဂီယာကို အရူးသဖွယ် ပြောင်းလာပြီး လီဗာကို နင်းလေသည်။ ကျယ်လောင်လာသော ကားအင်ဂျင်သံကို ပြတ်သားစွာ ကြားလာရပြီး ကားတစ်စီးလုံး တုန်ခါလာသည်။

တက္ကစီက လမ်းမပေါ်၌ အရှိန်ဖြင့် မောင်းနှင်နေပြီး ဘေးပတ်ဝန်းကျင်အား မှုန်ဝါးဝါးသာ မြင်လာရသည်။

“ဝူး”

ကျွမ်းကျင်သော မောင်းနှင်မှုကြောင့် ဖုန်မှုန့်များ တထောင်းထောင်း ထလာပြီး အခြားသော လမ်းသွား လမ်းလာများ အံ့ဩသွားကြသည်။

“မိတ်ဆွေလေး မကြောက်နဲ့၊ အမှန်အတိုင်း ပြောရရင် ငါက တစ်ချိန်က ချိုးမင်တောင်ရဲ့ ပြိုင်ကား ဘုရင်ပဲ၊ ဒီကားက သူ့ရဲ့ ပုံစံအမှန်ကို မပြရတာ အတော်ကြာပြီ”

ယာဉ်မောင်း၏ မျက်လုံးတွင် အတိတ်ကို အောက်မေ့ သတိရလာသည့် အရိပ်အယောင်တို့ ပေါ်လွင်လာသည်။ သူ့မျက်လုံးများက ရီဝေလာပြီး သတိရလာသည့်ပုံပင်။

“လူ့အသက်ဆိုတာ တန်ဖိုးဖြတ်မရဘူး၊ ငါ လူတစ်ယောက်ကိုပဲ ကယ်နိုင်မယ်ဆိုရင်တောင်မှ ငါ လုပ်မှာပဲ”

ယာဉ်မောင်း ဦးလေးကြီးက စိတ်အားထက်သန်စွာ ပြောလေသည်။

“ဦးလေး၊ ဦးလေး ဘယ်လို ရေကူးရမလဲ သိလား”

ရဲ့လင်းချန် မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဟဲဟဲ ရေကူးတာလား”

ထိုဦးလေး၏ မျက်လုံးများက ပိုမို၍ သတိရပုံ ပေါ်လာသည်။

“အမှန်အတိုင်း ပြောရရင် ငါ မူလတန်းကျောင်းမှာ ခြောက်တန်းတုန်းက ကျောင်းတွင်း ရေကူးချန်ပီယံ ဖြစ်ခဲ့တာ”

...

ဦးလေးကြီး၏ ကားမောင်းစွမ်းရည်က ထိပ်တန်းဖြစ်သည်ကိုတော့ ဝန်ခံရပေမည်။ ပြွတ်သိပ် ကျပ်ညက်နေသော လမ်းတွင် သူသည် အမြဲတမ်း နေရာလွတ်များကို ရှာနိုင်ပြီး ချက်ချင်း ဝင်တိုးနိုင်သည်။ သူ၏ ကားမောင်သည့် အရှိန်ကလည်း မနှေးပေ။ လမ်းဘေးမှ မြင်ကွင်းများကို ကားပေါ်မှ ရိပ်ခနဲ ရိပ်ခနဲသာ မြင်နေရသည်။ ငါးမိနစ်ပင် မကြာလိုက်ဘဲ လုံယွီရေကန်သို့ သူ ရောက်လာလေသည်။

ထိုသို့သောအချိန်၌ ရေသံများကို ကားထဲကတောင်မှ ကြားနေရသည်။ ရေကန်ထဲမှ လူများသည် အော်ဟစ်၍ အကူအညီ တောင်းနေကြပြီး ရေထဲ၌ ယက်ကန်ယက်ကန် ဖြစ်နေကြသည်။ သူတို့၏ အကူအညီတောင်းနေသော အသံများကို ကန်စပ်မှ ကြားနေရသည်။

အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းရလျင် ထိုလူများ ရေထဲကျသွားသည့် နေရာက ကန်စပ်မှ တစ်ကီလိုမီတာ ဝန်းကျင် ဝေးသည်။ ၎င်းက မဝေးလွန်းသလို နီးသည်ဟုလည်း ပြော၍ မရပေ။

“မိတ်ဆွေလေး ငါ အခု သွားလိုက်ဦးမယ်”

တည်ငြိမ်နေသော မျက်နှာအမူအရာနှင့် တာဝန်ရှိသည်ဟူသော ခံစားချက်ဖြင့် ယာဉ်မောင်း ဦးလေးကြီးက ကားတံခါးကို တန်းဖွင့်၍ လုံယွီရေကန်ဘက်သို့ ပြေးသွားလေသည်။

ရဲ့လင်းချန်သည်လည်း ကားတံခါးကိုဖွင့်၍ ကားထဲမှ ထွက်လာလိုက်သည်။

ထိုသို့သောအချိန်၌ ကန်ပတ်လည်တွင် လူပေါင်းများစွာ စုဝေးနေ၏။ တစ်ယောက်ချင်းစီက ရေကန်အား စိုးရိမ်ပူပန်စွာ ကြည့်နေကြပြီး အများစုက သူတို့နားမှ လူများကို ရေကူးတတ်သူတိုင်း ကူညီပေးရန် တောင်းဆို နေကြသည်။ အခြားသူများမှာမူ ဘယ်လိုကယ်ရမလဲဟု စိတ်အားထက်သန်စွာ စဉ်းစားနေကြလေသည်။

လူအချို့သာ ရေကူးတတ်ကြပြီး ဒုက္ခရောက်နေသူများ ရေထဲကျသွားသည့် နေရာက အနည်းငယ် ကွာဝေးသည်။ ရေကူးတတ်သူများ ရှိလျင်တောင်မှ ထိုလူများကို ကယ်ရန် မဆိုထားနှင့် သူတို့ကိုယ်သူတို့ မသေချာသလို ခံစားနေရပြီး မခုန်ချရန် မဝံ့မရဲ ဖြစ်နေကြသည်။။

“ဝူးဝူးဝူး”

ထိုစဉ် လျှပ်စစ် စက်ဘီးသမားများ ရောက်ရှိလာကြသည်။ သူတို့ တစ်ယောက်ချင်းစီက အဝါရောင် အဝတ်အစားများ ဝတ်ဆင်ထားကြပြီး အင်္ကျီတွင် သားပိုက်ကောင်ပုံစံကို ခတ်နှိပ်ထားသည်။ သူတို့က အပြေးလာနေကြလေသည်။

သူတို့အပြင် သုံးဘီးကားများလည်း လျင်မြန်စွာ ရောက်ရှိလာပြီး ကန်နား၌ ရပ်လာသည်။

ထို့အပြင် တက္ကစီများစွာလည်း လာနေ၏။

“မြတ်စွာဘုရား၊ ဒါ ခမ်းနားတဲ့ မိန်ထွမ် ပို့ဆောင်ရေးသမားတွေပဲ၊ အကောင်းဆုံး လုပ်ကြပါ ညီအစ်ကိုတို့”

“စက်ဘီးညီနောင်တွေလည်း ဒီရောက်နေတယ်၊ သူတို့ ရေဘယ်လိုကူးရမလဲ သိတာလား”

“တက္ကစီယာဉ်မောင်းသမားတွေ အများကြီးပဲ၊ ငါတို့နိုင်ငံရဲ့ အကြီးဆုံး အလုပ်အကိုင်သုံးခုက လူတွေ ရောက်လာတာပါလား””

“ဒီလို သန်မာတဲ့ အကျင့်စရိုက် ရှိတဲ့သူတွေက အဓိက အလုပ်အကိုင်သုံးခုထဲမှာ ပုန်းကွယ်နေတာပဲ၊ မဆိုးဘူး”

...

စကားပြောဆိုသံများ ညံနေလေသည်။ အားလုံး၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်၌ ထိုလူများက လှပသော ဒိုင်ဗင်ထိုးနည်းများဖြင့် ရေထဲသို့ တစ်ယောက်ပြီး တစ်ယောက် ခုန်ချသွားသည်။ တစ်ယောက်ချင်းစီက ရေထဲကျသွားသည့် လူများထံသို့ အသည်းအသန် ကူးခပ်သွားလေသည်။

*အံ့ဩစရာပဲ၊ လုံးဝ အံ့ဩဖို့ ကောင်းတယ်*

ရဲ့လင်းချန်သည် လူအုပ်ကြီးကို ကြည့်ပြီး ရင်သက်ရှုမော ဖြစ်သွားရသည်။ သူတို့သည် အလုပ်အကိုင် သုံးခုထဲရှိ သာမန်လူများကြားထဲ၌ ပုန်းကွယ်နေသည့် မြင့်မြတ်သောသူများဟု အသိအမှတ် ပြုထိုက်ပေသည်။

သို့သော် ဤလူများသည် သူ၏ ရေပန်းစားမှုကို လုယူရန် ကြိုးစားရာ၌ လိုနေသေးသည်ဟု ခံစားမိသည်။

လက်ရှိအချိန်၌ လူပေါင်းများစွာသည် ဒိုင်ဗင်ထိုးသွားသည့် လူများကို ကြည့်ပြီး လိုဏ်ခေါင်းအဆုံး၌ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ ဝမ်းသာသွားကြသည်။ သို့သော် မကြာခင်မှာပင် သူတို့ ပြဿနာတစ်ခုကို သတိပြုမိသွားလေသည်။

“မဖြစ်ဘူး၊ ဝေးလွန်းနေသလို ရေစီးကို ဆန်ပြီး သွားရတာ၊ သူတို့ရဲ့ သက်လုံက တောင့်ခံနိုင်မှာ မဟုတ်ဘူး”

“သွားပြီ၊ စက်ဘီး ညီနောင်တွေက သူတို့ရဲ့ အသက်ကို စတေးနေရတာပဲ”

“ရေထဲကို ကျသွားတဲ့လူတွေက များလွန်းတယ်၊ သူတို့ကို ကယ်ဖို့ မဖြစ်နိုင်ဘူး၊ ကယ်ဖို့ ကြိုးစားတဲ့ လူတွေတောင် ရေစီးနဲ့ ပါသွားနိုင်တယ်”

“ထပ်ပြီး တောင့်မခံနိုင်တော့တဲ့ လူတွေတောင် ရှိလာနေပြီ၊ သူတို့ မကြာခင် နစ်တော့မယ့်ပုံပဲ”

“ဘာလို့ ကယ်ဆယ်ရေးအတွက် နိုင်ငံတော်က တစ်ယောက်ယောက်ကို မလွှတ်သေးတာလဲ၊ အချိန်က ဘယ်သူ့ကိုမှ စောင့်မနေဘူး”

...

ကမ်းစပ်မှလူများ စိုးရိမ်လာပြီး အခြေအနေကို မပြတ် စမ်းစစ်နေကြသည်။

“ဗွမ်း ဗွမ်း ဗွမ်း”

ထိုသို့သောအချိန်၌ အလျင်စလို လှမ်းနေသော ခြေသံများက လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။

လူတိုင်း တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ သူတို့ အသံလာရာသို့ လှမ်းကြည့်လိုက်သောအခါ မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်သွားကြသည်။

“လခွမ်း၊ လခွမ်း၊ လခွမ်းပဲဟေ့”

“မြတ်စွာဘုရား၊ အဲ့ဒါ နတ်ဘုရားလား၊ ဒါမှမဟုတ် နတ်ဆိုးလား”

“သွားပြီ၊ သွားပြီ၊ ငါတော့ သေတော့မယ် ထင်တယ်၊ ငါ ဘာလို့ ဒီလို မဖြစ်နိုင်တဲ့ ပုံရိပ်ယောင်ကို မြင်နေရတာလဲ”

“ရေပေါ် လမ်းလျှောက်တာ၊ သူက ရေပေါ် လမ်းလျှောက်နေတာဟ၊ သောက်ကျိုးနည်း”

“စူပါမန်းဝိုင်၊ စူပါမန်းဝိုင် ဒီကို ရောက်လာပြီ၊ သူက တကယ့် စူပါမန်းပဲ၊ သူက သိပ်ချောပါလား”

“ဘုရားရေ မင်းတော့ မှားပြီ၊ ဒါ မြို့ကြီးပြကြီးလေ၊ မင်း ဘယ်လိုလုပ် စိတ်ကူးယဉ် သိုင်းစာအုပ်ထဲက အတွေးမျိုး ရှိနေတာလဲ”

...

အစက စိုးရိမ်ပူပန်နေသော်လည်း တစ်ခဏအတွင်း လူတိုင်းက အရာအားလုံးကို မေ့လျော့သွားကြသည်။ သူတို့၏ အာရုံက ရဲ့လင်းချန်တွင်သာ စုပုံကျရောက်နေပြီး အတွေးထဲ ဗလာဖြစ်ကာ ဘယ်လို တွေးတောရမလဲ မေ့နေကြသည်။

ရဲ့လင်းချန်ကို လိုက်ပို့ပေးသည့် ယာဉ်မောင်းဦးလေးကြီးသည် ခွေးကူး ကူးနည်းဖြင့် အရှေ့သို့ အသည်းအသန် ကူးခတ်နေသည်။ သူ ရေထဲသို့ ခုန်ချလိုက်ပြီးမှသာ အခြေအနေကို သူ လျှော့တွက်ခဲ့မိကြောင်း သိလိုက်ရသည်။

ဆောင်းဦးရာသီ ဖြစ်သောကြောင့် ရေအပူအချိန်က ရေခဲတမျှ အေးစက်လာသည်။ ရေထဲသို့ ခုန်ချလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး တုန်လာပြီး ရေစီးကို ဆန်၍ ကူးခတ်ရသဖြင့် အတော်လေး အားကုန်နေသည်။ သူ ရေကူးနိုင်သည်၊ မကူးနိုင်သည်က နောက်ကိစ္စတစ်ခု ဖြစ်သွားလေပြီ။ အကယ်၍ သူ ကူးနိုင်လျင်တောင်မှ တစ်ယောက်ယောက်ကို ကယ်ပြီး ကမ်းစပ်သို့ ပြန်ကူးရန် အလွန် ခက်ပေသည်။ ထို့အပြင် သူ့ခြေထောက်များ ကြွက်မတက်အောင် လုပ်နေရသည်။

သူသည် ကမ်းစပ်မှ အော်သံများကို ကြားနေရပြီး ဘာဖြစ်နေလဲ မသိသောကြောင့် တစ်ကိုယ်တည်း အတွေးများနေသည်။

သို့သော် ထိုသို့သောအချိန်၌ ...

“ဗွမ်း ဗွမ်း ဗွမ်း”

သူ့အနောက်မှ ရေသံများကို ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက သူ့ဘေးမှ ဖြတ်သွားလေသည်။ ထိုခြေလှမ်းများကြောင့် သူ့မျက်နှာသို့ ရေများ လာစဉ်လေသည်။

“ချီးပဲ”

ထိုဦးလေးသည် ထိတ်လန့်လွန်းသဖြင့် မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်နေလေသည်။ သူ့ပါးစပ်ထဲ ရေအချို့ ဝင်သွားပြီးမှ ဟန်ချက်ကို ပြန်ထိန်းလိုက်နိုင်သည်။

အခြားသူများသည်လည်း ထို့ထက် အခြေအနေ ပိုမကောင်းချေ။ စက်ဘီး ညီနောင်များနှင့် မိန်ထွမ် ပို့ဆောင်ရေး သမားများသည် အဆိုပါ မြင်ကွင်းကြောင့် မျက်လုံးများ ကန်းလုနီးပါး ဖြစ်သွားရသည်။ စိတ်ပျော့သော အချို့သူများဆိုလျင် ရေထဲ နစ်သွားပြီး အတော်ကြာမှ ရေပေါ် ပြန်ပေါ်လာကြသည်။

“ဗွမ်း ဗွမ်း ဗွမ်း”

ရဲ့လင်းချန်က သူ့မျက်နှာဖုံးကို ဝတ်၍ ရေပေါ် လမ်းလျှောက်နေသည်။ သူ့မြန်နှုန်းသည် သာမန်လူများ မြေကြီးပေါ် ပြေးသည်ထက် ပိုမြန်ဆန်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် ရေထဲကျသွားသော လူများ၏ နေရာသို့ ရောက်သွားပြီး တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် တောင့်မခံနိုင်တော့သည့် လူနှစ်ယောက်ကို တွေ့သွားသည်။ တစ်ယောက်ကို လက်တစ်ဖက်ဆီ ချီမ၍ ပြန်ပြေးလာခဲ့လိုက်သည်။

လူနှစ်ယောက်ကို သယ်လာသည့်အခါတွင်တောင်မှ သူက လုံးဝ အရှိန်မနှေးသွားပေ။

ယာဉ်မောင်း ဦးလေးကြီးသည် ခပ်သွက်သွက် ပြန်ပြေးလာနေသော ရဲ့လင်းချန်ကို ငေးကြည့်ပြီး တစ်ခဏမျှ ရှောင်ရန် မေ့နေခဲ့သည်။ ရေများက သူ့မျက်နှာကို ထပ်မံ၍ စဉ်လာပြန်သည်။

“စူပါမန်းဝိုင်း၊ ဒါ တကယ်ပဲ စူပါမန်းဝိုင်ကိုး၊ အား…အား…အား….”

“အံ့ဩဖို့ ကောင်းလိုက်တာ၊ စူပါမန်းဝိုင် ကျေးဇူးပြုပြီး ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ၊ ငါ့ရဲ့ တစ်ခုတည်းသော အိပ်မက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ပါ”

“သူက မသေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ၊ သူက တကယ်ကို မသေမျိုးအဖြစ် ပြောင်းလဲသွားပြီ၊ သိပ္ပံ ပညာရှင် တစ်ယောက်ယောက်လောက် ထွက်လာပြီး ဒါက သိပ္ပံနည်းကျ ဟုတ်၊ မဟုတ် ရှင်းပြပေးလို့ ရမလား”

…

ကမ်းစပ်တွင် လူတိုင်းသည် ရဲ့လင်းချန် နီးကပ်လာသည်ကို မြင်ပြီး ရူးမတတ် ဖြစ်နေကြသည်။ အချို့ဆိုလျင် ဒူးထောက်၍ လေးစားမှုကို ပြသနေသည်။

ဒုက္ခသည် နှစ်ယောက်ကို အောက်ချလိုက်ပြီးနောက် ရဲ့လင်းချန် အချိန်ဆွဲမနေပါ။ သူ နောက်ပြန်လှည့်၍ ကန်ဘက်သို့ ပြန်ဦးတည်သွားလိုက်သည်။

သူ့အဝတ်အစားများက တဖျပ်ဖျပ် လှုပ်ခါနေပြီး မသိလျင် သူက အခြားသူတိုင်းကို ဖုန်တထောင်းထောင်းနှင့် ကျန်ခဲ့စေသလိုပင်။ လူအုပ်ကြီးသည် သူ့ပုံရိပ်ကို ကြည့်ပြီး အံ့ဩမှင်တက်နေကြလေသည်။

အရပ်မျက်နှာတိုင်းမှာ ရောက်လာသူတိုင်းလည်း အံ့ဩနေကြသည်။ သူတို့ အပြေးလာ၍ အသက်အချို့ကို ကယ်ရန် ကြိုးစားမည့်အချိန်၌ ဤသို့ မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။

All Chapters