← Chapters

စားကောင်းသောက်ဖွယ်က စိုးရိမ်စရာများကို မေ့လျော့သွားစေခြင်း

Vol. 26 Ch. 380

စားကောင်းသောက်ဖွယ်က စိုးရိမ်စရာများကို မေ့လျော့သွားစေခြင်း

Vol. 26 Ch. 380

“နင် ချက်တတ်တာလား”

ရှောင်ဖေးဖေး အပါအဝင် အားလုံးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လာကြသည်။

“မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား၊ သခင်လေးရဲ့က တကယ်ပဲ ဘယ်လို ချက်ပြုတ်ရမလဲ သိတာလား၊ လန့်ဖို့ ကောင်းလိုက်တာ”

လုရှောင်ပုက မယုံနိုင်ဟန်ဖြင့် ပြောလေသည်။

“ဟုတ်တယ် သူက ငါပြီးရင် ဒုတိယမြောက် ကြည့်ကောင်းတဲ့သူပဲ၊ သူက အချက်အပြုတ်ကိုလည်း သိနေတယ်၊ သူက တကယ်ကို ထိပ်တန်း ထူးချွန်တဲ့ အမျိုးသား ဆယ်ယောက်ထဲက တစ်ယောက်ပဲ”

ချန်ချီချီကလည်း ဝင်ပြောသည်။

“ဟားဟားဟား အခု နင်တို့ ကွာခြားမှုကို မြင်ပြီးလား၊ ဟင်းချက်တတ်တဲ့ အမျိုးသားတွေက အချောဆုံးပဲ၊ အထူးသဖြင့် သခင်လေးရဲ့ပေါ့”

ချန်မိန်ကျားက စွဲလမ်းသော အမူအရာဖြင့် ကြည့်လာသည်။

“ကျစ် … သူ ဟင်းချက်တတ်တယ်ဆိုရင်တောင်မှ အရသာ ရှိမှာ မဟုတ်ပါဘူး”

လုရှောင်ပုက မခံနိုင်ဘဲ ပြန်ချေပသည်။

“ငါ ထောက်ခံတယ်၊ အရသာက သာမန်ပဲနေမှာ”

ချန်ချီချီကလည်း ကူ၍ ဝင်ပြောသည်။

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို မသင်္ကာစွာ ကြည့်လေသည်။

“နင် တကယ်ပဲ ချက်တတ်တာလား၊ ငါ နင့်ကို ကူညီပေးရမလား”

“မင်း ချက်တတ်လို့လား”

ရဲ့လင်းချန် ပြန်မေးလိုက်သည်။ ရှောင်ဖေးဖေးက ခေါင်းခါပြသည်။

“ဒါဆို မလိုဘူး၊ သူတို့ကို အရင်ဆုံး ရိုက်ကူးရေး လုပ်ခိုင်းလိုက်ပါ၊ ချက်ပြုတ်တာကို ကျွန်တော့် တာဝန် ထားလိုက်”

ရဲ့လင်းချန် ပြုံးနေသည်။

ထိုတိုက်ခန်းတွင်း၌ ရေခဲသေတ္တာတစ်လုံး ရှိပြီး လက်တွေ့နှင့် အနီးစပ်ဆုံး ဖြစ်ရန် ရေခဲသေတ္တာထဲ၌ ပစ္စည်းမျိုးစုံ ထည့်သွင်းထားသည်။

ရှောင်ဖေးဖေးက ခေါင်းညိတ်ပြီး အဖွဲ့ကို စီမံခန့်ခွဲလေသည်။

အလုပ်လုပ်ချိန်တွင် ရှောင်ဖေးဖေး၏ အကျင့်စရိုက်က ပြောင်းလဲသွားသည်။ သူမအကြည့်က စူးရှလာပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်၍ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။ သူမက အိုးရန်ချင်းနှင့် အနည်းငယ် တူနေသည်ဟု ရဲ့လင်းချန် ခံစားလိုက်မိသည်။ သူမတို့ နှစ်ယောက်လုံးက သန်မာသော အမျိုးသမီးများ ဖြစ်ကြပေသည်။

မကြာခင်မှာပင် အားလုံးက သူတို့၏ ရိုက်ကူးရေးထဲ ဈာန်ဝင်သွားကြသည်။ သူတို့ ရုပ်ရှင် ရိုက်ကူးနေသော်လည်း နေရာက ထိုအခန်းမှာပင် ဖြစ်သည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် တိုက်ခန်းတစ်ခန်းတွင်း၌ အတူနေ နေကြသော လူငယ် ယောက်ျားလေးနှင့် မိန်းကလေးတို့၏ ဇာတ်လမ်း ဖြစ်သည်။

အခြားသူများအားလုံး ဧည့်ခန်းထဲ၌ ရှိနေချိန်တွင် ရဲ့လင်းချန်က မီးဖိုချောင်ထဲ၌ ရှိနေ၏။ ထို့ကြောင့် အခြားသူများကို အနှောင့်အယှက် မဖြစ်စေပါ။

မကြာခင်မှာပင် သူတို့ မှားသွားမှန်း ရိပ်မိသွားကြသည်။ ရိုက်ကူးနေသည့် လူတိုင်း မကြာခဏ ရပ်ရပ်သွားကြပြီး ဒါရိုက်တာ လီထိုက်တောင်မှ အံ့အားသင့်သွားရသည်။ သူက မီးဖိုချောင်ရှိရာဘက်သို့ ငေးကြည့်နေ၏။

“ဝိုး … ချောလိုက်တာ၊ သခင်လေးရဲ့က ဟင်းချက်နေတဲ့အချိန်မှာ တအား ချောတာပဲ”

“သူ အသီးအရွက်တွေကို သက်တောင့်သက်သာ လှီးနေတဲ့ပုံကို ကြည့်ပါပြီး တအား မိုက်ပြီးတော့ ကြည့်လို့ ကောင်းလိုက်တာ”

“အံ့ဩဖို့ ကောင်းလိုက်တာ၊ သူ့ကို ဒီလို ကြည့်လိုက်မှပဲ စားဖိုမှူးတစ်ယောက်နဲ့ တူနေတယ်၊ သူက သက်တောင့် သက်သာ လှုပ်ရှားပြီး အစီအစဉ်တကျ လုပ်နေတာပဲ၊ မိုက်တယ်”

“တအား အာရုံစိုက်ထားတာပဲ၊ ယောက်ျားလေးတွေက သူတို့ အလေးအနက် ဖြစ်နေတဲ့အချိန်မှာ အချောဆုံးပဲ”

…

“ဒုတ် ဒုတ် ဒုတ်”

ရဲ့လင်းချန် အသီးအရွက်များကို လှီးဖြတ်နေသည့် အသံများကို မီးဖိုချောင်ထဲမှနေ၍ အချိန်နှင့်အမျှ ကြားနေရသည်။

လူတိုင်း ရဲ့လင်းချန်ကြောင့် ညှို့ယူခံလိုက်ရသည်။ သူတို့သည် ရဲ့လင်းချန် ဟင်းချက်နေသည်ကို ကြည့်ပြီး ကခုန်နေရသလို ခံစားမိနေသည်။

တစ်စုံတစ်ခုကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါက ၎င်းသည် အနုပညာတစ်ခု ဖြစ်လှပြီး အလှအပတစ်ခု ပါဝင်လာမည်ဖြစ်ကြောင်း သက်သေပြနေ၏။

“အနံ့လေးက မွှေးလိုက်တာ၊ ဒီအနံ့က လုံးဝကို နတ်သုဒ္ဓါလိုပဲ”

ဝမ်ယွီက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မသိလျင် အရက်မူးနေသကဲ့သို့ သူမပါးပြင် နှစ်ဖက်လုံး နီရဲလာသည်။

“ဟူးဟူးဟူး ငါ သည်းမခံနိုင်တော့ဘူး၊ အနံ့ ရလိုက်တာနဲ့ ငါ့ဆာလောင်မှုက ထိပ်ဆုံးကို ရောက်သွားပြီ”

“မွှေးလွန်းတယ်၊ ဒါလေးက ဟင်းလေးတစ်ပွဲပဲကို၊ ဘယ်လိုလုပ် ဒီလို မွှေးပျံ့တဲ့ ရနံ့မျိုး ပေးနိုင်ရတာလဲ”

အနံ့က ပြင်းလာပြီး အခန်းထဲ ဝဲလာသည်နှင့်အမျှ လူတိုင်း အရူးအမူး ဖြစ်သွားကြသည်။ သူတို့သည် တံတွေးကို အသည်းအသန် မျိုချပြီး အိုးပူပေါ် ရောက်နေသည့် ပုရွက်ဆိတ်များကဲ့သို့ စိုးရိမ်ပူပန်လာလေသည်။

“ဖေးဖေး လာမြည်းကြည့်ပါဦး”

မီးဖိုချောင်ထဲမှ ရဲ့လင်းချန်၏ အသံ ထွက်ပေါ်လာပြီး ရှောင်ဖေးဖေး၏ အမူအရာက ချက်ချင်း တက်ကြွ သွားသည်။

*ဟိဟိ လင်းချန်က ငါ့ကို အရင်ဆုံး တွေးတာပဲ*

အားလုံး၏ အားကျ၍ မနာလိုဖြစ်နေသော အကြည့်အောက်၌ သူမက နီမြန်းနေသော မျက်နှာနှင့်အတူ မီးဖိုချောင်ထဲသို့ လျှောက်သွားလိုက်သည်။ သူမတွင် သန်မာသော အမျိုးသမီးတစ်ယောက်၏ အရှိန်အဝါမျိုး မရှိတော့ဘဲ ရဲ့လင်းချန်အား နွေးထွေး၍ ထက်သန်သော အကြည့်တို့ဖြင့် ကြည့်လာသည်။

“ဒီမှာ အသားက အများကြီး မရှိဘူး၊ ကျွန်တော် ရေခဲသေတ္တာကို အကြာကြီး မွှေနှောက်ကြည့်ပြီးပြီ၊ အမဲသားက သုံးခုပဲ ရှိတယ်၊ မင်း ဒီအတုံးကို အရင်စားသင့်တယ်”

ရဲ့လင်းချန်က ရှောင်ဖေးဖေးကို တီးတိုးပြောလိုက်သည်။

“အင်း … အင်း … အင်း”

ရှောင်ဖေးဖေးက အစာကို ဆိတ်စားနေသော ကြက်တစ်ကောင်နှင့် တူနေလေသည်။ သူမ၏ မျက်လုံးများက ရွှန်းလဲ့နေပြီး ရဲ့လင်းချန်ကို ငေးကြည့်ကာ ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။ ရဲ့လင်းချန် ချက်သော ဟင်းကို စားနိုင်ရုံနှင့်တင် သူမ ပျော်နေပြီ ဖြစ်ပြီး လက်ရှိတွင် သူမနှလုံးသားက ပျော်လွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်နေသည်။ သူမ ခံစားရသော ချိုမြိန်မှုက ပျားသကာကို စားရသည်နှင့်ပင် ယှဉ်နိုင်လေသည်။

အမဲသားကင်သည် စားသောက်ဆိုင်များ၌ တည်ခင်းသော အမဲသားကင်နှင့် ဆင်တူပြီး သေချာကြည့်လျင် သူ၏ အမဲသားကင်က ပို၍ အရောင်စိုသည်ကို မြင်ရမည်ဖြစ်ပြီး အသား အရည်အသွေးက ပို၍ သိသာပေသည်။ ပဲငံပြာရည်ကို အပေါ်၌ ညီညီညာညာ စမ်းထားပြီး မွှေးရနံ့က သင်းပျံသည်ထက် အလွန် ကြည်နူးစရာ ကောင်းနေ၏။

သူမ ပါးစပ်လေးဟ၍ အသာ တစ်ကိုက် ကိုက်လိုက်ပြီးနောက် ရှောင်ဖေးဖေး၏ မျက်လုံးအိမ် ပြူးကျယ်သွားပြီး ငိုင်တွေသွားလေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ အရသာ မကောင်း၍ မဟုတ်ဘဲ အရသာ ရှိလွန်းလှ၍ ဖြစ်သည်။

အမဲသားသည် ယေဘုယျဘားဖြင့် မှန်မှန်ကန်ကန် မချက်ထားလျင် ဝါးရ အလွန် ခက်ပေသည်။ ရှောင်ဖေးဖေးသည် ဓားနှင့် ခက်ရင်းကို မသုံးဘဲ သွားဖြင့်သာ ဝါးစားကြည့်သော်လည်း အသာလေး ကိုက်ဖြတ် နိုင်နေသည်။ အသားသည် ကျစ်၍ အရသာက အံ့ဩဖွယ်ကောင်းလှသည်။ အရသာ ရှိသော တစ်စုံတစ်ရာကို ကိုက်လိုက်ပြီးနောက် သူမသွားများ ယားယံလာသလို ခံစားလာရသည်။ စိတ်ကျေနပ်မှုက ကြီးမားလွန်းလှသည်။

“အင်းးးး”

ရှောင်ဖေးဖေး ညည်းလိုက်မိသည်။ အမဲသားက သူမပါးစပ်ထဲ ဝင်လာသည်နှင့် မွှေးရနံ့က သူမ ခံတွင်း တစ်လျှောက် ပြည့်လျှံလာသည်။ သူမ နှုတ်ခမ်းလေးများ လူးလွန့်လာပြီး တတိတိ ဝါးစားလေသည်။

“ကျွိ ကျွိ”

အမဲသား၏ အစိတ်အပိုင်းတိုင်းက အရသာ ရှိလွန်းလှသည်။ အသားက မာလည်းမမာသလို ပျော့တွဲနေခြင်းလည်း မရှိပေ။ တစ်ကြိမ် ကိုက်လိုက်တိုင်း ရနံ့က သင်းပျံ့လာပြီး သူမ မွှေးရနံ့ထဲ မျောလွင့်ကာ ပြန်အသိဝင်မလာသလို ဖြစ်လာလေသည်။

အမဲသားက သူမ ပါးစပ်မှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်သွားသောအခါ ပြောမပြတတ်သော စိတ်ကျေနပ်မှုက သူမ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ ထိုသို့သောအချိန်၌ သူမသည် ယခုထက် ပို၍ မပျော်နိုင်တော့သလို ခံစားလိုက်ရပြီး ကမ္ဘာကြီးအား ယခုလောက် မချစ်ဘဲ မနေနိုင် ဖြစ်လာသည်ဟုလည်း ခံစားလိုက်မိသည်။

နွေးထွေးသော စွမ်းအင်တစ်ခုက သူမတစ်ကိုယ်လုံးသို့ စီးဆင်းလာသလို သူမ ခံစားလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးမှ ဆဲလ်များ နိုးကြားလာသကဲ့သို့ အားအင် တက်ကြွလာရသည်။

“ဒုတ်”

မီးဖိုချောင် အပြင်ဘက်၌ အခြားသူများအားလုံး၏ မျက်နှာများက မီးဖိုချောင်မှန်နှင့် ကပ်လုနီးပါး ဖြစ်နေသည်။ သူတို့၏ မျက်လုံးများက အစားအသောက်ပေါ်သာ ကျရောက်နေပြီး အားတက်သရော စောင့်မျှော်နေကြသည်။

လင်းဝမ်ယွီနှင့် ဟူရီဖေးတို့သည် ရဲ့လင်းချန်အား မကျေမချမ်း ကြည့်နေကြသည်။

*သူက အရမ်း မျက်နှာလိုက်တာပဲ၊ လူတိုင်းက ညီတူမျှတူ လှတာပဲကို၊ ဘာလို့ ဒီလောက်ထိ ခွဲခြားပြီး ဆက်ဆံ ရတာလဲ*

“ရပြီ၊ စားလို့ရပြီ”

ရဲ့လင်းချန် ပြောလိုက်သောအခါ လူတိုင်းက တော်ဝင်အမိန့် ရလိုက်သကဲ့သို့ မီးဖိုချောင်ထဲသို့ အလျင်အမြန် ပြေးဝင်လာကြသည်။

“ဝိုး … အရသာ ရှိလိုက်တာ”

တစ်လုပ် ကိုက်စားလိုက်ပြီးနောက် လူတိုင်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာသည်။

အရသာ ရှိလွန်းလှပြီး ကမ္ဘာပေါ်ရှိ စားကောင်းသောက်ဖွယ်များထက် လုံးဝ သာလေသည်။ ယခုအခြေအနေအား စကားလုံး နှစ်လုံးဖြင့်သာ ဖော်ပြနိုင်တော့သည်။ ယင်းမှာ … စားရမယ်။

အနုပညာရှင်များ ဖြစ်သည်နှင့်အညီ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းက အရေးအကြီးဆုံးပင်။ သို့သော် လက်ရှိတွင် ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ခန္ဓာကိုယ် အချိုးအစား ထိန်းသိမ်းခြင်းတို့ အားလုံးကို ဘေးဖယ်ထားကြသည်။ သူတို့ကို စားသောက်ခြင်းမှ တားရဲသည့် ဘယ်သူမဆို အသတ်ခံရလောက်သည်။

ငါးမိနစ်အတွင်း ပန်းကန်များသည် ဆေးကြောသည်ထက်ပင် ပို၍ သန့်ရှင်းနေပြီး စားပွဲပေါ်၌ ငြိမ်ငြိမ်သက်သက် ချထားကြသည်။

“ဟူး … ကျေနပ်စရာ ကောင်းလိုက်တာ၊ ဒီနေ့က ငါ့ အပျော်ဆုံးနေ့လို့ ခံစားနေရတယ်”

ချိန်မိန်ကျားက သူမဗိုက်ကို ပွတ်သပ်နေသည်။

“ငါ ရုတ်တရက်ကြီး တအား ပျော်လာသလို ခံစားရတယ်၊ ဘာလို့မှန်း မသိပင်မယ့် ငါ လုံးဝ စိတ်လှုပ်ရှားနေတယ်”

“ငါရောပဲ၊ ဒီနေ့မှ ရှုခင်းတွေက တအားလှသလို ထင်နေတယ်”

“ဝိုး … အခုလေးတင် ရိုက်ကူးရေးကြောင့် ပင်ပန်းနွမ်းနယ်သမျှတွေ အားလုံး ပျောက်သွားပြီ၊ ငါ ဘယ်လောက်ထိ အားအင်ပြည့်နေသလဲဆိုတာကို မပြောပြတတ်တော့ဘူး”

လူတိုင်း ဗိုက်ကိုပွတ်နေကြပြီး ပျော်ရွှင်မှုကို ခံစားနေရသည်။

ပါဝင်ပစ္စည်း များများစားစား မရှိသောကြောင့် သူတို့ ဗိုက်မပြည့်နိုင်ပါ။ သို့သော် ထိုဟင်းများ စားသောက် ပြီးနောက် သူတို့အားလုံး စိတ်ထဲမှနေ၍ ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုတို့ကို ခံစားမိကြသည်။ ဤသို့သော ခံစားချက်မျိုးသည် ကလေးတစ်ယောက် အချို စားပြီးနောက် လောကကြီး၏ စိုးရိမ်စရာများ အားလုံးကို မေ့ပျောက်သွားသည်နှင့် ဆင်တူလေသည်။

All Chapters