← Chapters

ချီသန့်စင်ခြင်းလား

Vol. 26 Ch. 381

ချီသန့်စင်ခြင်းလား

Vol. 26 Ch. 381

ရှောင်ဖေးဖေးက ကျေနပ်တင်းတိမ်သွားဟန်ဖြင့် မျက်လုံးလေး မှေးစင်းကာ သူမဘေးမှ ရဲ့လင်းချန်ကို ကြည့်နေသည်။ သူမက ရဲ့လင်းချန်ဘက်သို့ မသိမသာ ခေါင်းလေးမှီလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အရိပ်ကို ကြည့်လိုက်သည့်အခါ နှစ်ယောက်သားက တစ်ယောက်ပခုံးကို တစ်ယောက် မှီထားသကဲ့သို့ ဖြစ်လေသည်။ သူမ ကြောင်မလေးကဲ့သို့ ပြုံးလိုက်မိသည်။

“ဒါနဲ့ စကားမစပ် ဖေးဖေး၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ပထမအတွဲကို တစ်ဝက်လောက် ရိုက်ပြီးတာကို ကျွန်တော် သတိထားလိုက်မိတယ်၊ တော်တော်လေး မြန်မြန် တိုးတက်နေတာပဲ”

ရဲ့လင်းချန် ပြောလိုက်သည်။

ရှောင်ဖေးဖေး အလျင်အမြန် ခေါင်းမော့လိုက်သော်လည်း သူမမျက်နှာပေါ်မှ ရှက်သွေးဖြာခြင်းက ပျောက်ပြယ် မသွားပေ။ သူမက တည်ငြိမ်ချင်ယောင် ဟန်ဆောင်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်၊ ငါတို့ နှစ်သစ်ကူးနေ့မှ လွှင့်ဖို့ စီစဉ်ထားတယ်”

နှစ်သစ်ကူးနေ့သည် ယခုအချိန်နှင့် တစ်လမျှသာ ကွာတော့သည်။

တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် ဘဝသရုပ်ဖော် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ ရိုက်ကူးရေး ကုန်ကျစရိတ်က အလွန် နည်းပြီး နေရာကလည်း သိပ်မရှုပ်ထွေးပေ။ သရုပ်ဆောင်များ၏ သရုပ်ဆောင် အရည်အချင်း ပြည့်မီသရွေ့ ရိုက်ကူးရေးက လျင်မြန်စွာ တိုးတက်လာမှာပင်။

ရဲ့လင်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ထုတ်လွှင့်ဖို့အတွက် အချိန်ကို ကြိုယူထားပြီးပြီလား”

“ငါတို့ လျိုလျန် ချန်နယ်မှာ ကြိုစာရင်းပေးထားတယ်၊ ညနေဘက် လူကြည့်အများဆုံးအချိန် ဖြစ်တဲ့ ခုနစ် နာရီကနေ ကိုးနာရီအချိန်လေ”

ရှောင်ဖေးဖေးက ကိုယ့်ကိုယ်ကိုယ် မာန်ဝင်နေ့ဟန်ဖြင့် ပြုံး၍ ပြောသည်။

“ဒါရိုက်တာလီနဲ့ ငါ့ရဲ့ ကျော်ကြားမှုကြောင့်လည်း အဲ့အချိန်ကို ရတာ”

လျိုလျန် ချန်နယ်သည် အကျော်ဆုံး ရုပ်သံထုတ်လွှင့်ရေးများထဲမှ တစ်ခု ဖြစ်သည်။ ၎င်းသည် အနုပညာ ချန်နယ်များ၏ အရှင်သခင်များ ဖြစ်လေသည်။ ရသစုံရှိုးပွဲများဖြစ်စေ ရုပ်သံဇာတ်လမ်းတွဲများဖြစ်စေ ၎င်း၌ ထုတ်လွှင့်သည့် အရာအားလုံးက အရည်အသွေး အမြင့်ဆုံး ဖြစ်ပေသည်။ ထို့ကြောင့် ကြည့်ရှုသူနှုန်းက အမြဲ မြင့်မားပြီး အခြားသော ရုပ်သံချန်နယ်များကို လွှမ်းမိုးထားသည်။

လျိုလျန်ချန်နယ်၏ လူကြည့်အများဆုံးအချိန်နှင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ အရည်အသွေးကို ပေါင်းလိုက်လျင် ပေါက်မည်မှာ သေချာလှသည်။ ရဲ့လင်းချန်သည် သူ၏ ရေပန်းစားမှုက တစ်ဟုန်ထိုး မြင့်တက် လာလိမ့်ဦးမည်ဟု ယုံကြည်ထားသည်။

“လင်းချန်”

ရုတ်တရက် ရှောင်ဖေးဖေးက ခေါ်လာသည်။ သူမက ရဲ့လင်းချန်ကို ကြည့်ပြီး နှုတ်ခမ်းကိုက်နေကာ မျက်ဝန်းတွင်း၌ တုံ့ဆိုင်းနေဟန်တို့ ပေါ်လွင်နေ၏။

“ဘာဖြစ်လို့လဲ”

ရဲ့လင်းချန်က သူမကို မေးလိုက်သည်။

“နင် ဒီည ငါတို့အတွက် ညစာ ထပ်ချက်ပေးနိုင်မလား”

ရှောင်ဖေးဖေးက ပြောသည်။

ရုတ်တရက် အခြားသူများက ခေါင်းမော့လာပြီး ရဲ့လင်းချန်အား တောက်ပသော အကြည့်များဖြင့် ဝိုင်းကြည့် လာသည်။ ဟူရီဖေးဆိုလျင် အနားသို့ပါ ရောက်လာလေသည်။

“ဒါဆို … ကျွန်တော် ထမင်းချက်လို့ ရလား”

“သခင်လေးရဲ့၊ ခုနက နေ့လယ်စာအတွက် ဟင်းလျာက နည်းလွန်းတယ်၊ ညစာအတွက် ကျွန်မကိုပါ ထည့်တွက်လို့ ရလား၊ ကျွန်မ ရှင် လိုအပ်တဲ့ ဘယ်အရာကိုမဆို သွားဝယ်ပေးပါ့မယ်”

ဝမ်ယွီက အားတက်သရော ပြောသည်။

“သခင်လေးရဲ့ ကျွန်တော် ခင်ဗျားကို အရွက်တွေ ကူဆေးပေးပါ့မယ်”

လုရှောင်ပုက ချက်ချင်း ပြောသည်။

“ဒါဆို ကျွန်မ ရှင့်ရဲ့ ကျောနဲ့ ခြေထောက်တွေကို နှိပ်ပေးပါ့မယ်”

ချန်ချီချီသည် တစ်ခဏမျှ မှင်တက်နေပြီးနောက် ထိုသို့ ခပ်သွက်သွက် ပြောချလိုက်သည်။

လက်ရှိအချိန်၌ သူတို့ခံတွင်းထဲတွင် အစောပိုင်းက ကောင်းမွန်သော အရသာကို ပြန်လည်၍ အမှတ်ရနေဆဲ ဖြစ်သည်။ ရဲ့လင်းချန် ချက်သော ထမင်းကို စားရပါက သူတို့ ဝမ်းသာမိမှာပင်။

“ပူညံပူညံ မလုပ်နဲ့”

ရှောင်ဖေးဖေးက တင်းမာသော မျက်နှာထားနှင့် ပြောလိုက်သည်။

“လင်းချန်၊ ငါနှင့် ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က ကောင်းကောင်း မစားနိုင်တာ တစ်ပတ်လောက် ရှိပြီ၊ နင့်လက်ရာက သူ့ကို အကူအညီ ဖြစ်စေလောက်တယ်”

“သူက ခံတွင်းပျက်တဲ့ ရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်လား”

ရဲ့လင်းချန် မျက်ခုံးအသာပင့်လိုက်မိပြီး ဖြစ်နိုင်ချေများထဲမှ တစ်ခုကို ခန့်မှန်းကြည့်လိုက်သည်။

“အင်း … အဲ့ရောဂါ ခံစားနေရတာ”

ရှောင်ဖေးဖေးက ခေါင်းညိတ်သည်။

“သူက လုံးဝကို ဗိုက်ဆာနေတာ၊ ဒါပေမဲ့ သူ စားတဲ့အခါတိုင်း အန်ချင်တဲ့ ခံစားချက်ပဲ ရနေတယ်၊ သူ့ရဲ့ အစာစားချင်စိတ်က တကယ်ကို ဆိုးရွားနေတာ”

“သူက မိန်းမကောင်းလေး တစ်ယောက်ပါ၊ သူ ရုပ်သံ ဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့အတွက် ဖိအားတွေ တအား ရသွားလို့ အဲ့ရောဂါ ရသွားတာ ဖြစ်မယ်”

“အင်း … ရတယ်လေ၊ မင်း သူ့ကို ညဘက် ဒီလာဖို့ ခေါ်လိုက်ပေါ့”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ သူ့အတွက်လည်း ယင်းက အခက်အခဲ မဖြစ်ပါ။

“ကျေးဇူးတင်ပါတယ်”

ရှောင်ဖေးဖေးက ပျော်ရွှင်စွာ ပြောသည်။

ညနေဘက်တွင် အားလုံးက ရိုက်ကူးရေးကို ဆက်၍ ရိုက်ကူးကြသည်။ ရဲ့လင်းချန်က ဘာမှလုပ်စရာ မရှိသဖြင့် အောက်ထပ်သို့ ဆင်းကာ လျှောက်သွားနေလိုက်သည်။

မြို့တော် ဖွံ့ဖြိုးရေးဇုန်သည် အထပ်မြင့် အဆောက်အဦးများနှင့် ပြည့်နေပြီး အသန့်စင်ဆုံး ခံစားချက် ရှိသည်။ ယင်းသည် ထိန်းသိမ်းရန် လိုအပ်သည့် အဆောက်အဦးဟောင်းများ ရှိနေသည့် မြို့ဟောင်းများနှင့် မတူသလို မြို့ဟောင်းများကဲ့သို့လည်း လူမထူထဲပါ။

လမ်းပေါ်တွင် ခေတ်မီသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားများနှင့် အမျိုးသမီးများက ဟိုဟိုဒီဒီ သွားလာနေ၏။ မကြာခဏဆိုသလိုပင် မနက် အစောပိုင်းက စူပါမန်းဝိုင်၏ ရေထဲဆင်း၍ လူကယ်သော သူရဲကောင်း လုပ်ရပ်ကို တီးတိုးပြောဆိုနေကြသည်။

မြေပုံ၏ ညွှန်ကြားမှုအတိုင်း ရဲ့လင်းချန် အနီးအနားက စာကြည့်တိုက်တစ်ခုသို့ လျှောက်သွားလိုက်သည်။ သူသည် သူ့ကံကို စမ်းသပ်ချင်နေပြီး သူ့အတွက် အသုံးဝင်မည့် စာအုပ်များ ရှာတွေ့နိုင်လေမလားဟု သိချင်နေ၏။

စာကြည့်တိုက်၏ ပထမထပ်တွင် ဂန္ထဝင် စာအုပ်လေးခုကဲ့သို့သော စာပေ စာအုပ်များနှင့် ပြည့်နေသည်။ ဝတ္ထုစာအုပ်များ အပိုင်းတွင် သူ၏ ကိုယ်ပိုင် ဖန်တီးမှုဖြစ်သော နတ်ဘုရားများကို သုတ်သင်ခြင်းကို စာအုပ်ဖြင့် ထုတ်ဝေထားသည် ကိုလည်း ရဲ့လင်းချန် တွေ့လိုက်ရသည်။ စာဖတ်သူများက ကြမ်းပြင်ပေါ်ထိုင်၍ စာအုပ်များ ကိုင်ကာ စိတ်ဝင်တစား ဖတ်နေကြသည်။

ဒုတိယထပ်တွင် မူလတန်းမှ တက္ကသိုလ်တန်းအထိနှင့် သက်ဆိုင်သော စာအုပ်များ ရှီသည်။ တစ်ထပ်လုံး စာအုပ်များနှင့် ပြည့်နေပြီး ရဲ့လင်းချန် လုံးဝ ချန်ထားလိုက်သည်။

တတိယထပ်တွင် ကလေးထိန်းနည်း စာအုပ်များ၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အခြားသော ခေါင်းစဉ်များ ရှိသည့် အမျိုးမျိုးသော စာအုပ်များ ရှိလေသည်။ ထိုစာအုပ်များကိုလည်း လူတော်တော်များများက ဖတ်နေကြသည်။

ရဲ့လင်းချန် အရှိန်လျော့လိုက်ပြီး တတိယထပ်တွင် ပတ်ကြည့်နေသည်။ သူ ယနေ့ ဗဟုသုတတစ်ချို့ ရလေမလားဟု သိချင်နေမိသည်။

သူ၏ အသိပညာက အလွန် ကျယ်ပြန့်နေပြီဖြစ်ပြီး ပုံမှန်စာအုပ်များအားလုံးကို သူ ဖတ်ပြီးလေပြီ။ သူ့အတွက် စူးစပ်ချင်စိတ်သာ ရှိတော့သည်။

စာအုပ်စင် တစ်ခုပြီးတစ်ခုကို ကျော်သွားပြီးနောက် ရဲ့လင်းချန်၏ ခြေလှမ်းများက ဗိသုကာပညာရပ်၌ ရပ်သွားလေသည်။

သူ့အတွက် အပိုအသိပညာများ ရ၍လည်း အရှုံးမရှိသဖြင့် ဖတ်ကြည့်သင့်ပေသည်။

ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားပြီးနောက် စာအုပ်စင်မှ ကြုံရာစာအုပ်တစ်အုပ်ကို ယူလိုက်သည်။

“အပြင်ပန်း ဒီဇိုင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဗိသုကာ ပညာ စွမ်းရည် တစ်မှတ်”

“အပြင်ပန်း ဒီဇိုင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဗိသုကာ ပညာ စွမ်းရည် တစ်မှတ်”

“အပြင်ပန်း ဒီဇိုင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဗိသုကာ ပညာ စွမ်းရည် တစ်မှတ်”

“ဗိသုကာ ရေးဆွဲခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဗိသုကာ စွမ်းရည် တစ်မှတ်”

“ဗိသုကာ ရေးဆွဲခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဗိသုကာ စွမ်းရည် တစ်မှတ်”

“ဗိသုကာ ရေးဆွဲခြင်းအား ကိုယ်တိုင် လေ့လာခြင်း၊ ဗိသုကာ စွမ်းရည် တစ်မှတ်”

…

မကြာခင်မှာပင် ဗိသုကာဆိုင်ရာ ဗဟုသုတများစွာက ရဲ့လင်းချန်၏ စိတ်ထဲ တိုးဝင်လာသည်။ သူ၏ စွမ်းရည် သည်လည်း လျင်မြန်သော နှုန်းထားဖြင့် တိုးလာနေ၏။

ရှစ်အုပ်မြောက်ကို ဖတ်ပြီးနောက် ရဲ့လင်းချန်၏ လက်က မသိမသာ တန့်သွားသည်။ သူ၏ ဗိသုကာ စွမ်းရည်က တစ်ရာ ရာခိုင်နှုန်းသို့ ရောက်ရှိသွားလေသည်။

သူ့တွင် အဆင့်မြှင့်နိုင်သည့် စွမ်းရည်တစ်ခု ပိုတိုးလာလေပြီ။ အဆင့်မြှင့်နိုင်သည့် ရွေးချယ်မှု ပိုတိုးလာရန် သူ ထိုသို့ လုပ်ခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ရဲ့လင်းချန်သည် ထိုအသိပညာ အားလုံးကို အသုံးပြုမည် မဟုတ်သော်လည်း အဆင့်မြှင့်တင်ရန် အသုံးချခြင်းက သူ့အတွက် အံ့ဩစရာတစ်ချို့ ရလာလောက်သည်။

ရဲ့လင်းချန် ပြုံးလိုက်ပြီးနောက် စာအုပ်ကို စင်၌ ပြန်ထားပြီး ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူ အနည်းငယ် ရပ်တန့်သွားပြီး အခြားတစ်နေရာသို့ လျှောက်သွားသည်။

ထိုနေရာတွင် ဗုဒ္ဓဘာသာနှင့် တာအိုစာပေတို့နှင့် ပြည့်နေ၏။

ဗုဒ္ဓစာပေများကို ဖတ်ခြင်းဖြင့် ဓမ္မစွမ်းရည် တိုးလာနိုင်လောက်သည်။ သို့သော် တာအိုစာပေကို ဖတ်ပါက မည်သို့သော စွမ်းရည်မျိုး တိုးလာမလဲ သူ မတွေးတတ်ပါ။

စမ်းကြည့်သည့် စိတ်ကို ကိုင်ဆွဲ၍ ရဲ့လင်းချန် ပေသို ဆုဒြာကို လှမ်းယူလိုက်သည်။

“ပေသို ဆုဒြာအား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်”

*လခွမ်း*

စနစ်၏ စာကို ကြည့်ပြီး ရဲ့လင်းချန် တစ်ကိုယ်လုံး တုန်သွားပြီး ထခုန်လုနီးပါး ဖြစ်သွားရသည်။ သူ့ကိုယ်သူ စိတ်ပြန်ထိန်းပြီး သေချာ ကြည့်လိုက်သည်။

*ချီသန့်စင်ခြင်း*

*တကယ်ကို ချီသန့်စင်ခြင်းပဲ*

*လခွမ်း၊ မိုက်လိုက်တာ*

သူ အသက်ပြင်းပြင်း ရှူသွင်းထားပြီးတာတောင်မှ သူ့နှလုံးခုန်နှုန်း အလွန် မြန်နေသောကြောင့် စိတ်တည်ငြိမ် အောင် လုပ်ရ ခက်နေကြောင်း သတိပြုလိုက်မိသည်။

*ထိတ်လန့်စရာ ကောင်းလွန်းပြီးတော့ အံ့ဩဖို့ ကောင်းလွန်းတယ်၊ ဒီကမ္ဘာမှာ ချီသန့်စင်ခြင်းကို တကယ် လုပ်နိုင်တာလား*

သိုင်းပညာစွမ်းရည် ရှိခြင်းကပင် ထိတ်လန့်စရာ ကောင်းနေလေပြီ။ ယခုဆိုလျင် သူ မသေမျိုးကျင့်စဉ်ကိုပင် စကျင့်၍ ရနေလောက်သည်။

သူ၏ ချီသန့်စင်ခြင်း စွမ်းရည်က အချိန်တိုအတွင်း ခြောက်ရာခိုင်နှုန်းသို့ ရောက်လာခဲ့သည်။ သို့ရာတွင် ထပ်၍ မတိုးတော့ပေ။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ စိတ်ထဲ၌ သွေးကြော အနေအထားများ၊ အသက်ရှူနည်း၊ ကမ္ဘာ၏ စိတ်ဝိညာဉ် ချီစွမ်းအင်ကို အာရုံခံနည်းနှင့် သူ့ကိုယ်ထဲမှ ချီစွမ်းအင်ကို ထိန်းချုပ်နည်း စသည့် အခြားသော အရာများနှင့် ပြည့်နေ၏။

ယင်းအရာအားလုံးသည် အလွန် ဆန်းကြယ်သော အရာများဖြစ်ပြီး စနစ်၏ ထူးခြားမှုကြောင့်သာ မဟုတ်လျင် ယင်းအရာအားလုံးက အတုအယောင်ဟု ရဲ့လင်းချန် တွေးမိလောက်သည်။

ရဲ့လင်းချန်သည် တာအိုစာအုပ်များနှင့် ပြည့်နေသော စာအုပ်စင်ကို ကြည့်ပြီး နှလုံးသားက တောက်လောင် လာသည်။

*ကျင့်ကြံရေးလမ်းစဉ်ရေ၊ ငါ လာပြီဟေ့ …*

All Chapters