← Chapters

ရုပ်ချောလွန်းခြင်း၏ ဒုက္ခများ

Vol. 26 Ch. 382

ရုပ်ချောလွန်းခြင်း၏ ဒုက္ခများ

Vol. 26 Ch. 382

သူ စနစ်ကို ရရှိခဲ့စဉ်က ကြီးမားသော ထိတ်လန့်မှုအပြင် ယခုအကြိမ်က ရဲ့လင်းချန် ဒုတိယ ထိတ်လန့်မိခြင်း ဖြစ်သည်။

ချီသန့်စင်ခြင်းမှ ကိုယ်စားပြုသော အရာအား စကားလုံးနှင့်တင် မဖော်ပြနိုင်ပါ။

*ဒါက အံ့ဩတာထက်တောင် ပိုသေးတယ်*

ရဲ့လင်းချန်သည် ပေသို ဆုဒါအား ဘေးချ၍ အစစ်အမှန် နန်ဟွာ ကျမ်းစာကို ခပ်သွက်သွက် ကောက်ယူ လိုက်သည်။

*အစစ်အမှန် နန်ဟွာ ကျမ်းစာအား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်*

*အစစ်အမှန် နန်ဟွာ ကျမ်းစာအား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်*

*အစစ်အမှန် နန်ဟွာ ကျမ်းစာအား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်*

…

ယခုတစ်ကြိမ်၌ ချီသန့်စင်ခြင်းစွမ်းရည်သည် ခြောက် ရာခိုင်နှုန်းမှ တစ်ဆယ့်တစ် ရာခိုင်နှုန်းသို့ အနည်းငယ် တက်သွားခဲ့သည်။ ချီသန့်စင်ခြင်းကို တစ်ရာ ရာခိုင်နှုန်း ရလာရန် တာအိုနှင့် ပတ်သက်သော စာအုပ်များစွာ ဖတ်ရန် လိုအပ်သည့်ပုံပင်။

ဤနေရာ၌ စာအုပ်များနှင့် ပြည့်နေ၍ တော်ပါသေးသည်။

ရဲ့လင်းချန် အသာ ပြုံးလိုက်မိပြီးနောက် တာအိုနှင့် ပတ်သက်သော အခြားစာအုပ်တစ်အုပ်ကို ဆက်ယူလိုက်သည်။

သူ၏ တိုးလာသော စွမ်းရည်နှင့်အတူ ရဲ့လင်းချန်၏ ချီသန့်စင်ခြင်းအပေါ် နားလည်မှုကလည်း ပိုနက်နဲကြီးမား လာ၏။

ချီသန့်စင်ခြင်းသည် ရဲ့လင်းချန် ထင်ထားသကဲ့သို့ မသေမျိုးလမ်းစဉ်ကို လျှောက်လှမ်းရန်အတွက် အကူအညီ ဖြစ်ရန်ပင် မဆိုထားနှင့်၊ ကောင်းကင်ဘုံကို မဆန့်ကျင်ပါ။ ရှင်းရှင်းပြောရလျင် ၎င်းက သူ၏ချီကို ကျစ်လျစ် သိပ်သည်း စေနိုင်သည့် အဆင့်မြင့် နည်းလမ်းတစ်ခုသာသာပင်။

ချီသန့်စင်ခြင်းသည် လေထုထဲမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူ၍ သူ၏ ခန္ဓာကိုယ်ထဲ၌ စုစည်းရန် ကူညီပေးသည်။ ၎င်းက သူ့အား တစ်လောကလုံး တုန်လှုပ်သွားမည့် ခွန်အားမျိုး မပေးသော်လည်း လူတစ်ယောက်၏ ရုပ်ခန္ဓာ စွမ်းရည်ကို သိသိသာသာ ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့် ၎င်းသည် လူတစ်ယောက်၏ အမြင်အာရုံ၊ အကြားအာရုံ၊ နာလန်ထူခြင်းတို့အား တိုးလာနိုင်စေပြီး လူတစ်ယောက်၏ အသက်ကိုလည်း ဆွဲဆန့်နိုင်သည်။

ရှေးခေတ်အခါကဆိုလျင် အချို့သောလူများသည် ချီသန့်စင်ခြင်းမှနေ၍ အသက် တစ်ရာ့ငါးဆယ်ကျော်အထိ နေနိုင်ခဲ့သည်။

ထိုလုပ်ဆောင်ချက်များက အတော်လေး ကောင်းမွန်သော်လည်း ထူးခြားသော သိုင်းကျင့်စဉ်များနှင့် ယှဉ်လျင် အလွန် အလှမ်းကွာပါသေးသည်။

လက်ရှိတွင် ရဲ့လင်းချန်သည် အုပ်နှစ်ဆယ်မြောက် စာအုပ်ကို ဖတ်နေပြီး ချီသန့်စင်ခြင်း စွမ်းရည်ကလည်း ငါးဆယ့်ငါး ရာခိုင်နှုန်းသို့ ရောက်သွားလေသည်။ သူ လေ့လာဖူးသမျှထဲတွင် အခက်ခဲဆုံး စွမ်းရည်ဟု ပြောရပေမည်။ တာအိုသဘောတရားသည် တကယ်ပင် နက်နဲလွန်းလှ၏။

ယခုအခါ၌ ရဲ့လင်းချန်သည် သူ၏ ချီသန့်စင်ခြင်းကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သူ သတ်မှတ်ထားသော ပုံစံအနေထားဖြင့် ထိုင်နေရန် မလိုပါ။ သူ လုပ်ရန်လိုအပ်တာဟူ၍ ချီသန့်စင်ခြင်း၏ အစွမ်းမှ အကျိုးအမြတ်ကို ဆက်အာရုံစိုက်နေရန်သာ လိုအပ်ပေသည်။

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်ပြီးနောက် မျက်လုံးမှိတ်၍ စမ်းသပ်ရန် မတ်မတ် ရပ်နေလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထူးဆန်းသော ခံစားချက် တစ်ခုက သူ့အား လွှမ်းမိုးလာသည်။ သူသည် သီးခြား နေရာလပ်တစ်ခု၌ ရှိနေသည်ဟု ခံစားနေရသည်။ ထိုနေရာ၌ ကောင်းကင် မရှိသလို မြေကြီးလည်း မရှိပေ။ လေထုသာ ဝန်းရံနေပြီး သူ့ခန္ဓာကိုယ်က လေထဲ၌ ဝဲပျံနေ၏။

ထိုအခိုက်တွင် လေထုသည် သူ၏ အရေပြား ချွေးညင်းပေါက်များမှ သူ၏ ခန္ဓာကိုယ်တွင်းသို့ တိုးဝင်လာပြီး သူ၏ ဒန်ထျန်းအတွင်း၌ စုစည်းလာလေသည်။

သိုင်းသမားတစ်ယောက်၏ အတွင်းအားသည် သွေးကြောနှင့် ကြွက်သားများတွင်း၌ စီးဆင်းနေပြီး ချီသန့်စင်ခြင်းမှာမူ ဒန်ထျန်းအတွင်း၌ တည်ရှိလေသည်။ တစ်ခုက အဖျက်နှင့် ခံစစ် စွမ်းအင်တို့ ပါဝင်နေချိန်တွင် အခြားတစ်ခုက ခန္ဓာကိုယ်ကို ကျစ်လျစ်စေကာ ထောက်ပံ့ပေးသည်။ နှစ်ခုလုံးက သူ့နည်းသူ့ဟန်ဖြင့် ကောင်းမွန်ပေသည်။

“ဒီမှာ၊ ဒီမှာ …”

ထိုစဉ် တစ်ယောက်ယောက်က သူ့ကို ခေါ်နေသည့် အသံကို ကြားလိုက်ရသဖြင့် သူ ပြန်၍ သတိဝင်လာသည်။

သူ့ဘေး၌ တရုတ် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်သုံးဆယ်ဝန်းကျင် အမျိုးသမီးငယ်တစ်ယောက် ရှိနေပြီး သူ့အား စိုက်ကြည့်နေလေသည်။

“ဟိုင်း”

ရဲ့လင်းချန်က သတိဝင်လာသည်နှင့် ပြန်နှုတ်ဆက်လိုက်သည်။

“ကိစ္စရှိလို့လားဗျ”

မိန်းမပျိုက ခေါင်းခါ၍ ပြန်ပြောသည်။

“ရှင် ဒီမှာ တစ်နာရီလောက် ရပ်နေလို့ ကျွန်မ ရှင့်ကို လာကြည့်တာပါ၊ ရှင် စာဖတ်ရတာကို သဘောကျတယ်ဆိုရင် ဟိုဘက်မှာ ထိုင်ခုံတွေ ရှိတယ်၊ ကျွန်မ ရှင့်ကို လမ်းပြပေးမယ်”

ရဲ့လင်းချန် အံ့ဩသွားသည်။ သူ သတိမထားမိခင်မှာပင် တစ်နာရီ ကုန်သွားလိမ့်မည်ဟု ထင်မထားမိပါ။ တာအိုသဘောတရားက အချိန်သည် တောင်တန်းများအတွက် မတည်ရှိသောအရာဟု ပြောထားသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ယင်းက ကြောက်စရာ ကောင်းလှပေသည်။

“ဪ ကျေးဇူးပါပဲ၊ ဒါပေမဲ့ မလိုအပ်ပါဘူး”

ရဲ့လင်းချန်သည် မိန်းမပျို၏ ကမ်းလှမ်းမှုကို ငြင်းပယ်၍ တာအိုကျမ်းစာ နောက်တစ်အုပ်ကို ဆွဲယူလိုက်သည်။

ထိုမိန်းမပျိုက ရဲ့လင်းချန်အား စိုက်ကြည့်နေပြီး သူမမျက်ဝန်း၌ စိတ်ပျက်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။ သို့သော် သူမ ဘာမှမပြောဘဲ ထောင့်တစ်ခုသို့ လျှောက်သွားသည်။ သို့ရာတွင် သူမက ရဲ့လင်းချန်ကို မကြာခဏ လှမ်း၍ ခိုးကြည့်လေသည်။

ရဲ့လင်းချန်က သူမတူသော စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည်ဟု သူမ ခံစားမိသည်။ ယင်းက နွေရာသီ၌ အဲကွန်းခန်းထဲ၌ ထိုင်နေရသကဲ့သို့ သက်တောင့်သက်သာ ရှိသလို ခံစားရသည်။ သူ့အနားသို့ သူမ ရောက်သွားသောအခါ စိတ်တည်ငြိမ်၍ အေးချမ်းလာသည်။

ရဲ့လင်းချန်သည် မိန်းမပျို၏ အကြည့်ကို သတိထားမိပြီး သူ၏ ဆွဲဆောင်မှုရှိမှုကြောင့် မာန်တက်သွားသည်။ ထို့နောက် သူသည် အသိပညာ ပင်လယ်ထဲ၌ ဆက်၍ နစ်မျောသွားသည်။

*တာအိုသဘောတရား စာအုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်*

*တာအိုသဘောတရား စာအုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်*

*တာအိုသဘောတရား စာအုပ်အား ကိုယ်တိုင် လေ့လာခြင်း၊ ချီသန့်စင်ခြင်းစွမ်းရည် တစ်မှတ်*

…

လက်ထဲမှ တာအိုသဘောတရား စာအုပ်ကို ကြည့်ပြီး ရဲ့လင်းချန်၏ မျက်နှာတွင် အံ့ဩသော အရိပ်အယောင်များ ပေါ်လာသည်။ ၎င်းသည် ချီသန့်စင်ခြင်း စွမ်းရည်အတွက် အကောင်းဆုံး တိုးတက်မှုများ ပေးသည့် စာအုပ်ပင်။ ၎င်းက သူ၏ စွမ်းရည်ကို နှစ်ဆယ် ရာခိုင်နှုန်း တိုးလာစေသည်။ ထို့အပြင် စွမ်းရည် မြင့်တက်ရန် အတော်လေး ခက်ခဲနေသည့်အချိန်၌ တိုးလာခြင်း ဖြစ်လေသည်။

တာအိုကျမ်းစာ စာအုပ်များစွာကို ဖတ်ပြီးနောက် ရဲ့လင်းချန်၏ စွမ်းရည်က တစ်ရာ ရာခိုင်နှုန်းသို့ ရောက်သွားလေသည်။ လက်ရှိတွင် ရဲ့လင်းချန်က သူ၏ ချီစွမ်းအင်ကို မသန့်စင်လျင်တောင်မှ သူ့ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ကိုယ်ထဲသို့ ဆက်တိုက် ဝင်ရောက်လာမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျင် ရဲ့လင်းချန်က ချီသန့်စင်ခြင်းကို ဆက်တိုက် ပြုလုပ်စရာ မလိုတော့ပေ။

*မိုက်လိုက်တာ*

*ရှေးခေတ်ကတည်းက ဒီအဆင့်ကို လူနည်းနည်းပဲ ရောက်နိုင်ခဲ့တာ*

ရဲ့လင်းချန် အသာပြုံးလိုက်သလို စိတ်ထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နေသည်။ ချီသန့်စင်ခြင်းကိုသာ အဆင့်မြှင့် လိုက်လျင် အဘယ်သို့ ရောက်သွားမည်နည်း။

*စာအုပ်တွေက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့်နေတာပဲ*

ရဲ့လင်းချန်သည် စာကြည့်တိုက်တွင်း၌ ဆက်၍ လျှောက်သွားနေပြီး မကြာခဏ သာမန်မဟုတ်သော စာအုပ်များကို ဖတ်နေလေသည်။

“ကျောင်းသားလေး၊ မင်း စာအုပ် လိုက်ရှာနေတာလား၊ ငါ ဒီကို ခဏခဏ လာဖြစ်တယ်၊ နင် ဘယ်လို အမျိုးအစားကို ရှာနေတာလဲ၊ ငါ ကူရှာပေးမယ်လေ”

အစောပိုင်းက မိန်းမပျိုက အနားသို့ ထပ်ရောက်လာသည်။ ယခုတစ်ခေါက်တွင် သူမသည် ရဲ့လင်းချန်အား ကူညီပေးမည်ဟု ပြောနေစဉ်မှာပင် ခန္ဓာကိုယ်က တွန့်တွန့်လူးလုနီးပါး ဖြစ်နေသည်။

ထို့နောက် သူမမျက်လုံးများက ကျဉ်းမြောင်းလာပြီး ပင့်သက်တစ်ချက်ရှိုက်ကာ တိတ်တဆိတ် ပြီးမြောက် သွားသလို ခံစားလိုက်ရသည်။

တကယ်တမ်းတွင် ရဲ့လင်းချန်၏ ချီသန့်စင်ခြင်းအား တတ်မြောက်မှုကြောင့် စိတ်ဝိညာဉ် စွမ်းအင်များက သူ့အနား၌ စုဝေးနေသည်။ ရှင်းရှင်းပြောရလျင် ယင်းက သံလိုက်စက်ကွင်းလိုပင်။ သူ့အနီးအနားမှ သံလိုက်စက်ကွင်းက အကျိုးရှိသော အရာပင်။ ဤသံလိုက်စက်ကွင်းက ကျန်းမာရေးကို ပိုတိုးတက်လာစေသည်။

လူသားများသည် အကျိုးအမြတ်ကို ချဉ်းကပ်ပြီး အန္တရာယ်ကို ရှောင်တိမ်းတတ်သည့် မွေးရာပါ စွမ်းရည်ဖြင့် မွေးဖွားလာကြသည်။ ထို့ကြောင့် ရဲ့လင်းချန်အနားမှ သံလိုက်စက်ကွင်းသည် အခြားသူများအား သူ့အနားသို့ အလိုလို ကပ်ချင်လာစိတ် ဖြစ်ပေါ်စေသည်။

မိန်းမပျို၏ ဖော်ရွေမှုကြောင့် ရဲ့လင်းချန် အံ့ဩသွားပြီး နောက်သို့ အလိုလို ဆုတ်လိုက်မိသည်။ သူ နှာခေါင်းကို ပွတ်၍ ပြန်ပြောလိုက်သည်။

“ကျွန်တော် ထူးခြားတဲ့ စာအုပ်မျိုးတွေ ရှာနေတာပါ”

“ထူးခြားတဲ့ စာအုပ်မျိုး ဟုတ်လား”

မိန်းမပျိုက တွေဝေသွားပုံရသည်။

“အင်း … တော်တော်လေး ထူးခြားတဲ့စာအုပ်မျိုး”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ငါ သဘောပေါက်ပြီ”

မိန်းမပျိုလေးသည် တစ်စုံတစ်ရာကို တွေးမိပြီးနောက် ရှက်သွေးဖြာသွားလေသည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို ကြည့်၍ နူးညံ့စွာ ပြောသည်။

“အဲ့စာအုပ်တွေ ဖတ်လို့ ဘာအသုံးဝင်မှာလဲ၊ ငါ နင့်ကို သင်ပေးလို့ ရတာပဲကို”

ရဲ့လင်းချန် စိတ်ရှုပ်ထွေးသွားချိန်တွင် မိန်းမပျိုလေးက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး သူမ၏ ဆွဲဆောင်မှုကို ထုတ်ပြလေသည်။

*အာ…*

ရဲ့လင်းချန် လုံးဝ သတိလက်လွတ် ဖြစ်သွားသည်။

အမှန်အတိုင်း ပြောရလျင် ထိုမိန်းမပျိုလေးသည် လှသော်လည်း သူ့အကြိုက် ပုံစံမျိုး မဟုတ်ပါ။

“အဟမ်း အဟမ်း”

သူ အသာချောင်းဟန့်ပြီးနောက် သူမအကြည့်ကို အနေရခက်စွာ လွှဲ၍ သူမ၏ ကမ်းလှမ်းမှုကို ငြင်းပယ် လိုက်သည်။

ကျောခိုင်းသွားသော ရဲ့လင်းချန်၏ နောက်ကျောကို ကြည့်ပြီး မိန်းမပျိုသည် အနည်းငယ် စိတ်ဓာတ်ကျကာ ဒေါသထွက်သလို ခံစားလိုက်ရသည်။ ရဲ့လင်းချန်၏ အရှိန်အဝါနှင့် ထူးခြားသော ရနံ့က သူမကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နေ၏။

ချစ်ခင်စွဲလမ်းမှုက တစ်ဖတ်သက် ဖြစ်နေသည်က ကံဆိုးလာပြီး သူမ နောင်တသာ ရလာရသည်။

*ငါ့နုပျိုချိန်တွေကို ကျော်သွားတာ ဆိုးတာပဲ၊ မဟုတ်ရင် ဘာနည်းလမ်းပဲ သုံးရသုံးရ သူ့ကို ငါ့အပိုင် လုပ်ပစ်မိမှာ”

*ဟူး … ဒီလိုလူကောင်းလေးကို၊ ဘယ်လိုမြေခွေးမလေးက ဒီကနေ အကျိုးအမြတ် ရသွားမလဲ ငါ သိချင်လိုက်တာ …*

All Chapters