မိုးကြိုးထစ်ချုံးသတ်ဖြတ်ခြင်း
Vol. 12 Ch. 179
အခန်း ၁၇၉ - မိုးကြိုးထစ်ချုံးသတ်ဖြတ်ခြင်း
မမြင်ရေသောအား၏ ဆွဲငင်မှုကြောင့် ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့သည် အရိုးစုဆီသို့ လွင့်မျောသွားကြ၏။
ထိုအချိန်တွင် သူ့ကိုယ်တွင်းရှိမျိုးဆက်သွေးကို တစ်စုံတစ်ရာ ဆွဲထုတ်ယူနေသလို ရုန်းရုန်းကြွကြွဖြစ်လာတာကို ဆူဇီမို ခံစားမိလိုက်၏။
အခြားသောမိစ္ဆာကျင့်ကြံသူများကလည်း အသာတကြည် ငြိမ်မနေကြပေ။ တချို့က ရုန်းကန်လှုပ်ရှား၍ တောင်းပန်ကြ၏။ တချို့က အသံလေးအသံကြောင် ငိုယိုတောင်းပန်၍ တချို့ကတော့ သူတို့၏ လက်နက်များကို ထုတ်ယူကာ အရိုးစုကို ရူးသွပ်စွာ ထိုးနှက်ကြ၏။
သို့သော်လည်း အရိုးစုက မည်သို့မျှ မနေဘဲ အကောင်းတိုင်းပကတိသာ ဖြစ်လေ၏။
သူ့ပါးစပ်ကိုဟ၍ စုပ်ယူလိုက်တိုင်း ကျင့်ကြံသူများ၏ အသွေးအသားများသည် အရည်ပျော်ကာ သူ့ပါးစပ်ထဲသို့ တိုး၀င်သွားကြ၏။
အရိုးစုပေါ်ရှိ အသွေးအသားများသည် အာဟာရဓါတ် ပြည့်၀လာပြီး သူ၏ နုလုံးခုန်သံကလည်း ပို၍ပို၍ အားကောင်းလာ၏။
သိပ်မကြာမီမှာပင် ဆူဇီမိုနှင့် နတ်ဆိုးမကျိတို့၏ အလှည့်သို့ ရောက်ရှိလာ၏။ အရိုးစုက သူတို့ဘက်သို့လှည့်၍ မျက်နှာမူလိုက်၏။ အရိုးစု၏ မျက်တွင်းပေါက်နှစ်ခုသည် သွေးဆာနေသော အနီရောင်တောက်နေပြီး စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေ၏။
နတ်ဆိုးမကျိ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး သူမ၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်လာ၏။
ဟူး.. ဟူး.. ဟူး..
ထိုအချိန်တွင် ဆူဇီမိုသည် ရုတ်တရတ် အသက်ပြင်းပြင်းရှိုက်လိုက်သောအခါ ၀န်းကျင်ရှိ လေများက သူ့အဆုတ်ထဲသို့ ကမူးရှူးသိုး ထိုး၀င်လာ၏။ ၎င်းက အနာကွန်ဒါသည် လနှင့်နေကို ဝါးမြိုပြီး နဂါးတစ်ကောင်အသွင်ပြောင်းကာ မိုးပေါ်သို့ ပျံတက်တော့မည့်ဟန်ဖြစ်၏။
လေစီးဆင်းမှုက အလွန်တရာ မြန်ဆန်ပြီး ပြင်းထန်လှ၏။ ထိုလေများက သူ့လည်ချောင်းကို ဖြတ်သွားသောအခါ သွေးရနံ့များပင် ပါလာ၏။
ဆူဇီမို၏ ရင်အုပ်က ကြီးမားသည်ပူပေါင်းကြီးကို မြိုချထားသလို တုန်လှုပ်စရာကောင်းလောက်အောင် မောက်တက်လာ၏။
"သတ်!"
ဆူဇီမိုက ခြေတစ်လှမ်းရှေ့ထုတ်လိုက်၏။ သူ့ပါးစပ်ကို ရုတ်တရတ် ဖွင့်ဟပြီး အော်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲရှိသွေးများသည် ဆူပွက်နေပြီး လေများက တုန်လှုပ်ဖွယ်ရာ ကန်ထွက်လာ၏။
"ဝုန်း!"
အော်ဟစ်သံက လေထဲတွင် မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်းလာ၏။
ဆူဇီမိုနှင့် ခပ်လှမ်းလှမ်းမှာ ရှိနေကြသော မိစ္ဆာကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့၏ နားများသည် စူးရှစွာ နာကျင်သွားပြီး အာကာသထဲရောက်ရှိသွားသလို ခဏမျှ နားပင်းသွားကြ၏။
မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း!
၎င်းသည် ဗလာနယ်မိုးကြိုးအတတ်ပညာရပ်ထဲမှ အလွန်တရာ အားကောင်းသော မိုးကြိုးပညာရပ်တစ်ခု ဖြစ်၏။ အသံများကို စွမ်းအင်အဖြစ် စုထုတ်၍ အလွန်အားကြီးသော သက်ရောက်မှုကို ဖြစ်ပေါ်စေ၏။
သို့သော်လည်း ဗလာနယ်မိုးကြိုးအတတ်ကျမ်းစာရွက်၏ တစ်၀က်ကို တစ်ယောက်ယောက်က ဆုတ်ဖြဲယူသွားသောကြောင့် ထိုမိုးကြိုးပညာရပ်က မပြည့်မစုံဖြစ်နေပြီး တတ်အောင်သင်ယူဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း ဆူဇီမိုသည် သူ၏ အတိတ်ကာလ အတွေ့အကြုံများနှင့် သူ၏ ကိုယ်ပိုင်အတွေးအမြင်များကို ပေါင်းစပ်လိုက်၏။ အဲ့ဒါကို သူသည် အန္တိမနတ်ဆိုးကျင့်ကြံခြင်းမှ အနာကွန်ဒါဝါးမြိုခြင်းနှင့် ထပ်ပေါင်းလိုက်ပြီး.. အံ့ဖွယ်စွမ်းအားများကို ပိုင်ဆိုင်သော အသံစိတ်ဝိညာဉ်နည်းစနစ်တစ်ခုကို သူ့ဘာသာ ဖန်တီးလိုက်၏။
ထိုအရာသည် ယခုဆူဇီမို ထုတ်ဖော်လိုက်သော မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း တိုက်ကွက် ဖြစ်လာ၏။
တစ်ကယ်တော့ ဤတိုက်ကွက်သည် ပြီးပြည်စုံသော မိုးကြိုးအတတ်တစ်ခု မဟုတ်ပေ။ ဤအရာသည် ဆူဇီမို ကောက်ချက်ချဆွဲထုတ်ဖန်တီးထားသော တစ်စုံတစ်ရာသာ ဖြစ်လေသည်။
၎င်းကို ထုတ်ဖော်လိုက်တိုင်း ဆူဇီမို၏ အဆုတ်သည် ကြီးမားသည့် မနိုင်၀န်ကို ထမ်းနေရပြီး ဒဏ်ရာပြင်းထန်စွာပင် ရရှိနိုင်၏။
ထို့ကြောင့် နောက်ဆုံး ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ မရောက်မချင်း.. ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို ထုတ်ဖော်အသုံးပြုမည် မဟုတ်ပေ။
ဆူဇီမိုသာ ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် သာလွန်အောင်မြင်မှု ရရှိပြီး အင်္ဂါသန့်စင်ခြင်းကို ဆက်လက်လေ့ကျင့်နိုင်မည်ဆိုလျှင် သူသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ ရုန်းထွက်အားကို ကောင်းကောင်းခံနိုင်ရည် ရှိပေလိမ့်မည်။
ယခု ဆူဇီမိုသည် ဤနည်းစနစ်ကို ထုတ်သုံးလိုက်ခြင်းက သူ့အသက်နှင့်ထပ်၍ အလောင်းအစားပြုလုပ်လိုက်ခြင်းပင် ဖြစ်လေသည်။
မိုးကြိုးစွမ်းအားသည် ယန်ဒြပ်စင်ထဲတွင် စွမ်းအားအမြင့်ဆုံးဖြစ်ပြီး မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်းရှိ၏။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းမှာလည်း ထို့အတူပင် ဖြစ်လေသည်။
အရိုးစုသည် ထိုဟိန်းသံကို ကြားသောအခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး၊ စောစောက စုဆောင်းထားသော အသားလွှာများသည်ပင် ပြန်ကွာကျတော့မည်ကဲ့သို့ ဖြစ်လာ၏။
ထိုအချိန်တွင် ဆူဇီမို၏ မျင်လုံးများသည် သွေးဆာရက်စက်တော့မှုပုံစံနှင့် တောက်ပလာ၏။ သူသည် ညာလက်ဖဝါးကို ဓါးဦးချွန်ကဲ့သို့ ဆွဲစုလိုက်ပြီး အရိုးစု၏ ရင်အုပ်ကို ထိုးစိုက်ချလိုက်၏။
ဖောက်!
သွေးများက ဖြာကျလာ၏။
ဆူဇီမို၏ လက်က အရိုးစု၏ အပေါ်ယံ အရေပြားကိုသာ ဖောက်နိုင်ပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ကပ်ငြိနေ၏။
ချက်ချင်းဆိုသလိုပင် ဆူဇီမို၏ လက်ဖဝါးပေါ်ရှိ အသားများသည် ကွာကျလာပြီး သွေးရည်အဖြစ်ပြောင်းသွားကာ အရိုးစု၏ ကိုယ်ထဲသို့ တိုး၀င်သွား၏။
"ခလက်.. ဂတ် ဂတ်!"
အရိုးစုက ပါးစပ်ကို ဖွင့်ဟလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှသည့် ဆူဇီမိုကို လှောင်ပြောင်သလို လုပ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူဇီမို၏ လက်ဖဝါးပေါ်ရှိ အသားများသည် ကုန်စင်အောင်ကွာကျသွားပြီး သွေးနီရောင်အရိုးလက်ဝါးက ထွက်ပေါ်လာ၏။
ရုတ်တရတ်! အရိုးစုသည် တုန်ယင်သွား၏။
သွေးရိုးလက်ဝါးမှ အလွန်အမင်း ကြောက်စရာကောင်းလှသည့် အော်ရာတစ်မျိုးက ထွက်ပေါ်လာပြီး.. အရိုးစု၏ ရင်အုပ်မှတစ်ဆင့် ချောက်ချားဖွယ်ရာ ပျံနှံ့စိမ့်၀င်လာ၏။
သွေးရိုးလက်ဝါးပေါ်တွင် သက်ရှိအားလုံးကို ပြာချပစ်နိုင်စွမ်းရှိပုံရသော ကြောက်စရာကောင်းလှသည့်အပူရှိန်နှင့် ခပ်ပါးပါးမီးတောက်အလွှာတစ်ခုက ကခုန်နေ၏။ ၎င်းမီးတောက်က အရိုးစု၏ ရင်အုပ်ပေါ်ရှိ အသားများကို ချက်ချင်းပင် လောင်ကျွမ်းအရည်ပျော်ကျသွားစေ၏။
ဆူဇီမိုသည် အံကြိတ်၍ လက်ဝါးကို အထဲသို့ ဖိသွင်းလိုက်၏။
ချက်ချင်းဆိုသလိုပင် သွေးရိုးလက်ဝါးသည် အရိုးစု၏ ရင်အုပ်ထဲသို့ တိုး၀င်သွားပြီး အထဲတွင် တစ်ဒုန်းဒုန်း ခုန်နေသာ နုလုံးကို ဖမ်းဆုပ်လိုက်၏။
ထိုအခိုက်အတန့်၌ ဆူဇီမိုရော အရိုးစုပါ တစ်ချိန်တည်း တုန်ယင်သွားကြပြီး သူတို့၏ လှုပ်ရှားမှုများသည် ရပ်တန့်သွားကြ၏။
ကမ္ဘာကြီးတစ်ခုလုံးက အချိန်များ ရပ်တန့်သွားသလို ထင်လိုက်ရ၏။
"ဗျစ်..!"
ဆူဇီမိုသည် သူ့လက်ကို ဆွဲညှစ်ဖိချေလိုက်သောအခါ နုလုံးက ပေါက်ကွဲသွား၏။
"ဂလက်.. ခလက် ခလက်..!"
သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အရိုးစုသည် ရင်ခေါင်းသံဖြင့် ထူးဆန်းစွာ အော်ဟစ်လိုက်၏။
ရုတ်တရတ်ဆိုသလို.. အရိုးစု၏ ရင်အုပ်ရှေ့တွင် အားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ဆူဇီမိုကို လွင့်ထွက်သွားစေ၏။
ညှီစို့စို့ သွေးရနံ့နှင့်အတူ သွေးနီရောင်က နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။
ကြီးမားသည့် သွေးမြူခဲများက အဆုပ်လိုက် အဆုပ်လိုက် ဆူဇီမို၏ ကိုယ်ပေါ်သို့ ကျလာပြီး သူ၏ မွှေးညင်းပေါက်များထဲသို့ စိမ့်၀င်သွား၏။
တခဏအတွင်းမှာပင် ဆူဇီမို၏ ကိုယ်သည် သွေးများဖြင့် ပေကျံသွားပြီး ကြောက်စရာကောင်းလောက်အောင် ရောင်ကိုင်းဖောင်းပွလာ၏။ သူသည် ယခုမှ အဝီစိက တက်လာသော ငရဲထိန်းတစ်ယောက်နှင့် တူနေ၏။
"အား!"
အလွန်အမင်း အားကောင်းသောမျိုးဆက်သွေးများက သူ့ကိုယ်ထဲသို့ အတင်းတိုး၀င်လာ၏။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည်ဟု ထင်မိလာပြီး ဆူဇီမိုသည် မည်သို့မျှ နေလို့မရတော့ဘဲ ကောင်းကင်သို့မော့၍ အော်ဟစ်လိုက်၏။
သူ့ပါးစပ်ကို ဖွင့်ဟလိုက်သည့်ခဏ၌ ကြွယ်၀သန့်စင်သော စွမ်းအင်အလင်းများက ဖြာထွက်လာ၏။
ဤသည်ကိုကြည့်ပြီး ကျန်ရှိသည့် မိစ္ဆာဂိုဏ်းသားများ၏ မျက်လုံးများသည် အလိုရမ္မက်ဖြင့် လောင်ကျွမ်းလာကြ၏။
ဆူဇီမိုနှင့် အရိုးစုသည် ဘယ်ပုံဘယ်နည်းဖြင့် အားပြိုင်တိုက်ခိုက်ခဲ့ကြသည်ကို သူတို့အတိအကျ မသိရှိခဲ့ကြပေ။
သို့သော်လည်း လူတိုင်းပြောနိုင်သည်မှာ အရိုးစု၏ သွေးအဆီအနှစ် ထက်၀က်ကျော်သည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသည်ဆိုတာကိုပင်။
ထိုအရာသည် တစ်ကယ့် မဟာအခွင့်အရေးဖြစ်၏။
ထိုကဲ့သို့ သန့်စင်သော မျိုးဆက်သွေးအဆီအနှစ်နှင့် ဆိုပါက လက်ရှိ ဤနေရာသို့ ရောက်နေကြသော မည်သူမဆို.. ဆူနာမီသွေးအဆင့်သို့ ရောက်ရှိနိုင်ကြပေလိမ့်မည်။
အစကတည်းက ဆူနာမီသွေးအဆင့်သို့ ရောက်ရှိပြီးသား ဆူဇီမိုသည် .. ဤအခွင့်အရေးကို ရရှိပြီးနောက် ဘယ်အဆင့်သို့ ထပ်မံရောက်ရှိသွားပါမည်လဲ။
သူ၏ မျိုးဆက်သွေးတွင် မည်ကဲ့သို့သော ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လာပါမည်လဲ။
ထိုအခြင်းအရာကို ကြည့်နေရင်းနှင့်ပင် မိစ္ဆာဂိုဏ်းသားများ၏ အမူအယာသည် တစ်ဖန်ပြောင်းလဲသွားကြ၏။ တစ်ခုခုတော့ မှားယွင်းနေချေပြီ။
ထိုအခိုက်အတန့်၌ ဆူဇီမို၏ ခန္ဓာကိုယ်သည် ထူထဲသော သွေးမျဉ်းများနှင့် ပြည့်လာပြီး.. ပေါက်ကွဲထွက်တော့မည်ကဲ့သို့ ဖြစ်လာ၏။ သူ့အရေပြားပေါ်တွင် ကြောက်မက်ဖွယ်ရာပုံစံနှင့် သွေးစီးကြောင်းများက ပေါ်လာ၏။
ဖန်းယွဲ့၏ မျက်လုံးထဲတွင် သနားသည့်ပုံစံက ပေါ်လာ၏။
ဤအရာသည် တစ်ကယ့်ကြီးမားသော အခွင့်အရေးဖြစ်၏။
အခွင့်အရေးက ကြီးမားလွန်းသောကြောင့် မည်သူ၏ ခန္ဓာကိုယ်ကမျှ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
အားလုံး၏ အမြင်တွင် ဆူဇီမို၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်နေပေပြီ။ ကြွယ်ဝလွန်းသော မျိုးဆက်သွေးစွမ်းအားကြောင့် သူသည် ပေါက်ကွဲထွက်ရပေတော့မည်။ အလောင်းတောင်မျှ ပြန်ရှာလို့ရမည် မဟုတ်ပေ။
“အား!”
အရိုးစုက တစ်ချက်ညည်းညူလိုက်ပြီး သူ့မျက်လုံးပေါက်ထဲတွင် အေးစက်သည့်အလင်းရောင်က ထွက်ပေါ်လာ၏။ သူ့ပါးစပ်က ဖွင့်ဟလိုက်ပြီး ထူးဆန်းသည့် စကားများကို ပြောလိုက်၏။
“မင်းတို့.. အားလုံး.. ငါနဲ့အတူ.. လိုက်သေလိုက်ကြတော့!”
ဘန်း.. ဘုန်း.. ဘုန်း
မြေပြင်က ပြင်းထန်စွာ တုန်ခါလာပြီး အက်ကွဲကြောင်းများက စတင်ပေါ်ပေါက်လာကာ အဘက်ဘက်သို့ လျှင်မြန်စွာ ပျံ့နှံ့သွား၏။ သူတို့ဘေးပတ်လည်ရှိ နံရံများသည် ပြိုကျလာပြီး မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများသည် ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။
မိစ္ဆာဂိုဏ်းသားများသည် ကြောက်လန့်တကြားနှင့် ဦးတည့်ရာသို့ ထွက်ပြေးလိုက်ကြ၏။
ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်ကြောင့် ကျောက်တုံးများ၏ ဖို့နှံခြင်းခံရလျှင် သူတို့သည် သေချာပေါက် သေရပေလိမ့်မည်။ သူတို့ထဲက မည်သူမျှ ထိုကဲ့သို့သော ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
နတ်ဆိုးမကျိသည် ထွက်ပြေးချင်မိ၏။ သို့သော်လည်း သူမသည် ဆူဇီမို၏ ဆိုးဆိုးဝါးဝါး မဟန်လှသည့် အခြေအနေကို မြင်တွေ့ရသောအခါ အနည်းငယ် တုံ့ဆိုင်းသွား၏။
မည်သို့ပင်ဆိုစေ.. သူ့ကို ဒီနေရာသို့ ခေါ်လာခဲ့သူမှာ သူမ ဖြစ်လေသည်။
ဤကပ်ဆိုးတွင် သူသည် အပြစ်ကင်းသည့် သားကောင် ဖြစ်ခဲ့လေသည်။
ထို့အပြင် ဆူဇီမိုသည် သူ့ကတိကို လုံးဝမပျက်မကွက်စေဘဲ.. လမ်းခရီးတစ်လျှောက်လုံးတွင် သူမကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးခဲ့၏။
ယခုအခိုက်အတန့်တွင်.. ဆူဇီမိုသာ ပြန်လှန်မတိုက်ခိုက်ခဲ့လျှင် သူမသည်လည်းပဲ အခြားသော မိစ္ဆာဂိုဏ်းသားများကဲ့သို့ အရိုးစု၏ အစာဖြစ်ရပေလိမ့်မည်။
ခဏတာ တုံ့ဆိုင်းသွားပြီးနောက်.. နတ်ဆိုးမကျိသည် သူမ၏ ထွက်ပြေးနိုင်သော နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးလိုက်ရပေပြီ။