← Chapters

အသိပင်လယ်ကို ချည်းနင်းဝင်ရောက်လာသော အရိုးပေါ်အရေတင် လက်တစ်ဖက် ( ၁ )

Vol. 23 Ch. 354

အသိပင်လယ်ကို ချည်းနင်းဝင်ရောက်လာသော အရိုးပေါ်အရေတင် လက်တစ်ဖက် ( ၁ )

Vol. 23 Ch. 354

တားမြစ် …

ဆက်ခံသူဖြစ်လာပြီးနောက် ရွှီချင်းက ဂိုဏ်းရှိ ဓမ္မရတနာ၏ စက္ခုကို တစ်ကြိမ်အသုံးပြုခွင့်ရရှိလာသကဲ့သို့ ခုနစ်ဂိုဏ်းမဟာမိတ်ကောင်းကင်လက်ရွေးစင်များသည်လည်း သူတို့ဂိုဏ်း၏ အုတ်မြစ်ကို အသုံးပြုနိုင်ကြသည်။

သို့သော်လည်း အလွန့်အလွန်နည်းပါးသော လူနည်းစုသည်သာ ထိုသို့လုပ်ခွင့်ရကြသည်။ ယင်းအပြင် ထိုသူများကိုလည်း အားပေးအားမြှောက်ပြုကာ အကာအကွယ်ပေးထားကြသည်။

ခုနစ်ဂိုဏ်းမဟာမိတ်၏ ဓမ္မရတနာများသည် တားမြစ်အဆင့်တွင် ရှိကြသည်။ ထိုဓမ္မရတနာများကို အသုံးပြုရာတွင် ကန့်သတ်ချက်များစွာရှိသည်။ ထိုဓမ္မရတနာများ၏ အစွမ်းအပြည့်အဝ လိုချင်လျှင် တိကျသေချာသော အခိုက်အတန့်တစ်ခု လိုအပ်သည်။

သူတော်စင်ကြယ်သည် အလွန် တိုက်ရည်ခိုက်ရည်ပြည့်ဝနေသူတစ်ယောက် ဖြစ်သည်။ တားမြစ်စက္ခုကို သူ ချက်ချင်း မဆင့်ခေါ်ခဲ့သည်မှာ တားမြစ်ဓမ္မရတနာ၏ အစွမ်းကို အပြည့်အဝ အသုံးချနိုင်ရန် အခွင့်အရေးတစ်ခုကို ဖန်တီးချင်သောကြောင့်ပင်။

ရွှီချင်း၏ သက်စောင့်မီးအိမ်ကို လုယူရန်မှာ ငှက်ပျောသီးအခွံနွှာသလို လွယ်ကူမည်မဟုတ်သည်ကို သူ နားလည်ထားသည်။ သေရေးရှင်ရေးအခြေအနေတွင် ရွှီချင်းကို ထွက်မပြေးနိုင်အောင် သူ ပိတ်ဆို့ထားရမည်ဖြစ်သလို ကျပန်းတည်နေရာရွှေ့ပြောင်းအဆောင်ကဲ့သို့ ကျောက်စိမ်းအဆောင်တစ်ခုကိုလည်း အသုံးမပြုနိုင်အောင် သူ လုပ်ရမည်ဖြစ်သည်။

ယင်းအပြင် ရွှီချင်းက ကျောက်စိမ်းပေလွှာအား နှစ်ကြိမ်ဖျက်ဆီးချင်နေခဲ့သည်ကို သူ သတိထားမိခဲ့သည်။ သူ မမြင်ချင်ယောင်ဆောင်ထားခဲ့ပါသော်လည်း ရွှီချင်း၏အတွေးများကို ရိပ်ဖန်းသံဖန်းဖြင့် သိသည်။

သူ၏အမြင်၌ ဤတိုက်ပွဲက ငါးမျှားခြင်းနှင့် ဆင်တူသည်။

တစ်ဖက်လူ နည်းလမ်းမျိုးစုံသုံးပြီး ဒဏ်ရာအပြင်းအထန် ရသွားမည့်အချိန်ကို သူ စောင့်နေရမည်ဖြစ်သည်။ ထိုအချိန်မှသာ လုပ်ငန်းစဉ်က ပို၍ အဆင်ပြေချောမွေ့သွားပေမည်။

ထို့ကြောင့် သူ စောင့်နေခြင်း ဖြစ်သည်။ အခြေအနေက ဆိုးဝါးလာသည်ဟု သူ ခံစားမိသောအခါ အသွေးအသားစုတ်တံကို သူ ထုတ်ခဲ့သည်။

ထိုစုတ်တံက ရွှီချင်းကို ဒဏ်ရာရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ စုတ်တံ၏ကျိန်စာစွမ်းအားကို ထုတ်ဖော်ပြသပြီး ရွှီချင်းကို ထောင်ချောက်ဆင်ရန်အလို့ငှာ အယောင်ပြအနေဖြင့် စုတ်တံကို ဖျက်ဆီးရန် စီစဉ်ခဲ့သည်။

ထိုအခါမှသာ တားမြစ်ဓမ္မရတနာကို သူ အသက်သွင်းရန် အခွင့်အလမ်းရမည်ဖြစ်ပြီး ဖောက်ထွက်မရနိုင်သော ပိုက်ကွန်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုသို့ဖြင့် ရွှီချင်း၏ လွတ်လမ်းများအားလုံး ပိတ်ဆို့သွားမည်ဖြစ်ပြီး ရွှီချင်း၏ သက်စောင့်မီးအိမ်ကို သူ အောင်မြင်စွာ ရယူုနိုင်မည် ဖြစ်သည်။

ရွှီချင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အလွန် ဇွဲနပဲကြီးလှသော အသွေးအသားလက်များက သူ့ကို ဝိုင်းထားသည်။ ၎င်းတို့က လေးဖက်လေးတန်မှနေ၍ တင်းကြပ်စွာ ရစ်ပတ်လာပြီး သူ ဖောက်ဖျက်၍ မရနိုင်အောင် ဖြစ်သွားသည်။ သူက လက်ထဲရှိ ကျောက်စိမ်းပေလလွှာကို ချက်ချင်း ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။

တခဏလေးအတွင်း ကောင်းကင်ကြီး နီမြန်းလာသည်။ ထိုအနီရောင်က ဗြုန်းခနဲ ပေါ်လာခြင်းဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယင်းမှာ မကောင်းဆိုးဝါးဆန်ပြီး နေရာတစ်ခုလုံးကို သွေးရောင်လောကကြီးအဖြစ် ပြောင်းလဲကာ ရွှီချင်းကို လွှမ်းခြုံလိုက်သည်။

ယင်းအပြင် ထိုသွေးလောကကြီး ပေါ်လာပြီးနောက် ဟင်းလင်းပြင် ရှုံ့ပွစေသည့်အစွမ်းများ ထုတ်လွှတ်လိုက်ပြီး ၎င်း၏နယ်နိမိတ်အတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်းမှန်သမျှကို ပိတ်ဆို့လိုက်သည်။ တချိန်တည်းမှာပင် သွေးလောကကြီးက ကျုံ့ဝင်လာပြီး နယ်နိမိတ်က အဆက်မပြတ် ကျဉ်းမြောင်းလာနေသည်။

ဤနေရာကို အပြင်လောကကြီးနင့် ပိုင်းခြားကာ လုံးလုံးလျားလျား ချုင်နှောင်နေသည့်အလား အချုပ်အနှောင်စွမ်းအားများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထိုသွေးလောကကြီးထဲတွင် အနီရောင်သစ်စေ့တစ်စေ့ ပေါ်လာသည်။

သို့သော်လည်း ထိုသစ်စေ့က စီအနိမ့်ဂိုဏ်းတွင် ပေါ်လာခဲ့သော သစ်စေ့နင့် မတူညီပေ။ ထိုသွေးရောင်သစ်စေ့က ပုံရိပ်ယောင်ဖြစ်ပြီး ဒြပ်ထုမရှိပါသော်လည်း ၎င်း၏အစွမ်းက ကြောက်ခမန်းလိလိပင်။ ထိုသစ်စေ့ ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ ကျသွားပြီး သွေးရောင်သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားသည်။

ထိုသစ်ပင်ပေါ်လာပြီးနောက် အရပ်မျက်နှာအနံ့ှသို့ ဖိအားများ သက်ရောက်လာသည်။ သစ်ပင်က အနည်းငယ် ယိမ်းခါသွားရာ ရွှီချင်းမှာ တုန်ရီသွားပြီး သွေးများအန်သွားသည်။ မမြင်နိုင်သော အားကြီးတစ်ခုက သူ့ကို လက်စတုံးပစ်ချင်နေသည့်အလားပင်။

သူတော်စင်ကြယ်က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။ သူသည် လောဘရောင်လက်နေသောမျက်လုံးများဖြင့် ရွှီချင်းထံသို့ အားကုန်သုံးကာ ပြေးဝင်သွားသည်။

သ့ူနောက်မှ မြဲ့မုန်က ဂီးခနဲ အော်မြည်လိုက်ပြီး သူ့ခေါင်းအထက်ရှိ သက်စောင့်မီးအိမ်က တဖျပ်ဖျပ် ဝင်းလက်လာသည်။ ဤပိတ်လှောင်ထားသောနေရာတွင် ရွှီချင်းကို လက်စတုံးကာ သက်စောင့်မီးအိမ်ကို သူ ယူချင်နေသည်။

“ တားမြစ်စက္ခုရဲ့ အချုပ်အနှောင်ထဲမှာ ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ထွက်လို့ရမှာ ”

သူတော်စင်ကြယ်က အနီးသို့ တိုးကပ်သွားပြီး တိုက်ခိုက်လိုက်သည်။ ရွှီချင်းသည် သွေးများအန်ကာ တရစပ် နောက်ဆုတ်နေသည်။ ဤနေရာတွင် အချုပ်အနှောင်စွမ်းအားများသာမက ဖိအားများလည်း ရှိနေသည်ဖြစ်၍ သူ့ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးတောက်များ ယိမ်းခါနေသည်။

ရွှီချင်းသည် ယိမ်းခါနေသော ထူးဆန်းသောသစ်ပင်ကိုကြည့်ကာ သူ့မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ထို့နောက် သူက ခပ်တိုးတိုးဆိုလိုက်သည်။

“ ချီရွှဲ့ထုံဂိုဏ်းရဲ့ ဓမ္မရတနာစက္ခုကို ဆင့်ခေါ်တယ် ”

ချီရွှဲ့ထုံဂိုဏ်းမှာလည်း ဓမ္မရတနာရှိသည်။ သို့သော် ထိုဓမ္မရတနာက တားမြစ်အဆင့်သို့ မရောက်သေးပေ။ ထိုဓမ္မရတနာကို ရွှီချင်း တစ်ခါမှ မဆင့်ခေါ်ခဲ့ဖူးချေ။

သူ့စကားဆုံးသည်နှင့် ထိုသွေးလောကကြီး ချက်ချင်း တုန်ခါသွားသည်။ ပြင်ပအားကြီးတစ်ရပ် ကျဆင်းလာကာ ထိုလောကကြီးကို စုတ်ဖြဲချင်နေသည့်အလား ကောင်းကင်ကြီး တရွှီရွှီမြည်ဟည်းလာသည်။ ကောင်းကင်တွင် မျက်လုံးတစ်လုံးပင် ဝိုးတဝါး ပေါ်လာသည်။

ထိုမျက်လုံးတွင် မည်သည့်ခံစားချက်မျှ မရှိချေ။ ကောင်းကင်မှာ ထိုမျက်လုံး ပေါ်လာပြီးနောက် အောက်ဘက်ရှိ တားမြစ်ဓမ္မရတနာစက္ခုကို စူးစိုက်ကြည့်လိုက်သည်။

တားမြစ်ဓမ္မရတနာစက္ခုမှာ တုန်ခါသွားသည်။ သို့သော် ထိုနှစ်ခုကြားတွင် အဆင့်ချင်း ကွာခြားနေသည်မှာ သိသာသည်။ တားမြစ်စက္ခုက ပျက်စီးမသွားသလို အချုပ်အနှောင်သွေးလောကကြီးသည်လည်း ပြိုကွဲမသွားရာ ရွှီချင်း မလွတ်မြောက်နိုင်ပေ။

သို့သော် ယင်းသည်လည်း ဓမ္မရတနာစက္ခုမဟုတ်ပါလား။ ၎င်းက တားမြစ်လောကကို မဖွင့်နိုင်ပါသော်လည်း အထဲရှိ သွေးသစ်ပင်ကို ယိမ်းခါမနေအောင် အေးခဲနိုင်သေးသည်။ ရွှီချင်း ခံစားနေရသည့် ဖိအားမှာ လျော့ကျသွားသည်။

“ သာမန်အနိမ့်ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဓမ္မရတနာက ငါ့ဂိုဏ်းရဲ့တားမြစ်စက္ခုကို တုန်ခါစေနိုင်မှာတဲ့လား။ ရွှီချင်း၊ ဒီသွေးလောကကြီးက မင်းရဲ့ သင်္ချိုင်းပဲ ”

သူတော်စင်ကြယ်၏ မျက်လုံးများမှာ လောဘရောင်လက်နေသည်။ သူ အော်ဟစ်ရယ်မောလိုက်ပြီး ရွှီချင်းနောက်သို့ အစွမ်းကုန် ပြေးလိုက်သွားသည်။

ရွှီချင်း၏မျက်နှာ သုန်မှုန်နေသည်။ သူ့နောက်မှ ရွှေကျီးကန်းက အော်မြည်ကာ အစွမ်းကုန် ခုခံလိုက်သည်။ သက်စောင့်မီးအိမ်ထီးနက်သည်လည်း အတူတူပင်။ အချုပ်အနှောင်သွေးလောကကြီးထဲ ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ ဆက်လက်တိုက်ခိုက်နေကြစဉ် ထီးနက်က မီးတောက်နက်များကို နေရာအနှံ့ ထုတ်လွှတ်နေသည်။

ရွှီချင်းသည် သွေးလောကကြီး၏ ဖိနှိပ်ခြင်း ခံထားရသည်ဖြစ်၍ သိသိသာသာ အားနည်းနေသည်။ သူ အရေးနိမ့်လာကာ နောက်ဆုတ်လာရသည်။ ထိုသည်ကို သူတော်စင်ကြယ်မြင်သောအခါ သူ့အရှိန်အဝါများ မြင့်တက်လာပြီး တစတစ ပြင်းထန်လာသည်။

ခဏအကြာ သွေးလောကကြီး ပေတစ်ရာအောက် ကျုံ့လာပြီး အထဲရှိ သစ်ပင်ကြီးသည်လည်း ကျုံ့လာသောအခါတွင် ဂျိမ်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာသည်။ ရွှီချင်း နောက်ဆုတ်နေရင်း ပါးစပ်မှ သွေးများ စီးကျလာသည်။သူက ကျောက်စိမ်းပေလွှာကို စုပ်ကိုင်ရင်း ဘေးဘီဝဲယာကို အလျင်အမြန် လှည့်ပတ်ကြည့်လိုက်သည်။

“ ဘယ်မှ လျှောက်ကြည့်မနေနဲ့။ မင်း ဒီနေရာကနေ လွတ်မှာမဟုတ်ဘူး။ ငါတောင် ဒီလောကကို ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ သူ့အလိုလိုပဲ လွင့်ပျယ်သွားတာ ”

#ဘာသာပြန်သူမှတ်စု။ သူတော်စင်ကြယ်ဆိုတာ ရွှီချင်းနေတဲ့ နန်းဟွမ်ကျွန်းထက် ပိုမြင့်တဲ့နေရာကလာတာပါ။ ပြီးတော့ အဲဒီနေရာမှာ နံပါတ်တစ် လက်ရွေးစင်ဖြစ်သလို ငယ်ငယ်လေးကတည်းက အဲဒီလိုဖြစ်အောင်လည်း ဂိုဏ်းက သေချာမွေးမြူထားတာပါ။ ပထမတောင်ထိပ်က မင်းသားတွေအားလုံးကိုတောင် တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တာပါ။ ပြီးတော့ အရိပ်လေးသာ သူ့ရဲ့ တစ်ရာ့နှစ်ဆယ်မြောက် ဓမ္မတံခါးကိုသာ မဖုံးထားပေးဘူးဆိုရင် ရွှီချင်းက သူ့ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီတော့ ရွှီချင်းအနေနဲ့ သူတော်စင်ကြယ်ကို အနိုင်ယူနိုင်ဖို့ဆို ရေကုန်ရေခမ်း တိုက်မှကို ဖြစ်ပါမယ်။

All Chapters