← Chapters

လိပ်ပုံ ရေးဆွဲခြင်း

Vol. 26 Ch. 385

လိပ်ပုံ ရေးဆွဲခြင်း

Vol. 26 Ch. 385

လူအုပ်ကြီးသည် ရဲ့လင်းချန်၏ နောက်ဆုံးစကားကို မသိချင်ယောင်ဆောင်ထားကြသည်။

*ဟီးဟီး ဒါ သူ့ပုံမှန် လေကျယ်တာ သက်သက်ပဲကို၊ သူ့ကို စိတ်ထဲ ထားမနေတော့ဘူး*

“ကျွန်တော် ယုံပါတယ်”

ဆက်တိုက် ယပ်ခတ်နေသော ချန်ချီချီက အားတက်သရော ခေါင်းညိတ်သည်။

“သခင်လေးရဲ့ ချက်တဲ့ ယာဂုမပြောတဲ့ သူ့ရဲ့ လေလည်သံကတောင် မွှေးနေမှာပါ”

ကျောက်လျန့်ရင်က ချန်ချီချီကို ရွံရှာသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ သူမ ဤလူနှင့် ခပ်ဝေးဝေးသို့ ခွာရပ်လိုက်မိသည်။ ယင်းက အလွန် အရှက်မဲ့လှပြီး သူမအတွက် မျက်စိ စပါးမွှေး စူးလွန်း လှသည်။

အချိန်တစ်ခုအထိ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ သူတို့ လုပ်နေသည့် အရာဟူ၍ အိုးကို ကြည့်နေခြင်းသာ ရှိပေသည်။

“ငါတို့ ကဒ်လေး တစ်ပွဲလောက် ကစားကြမလား”

ထိုစဉ် ချန်မိန်ကျားသည် စိတ်မရှည်တော့သဖြင့် စကား စပြောလာသည်။

“အကြံကောင်းပဲ၊ ငါတို့မှာလည်း ဘာမှလုပ်စရာမှ မရှိတာ”

ဟူရီဖေးက ချက်ချင်း ပြန်ပြောသည်။ သုံးယောက်သား အဖွဲ့ဖွဲ့၍ မြေသခင်အား တိုက်ခိုက်ခြင်း တစ်ပွဲလောက် ကစားကြလေသည်။

“အစ်မဖေးဖေး ငါတို့လည်း တစ်ပွဲလောက် ကစားမလား”

ကျောက်လျန့်ရင်သည် မိန်းကလေးသုံးယောက်ကို လှမ်းကြည့်နေ၏။ သူမမျက်ဝန်းတွင် အားကျစိတ်တို့ ပြည့်နေသည်။ သူမသည်လည်း ကဒ်ကစားရသည်ကို သဘောကျသည့် လူတစ်ယောက် ဖြစ်နေလေသည်။

“လင်းချန် ငါတို့နဲ့ ဝင်ကစားမလား”

ရှောင်ဖေးဖေးက ချက်ချင်း ရဲ့လင်းချန်ကို လှမ်းကြည့်သည်။

“မင်းတို့ မိန်းကလေးတွေပဲ ကစားကြပါ၊ ကျွန်တော် စိတ်မဝင်စားဘူး”

ရဲ့လင်းချန်က လက်အသာဝှေ့ယမ်း၍ ပြောလိုက်သည်။

သူ၏ လောင်းကစားစွမ်းရည်နှင့်ဆိုလျင် သူတို့နှင့် ကစားခြင်းက သူ့အတွက် အနိုင်ကျင့်ရာသာ ကျနေပေ လိမ့်မည်။ သူတို့က သူ့ကို စိန်ခေါ်နိုင်သည့်သူများ မဟုတ်ပါ။ သူသည် လှဲ၍ ညကောင်းကင်ယံကို ခံစားခြင်းက ပို၍ သက်တောင့်သက်သာ ရှိသည်ဟု ခံစားမိသည်။

သို့သော် ကျောက်လျန့်ရင်က စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။ သူမ ရဲ့လင်းချန်ကို ဤသို့ မထားနိုင်ပါ။

“သခင်လေးရဲ့၊ ကျွန်မတို့နဲ့ လာကစားလေ၊ မဟုတ်မှလွဲရော ရှင့်လို သန်သန်မာမာ ယောက်ျားကြီးက အားနည်းတဲ့ မိန်းကလေးနှစ်ယောက်ကို ကြောက်နေတာလား”

“မင်းတို့နဲ့ ကစားရတာ ပျင်းစရာ ကောင်းလွန်းတယ်၊ မင်းတို့ ဆက်တိုက် ရှုံးမှာ၊ သေချာပေါက် ရှက်သလို ခံစားရမှာ”

ရဲ့လင်းချန် ပေါ်တင် ပြန်ပြောလိုက်သည်။

“ရှင် အဲ့ဒါနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုပါဘူး၊ ကျွန်မ တစ်ချိန်လုံး မရှုံးပါဘူး”

ကျောက်လျန့်ရင်က သူမ အရည်အချင်းအပေါ် ယုံကြည်ချက် ရှိသည်။

“ကျွန်မက ဒီနယ်ပယ်မှာ လောင်းကစား နတ်ဘုရားမလို့ နာမည်ကြီးတယ်၊ ကျွန်မမှာ ပြီးပြည့်စုံတဲ့ အနိုင်ရနှုန်း မရှိပင်မယ့်၊ နိုင်နိုင်ချေ ရှစ်ဆယ် ရာခိုင်နှုန်းတော့ ရှိပါတယ်”

ကျောက်လျန့်ရင်က ကြွားဝါနေခြင်း မဟုတ်ပါ။ နယ်ပယ်တွင်း၌ လောင်းကစား နတ်ဘုရားမဟူသော သူမ၏ ကျော်ကြားမှုက အစစ်အမှန်ပင်။ သူမ အခြားသူများနှင့် ကဒ်ကစားတိုင်း သူမက တစ်ချိန်လုံးနီးပါး နိုင်တတ်သည်။

သူမ၏ လောင်းကစား စွမ်းရည်က သာမန်သာ ဖြစ်သော်လည်း သူမကံက ကောင်းလွန်းသည်။ သူမက ကံကောင်းလွန်းသဖြင့် သူမ ပြိုင်ဘက်များ ကြံရာမရ ဖြစ်သွားတတ်ကြသည်။ ထို့ကြောင့် သူမသည် ကစားပွဲ အများစု၌ အနိုင်ရတတ်လေသည်။

ထို့ကြောင့်ပင် သူမက ရဲ့လင်းချန်နှင့် ကဒ်ကစားချင်နေခြင်း ဖြစ်သည်။ သူမက ရဲ့လင်းချန်ကို ယခုမှ ဆုံဖူးသော်လည်း သူ၏ ဆက်တိုက် အနိုင်ကျင့်မှုကြောင့် သူမ အလွန် စိတ်ပျက်မိရသည်။ သူမ သူ့ကို သင်ခန်းစာတစ်ခု မပေးနိုင်ပါက သူမ ကျေနပ်နိုင်မည် မဟုတ်ပါ။

“လင်းချန် နင် အရမ်း အထင်သေးလွန်းတာပဲ”

ရှောင်ဖေးဖေးကလည်း ဝင်ပြောသည်။ သူမသည်လည်း သူမ၏ လောင်းကစားစွမ်းရည်ကို ယုံကြည်မှု ရှိပါသည်။

သို့သော် ကျောက်လျန့်ရင်နှင့် မတူသည်က သူမသည် ကံကို လုံးဝ မှီခိုနေခြင်း မရှိပါ။ သူမသည် ကဒ်များကို မှတ်ထားနိုင်ပြီး ခြေရာခံနိုင်လေသည်။ ထိုအရည်အချင်းကို မှီခို၍ သူမ အချိန်အများစု၌ နိုင်ခဲ့သည်။ သူမအတွက် ယုံကြည်ချက် ရှိနေသည်က ပုံမှန်ပင်။

“သခင်လေးရဲ့ အလကားသက်သက် လေကျယ်နေလို့ ဘာထူးမှာလဲ၊ ရှင် ကျွန်မတို့နဲ့ ကစားရဲသလား၊ မကစားရဲဘူးလားပဲ ပြောပါ”

ကျောက်လျန့်ရင်က တက်ကြွစွာ စိန်ခေါ်လေသည်။

ရဲ့လင်းချန်က ဘယ်နေရာရောက်ရောက် ကြွားရသည်ကို သဘောကျသည့် ငကြွားတစ်ယောက်မှန်း သူမ သဘောပေါက် သွားသည်။

ရဲ့လင်းချန် ခေါင်းသာ ခါလိုက်မိသည်။ သူ ထရန် ပျင်းရိလွန်းနေသည်။ သူသည် ကန်မှ အေးမြသော လေညင်းကို ခံလျက် ကြည်နူးနေမိသည်။

“ကျွန်မတို့ စိန်ခေါ်တာကို လက်မခံရဲဘူးလား၊ ရှင်က ယောက်ျားမှ ဟုတ်ရဲ့လား”

ကျောက်လျန့်ရင်က ထပ်ပြောသည်။

“ဟေ့ မင်း အဲ့လို စကားမျိုး ပြောတာက အန္တရာယ်များတယ်ဆိုတာကို မင်း သိရဲ့လား”

ရဲ့လင်းချန်က ကျောက်လျန့်ရင်ကို လှမ်းကြည့်လိုက်သဖြင့် သူမက သမင်ပျိုမလေးတစ်ကောင်ကဲ့သို့ ကြောက်လန့် သွားပြီး ရှောင်ဖေးဖေးအနောက်၌ ပုန်းလေသည်။

သို့သော် ရဲ့လင်းချန်က သက်ပြင်းချ၍ ဆက်ပြောသည်။

“ငါက အချက်ကို ထုတ်ပြောရုံလေးပါ၊ မင်းတို့ ငါ့ကို တကယ် မနိုင်နိုင်ဘူး၊ မင်းတို့ ဘာလို့ ငါ့ကို မယုံတာလဲ၊ မင်းတို့ကိုယ်မင်းတို့ ဒီနည်းနဲ့ နှိပ်စက်ဖို့ လိုလို့လား၊ မင်းတို့ရဲ့ ကောင်းနေတဲ့ စိတ်လေး ပျက်စီးသွားမှာတောင် စိုးရတယ်”

“အမယ်လေး ဒါက အရမ်း ကြွားလွန်းတာပဲ၊ စိတ်မပူပါနဲ့၊ ရှင် ကျွန်မတို့နဲ့ ကစားရဲရင် ကျွန်မတို့ ဘယ်လောက် ရှုံးရှုံး ရှင့်ကို အပြစ်မတင်ပါဘူး”

ကျောက်လျန့်ရင်က သူမ၏ မကျေနပ်ချက်ကို ထုတ်ပြောလေသည်။

“သခင်လေးရဲ့၊ ခင်ဗျား စကားတွေက တကယ်ကို စိတ်တိုစရာ ကောင်းတာပဲ၊ ကျွန်တော်တောင်မှ သည်းမခံနိုင်ဘူး”

လုရှောင်ပုက ဝင်ပြောသည်။

“ကောင်းပြီလေ၊ တစ်ယောက်ယောက်က ပြဿနာ ရှာချင်ရင်လည်း ငါ မတတ်နိုင်ဘူးပေါ့”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“စိန်လိုက်လေ”

ကျောက်လျန့်ရင် စိတ်လှုပ်ရှားလာပြီး သူမ၏ လှပသော လက်လေးများဖြင့် ကဒ်များကို ကျွမ်းကျင်စွာ ကုလားဖန် ထိုးနေ၏။

ရဲ့လင်းချန် လှဲနေရာမှ ထထိုင်လိုက်သည်။ သူက ဘာကိုမှ အရေးမစိုက်ဘဲ ထပ်ပြောလိုက်သည်။

“ကဒ်ကစားရုံလောက်နဲ့က ပျင်းဖို့ကောင်းလွန်းတယ်၊ ကျွန်တော်တို့ ပိုမြူးသွားအောင် တစ်ခုခု ထပ်ထည့်ဖို့ လိုတယ်”

“ပိုကောင်းတယ်၊ ကျွန်မ သဘောကျတယ်”

ကျောက်လျန့်ရင်က အရင်ဆုံး သဘောတူလာသည်။ ထို့နောက် သူမက ရဲ့လင်းချန်ကို ရွှတ်နောက်နောက်ဟန်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

“ဒီမှာ ဘောပင်၊ ရှုံးတဲ့လူပေါ်မှာ လိပ်ပုံ ဆွဲကြမယ်”

“ရတာပေါ့၊ တစ်ယောက်ယောက်တော့ မျက်ရည်တွေနဲ့ အဆုံးမသတ်ဖို့ မျှော်လင့်ပါတယ်”

ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်သည်။

“ကျစ် … စလိုက်ရအောင်”

ကျောက်လျန့်ရင်က သူမလက်နှစ်ဖက်ကို ပွတ်လိုက်သည်။ သူမမျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ခြင်းတို့ ပြည့်နှက်လာသည်။

*ငါ့ရဲ့ ကံကောင်းတဲ့ လက်လေးတွေရေ၊ ငါ့ကို ရှုံးအောင် မလုပ်နဲ့နော်၊ ငါတို့ ဒီနံစော်နေတဲ့ လူဆိုးကောင်ကို သင်ခန်းစာ‌ ပေးမှ ဖြစ်မယ်*

ကုလားဖန် ထိုးပြီးနောက် သူတို့ ကဒ်များကို စဆွဲလေသည်။

သူမ၏ ကဒ်များကို ကြည့်ပြီး ကျောက်လျန့်ရင် ချက်ချင်း အပြုံးကြီး ပြုံးလိုက်မိသည်။ သူမ၏ ကံက တကယ်ကို ကောင်းလှသည်။

ဂျိုကာ နှစ်ကဒ်လုံးက သူမလက်ထဲ၌ ရှိနေပြီး ကဒ်များက အတော်လေး ပြည့်စုံသည်။ သူမအတွက် ရှုံးရန် ခက်ပေသည်။

ကဒ်ဝေသူက သူမ ဖြစ်သဖြင့် နယ်မြေအရှင်သခင်ကို သူမ ခေါ်ရမည့် အလှည့် ဖြစ်သည်။

သူမလက်ထဲမှ ကဒ်များ ပြစ်ချက် မရှိစေရန် သူမ နယ်မြေအရှင်သခင်အား မခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ယခုက ပထမပွဲ ဖြစ်သဖြင့် သူမ ဖြည်းဖြည်းချင်း သွားသင့်ပေသည်။

“ငါ နယ်မြေ အရှင်သခင်ကို ခေါ်တယ်”

ရဲလင်းချန်က တုံ့ဆိုင်းမနေဘဲ ကဒ်ကို ယူလိုက်သည်။

ရှောင်ဖေးဖေးက ကျောက်လျန့်ရင်ကို အင်တင်တင်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူမက ပြုံး၍ ရှောင်ဖေးဖေးအား ပြန်မျက်စိမှီတ်ပြသည်။ ရှောင်ဖေးဖေး ယုံကြည်ချက် ရှိနေမှန်း သိသာလှသည်။

နှစ်ယောက်လုံးက အခင်ဆုံး သူငယ်ချင်များ ဖြစ်သည်။ ဘုံရန်သူနှင့် တွေ့သောအခါ သူမတို့က အတူတကွ လှုပ်ရှားကြသည်။

*ဒီပွဲတော့ အဆင်ပြေပြီ*

ကျောက်လျန့်ရင်၏ မျက်လုံးများက ရဲ့လင်းချန်ကို လှမ်းကြည့်နေပြီး ပုံဆွဲရန် နေရာ လိုက်ရှာနေသည်။

*ငါ သူ့လက်မောင်းမှ ဆွဲရမလား၊ ဒါမှမဟုတ် သူ့မျက်နှာလား၊ သူက ငါ့သူဌေးပဲလေ၊ သူက လူဆိုးဆိုပင်မယ့် သူ့မျက်နှာပေါ်မှာ ပုံဆွဲရင် ငါ့ကို တမင် မှတ်ထားမလား*

“၅၅၅,၆၆၆, တစ်ခုချင်းစီက နောက်တစ်ကဒ်နဲ့ တွဲနေတာပဲ”

ရဲ့လင်းချန်က သူ့အကွက်ကို စရွှေ့နေပြီ ဖြစ်ပြီး ရှစ်ကဒ်လုံးကို တစ်ခါတည်း ချလိုက်သည်။

“ကျော်မယ်”

ရှောင်ဖေးဖေးက သူမလက်ထဲမှ ကဒ်များကို ကြည့်ပြီး မတတ်သာစွာ ခေါင်းခါလေသည်။

ကျောက်လျန့်ရင်မှာမူ မျက်မှောင်ကြုတ်နေ၏။ သူမ ဂျိုကာတွဲကို သုံးသင့်သလား ဆိုသည်ကို ဆုံးဖြတ်မရ ဖြစ်နေသည်။ သူမ တစ်ဒင်္ဂမျှ တုံ့ဆိုင်းနေပြီးနောက် ရဲ့လင်းချန်ကို အရင် နောက်တစ်ကွက် ရွှေ့ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။

“ကျော်မယ်”

“3,4,5,6,7,8,9,10, J,Q,K,A”

ရဲ့လင်းချန်က စားပွဲပေါ် သူ့လက်တစ်ဖက်လုံး တင်လိုက်သည်။ ထိုကဒ်အတွဲလိုက်က ကျောက်လျန့်ရင်း၏ အတွေးကို ပေါက်ကြွမတတ် ဖြစ်သွားစေသည်။

“ဒါပဲလား”

“ဒါပဲလေ”

“မဖြစ်နိုင်ဘူး၊ ငါ့ဂျိုကာတွဲကိုတောင် မသုံးရသေးဘူးလေ၊ ငါ ခုနကတည်းက သုံးလိုက်သင့်တာ”

ကျောက်လျန့်ရင်၏ မျက်နှာက ရှုံ့မဲ့နေပြီး နောင်တရနေလေသည်။

“လင်းချန်၊ နင့်ရဲ့ ၅၅၅၅ နဲ့ ၆၆၆၆ ကို ဖြတ်လိုက်တာပဲ”

ရှောင်ဖေးဖေး အံ့ဩနေသည်။

“ငါ အဲ့လို လုပ်လိုက်ရတယ်၊ ကံကောင်းလို့ ငါ လောင်းတာ မှန်သွားတယ်”

ရဲ့လင်းချန်က သက်တောင့်သက်သာ အနိုင်ရသွားသည်။ ကျောက်လျန့်ရင်ကမူ တုန်လှုပ်နေသည်။ သူမ၏ အသက်ရှူသံက မြန်လာပြီး သူမဦးနှောက်က ဘာကြောင့် သူမရဲ့ အတွဲလိုက်ကို အဘယ်ကြောင့် မသုံးမိလိုက်လဲ ဆိုသည်ကို ဆက်၍ တွေးနေသည်။

*ငါ ဘာလို့ အဲ့ဗုံးကို မသုံးမိတာလဲ*

“ဟေ့ လောင်းကစား နတ်ဘုရားမလေး၊ ကျေးဇူးပြုပြီး စိတ်နဲ့ကိုယ်နဲ့ ကပ်စမ်းပါ၊ လိပ်ပုံဆွဲဖို့ အချိန်တန်ပြီနော်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“ဆွဲ၊ ဆွဲ၊ ငါ နင့်ကို ဆွဲခွင့်ပေးတယ်”

ကျောက်လျန့်ရင်က နှုတ်ခမ်းလေး ဆူနေသည်။ သို့သော် သူမက ရဲ့လင်းချန် သူမလက်ကောက်ဝတ်၌ လိပ်ပုံ ဆွဲနိုင်ရန် သူမ၏ သွယ်လျသော လက်လေးကို ဆန့်ပေးလေသည်။

*ပထမပွဲလေးပဲ ရှိသေးတာကို၊ ဒါက ဘာမှမဟုတ်ဘူး၊ ငါ နောက်တစ်ပွဲ နိုင်အောင် လုပ်ရင် ရတာပဲ …*

All Chapters