← Chapters

တန်ပါတယ်

Vol. 23 Ch. 357

တန်ပါတယ်

Vol. 23 Ch. 357

သူတော်စင်ကြယ်မှာ သေအံ့မူးမူးဖြစ်သွားပြီးသူ့အသံ တိခနဲ ရပ်သွားသည်။

ရွှီချင်းမှာ စိတ်ပူနေဆဲပင်။ သူ၏အရိုးလက်ကို ဆွဲနှုတ်လိုက်ပြီးနောက် သူတော်စင်ကြယ်၏ လည်ပင်းကို သူ လှီးဖြတ်ချင်သည်။

ထူးဆန်းသောနည်းလမ်းများဖြင့် သူတော်စင်ကြယ် အသက်ပြန်ရှင်မလာစေရန် သူတော်စင်ကြယ်၏ ခန္ဓာကိုယ်အား သူ တစစီ လုပ်ပစ်ချင်သည်။ ထိုအချိန်၌ သူ၏ညာလက်ထဲရှိ သက်စောင့်မီးအိမ်မှ သက်တန့်ရောင်စဉ်များ ရုတ်တရက် ဖြာထွက်လာသည်။

ထိုသက်တန့်ရောင်စဉ်တန်းက ဗြုန်းခနဲ ပေါ်လာပြီး လေထဲသို့ ထိုးတက်သွားသည်။ တိမ်လွှာဓားဂိုဏ်း၏ တားမြစ်စက္ခုမှာ တူညီသောဇစ်မြစ်တစ်ခုမှ လာဟန်တူပြီး ထိုသက်တန့်ရောင်စဉ်တန်းကို မတားဆီးပေ။ ချီရွှဲ့ထုံဂိုဏ်း၏ ဓမ္မရတနာ မျက်လုံးကြီးသည်ပင် ထိုသက်တန့်ရောက်စဉ်တန်းကို မတားဆီးနိုင်ပေ။ သက်တန့်ရောင်စဉ်တန်းက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပေါက်ကွဲသွားသည်။

ထို့နောက် ဧရာမလေပွေကြီးတစ်ခု ပေါ်လာသည်။

သွေးလေပွေကြီးသည် တဂျိမ်းဂျိမ်းမြည်ဟည်းကာ ဝိညာဉ်တုန်ခါစေနိုင်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ထိုလေပွေကြီးထဲမှ ဒေါသတကြီး ဟိန်းဟောက်သံ ပေါ်ထွက်လာသည်။

“ ငါ့မြေးကို ဒဏ်ရာရအောင် လုပ်ရဲတာ ဘယ်ကောင်တုံးကွ ”

ထိုဟိန်းဟောက်သံအောက်တွင် ချီရွှဲ့ထုံဂိုဏ်း၏ ဓမ္မရတနာစက္ခုမှာ ပျောက်ကွယ်သွားသည်။ အောက်ဘက်ရှိ တားမြစ်စက္ခုသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်ရှိ အချုပ်အနှောင်ကြီး ပွင့်သွားပြီး ရွှီချင်း ပေါ်လာသည်။

သူသည် လက်ထဲရှိ သက်စောင့်မီးအိမ်မှလာနေသော အားကြီးကို ခံစားမိလိုက်ရပြီး မျက်နှာပျက်သွားသည်။ ထိုသက်စောင့်မီးအိမ်သည် ကောင်းကင်ယံရှိ လေပွေကြီးထဲသို့ သွားနိုင်ရန် အတင်းအကြပ် ရုန်းကန်နေပါသော်ငြား ရွှီချင်းက ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ယင်းသည် သူ့မှာရှိသမျှ အရာအားလုံး အသုံးပြုပြီးမှ ဒုက္ခသုက္ခခံ၍ ရရှိလာခဲ့သော ပစ္စည်းဖြစ်သည်။ ယင်းသည် သူ၏အထွတ်အထိပ်ရတနာဖြစ်သည်။

သူ့လက်ချောင်းများက သက်စောင့်မီးအိမ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရန် မလုံလောက်သည်ဖြစ်၍ သူက ပါးစပ်ဖြင့်ကိုက်ကာ တင်းကြပ်စွာ ထိန်းချုပ်ထားသည်။

ကောင်းကင်ယံမှ ဟိန်းဟောက်သံအပြီးတွင် လေပွေကြီးထဲမှ လက်ကြီးတစ်ဖက် ဆန့်ထွက်လာသည်။

ထိုလက်သည် အရေးအကြောင်းများရှိနေသော အရိုးပေါ်အရေတင် လက်တစ်ဖက် ဖြစ်သည်။ ထိုလက်ကြီးသည် လောကဓံတရားကို ကြုံတွေ့ဖြတ်ကျော်ခဲ့ရဟန်တူပြီး ကောင်းကင်ကြီးကို ပိတ်ဆို့ထားနိုင်သည့်အလား နှိုင်းယှဉ်၍မရအောင် ကြီးမားသည်။ ထိုလက်ကြီး ပေါ်လာသည်နှင့် ကောင်းကင်ကြီး မှေးမှိန်သွားပြီး လောကကြီး အရောင်အဆင်း မှိန်ဖျော့သွားသည်။ လောကကြီးတစ်ခုလုံး ရပ်တန့်သွားဟန်တူသည်။

ဧရာမလက်ကြီး ချည်းနင်းဝင်ရောက်လာခြင်းနှင့်အတူ လောကကြီးထဲသို့ အထွတ်အထိပ်စွမ်းအားများ သက်ဆင်းလာသည်။

သေအံ့မူးမူးဖြစ်နေသော သူတော်စင်ကြယ်မှာ ချက်ချင်း ပျောက်သွားပြီး ကောင်းကင်ရှိ လေပွေကြီးထဲတွင် ပြန်ပေါ်လာသည်။

အရိပ်လေးမှာ တဖိန့်ဖိန့်တုန်သွားပြီး ချက်ချင်း ပျံပြေးသွားသည်။

ဧရာမလက်ကြီးသည် အရာအားလုံးကို လျစ်လျူရှုကာ အောက်ဘက်ရှိ ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်း၏တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီသွားပြီး သူ ကိုက်ထားသည့် သက်စောင့်မီးအိမ်၏ အစွန်အဖျားတစ်လျှောက်မှနေ၍ သူ့သွေးများ စီးကျလာသည်။ သူ့အမြင်အာရုံများ ဝေဝါးလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ထလာသည်။ သွေးများ ပို၍ စီးကျလာပြီး သူ့စိတ်ထဲတွင် သေဘေးအန္တရာယ်အာရုံတစ်ခု ပေါ်လာသည်။

ထိုအန္တရာယ်မှ သူ ရှောင်တိမ်း၍ မရပေ။

လေပွေလက်ကြီးက အကြွင်းမဲ့ သုတ်သင်ရေးသမားတစ်ယောက်ဖြစ်သည်။

ထိုအချိန်၌ ကျင့်ကြံခြင်းအခြေခံ၊ လှည့်ကွက်များနှင့် ကြိုတင်ပြင်ဆင်မှုများအားလုံး အချည်းနှီးသာ။ ကျင့်ကြံခြင်းအဆင့် ခြားနားချက်က သူ့ကို လက်မှိုင်ကျသွားရစေသည်။

ထိုစဉ် …

ဖီးနစ်တားမြစ်ဒေသကြီး၏ တောနက်ထဲမှနေ၍ စူးရှသောအော်မြည်သံ ရုတ်တရက် ပျံ့လွင့်လာသည်။ ထိုအော်မြည်သံသည် လင်းယုန်ငှက်တစ်ကောင်၏ အော်မြည်သံ သို့မဟုတ် ဖီးနစ်ငှက်တစ်ကောင်၏ အော်မြည်သံနှင့် ဆင်တူသည်။

ထိုအော်မြည်သံကြောင့် လောကကြီး အရောင်ပြောင်းကာ ကောင်းကင်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

တဝုန်းဝုန်း မြည်ဟည်းသံများနှင့်အတူ သွေးရောင်လေပွေကြီးမှာ အက်ကွဲကြောင်းများ ပေါ်လာပြီး လေပွေကြီးအပြင်ဘက်သို့ ဟန့်တားလာနေသော လက်ကြီးကို ဟန့်တားနေသည်။

ဖီးနစ်တားမြစ်ဒေသကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ကောင်းကင်အမိန့်အလား ထည်ဝါခံ့ညားသော အသံကြီး ဟိန်းထွက်လာသည်။

“ ဧကရာဇ်ရဲ့ တားမြစ်ဒေသကြီးမှာ ဗလာနတ္ထိအဆင့်တွေ ဝင်မရှုပ်နဲ့။ ထွက်သွားစမ်း ”

ထိုအသံကြီး ဟိန်းထွက်လာသည်နှင့် ကောင်းကင်ရှိ သွေးလေပွေကြီးမှာ စုတ်ပြဲသွားသည်။ လေပွေကြီးထဲမှ နာကျင်စွာ အော်ဟစ်ညည်းညူသံ ထွက်ပေါ်လာပြီး အရိုးပေါ်အရေတင်လက်ကြီး၏ လက်ချောင်းသုံးချောင်းမှာ ချက်ချင်း ပျက်စီးသွားသည်။

ရွှီချင်း၏တစ်ကိုယ်လုံး တုန်ရီနေသည်။ သေရေးရှင်ရေးအခြေအနေကြီးမှ လွတ်မြောက်သွားစဉ် သူ အတင်းအကြပ် သွားဖြင့် ကိုက်ထားသည့် သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်မှာ ပြင်းထန်စွာ တုန်ခါနေသည်။

ကောင်းကင်နှင့်မြေပြင်၏ နိယာမများ ကိန်းအောင်းနေသော လူသားပုံစံကမ္ပည်းစာများ ချက်ချင်း ဝေဝါးလာသည်။ တဖျစ်ဖျစ် အက်ကွဲသံများနှင့်အတူ ထိုကမ္ပည်းစာများ ပျက်စီးကာ အပြီးတိုင် ချေဖျက်ခံလိုက်ရသည်။

ကမ္ပည်းစာများ ပျောက်သွားပြီးနောက် သက်စောင့်မီးအိမ်၏ ရုန်းကန်ခြင်း ပျောက်သွားသည်။ ယခုတွင် သက်စောင့်မီးအိမ်က ပိုင်ရှင်မဲ့ဖြစ်သွားသည်ကို ရွှီချင်း အာရုံခံမိလိုက်သည်။

တချိန်တည်းမှာပင် ကောင်းကင်ရှိ လေပွေကြီးဆီမှ နာကျင်စွာ ညည်းညူသံ လွင့်ပျံလာပြီးနောက် ဒေါသတကြီး တောက်ခေါက်သံ လွင့်ပျံလာသည်။ သို့သော်လည်း တောက်ခေါက်လိုက်ခြင်းသာ ရှိသည်။ လက်ချောင်းသုံးချောင်း ဆုံးရှုံးသွားသော လက်ကြီးမှာ မဆုတ်ချင်ဆုတ်ချင်ဖြင့် ဆုတ်ခွာသွားသည်။

သို့သော်လည်း လက်ကြီး မပျောက်ကွယ်ခင် လေပွေကြီးထဲမှ အသံတစ်သံ လွင့်ပျံလာသည်။

“ မင်းတိ့ုကောင်တွေ မင်းတို့တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ဘူး။ ဒီတော့ မင်းတို့အားလုံး သေဒဏ်အပြစ်ပေးခံရမယ်။ ဒါပေမဲ့ အဲဒီကလေးကို သတ်ပြီး သက်စောင့်မီးအိမ်ကို ပြန်ယူလာနိုင်ရင် မင်းတို့အသက်တွေကို ချမ်းသာပေးမယ် ”

ကောင်းကင်မှာ အက်ကြောင်းများ ချက်ချင်း ပေါ်လာပြီး လေပွေကြီးတစ်လျှောက် ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော ဓားသွားလေးများ ပျံ့နှံ့လာသည့်အလားပင် လေပွေကြီးမှာ ပျက်စီးကာ ပျောက်ကွယ်သွားသည်။

လောကကြီး ပုံမှန်ပြန်ဖြစ်သွားသည်နှင့် ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာသည်။ သူက မြေပြင်ရှိ ဆန္ဒမွန်သေတ္တာကို သိမ်းဆည်းလိုက်ပြီး တွေဝေတွန့်ဆုတ်မနေဘဲ အားကုန်ထွက်ပြေးလေသည်။

ယခုအချိန်၌ သူ တွေးတောနေရန် အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် လေပွေကြီး ပျောက်ကွယ်သွားသည်နှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်၏ အရှိန်အဝါများ မနီးမဝေးတွင် ရောက်ရှိလာသည်ကို သူ အာရုံခံမိလိုက်သောကြောင့်ပင်။ သူတို့သည် ကောင်းကင်ယံတွင် ပျံဝဲကာ ဒေါသအမျက်ချောင်းချောင်းထွက်လျက် သူ့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာကြသည်။

ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်သည်ကား သူတော်စင်ကြယ်၏ တာအိုအစောင့်အရှောက်များမှလွဲ၍ တခြားမဟုတ်ပေ။

လေပွေကြီးထဲရှိ ကြောက်မက်ဖွယ်လက်ကြီးပိုင်ရှင်မှာ တိမ်လွှာဓားဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုး ဖြစ်ပေလိမ့်မည်။ သူသည် ဖီးနစ်တားမြစ်ဒေသကြီး၏ အနက်ရှိုင်းဆုံးနေရာမှ အသံပိုင်ရှင်ကြောင့် နောက်ဆုတ်သွားရပါသော်လည်း သူတော်စင်ကြယ်၏ တာအိုအစောင့်အရှောက်သုံးယောက်ကို တည်နေရာရွှေ့ပြောင်းပေးနိုင်ခဲ့သေးသည်။

သူကိုယ်တိုင် မဆင်းသက်လာခဲ့ပါသော်လည်း ရွှီချင်းကို သတ်ပြီး သက်စောင့်မီးအိမ်ကို လုယူချင်သည့်အတွေးမှာ ပြင်းထန်သည်။

ရွှီချင်းမှာ ဖီးနစ်တားမြစ်ဒေသကြီး၏ အတွင်းပိုင်းမှ အသံကြီးအကြောင်း၊ သူတော်စင်ကြယ်၏ သေရေးရှင်ရေးနှင့် မည်သို့ ဆက်လုပ်သင့်သည်ကို တွေးတောနေရန် အချိန်မရှိပေ။

သူသည် အစွမ်းကုန် ပြေးလွှားနေပြီး သူ့ကိုယ်ထဲရှိ ခရမ်းရောင်သလင်းကျောက်က အစွမ်းကုန် အလုပ်လုပ်နေသည်။ သူသည် သွေးဆာနေသောအကြည့်ဖြင့် သက်စောင့်မီးအိမ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

သူသည် အရူးအမူး ပြေးလွှားနေရင်း သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ပေါ်လာသည်။

ယခုတစ်ခေါက်တွင် သေဘေးမှ သူ ခက်ခက်ခဲခဲ လွတ်မြောက်ခဲ့ပြီး သူ့မှာရှိသမျှ အရာအားလုံး ထုတ်သုံးခဲ့ရသည့်တိုင်အောင် ရရှိခဲ့သည့်အကျိုးအမြတ်မှာ ထပ်တူပင် ဖြစ်သည်။

သက်စောင့်မီးအိမ်၏ တန်ဖိုးက အဖိုးဖြတ်၍ မရပေ။

“ တန်တယ် ”

ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်ကို တစ်ခါတည်း သန့်စင်လိုက်သည်။

ထိုသက်စောင့်မီးအိမ်ကို ဖြည်းဖြည်းမှ ပေါင်းစပ်နေရန် သူ့မှာ အချိန်မရှိပေ။ သူ့နောက်မှ ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ထပ်ကြပ်မကွာလိုက်နေသည်ဖြစ်၍ သူ၏ခွန်အားကို အရှိန်မြှင့်တင်ရန် လိုအပ်ပြီး သူ၏ပြန်လည်သက်သာနိုင်စွမ်းကိုလည်း မြှင့်တင်ရပေမည်။

ထို့ကြောင့် သက်စောင့်မီးအိမ်ကို စစ်ဆေးကြည့်နေရန် သူ အချိန်မရှိပေ။ သူ အာရုံခံမိသည့်အပေါ်တွင်သာ အလောင်းအစား လုပ်ရပေတော့မည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး လေထဲသို့ မြင့်တက်လာသည်။

သူ့ကိုယ်ပေါ်မှ သက်စောင့်မီးတောက်များ လွင့်ပျံလာပြီး သက်တန့်လေပြေ သံစဉ် သက်စောင့်မီးအိမ်ကို လွှမ်းခြုံသွားသည်။ ရုတ်တရက် သက်စောင့်မီးအိမ်မှာ ဝင်းလက်တောက်ပသွားသည်။ သို့သော်လည်း ရွှီချင်းသည် မည်သည့်အတားအဆီးမျှ မတွေ့ရဘဲ သက်စောင့်မီးအိမ်ကို မီးတောက်များဖြင့် ပေါင်းစပ်ကာ သက်စောင့်မီးအိမ်ပေါ်တွင် သူ့အမှတ်အသား တံဆိပ်ခတ်လိုက်သည်။

ထိုသက်စောင့်မီးအိမ်သည် ဖီးနစ်တားမြစ်ဒေသကြီးထဲရှိ သြဇာအာဏာဖြင့် ပြည့်ဝသော အသံကြီးနောက်တွင် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သက်စောင့်မီးအိမ်သည် တဟုန်းဟုန်း တောက်လောင်နေရင်း ရေစီးဆင်းသည့်အလား သက်တန့်ရောင်စဉ်တန်းများ ဖြာထွက်လာကာ ရွှီချင်း၏ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထိုဖြစ်စဉ်သည် မနာကျင်ဘဲ သက်သောင့်သက်သာဖြစ်သည်။ ထိုအလင်းတန်းများ ဝင်ရောက်သွားပြီးနောက် သူ၏အသိပင်လယ်ထဲရှိ ဒန်တျန်အထက်တွင် စုစည်းသွားသည်။

ထိုအလင်းတန်းများ စုစည်းသွားစဉ် သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ်ပုံစံ ဖြစ်လာသည်။

ထိုသက်စောင့်မီးအိမ်၏ ကိုယ်ထည်က အလွန် လက်ရာမြောက်ပြီး သက်တန့်ရောင်စဉ်များဖြင့် အဖိုးတန်ဟန်တူသည်။ သက်စောင့်မီးအိမ်ပတ်လည်တွင် စီးဆင်းနေသော အချိန်အငွေ့အသက်များကြောင့် ရှေးဟောင်းအငွေ့အသက်များကို ခံစားရစေသည်။

အပြင်ပန်းမှကြည့်လျှင် ရွှီချင်း၏ ထီးနက်သည်လည်း နိမ့်ကျနေဟန်မရှိပေ။

သေသပ်လှပသည့်အရာတွင်သာမက ရှေးဟောင်းအငွေ့အသက်များအရ ကြည့်လျှင်လည်း အတူတူသာ ဖြစ်သည်။ ထိုအချိန်၌ သက်စောင့်မီးအိမ်နှစ်လုံးသည် ဘေးချင်းယှဉ်ရပ်နေပြီး တစ်ခုနှင့် တစ်ခု ရောင်ပြန်ဟပ်နေရာ အလွန် စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

သက်စောင့်မီးအိမ်များပတ်လည်တွင် အနက်ရောင်နှင့် သက်တန့်ရောင်အလင်းများ ဖြာထွက်နေသည်ဖြစ်၍ ရွှီချင်း၏ ကောင်းကင်နန်းတော်ကို ဝိုးတဝါး မြင်နိုင်သည်။

အပြင်မှကြည့်ပါက ရွှီချင်း၏ကိုယ်မှ သက်တန့်ရောင်စဉ်ဖြာထွက်နေပြီး သက်တန့်ရောင်တာအိုဝတ်ရုံကို လွှမ်းခြုံထားသည့်အလား ထင်ရသည်။ ထိုသက်တန့်ရောင်အလင်းများက သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားသောအခါတွင် သူ့ခေါင်းပေါ်မှာ ကွန်ခြာနှစ်ခု ပေါ်လာသည်။

တစ်ခုက အနက်ရောင်ဖြစ်ပြီး ဝိညာဉ်ကို ကာကွယ်ရန် အဆုံးမဲ့မီးတောက်များ ထုတ်လွှတ်နေသည်။

တစ်ခုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသော သက်တန့်ရောင်ဖြစ်ပြီး သူ့ခန္ဓာကို ကာကွယ်ထားသည်။

ကွန်ခြာတစ်ခုသည်ပင် အလွန် ရှားပါးနေပြီဖြစ်ပြီး ကွန်ခြာနှစ်ခုပေါင်းစပ်လိုက်သောအခါတွင် ကြီးကျယ်မြင့်မြတ်နေတော့သည်။

ကွန်ခြာနှစ်ခုအောက်တွင် ရွှီချင်းသည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါသော်ငြား သူ့ထံမှ ပြိုင်စံရှားအငွေ့အသက်များ လွင့်ပျံလာသည်။

သက်တန့်လေပြေသံစဉ် သက်စောင့်မီးအိမ် ပေါင်းစပ်သွားသည်နှင့် တစ်ပြိုင်နက် ရွှီချင်းက ထိုသက်စောင့်မီးအိမ်ပေါ်တွင် သက်စောင့်မီးလုံးတစ်လုံး ထားလိုက်သည်။ တခဏလေးအတွင်း သက်စောင့်မီးတောက်အလင်းရောင်ကြောင့် ကောင်းကင်နှင့်မြေပြင် တုန်ခါသွားာသည်။

ရွှီချင်း၏စိတ်ထဲ မိုးကြိုးများ ပစ်ခတ်သွားသည့်အလားပင်။ သူ၏ကျင့်ကြံခြင်းအခြေခံ အရူးအမူး မြင့်တက်သွားသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးအိမ်နှစ်လုံး၏ လောင်ကျွမ်းခြင်းအောက်တွင် သူ့သက်စောင့်မီးတောက်များသည် တစ်ခါမှမကြုံဖူးသော အရှိန်အဟုန်ဖြင့် တောက်လောင်နေသည်။

သူ့ကိုယ်ထဲတွင် တဟုန်းဟုန်းတောက်လောင်နေသော လောကကြီးရှိနေသည်မဟုတ်တော့ဘဲ ငရဲဘုံ ရှိနေသည့်အလား ဖြစ်လာသည်။

သက်စောင့်မီးအိမ်များ၏ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရွှီချင်း၏ တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးငါးလုံးမှ သက်စောင့်မီးလုံးခြောက်လုံးအဆင့်သို့ ချက်ချင်း မြင့်တက်သွားသည်။

ထိုကဲ့သို့ တိုက်ရည်ခိုက်ရည်သည် ယင်ဟွမ်ပြည်နယ်မှာပင် အခြေတည်အဆင့်ကျင့်ကြံသူများအကြား စိတ်ဝင်စားအခံရဆုံး ဖြစ်လာပေမည်။

ထိုတိုက်ရည်ခိုက်ရည်မျိုးကို ယခင်က သူတော်စင်ကြယ် ပိုင်ဆိုင်ခဲ့ဖူးပါသော်လည်း ယခုတွင် ရွှီချင်း ပိုင်ဆိုင်သွားခဲ့လေပြီ။

ရွှီချင်းသည် တားမြစ်ဒေသကြီးတစ်လျှောက် အရူးအမူး ပြေးလွှားနေစဉ် သူ့နောက်ရှိ ရွှေအမြုတေအဆင့်တာအိုအစောင့်အရှောက်များမှာ ဒေါသထွက်ကာ လူသတ်ချင်စိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။ ဝမ်ကူးဒေသကြီးထဲရှိ ခုနစ်ဂိုဏ်းမဟာမိတ်ထဲ၌ တိမ်လွှာဓားဂိုဏ်းမှ ဒေါသတကြီး အော်ဟစ်သံ လွင့်ပျံလာသည်။

“ ငါ့ဂိုဏ်းရဲ့ သက်စောင့်မီးအိမ်ကို လုယူဝံ့လောက်အောင် အတင့်ရဲလှချည်လားကွ ”

ထိုရှေးဟောင်းအသံကြီး၏ပိုင်ရှင်မှာ တိမ်လွှာဓားဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုး ဖြစ်သည်။

ထိုအော်ဟစ်သံပြီးနောက် တိမ်လွှာဓားဂိုဏ်းမှ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ရီသွားစေပြီး တားမြစ်ပင်လယ်ကို လှိုင်းထသွားစေသည့် သက်တန့်ရောင်အလင်းတန်းတစ်တန်း ကောင်းကင်ယံသို့ ပျံတက်လာသည်။

သက်တန့်ရောင်အလင်းတန်းထဲတွင် ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုတစ်ယောက်ကို မြင်နိုင်သည်။

ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော ထိုအဘိုးအို၏ ကျင့်ကြံခြင်းအငွေ့အသက်များက ပတ်ဝန်းကျင်ကို ရိုက်ခတ်နေသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ တိမ်လွှာဓားဂိုဏ်းမှ ဓားချီများ လေထဲသို့ ပျံတက်လာပြီး လူရိပ်များအသွင်ပြောင်းလဲကာ သူ့ဘေးမှ လိုက်ပါလာသည်။ သူတို့သည် တားမြစ်ပင်လယ်ကိုဖြတ်၍ နန်းဟွမ်ကျွန်းကြီး၏ ချီရွှဲ့ထုံဂိုဏ်းတည်ရှိရာအရပ်သို့ ရက်စက်ကြမ်းကြုတ်စွာ ပျံသန်းသွားကြလေသည်။

သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း တားမြစ်ပင်လယ်မှာ လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်သွားသည်။ အထူးသဖြင့် ရွှယ်လျန့်ကျစ်နှင့် ကျင့်ကြံခြင်းအဆင့်တူသော ဗလာနတ္ထအဆင့်တစ် တိမ်လွှာဓားဂိုဏ်း၏ ဂိုဏ်းစောင့်ဘိုးဘိုးမှာ ပို၍ ဆိုးသည်။

ယခုလောလောဆယ်တွင် သူ့ဒေါသက ပင်လယ်ကြီးကို လောင်ကျွမ်းနိုင်လောက်သည်။ သ့ူတစ်ကိုယ်လုံးမှ အဆုံးမဲ့ဓားချီများ တဟုန်းဟုန်း ထွက်ပေါ်နေပေရာ တားမြစ်ပင်လယ်ရေပြင်မှာ ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများနှင့် အနီးအနားရှိ မျိုးနွယ်များမှာ ကြောက်လန့်တုန်ရီသွားကြသည်။

ကောင်းကင်တွင် မိုးခြိမ်းသံ မြည်ဟည်းသွားပြီး လေဟာနယ်ကြီး အက်ကွဲသွားသည်။ ယင်းမှာ ထိပ်သီးကျင့်ကြံသူတစ်ဦး ပင်လယ်ပြင်သို့ ထွက်လာခြင်းပင်။

တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းရှိ သတ္တမမြောက်တောင်ထိပ်၌ အမှတ်ခုနစ်သခင်ကြီးသည် အဆောင်ထဲတွင် သူ၏အစေခံနှင့် ကျားကစားနေသည်။

သို့သော်လည်း သူသည် ကျားစေ့ကို လက်ထဲတွင် ကိုင်ထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ အကယ်၍ အချိန်ကိုသာ ရေတွက်ကြည့်မည်ဆိုပါက ရွှီချင်းနှင့် သူတော်စင်ကြယ်တို့ တိုက်ခိုက်သည့်အချိန်ကတည်းက ထိုကျားစေ့ကို ကိုင်ထားဟန်တူသည်။

အစေခံသည် အလျဉ်မလိုဘဲ တိတ်ဆိတ်စွာ စောင့်နေသည်။

အချိန်အတော်ကြာပြီးနောက် အမှတ်ခုနစ်သခင်ကြီးက တည်ငြိမ်စွာ ထရပ်လိုက်ပြီး ပြောလိုက်သည်။

“ ငါ နောက်ထပ်မကစားတော့ဘူး ”

“ ဒီကျားစေ့ကို မချခင် အမှတ်လေးကို ငါ သွားခေါ်ရဦးမယ် ”

ပြောပြီးသည်နှင့် အမှတ်ခုနစ်သခင်ကြီးက လက်နှစ်ဖက်ကို နောက်ပစ်၍ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ဖီးနစ်တားမြစ်ဒေသကြီးထဲတွင် ပေါ်လာသည်။

သူ၏ခေါင်းသည် ဆံပင်ဖြူများဖြင့် ပြည့်နေပြီး သူ၏မျက်လုံးများက သောက်ရှူးကြယ်အလား ဝင်းလက်တောက်ပနေသည်။

သူသည် ခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး တောင်ကြီးတစ်လုံးပမာ မြင့်မားသည်။

သူသည် အသက်ကြီးရင့်နေပြီဖြစ်ပါသော်လည်း သူ၏ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာနေဆဲပင်။

All Chapters