ပျက်သုန်းခြင်းမျိုးစေ့များ.....
Vol. 20 Ch. 267
ချိုးပိုင်၏ မျက်နှာအနှံ့တွင် ရူးကြောင်ကြောင် အပြုံးတစ်ခု ပျံ့နှံ့သွားသောအခါ ကျန်းချင်းအာတို့တတွေ အမှတ်မထင် နောက်ဆုတ်လိုက်မိကြသည်။
ပိုင်မျန်မျန်ဆိုလျှင် ထိတ်လန့်လွန်းသဖြင့် စက္ကူတစ်ရွက်လို ဖြူစွတ်နေလေပြီ။
ချင်းမုသစ်သားပြားပင်လျှင် မကုစားနိုင်အောင်ပြင်းထန်သော ပျက်သုန်းမှုကြောင့် လီလော့လည်း အတော်ထိတ်လန့်နေမိသည်။
ချိုးပိုင် ပြုစားခံလိုက်ရပြီဖြစ်သည်။
ဝမ်းဗိုက်တွင် ဒဏ်ရာရထားသော်လည်း ချိုးပိုင်သည် ကျန်းချင်းအာနှင့် မတိမ်းမယိမ်းလောက်နီးနီးသန်မာနေသည်။ဒါနဲ့တောင် အပြုစားခံလိုက်ရသေးသည်။
ဤအရာကိုဖန်တီးသောသူမည်မျှအားကောင်းလိုက်သနည်း.....
ရွှီးးးးးး
ချိုးပိုင်သည် ထူးဆန်းသောမြည်သံတစ်ခုထုတ်ဖော်ပြီး လီလော့ကိုတိုက်ခိုက်ဖို့ ပြေးဝင်လာသည်။
လီလော့က လှည့်ထွက်ပြေးသွားသည့်တိုင် ရေအလင်းကျည်ဆန်တို့ကို အချိန်မီပစ်လွှတ်လိုက်သေးသည်။
ချိုးပိုင်ကို မခုခံနိုင်သောကြောင့် ဆုတ်ပြေးဖို့တစ်နည်းသာရှိတော့သည်။
ရေအလင်းကျည်ဆန်သည် ချိုးပိုင်ကို လုံးလုံးလျားလျား မျက်စိကွယ်သွားသော်လည်း အခြားသားကောင်များကဲ့သို့ နာကျင်မှုကြောင့် သူ့မျက်လုံးများကို ကုတ်ခြစ်မထားခဲ့ပေ။ သူသည် ပြုံးနေသော ရူးသွပ်သော ဖုတ်ကောင်တစ်ကောင်သဖွယ် ရှေ့သို့သာ ဆက်လျှောက်နေပြီး သူ့လက်ထဲမှာ မီးလှံတစ်ချောင်း ပေါ်လာသည်။
ထန်.......
ထိုအချိန်တွင် အစိမ်းရောင်မြက်ရိိတဓားနှစ်လက်ထွက်ပေါ်လာပြီး မီးလှံတံကို ခုခံလိုက်သည်။
"ကျေးဇူးပဲ စီနီယာ....."
လီလော့က ဆက်ပြေးရင်း အော်လိုက်သည်။
အခုမှ ရှေ့ထွက်လာသော ကျန်းချင်းအာသည် အလင်းစွမ်းအားများကို မြှားတံများအဖြစ်ဖန်တီးကာ ချိုးပိုင်ဆီသို့ အကုန်ပစ်လွှတ်လိုက်သည်။
ဝုန်း
ချိုးပိုင်ကလည်း မီးလှံကို မွှတ်နေအောင်လှည့်ပတ်ပြီး ခုခံနေသော်လည်း စွမ်းအင်အဆင့်ကွာခြားမှုကြောင့် အပြည့်အဝမကာကွယ်နိုငမခဲ့ပေ။
ချိုးပိုင် ဒါကို သတိထားမိပြီး ထွက်ပြေးဖို့ ပြင်နေပြီ.....
ရွှစ်..........
သို့သော်လည်း အလင်းတန်းတစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရရှာသည်။
ပြင်းပြင်းထန်ထန် ရုန်းကန်နေ
သော်လည်း အလင်းတန်းများက အရေပြားနှင့်တသားတည်းဖြစ်လုမတတ် သူ့တစ်ကိုယ်လုံးကို ဖြန့်ကျက်သွားခဲ့သည်။
ထိုအခါမှသာ ထျန်ထျန်းလည်း သက်သာစွာဖြင့် အသက်ရှူနိုင်တော့သည်။
ပိုင်မျန်မျန်နှင့်ရှင်းဖူတို့က လီလော့ကိုပြေးဖက်လိုက်ပြီး.......
"ခေါင်းဆောင်..... ဘာဖြစ်နေတာလဲ"
"မင်းတို့နှစ်ယောက် နံရံမှာ ပြုံးနေတဲ့ မျက်နှာကို တွေ့လိုက်လား...."
နှစ်ယောက်စလုံး ခေါင်းယမ်းကြသည်။ ကျန်းချင်းက သူတို့နှစ်ယောက် မရောက်မီတွင် ပုံရိပ်ယောင်ကို ဖြိုခွဲပစ်လိုက်သောကြောင့်မတွေ့လိုက်ကြရပေ။
"နင်တို့ ကံကောင်းသွားတယ်.....နင်တို့ ပိတ်မိနေတဲ့ ပုံရိပ်ယောင်နယ်မြေကို ကပ်ဘေးအဆင့်တွေသာဖန်တီးနိုင်ကြတာ.....အရင်က ဒါမျိုးတွေ့ကြုံဖူးပေမယ့်…”
သူမက ရိုက်ချိုးထားတဲ့ နံရံကို သတိထားပြီး ပြန်ကြည့်လိုက်ပြီး.....
"နံရံမှာ ဒီလိုရိုးရှင်းတဲ့ အပြုံးအမှတ်အသား ချန်ထားပြီး စွမ်းအားတွေထုတ်လွှတ်နိုင်တာကိုကြုံဖူးတာ ဒါပထမဆုံးပဲ၊ ချိုးပိုင်လို သန်မာတဲ့ လူတစ်ယောက်တောင် ပြုစားခံလိုက်ရတယ်ဆိုတော့...ကောင်းကင်ဘုံကပ်ဘေးအဆင့်လောက်ဖြစ်မယ်ထင်တယ်...... ဒါမျိုးအဆင့်တွေ ပေါ်လာတာ ပုံမှန်မဟုတ်ဘူး...... "
ကျန်းချင်းအာစကားကြောင့် လီလော်တို့တတွေ ခက်ခက်ခဲခဲတံတွေးမျိုချမိလိုက်ကြသည်။ကပ်ဘေးအဆင့်များကို မြေကမ္ဘာကပ်ဘေးအဆင့်နှင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့်နှင့်တူညီသည်။
"နည်းပြတွေ လမ်းရှင်းသွားတယ်မဟုတ်လား.....ပြီးတော့ ကြယ်လေးပွင့်ကျောင်းသားတွေလည်းရှိနေသေးတယ်လေ...."
"ပိုက်ကွန်ကနေချော်သွားတဲ့သူတွေရှိတတ်ပေမယ့် ဒါမျိုးတော့ မကြားဖူးဘူး" ဟု ထျန်ထျန်းက တည်ငြိမ်စွာ ပြောသည်။ "ငါတို့ကံမကောင်းခဲ့ဘူး"
"ဒါဆို ဒီနေရာက ကမ္ဘာခြားသက်ရှိတွေကို...... ..."
လီလော့ရဲ့ စကားသံ တစ်ဝက်တစ်ပျက်နဲ့ရပ်တန့်သွားသည်။
"ဟုတ်တယ်၊ ကောင်းကင်ဘုံကပ်ဘေးအဆင့် စားသွားတာဖြစ်နိုင်တယ်....အခြေနေမကောင်းဘူး....ပိုသန်မာလာလိမ့်မယ်....."
ပထမနှစ်များ တုန်လှုပ်သွားကြလေသည်။အနီရောင်တိုက်စားသူအဆင့်လောက်ကိုတောင် ခက်ခက်ခဲခဲ တိုက်ခိုက်နေရချိန်တွင် ကောင်းကင်ဘုံကပ်ဘေးအဆင့်ရောက်လာပြီဆိုသောကြောင့် ပို၍ပင်ထိတ်လန့်နေကြသည်။
အရူးတစ်ယောက်သဖွယ် ပြုံးဖြီးနေသော ချိုးပိုင်ကိုကြည့်ပြီး အကုန်လုံး အသည်းထိတ်နေကြရသည်။ ချိုးပိုင်လို ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်တောင် ပြုစားခံလိုက်ရတယ်ဆိုတော့ သူတို့သာဆို......မတွေးဝံ့စရာပေ။
လီလော့ ယောင်ယမ်းပြီး ကိုယ့်ပါးစပ်ကိုယ်စမ်းကြည့်လိုက်မိသည်။
" ဒါဆို စီနီယာချိုးပိုင်ကို ဘယ်လိုလုပ်ကြမလဲ......"
ပိုင်မျန်မျန်မေးလိုက်သည်ကို ကျန်းချင်းအာက......
"သူ့အခြေအနေ ကောင်းပါတယ်.....ပျက်သုန်းမှုမျိုးစေ့ကို ဖော်ထုတ်ပြီးပြီ.....သူ့ကို မျှော်စင်ရဲ့ လွှမ်းမိုးမှုအောက်ဆီ ပြန်ခေါ်သွားလိုက်ရင် အခြေနေပိုကောင်းလာမှာပါ......"
" ဖုံးကွယ်ထားတဲ့ မျိုးစေ့တွေက ပိုကြောက်ဖို့ကောင်းတယ်....သူတို့တွေက အတွင်းထဲက ခြုံခိုတိုက်ခိုက်နေသလို ရုတ်တရက် အသက်ဝင်လာနိုင်တယ်....အသင်းဖော်တွေ ထိခိုက်သွားပြီလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး....ပြီးတော့ တိုက်ပွဲရဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာတွေမှာဆို နောက်ကျောက ဓားတစ်ချောင်းလိုပဲ......"
ပျက်သုန်ခြင်းမမျိုးစေ့များသည် အတော်ပင် ကြောက်စရာကောင်းသည်။
"စီနီယာကျန်း သူတို့တွေကို အာရုံခံနိုင်လား...."
ရှင်းဖူက တုန်လှုပ်သောအသံဖြင့် မေးလိုက်သည်။
" အာရုံခံနိုင်လို့ စီနီယာချိုးပိုင်ကို ထိန်းလိုက်နိုင်တာလား....."
"သူ ပြုစားခံရတာ မပြင်းထန်ဘူး....ဒါ့ကြောင့် ငါ့ရဲ့အဆင့်ကိုး အလင်းပဲ့တင်ထပ်သံနဲ့ ထိန်းထားနိုင်လိုက်တာ ဒါပေမဲ့ ပျက်သုန်းခြင်းမျိုးစေ့က လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ဆုပ်ကိုင်ထားလိုက်တာနဲ့ ငါတောင် အာရုံမခံနိုင်တော့ဘူး....."
" ချိုးပိုင်ကို အရင်သန့်စင်လိုက်ရအောင်....."
ကျန်းချင်းအာသည် ပြောပြောဆိုဆိုနှင့် ချိုးပိုင်ကို မျှော်စင်ဆီပြန်ခေါ်သွားလေတော့သည်။
မျှော်စင်မှ သန့်စင်သော အလင်းကြောင့် ချိုးပိုင်၏မျက်နှာပေါ်မှ ရူးသွပ်ဖွယ်အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
မိနစ်အနည်းငယ်ကြာတော့ သူ့မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်လာသည်။
သတိရရချင်း ချိုးပိုင်က လီလော့ကို ချက်ချင်းတောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ် လီလော့...."
လီလော့က ပြန်မဖြေသေးဘဲ ကျန်းချင်းအာဘက်လှည့်ကာ......
" အဲ့တာ စီနီယာချိုးပိုင်အစစ်လား....."
ကျန်းချင်းအာ ခေါင်းညိတ်လိုက်မှသာ လီလော့က ချိုးပိုင်ကိုပြုံးပြလိုက်ပြီး ပါးစပ်မှဒဏ်ရာများသက်သာအောင် ကုသပေးလိုက်သည်။
ချိုးပိုင်က ကျေးဇူးတင်သည့်အနေဖြင့် ပြုံးပြလိုက်သည်ကို လီလော့က......
"အဲဲ့...အဲ့လို... မပြုံးပါနဲ့....."
"ချိုးပိုင်.....နင်မရှက်ဘူးလား....ကလေးတွေတောင် ဘာမှမဖြစ်တာ နင်က စီနီယာဖြစ်ပြီး အပြုစားခံလိုက်ရတယ်လို့ဟယ်......"
" တောင်းပန်ပါတယ်.... ငါ သတိလက်လွတ်ဖြစ်သွားတယ်....အဆင့်နှစ်မျှော်စင်မှာ ဒီလို ပုံရိပ်ယောင်နယ်မြေရှိနေမယ် ထင်မထားမိဘူး......."
"ခေါင်းဆောင်....ငါတို့မှာ ပြဿနာတက်နေပြီ မဟုတ်လား....အခု ဘာဆက်လုပ်ကြမလဲ....."
သူမ အဝေးကို လှမ်းကြည့်ရင်း ခဏတာ အတွေးတောနေ၏။ နောက်ဆုံးတွင် သူမလက်ကို ဆန့်ထုတ်လိုက်သည့်အခါ သူမ၏ကြီးမားလှသောဓားသည် နာခံမှုစွာဖြင့် သူမထံသို့ ပြန်လည်ရောက်ရှိလာသည်။
"မစ်ရှင်ကို ဖျက်သိမ်းလိုက်ပြီ.....သန့်စင်တဲ့နယ်မြေကို ချက်ချင်းပြန်ပြီး ကောလိပ်ကို ဒီအကြောင်းသတင်းပို့ရမယ်......"