ဆုံးဖြတ်ချက်....
Vol. 20 Ch. 268
ကျန်းချင်းအာ၏ ဆုံးဖြတ်ချက်ကို မည်သူမှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။အကယ်၍ ကောင်းကင်ဘုံ ကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိနှင့်သာအမှန်တကယ် တွေ့ကြုံရပါက အသက်သေဆုံးကြရမည်သာ....
ပြင်းထန်သော ဒဏ်ရာမှာ အကောင်းဆုံးအခြေနေဖြစ်ပြီး အဆိုးဆုံးမှာ သေဆုံးခြင်းဖြစ်သည်။
ထိုအဆင့်၏ ကြောက်စရာကောင်းမှုကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနှင့်ပင်သိနိုင်သည်။
ဆုတ်ခွာရန်ရွေးချယ်ခြင်းသည် အဆင့်သုံးမျှော်စင်ကို စွန့်လွှတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရမှတ်များ ဆုံးရှုံးရမည်မှာ သေချာနေသလောက်ပင်....
သို့တိုင် အမှတ်များကို အခြားနည်းများဖြင့် ရယူနိုင်သော်လည်း သေဆုံးသူတစ်ယောက်အတွက် ရမှတ်များက အသုံးဝင်နိုင်တော့မည်မဟုတ်ပေ။
အကယ်၍ ဒီနေရာတွင် မဟူရာငန်းတစ်ဖွဲ့တည်းသာဆိုပါက ကျန်းချင်းအာသည် စွန့်စားရမည့်လမ်းကြောင်းကို ရွေးချယ်လိမ့်မည်။ သို့သော်လည်း သူတို့နှင့်အတူ လီလော့တို့ အဖွဲ့ပါရှိနေသေးသည်။
သန်မာသည့်ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လီလော့တို့သည် ဝင်မကူနိုင်သည့်အပြင် ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်နေလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးနောက် ချိုးပိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာချိန်တွင် သန့်စင်သောနယ်မြေဆီ လှည့်ပြန်ခဲ့ကြသည်။
သို့သော်လည်း ကျန်းချင်းအာတို့နှင့်ဆန့်ကျင်သော ဆုံးဖြတ်ချက်မျိုးချမှတ်ထားသည့် အခြားအဖွဲ့များလည်း ရှိနေသေးသည်။
……...........................................
မျှော်စင်ရှေ့တွင်.......
ဒူဇီဟုန်လျန်တစ်ယောက် ဆံပင်စုတ်ဖွားဖြစ်နေသည်ကို ရိုးရိုးရှင်းရှင်း သပ်တင်လိုက်ပြီး
အဖွဲ့သားများကို လှည့်ကြည့်လိုက်သည်။
သူမ၏အဖွဲ့ဝင်တစ်ဦးသည် မျှော်စင်ပေါ်တွင် ချိတ်ဆွဲခံထားရပြီး ၎င်း၏မျက်နှာပေါ်တွင် ရူးသွပ်ဖွယ် အပြုံးတစ်ခုနှင့်အတူ သွေးထွက်နေသော ပါးစပ်ဒဏ်ရာများလည်းရှိနေသည်။
ထိုသူသည် ရဲချူတင်းတို့၏အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပျက်သုန်းခြင်းမျိုးစေ့ ကူးစက်ခံရခြင်းဖြစ်သည်။ အချိန်မှီသတိပြုမိသည့်အပြင် သိပ်လည်း မပြင်းထန်၍သာ တော်ပေတော့သည်။
"စီနီယာဟုန်လျန် ပုံရိပ်ယော်နယ်မြေက အန္တာရာယ်သိပ်များလွန်းတယ်.... "
ဒူဇီဟုန်လျန်က ခေါင်းညိတ်လိုက်ပြီး.....
"အနည်းဆုံး ကပ်ဘေးအဆင့်ပဲ...ကောင်းကင်ဘုံကပ်ဘေးအဆင့်တောင်ဖြစ်နိုင်တယ်......"
သူမ၏အသံတွင် စိုးရိမ်ပူပန်မှုများယှက်သန်းနေသည်။အရိပ်လှိုဏ်ဂူ၏ အပြင်ဘက်နှင့်နီးသောနေရာတွင် ဤကဲ့သို့သော သန်မာသော ကမ္ဘာခြားသက်ရှိများ အဘယ်ကြောင့် ရောက်နေရသနည်း....
"ကျွန်တော်တို့ မစ်ရှင်ကို ရပ်လိုက်သင့်လား...."
ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် သူတို့နှစ်ဖွဲ့ရင်ဆိုင်နိူင်ငည်ထက် ကျော်လွန်နေသောကြောင့် ရဲချူတင်းက မဝံ့မရဲပြောလိုက်သည်။
ထိုအမေးကြောင့် ဒူဇီဟုန်လျန် တခဏမျှ တိတ်ဆိတ်သွားသည်။
"ဇာတ်တူသားစားပြီးရင် သန်မာလာတာသဘာဝပဲလေ.....နည်းနည်းလောက်အပင်ပန်းခံလိုက်ရုံနဲ့ အဆင့်သုံးမျှော်စင်ကို အသက်သွင်းနိုင်ပြီ....အလကားရတဲ့အမှတ်တွေကို မယူဘဲနေမလို့လား......"
ရဲချူတင်း မေးရိုး ပြုတ်ကျတော့မတတ်အံံ့သြနေ၏။
"ဒါဆို မစ်ရှင်ဆက်လုပ်မယ်ပေါ့...."
တခြားသူတွေကလည်း သူမကို စိုက်ကြည့်နေကြသည်။
" ပထမနေရာကို အနိုင်ယူချင်တယ်ဆိုရင်တော့ စွန့်စားရမှာပဲ" ဟု ဒူဇီဟုန်လျန်
က ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်သည်။
"ငါ့မှာ အစီအစဉ်ကောင်းတစ်ခု ရှိတယ်
.... သတိထားပြီး ရှေ့ကို ဆက်သွားနိုင်တယ်....တကယ်လမ်းရှင်းသွားပြီဆို မျှော်စင်ကို အသက်ပြန်သွင်းနိုင်ပြီ....."
"ငါ့အထင် ဒီကမ္ဘာခြားသက်ရှိက အရိပ်လှိုဏ်ဂူရဲ့ အနက်ပိုင်းကနေ အဆင့်သုံးမျှော်စင်ဆီသွားနေတာပဲဖြစ်ရမယ်..... သူ့လို ဇာတ်တူသားစားပြီးသန်မာလာတဲ့ တခြားကမ္ဘာခြားသက်ရှိတွေနဲ့ အချင်းချင်းတိုက်ခိုက်ကြရင် ငါတို့အတွက် အခွင့်ရေးဏလာနိုင်တယ်....အမှတ်ဘယ်လောက်ရနိုင်မလဲ စဉ်းစားကြည့်လိုက်စမ်း......"
အခုလေးတင် အဆင့်နှစ်မျှော်စင်တစ်ခုကို အလကားနီးနီး အသက်သွင်းနိုင်ခဲ့သော်လည်းရှေ့တွင် မည်သည့်အရာများ စီးကြိုနေသည်ကို မည်သူမျှ မသိနိုင်ပေ။
အကယ်၍ ကောင်းကင်ဘုံကပ်ဘေးအဆင့်နှင့်သာတိုးပါ အကုန်ကိစ္စတုံးကုန်လိမ့်မည်။
ထို့ကြောင့် ရဲချူတင်း တွေဝေနေခြင်းဖြစ်သည်။နံရံထက်ရှိ ရူးသွပ်ဖွယ်အပြုံးသည်တွေးကြည့်လိုက်တိုင်း အသည်းအေးစရာပင်.....
" နင် အနိူင်မရချင်ဘူးလား.....ကျန်းချင်းအာ နင့်ကိုမရွေးချယ်ခဲ့မိတဲ့အတွက် နောင်တရစေချင်တယ်မဟုတ်လား....."
ထိုစကားသည် ရဲချူတင်းအရှိုက်ကို တည့်တည့်ထိမှန်သွားစေသည်။
"ဒါဆိုလည်း ဆက်သွားကြတာပေါ့......အခြေနေမကောင်းရင်တော့နောက်ပြန်ဆုတ်ကြမယ်နော်......"
" ကောင်းပြီ....ငါတို့တွေ ဒီလမ်းကြောင်းအတိုင်းဆက်သွားကြမယ်.....အဆင့်သုံးမျှော်စင်က ငါ့တို့အတွက်ပဲဖြစ်ရမယ်....."
ဆုံးဖြတ်ချက်ချပြီး အပြုစားခံရသော အဖွဲ့သားပြန်ကောင်းလာသည်နှင့် ခရီးဆက်ခဲ့ကြလေသည်။
နောက်ထပ်မျှော်စင်သို့ ရောက်ရန် တစ်ရက်ခန့်အချိန်ယူခဲ့ကြရသည်။
လမ်းခရီးတွင် ဒူဇီဟုန်လျန် ခန့်မှန်းထားသည့်အတိုင်း အဆင့်နှစ်မျှော်စင်နှစ်ခုကို အခက်အခဲမရှိ အသက်သွင်းနိုင်ခဲ့သောကြောင့် အဖွဲ့သားများအားလုံး စိတ်ဓာတ်တက်ကြွလာခဲ့ကြသည်။
"ငါတို့ အဆင့်သုံးမျှော်စင်နဲ့ နီးနေပြီ...ပြုံးနေတဲ့ ကမ္ဘာခြားသက်ရှိသာရောက်နေမယ်ဆို သူတို့အချင်းချင်းတိုက်ခိုက်နေလောက်ပြီ....ငါတို့တွေဒါကို အခွင့်ကောင်းယူပြီး မျှော်စင်ထဲ ခိုးဝင်ကြမယ်......"
ယခုအချိန်အထိသူမ၏ ခန့်မှန်းချက်များ မှန်ကန်နေသောကြောင့် အဖွဲ့သားအားလုံး တုန်လှုပ်သွားကြသည်။
"သွားကြည့်ရအောင်....အခြေအနေ မကောင်းရင် လှည့်ပြေးကြတာပေါ့......"
ခေါင်းညိတ်ပြပြီးနောက် စိတ်အားထက်သန်စွာ ထွက်ခွာသွားကြသည်။
အချိန်အတော်ကြာပြီးနောက် သူတို့သည် သတိထား၍ တောင်ထိပ်သို့တက် သွားကြသည်။
အဖြူရောင်မျှော်စင်ကြီးတစ်ခုမှ ထွက်ပေယ်လာသောအလင်းသဲ့သဲ့သည် မှုန်မှိုင်းနေသော ရှုခင်းကို တတ်စွမ်းသလောက် အလင်းဆောင်နေ၏။
အဆင့်သုံးမျှော်စင်.......
"အရမ်းတိတ်ဆိတ်နေတယ်.....အသံမထွက်ဘူး.... လှုပ်ရှားမှုမရှိဘူး...."
ဒူဇီဟုန်လျန်၏ မျက်လုံးများ တလက်လက်တောက်ပလာသည်။
ဒီအဆင့်သုံး မျှော်စင်နားမှာ ရှင်းလင်းနေတာလား.....
ရေကန်အသင့်ကြာအတင့်ပါပဲလား.....
ငွေလင်ပန်းပေါ်မှာ တင်ထားသလား။
"ခဏနေကြဉီး....."
တစ်ခုခုကို အာရုံခံမိလိုက်သောကြောင့် ဒူဇီဟုန်လျန် ရုတ်တရက်အော်ဟစ်လိုက်သည်။
သူမ ညွှန်ပြနေသည့် ကောင်းကင်ယံသို့မော့ကြည့်လိုက်သောအခါ အကုန်လုံး သွေးမရှိတော့သလို ဖြူဖျော့ကုန်လေ၏။
ကောင်းကင်ထက်တွင် မည်းနက်နေသောတိမ်တစုသည် မျက်နှာတစ်ခုသဖွယ်စုစည်းနေပြီးသူတို့ကို ပြုံးပြီးကြည့်နေလေ၏။