← Chapters

နေရာကူးပြောင်းခြင်းမျှော်စင်....

Vol. 20 Ch. 269

နေရာကူးပြောင်းခြင်းမျှော်စင်....

Vol. 20 Ch. 269

မဟူရာငန်းအဖွဲ့နှင့် တရားမျှတမှုအဖွဲ့တို့ သန့်စင်သောနယ်​မြေဆီပြန်ရောက်ဖို့ အချိန်နှစ်ရက်တာ ကုန်ဆုံးခဲ့ကြသည်။

ခိုင်ခံ့ကြီးမားသော အလင်းတန်း အကာအငွယ်ကို မြင်လိုက်ရသဖြင့် နှစ်ရက်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် သက်ပြင်းချကာ သက်တောင့်သက်သာ အသက်ရှုရှိုက်နိုင်ကြပြီဖြစ်သည်။နှစ်ရက်တာအတွင်း ပျက်စီးနေသေ ပုံရိပ်ယောင်နယ်မြေမျိုးနှင့် ထပ်ကြုံရမည်ကို တလမ်းလုံးစိုးထိတ်နေကြရသည်မဟုတ်လော.....

ယခုဆို အလုံခြုံဆုံးနေရာသို့ ပြန်ရောက်ခဲ့ကြပြီး ဖြစ်သောကြောင့် သတိထားနေမှုများကို လျှော့ချနိုင်ပြီဖြစ်သည်။

ကျောင်းသားများ မစ်ရှင်သွားလုပ်နေကြသာကြောင့် စမှတ် တဖြစ်လဲ သန့်စင်သောနယ်မြေတွင် လူသိပ်မရှိပေ။

လီလော့တို့သည် အချိန်မဖြန်းတော့ဘဲ သန့်စင်သောနယ်မြေရှိ မျှော်စင်ဆီသို့ သွားခဲ့ကြသည်။

သူတို့သည် မလှုပ်မယှက်ဘဲ မက်ဆေ့ခ်ျမျှော်စင်ဆီသို့ ဦးတည်သွားကြသည်။

အခုချိန်တွင် ကောင်းကင်ဘုံကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိအကြောင်း ကောလိပ်ဆီသို့ အမြန်ဆုံးသတင်းပို့မှရမည်။

ထိုကောင်းကင်ဘုံကပ်ဘေးအဆင့်သည် အပြင်ဘက်တွင်သာနေ နေလျှင် ကိစ္စသိပ်မရှိနိုင်သော်လည်း သန့်စင်သောနယ်မြေဆီရောက်လာပါက အကုန်ဒုက္ခရောက်ကုန်လိမ့်မည်။

ဆူဖြိုးသော လူ့အသွေးအသားနှင့် စိတ်ခံစားချက်များသည် ကမ္ဘာခြားသက်ရှိများကို ကောင်းကောင်းကြီး ဆွဲဆောင်နိုင်သည်မဟုတ်လော။

အလွန့်အလွန်အားကောင်းသော ကောင်းကင်ဘုံကပ်ဘေးအဆင့်များ ဝိုင်းရံလာပါက သန့်စင်သောနယ်မြေတစ်ခုလုံး ဝေသာလီဘီလူးစီးသလိုဖြစ်ကုန်မည်သာ သေချာသည်။

ဤနေရာတွင် ကျောင်းသားများအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပါက ကောလိပ်အတွက်လည်း များစွာထိခိုက်နစ်နာရလိမ့်မည်။

ကျန်းချင်းအာပင်လျှင် ထိုအချက်ကို အလေးအနက်ထားခဲ့သည်။

"မမချင်းအာ....."

ရွှင်မြူးသောအသံကြောင့် ကျန်းချင်းအာတို့ ခေတ္တရပ်ပြီး လှည့်ကြည့်လိုက်ကြသည်။

စီချိုးယင်း.......

သူမကို အရိပ်လှိုဏ်ဂူမှာထဲရောက်ပြီးချိန်တွင် အခုမှသာ ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။

သူမအနားတွင်ရှိနေသော ရိလီရှနှင့် ချိုးရဲတို့ကလည်း လီလော့ ဖော်ရွေစွာ ပြုံးပြနေကြသည်။

" မမချင်းအာကို အဆင့်သုံးမျှော်စင်ဆီသွားပြီထင်နေတာ....ဒီမှာဘာလုပ်နေကြတာလဲ....."

ကျန်းချင်းအာက က သူတို့ကို ကြည့်လိုက်ပြီး.....

"နင်တို့အားလုံး အပြင်ထွက်တော့မလို့လား..."

စီချိုးယင်း ခေါင်းညိတ်လိုက်သည်။

"မသွားနဲ့တော့....ဒီနေရာကနေမခွာနဲ့... ."

သူမသည် စီချိုးယင်း၏အစ်ကိုနှင့် ဆက်ဆံရေးကောင်းမွန်ပြီး လော့လန်အိမ်တော်နှင့် ကျင်းချွဲ့အိမ်တော်နှစ်ခုကလည်း မိတ်ဖက်များဖြစ်သည့်အတွက် ယခုလိုသတိပေးလိုက်ခြင်းဖြစ်သည်။

ထိုစကားကြောင့်စီချိုးယင်းတင်သာမက သူမတို့အဖွဲ့နှင့် ပူးပေါင်းထားသော ကြယ်သုံးပွင့်အဖွဲ့ကပါ အံ့သြကုန်ကြသည်။

အကယ်၍ တည်ကြည်လွန်းသော ကျန်းချင်းအာ၏ အကျင့်စရိုက်ကိုသာမသိထားလျှင်နောက်ပြောင်နေသည်ဟုပင်ထင်မိကြလိမ့်မည်။

" ကျန်းချင်းအာ....အပြင်မှာဘာတွေဖြစ်နေလို့လဲ....."

"အပြင်မှာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ကမ္ဘာခြားသက်ရှိတစ်ကောင်နဲ့ငါတို့တွေ့ခဲ့တယ်.... အဲ့ကောင်က ဇာတ်တူသားစားပြီးသန်မာလာတာ...အနည်းဆုံး ကောင်းကင်ဘုံကပ်ဘေးအဆင့်လောက်ရှိမယ်ထင်တယ်..."

ထျန်ထျန်းက ကျန်းချင်းအာအစား ရှင်းပြပေးလိုက်သည်။

သူမဆီက ကြားရသော သတင်း အချက်အလက်များကြောင့် စီချိုးယင်းတို့အလန်းတကြားဖြစ်ကုန်ကြသည်။

"ကောင်းကင်ဘုံကပ်ဘေးအဆင့်.... "

ရိလီရှတို့နှင့် ပူးပေါင်းထားသော ကြယ်ပွင့်သုံးပွင့်အဖွဲ့၏ ခေါင်းဆောင်မှာ လော့စိုင်းဟူ ဆိုသော ရင့်ကျက်သည့် လူငယ်တစ်ဦးဖြစ်သည်။

"သေချာရဲ့လား...... နောက်နေတာတော့မဟုတ်ပါဘူးနော်....."

"ဒါဆို ငါတို့ပြန်လာတာကို

အနားယူဖို့ပြန်လာတယ်ထင်နေတာလား....."

ချိုးပိုင်က စိတ်တိုတိုနဲ့ ပြောလိုက်သည်။

ရိလီရှက  ခဏလောက်စဉ်းစားလိုက်ပြီး.....

"သူ့ဘာသာ အပြင်မှာ သွားလာတာ ငါတို့ဆီရောက်လာနိုင်ပါ့မလား....."

"ရောက်လာနိုင်ပါ့မလား....အဟင်း...ဟင်းး"

လီလော့ ခြောက်ကပ်စွာရယ်မောလိုက်မိသည်။

"ကမ္ဘာခြားသက်ရှိတွေကဇာတ်တူသားစားပြီးရင် ပိုသန်မာလာတယ် အဲ့အခါကျရင် သန့်စင်တဲ့နယ်​မြေနဲ့အနီးဆုံးကိုရောက်လာလိမ့်မယ်.....သတိထားပါ....ဆုံးဖြတ်ချက်မမှားစေနဲ့....."

ကျန်းချင်းအာက ခပ်ပြတ်ပြတ်ပြောပြီးသည်နှင့်မျှော်စင်ဆီ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။

စီချိုးယင်းတို့က လီလော့တို့ထွက်သွားသည်ကို ကြည့်နေကြပြီး ချိုးရဲက.....

"ငါတို့ဘာလုပ်သင့်လဲ....."

နောက်ထပ် အမှတ်တွေရဖို့အတွက် သူတို့ရဲ့လမ်းကြောင်းကို စီစဉ်ပြီးသွားပြီ...

ရိလီရှက မေးစေ့ကို ပွတ်လိုက်ပြီး...

"အမှတ်တွေက အရေးကြီးတယ်... ဒါပေမယ့် ဘဝက ပိုအရေးကြီးတယ်ထင်တယ်....."

ထိုအချိန်တွင် လော့စိုင်းဟူက  သက်ပြင်းချလိုက်ပြီး.....

"အခြားသူသာဆိုရင် သံသယဖြစ်မိလိမ့်မယ်....ဒါပေမယ့် ကျန်းချင်းအာ ကိုယ်တိုင်ပြောတာဆိုတော့ ယုံရတော့မှာပေါ့......."

သူမသည် မာနကြီးသော်လည်း ရိုးသားသော စရိုက်ရှိသည်။

ကျန်းချင်းအာသည် အသေးအမွှားလှည့်ကွက်များကို ကစားမည့်သူတစ်ယောက်မဟုတ်ပေ။

"ခဏလောက်စောင့်ကြည့်ကြတာပေါ့.. "

လော့စိုင်းဟူ၏ ဆုံးဖြတ်ချက်ကို အားလုံးက  ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ရိလီရှသည် ထွက်ခွာသွားသော အဖွဲ့များကို ကြည့်လိုက်ပြီး.....

"လီလော့ တော်တော် သန်မာလာတယ်...."

"ဟုတ်တယ်....ငါလည်း အဲ့လိုခံစားနေရတယ်.....အခုဆို ချင်ဇူလုနဲ့တန်းတူလောက်ဖြစ်နေပြီထင်တယ်....."

" ဟားးး သူကညအရိပ်လှိုဏ်ဂူထဲရောက်မှ ပိုသန်မာလာတယ်ဆိုတော့ ပထမနှစ်ကျောင်းသားတွေထဲမှာ နံပါတ်တစ်ဖြစ်လာတော့မှာပေါ့......"

ရိလီရှနှင့် ချိုးရဲတို့ အပြန်အလှန်ဆွေးနွေးနေကြသော်လည်း စီချိူးယင်းကတော့ အတွေများနေဆဲပင်

ဟူးးးး မျက်စိတစ်မှတ်အတွင်း သန်မာလာပြန်ပြီ.....ရိလီရှနဲ့ ချိုးရဲကို နှစ်ယောက် တစ်ယောက် တိုက်နိူင်ခဲ့တဲ့ ချင်ဇူလုနဲ့တောင်တန်းတူဖြစ်နေပြီဆိုတော့.......

ယခုချိန်တွက် မြို့အဝင်ဝက တောင်ကုန်းပေါ်တွင် ကျန်းချင်းအာ သူမကိုပြောခဲ့ဖူးသည်စကားများကိုသာ ကြားယောင်နေမိတော့သည်။

…….............................

သန့်စင်သောနယ်မြေ၏အလယ်တွင် မြင့်မားသောကျောက်သားမျှော်စင်တစ်ခုရှိသည်။ ဤသည်မှာ အလင်းအတားအဆီးတို့ အစပြုရာ သန့်စင်သောနယ်မြေ၏ နှလုံးသားဖြစ်သည်။

ကျောက်မျှော်စင်အတွင်းတွင် မျှော်စင်နှင့် ဆက်စပ်နေသော ရှေးဟောင်းသစ်မြစ်တစ်ခုရှိသည်။

ကြမ်းပြင်ပေါ်ရှိ ရှုပ်ထွေးပွေလီသော မှော်စာလုံးများသည် ကျောင်းသားများအတွက် လိုအပ်သော ရိက္ခာပစ္စည်းများကို ပို့ဆောင်ပေးနေသော နေရာကူပြောင်းခြင်းမှော်စာလုံးများဖြစ်ကြသည်။

ဤနေရာတွင် စည်းကမ်းထိန်းသိမ်းရန် သာမန်နည်းပြအချို့ရှိနေသည်။

နည်းပြတစ်ယောက်ကိုတွေ့ပြီး အကျိုးကြောင်းပြောပြလိုက်သည့်အခါ......

"ဘယ်လို.... ကောင်းကင်ဘုံကပ်ဘေးအဆင့်..... တကယ်ပြောနေတာလား...."

သတင်းကြား ကြားချင်း သွေးမရှိတော့သလိုဖြူဖျော့သွားပြီး ကြောက်လန့်တကြား ထအော်သော နည်းပြကြောင့် ​ကျန်သောနည်းပြများမှာ အကုန်ကြားကုန်ကြသည်။

ဤဆရာများသည် တိုက်ခိုက်ရေးသမားများမဟုတ်ပေ။ ၎င်းတို့သည် အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေး တာဝန်ခံများသာ ဖြစ်သည်။

"နည်းပြ..... ဒီအချိန်က ထိတ်လန့်နေရမယ့်

အချိန်မဟုတ်ဘူးကျောင်းကို တတ်နိုင်သမျှ အမြန်ဆုံး အကြောင်းကြားဖို့ လိုတယ်...ဒါမှ သူတို့ စစ်ကူပို့လို့ရမှာ​​တယ်......ဖြစ်နိုင်ရင် အပြင်ရောက်နေတဲ့ ကျောင်းသားတွကို သတိပေးပြီး ဒီနေရာကို  ပြန်ခေါ်သင့်တယ်....အပြင်မှာဆို အန္တရာယ်ပိုများတယ်....ဒီထဲမှာသာဆို တစ်ခုခုဖြစ်လာရင်တောင် ခုခံကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်နိုင်တယ်....."

အကျိုးကြောင်းသင့်သောရှင်းပြပေးသည့် လီလော့ကို  နည်းပြက ကျေးဇူးတင်သည့်အနေဖြင့်ခေါင်းညိတ်ပြလိုက်သည်။

"နေရာကူး​ပြောင်းခြင်းမျှော်စင်ကို  ဘယ်အချိန်နောက်ဆုံးသုံးခဲ့တာလဲ...."

ကျန်းချင်းအာ အလျင်စလိုမေးလိုက်သည်။

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို အချိန်ပြည့်မသုံးနိုင်ပေ။တစ်ခါသုံးပြီးသည်နှင့် အားပြည့်အောင်အချိန်တစ်ခုထိ စောင့်ဆိုင်းရမည်။

နည်းပြများက အချင်းချင်း ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး......

"လွန်ခဲ့တဲ့ နှစ်နာရီက နောက်ဆုံးသုံးခဲ့တာ...."

All Chapters