လျှောက်လဲချက်များ....
Vol. 20 Ch. 270
နည်းပြများသည် ရှေ့တွင် အပုံလိုက်ရှိနေသော ထောက်ပံ့ရေးပစ္စည်းများကို စိတ်ပျက်စွာငေးကြည့်နေကြ၏။
လွန်ခဲ့တဲ့ နှစ်နာရီကပဲ ပို့လိုက်ကြတာ......
ဆိုလိုချင်တာက နေရာကူးပြောင်းခြင်းမျှော်စင်ကို နောက်တစ်ကြိမ်ထပ်သုံးရန်
အတွက် ခုနစ်ရက်စောင့်ရပေဉီးမည်။
ခုနစ်ရက်အတွင်း များစွာသော အရာများ ဖြစ်ပေါ်လာနိုင်သည်။
ကောင်းကင်ဘုံကပ်ဘေးအဆင့်သာရောက်လာရင် ဘယ်လိုဖြစ်မလဲ.... သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ကြမလဲ.....
စိတ်ပျက်လက်ပျက် ငြီးတွားသံများ ဟိုဟိုသည်သည်မှ ဆက်တိုက်ထွက်ပေါ်လာလေ၏။
"ငါတို့ မြန်မြန်ပြန်လာခဲ့သင့်တာ...."
ချိုးပိုင်၏အားမလိုအားမရ ငြီးတွားမှုကို ထျန်ထျန်းကလည်း ခပ်ဆတ်ဆတ်လေးပြန်ပက်လိုက်သည်။
"ငါတို့လည်း အတတ်နိုင်ဆုံး မြန်မြန်လာခဲ့တာပဲလေ....ငါတို့ လုံးဝ အနားယူခဲ့တာမှမဟတုတ်တာ....ပြီးတော့ နှစ်နာရီနောက်ကျသွားမယ်လို့ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ......"
"ရှက်လိုက်တာ..."
ရှင်းဖူက သက်ပြင်းချလိုက်သည်။
ထိုအခါ ကျန်းချင်းအာက
"ပထမဆုံး ကျောင်းကို သတင်းပြန်ပို့သင့်တယ်... သူတို့ တစ်ခုခုတော့ စီစဉ်ပေးနိုင်မှာပါ....."
ကျန်းချင်းအာ၏ အဆိုပြုချက်ကို နည်းပြများက ခေါင်းညိတ်ထောက်ခံခဲ့ကြသည်။
သူတို့ထဲက တစ်ယောက်က စိမ်းစိုတောက်ပတဲ့ သစ်ရွက်တစ်ရွက်ကို ဆွဲထုတ်ပြီး ကျန်းချင်းအာကိုပေးလိုက်သည်။
သူမသည် မျက်လုံးများကို မှိတ်ထားရင်း သစ်ရွက်လေးထဲသို့ အလင်းတန်းလေးတစ်ခုနှင့်အတူ သတင်းစကားတစ်ခုကို ထည့်သွင်းလိုက်သည်။
ဤသို့ဖြင့် သူမသည် ကျောက်မျှော်စင်အလယ်ရှိ ရှေးဟောင်းသစ်မြစ်ဆီသို့ လျှောက်သွားကာ သစ်ရွက်များကို ပင်စည်နဲ့ထိကပ်လိုက်သည့်အခါတဖြည်းဖြည်းနဲ့ အရွက်တွေ သစ်မြစ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
သတင်းပို့ပြီးပြီဖြစ်သော်လည်း အကြောင်းပြန်သည့်သတင်းစကားပြန်ရောက်ရန် အချိန်အနည်းငယ်ကြာဉီးမည်သာ....
" ပြုံးနေတဲ့ကောင်ကြီး ငါတို့ဆီရောက်မလာပါစေနဲ့လို့ပဲဆုတောင်းရတော့မယ်......"
ချိုးပိုင်က စိတ်အားထက်သန်စွာ ဆုတောင်းလိုက်သည်။
"ရန်သူ၏ကျရှုံးစေဖို့ဆုတောင်းနေရုံနဲ့မပြီးသေးဘူး..... ဆရာတို့....အပြင်ဘက်ရောက်နေတဲ့ကျောင်းသားတွေကို ပြန်ခေါ်လို့ရမလား......"
"ကောင်းပြီ၊ သတိပေးချက်က အကန့်အသတ်ရှိတဲ့အတွက် အနီးနားမှာ ရှိတဲ့သူတွေသာ ကြားနိုင်လိမ့်မယ်.....
"မင်းခြောက်ယောက်ကသာ ကောင်းကင်ဘုံကပ်ဘေးအဆင့်ကိုမြင်ခဲ့ကြတာ... တခြားကျောင်းသားတွေကမမြင်ဖူးသေးတော့ယုံချင်မှယုံကြလိမ့်မယ်.... ဘာကိုမှအတည်မပြုရသေးခင် သူတို့ကို ပြန်ခေါ်ရင် ပြန်လာကြပါ့မလား....."
ဟုတ်တော့လည်း ဟုတ်သည်။အကယ်၍ဘာမှသာမဖြစ်လာလျှင် ကျန်းချင်းအာတို့က အခြားကျောင်းသားများ အမှတ်မရအောင် အနှောက်အယှက်ပေးသည်ဟု အထင်ခံရလိမ့်မည်။
မစ်ရှင်အတွက် အဖွဲ့အသီးသီးက အသေးစိတ်အစီအစဉ်များချမှတ်ထားကြသောကြောင့် အခုလိုနှောက်ယှက်ခံရခြင်းကိုမည်သူမျှသည်းခံနိုင်မည်မဟုတ်ပေ။
"ကျွန်မတာဝန်ယူတယ်.....သတိပေးချက်ကိုလည်း ကျွန်မကိုယ်တိုင်ကြေငြာပေးမယ်......"
ကျန်းချင်းအာက တည်ငြိမ်စွာပြောလိုက်သည်။
သူမကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဂရုနေစရာမလိုပေ။ အပြင်မှာရှိနေသည့်ကျောင်းသားများသာ ပြုစာခံလိုက်ရလျှင်........
ကျန်းချင်းအာ ပြောချင်သညိ့အဓိပ္ပါယ်ကိုနားလည်နေသာကြောင့် နည်းပြများပင် ပင့်သက်ရှိုက်လိုက်မိကြသည်။
ထို့ကြောင့် မျှော်စင်ရှိသစ်မြစ်ကို အမြန်အသက်သွင်းလိုက်ကြလေတော့သည်။
ထိုအခါ ကျယ်လောင်လွန်းလှသော အချက်ပေးသံတစ်ခုနှင့်အတူ စွမ်းအင်လှိုင်းများ ပျံ့လွင့်သွားသည်မှာ အတော်အတန်ဝေးသောနေရာအချို့ထိပင်.....
စွမ်းအင်လှိုင်းများသည် မျက်စိဖြင့် မမြင်နိုင်သော်လည်း ၎င်းတို့ကြောင့် ကျောင်းသားများတွင်ရှိနေသော ချင်းမုလည်ဆွဲများသည် တုံ့ပြန်သည့်အနေဖြင့် ပိုမိုနွေးထွေးသော အနွေးဓာတ်များကိုထုတ်လွှတ်ပေးနေ၏။
သတိပေးချက်ရောက်ရှိနိုင်သည့် အကွာအဝေးတွင်ရှိနေသော ကျောင်းသားတိုင်း တူညီတဲ့ နွေးထွေးမှုကို ခံစားကြရမည်ဖြစ်သည်။
အားလုံးပြန်လည်လာဖို့သာ မျှော်လင့်ရတော့မည်။ ထိုမှသာ ကောင်းကင်ဘုံကပ်ဘေးအဆင့်ရောက်လာပါက ပူးပေါင်းခုခံနိုင်မည်ဖြစ်ပြီး ကျောင်းသားအားလုံး ဘေးကင်းလုံခြုံလိမ့်မည်။
ကျန်းချင်းအာတို့ ကျောက်မျှော်စင်ဆီပြန်လာသည်ကို မြင်ထားသောကျောင်းသားအချို့ကလည်း သတိပေးချက်ကြောင့် တအံ့တသြဖြစ်ကုန်ကြသည်။
အကြောင်းစုံသိပြီးသော ရိလီရှတို့ပင်လျှင် ကျန်းချင်းအာတစ်ယောက် သတိပေးချက်ထုတ်ပြန်ခိုင်းသည်အထိ နည်းပြများကို စည်းရုံးနိုင်ခဲ့ခြင်းအပေါ်အံ့သြနေကြဆဲပင်.....
ဆိုလိုသည်မှာ ထိုကိစ္စကို ခပ်ပေါ့ပေါ့သဘောထားနေလို့မဖြစ်တော့ပေ။
ယခုဆိုလျှင် ကျောက်မျှော်စင်ရှေ့၌ ဖြေရှင်းချက်တောင်းခံနေသော ကျောင်းသားများရှိသော်လည်း နည်းပြများက လူစုံမှသာ ရှင်းပြမည်ဟု ပြောကြားထားသည်။
သိချင်စိတ်ပြင်းပြနေသော ကျောင်းသားများသည် နေ့တစ်ဝက်ခန့် စောင့်ဆိုင်းခဲ့ရသည်။
အခုဆို လူစုလူဝေး အုံကြွလာပြီးစ်ချိန်တည်းမှာပင် မကျေမနပ် ရေရွတ်သံများ ပိုနိုကျယ်လောင်လာပြီ......
တချို့ဆို နည်းပြဆရာများကြားလောက်အောင် ကျယ်လောင်သော လေသံဖြင့် အပြန်အလှန် မေးခွန်းထုတ်နေကြသည်။
ဘာကြောင့်ပြန်ခေါ်ရသလဲ......
ရှင်းပြဖို့အချိန်တန်ပြီဖြစ်သောကြောင့် ကျန်းချင်းအာက လီလော့တို့ကို အချက်ပေးလိုက်ပြီး ကျောင်းသားများရှေ့သို့ ရဲဝံ့စွာထွက်ပေါ်လာသည်။
သူမ၏ ဂုဏ်သတင်းကြီးမြတ်မှုနှင့်အလှတရားတို့သည် ဆူညံသံများကို ငြိမ်သက်သွားစေခဲ့သည်။
သူမ တစ်ယောက်ချင်းစီကို တမင်စိုက်ကြည့်လိုက်သည့်အခါ သူမ၏ ပျားရည်ရွှေရောင် မျက်ဝန်းတစ်စုံကြောင့် နှလုံးသားများ ခုန်ပေါက်နေလေတော့သည်။
ကျန်းချင်းအာ၏ ရဲဝံ့ပြတ်သားသောအကြည့်များကို လူတိုင်းခံနိုင်ရည်မရှိကြရှာပေ။
ကျန်းချင်းအာက ပုရိသတို့၏စိတ်အာရုံကိုဖမ်းစားနိုင်သည်ဆိုပါက သူမအနီးတွင်ရပ်နေသော လီလော့ကလည်း ပျိုမဒီတို့၏စိတ်အာရုံကို ကောင်းစွာဖမ်းစားနိုင်ခဲ့ပါသည်။
"ငါတို့တွေ အပြင်ဘက်မှာ သွားလာနေတဲ့ ကောင်းကင်ဘုံကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိတစ်ကောင်နဲ့ တွေ့ခဲ့တယ်....ဒါ့ကြောင့်အခုလို သတိပေးချက်ထုတ်ပြန်လိုက်ရတာပါ.....အခုဆို အဲ့အကောင်က တခြားနေရာတွေဆီ နေရာပြောင်းနေလောက်ပြီ....ဒီကိုရောက်မလာမဘူးလို့မပြောနိုင်ဘူး....."
ကျန်းချင်းအာက အဖြစ်မှန်များကို ရိုးရိုးရှင်းရှင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
"ကောင်းကင်ဘုံကပ်ဘေးအဆင့်..... "
"ဘာလို့ ပေါ်လာရတာလဲ....."
ကျန်းချင်းအာ၏ ကြီးမြတ်သော ဂုဏ်သတင်းကြောင့်သာ မဟုတ်ရင် လိုအပ်ဘဲ ထိတ်လန့်တကြား ဖြစ်စေခဲ့တဲ့အတွက် သူမကို ဝိုင်းဝန်းဆဲဆိုမိကြလိမ့်မည်။
သို့တိုင် မယုံကြည်နိုင်သူအချို့ရှိနေဆဲပင်.....
" မင်းတို့တွေ ကောလိပ်ကတပ်ကူလွှတ်တဲ့အချိနိထိ မစ်ရှင်ဆက်မလုပ်ဘဲ ဒီမှာပဲနေဖို့အကြံပြုချင်တယ်......"
ကျန်းချင်းအာ၏အဆိုပြုချက်ကြောင့် ကျောင်းသားများအားလုံး
တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သန့်စင်သောနယ်မြေတွင် နေခဲ့မည်ဆိုပါက အမှတ်ထပ်ရနိုင်တော့မည်မဟုတ်။ ဒါဟာ ခံနိုင်ရည်ရှိဖို့ ခက်ခဲတဲ့ ဆုံးရှုံးမှုတစ်ခုသာပင်......
နောက်ဆုံးတွင် ကြယ်သုံးပွင့် ခန်းမမှ ကျောင်းသားတစ်ဦး စကားပြောလာသည်။
"ကျန်းချင်းအာ.... မင်းမျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့လို့လား....."
"ဟင့်အင်း မမြင်ခဲ့ဘူး....ဒါပေမယ့် သူဖန်တီးထားတဲ့ပုံရိပ်ယောင်နယ်မြေထဲတော့ရောက်သွားခဲ့တယ်..... ဒါ့ကြောင့်လည်း ကောင်းကင်ဘုံကပ်ဘေးအဆင့်ဖြစ်မယ်လို့ဆုံးဖြတ်ခဲ့တာ......"
"ဒါပေမယ့် အချို့သော ရိုးရိုးကပ်ဘေးအဆင့်တွေကလည်း ပုံရိပ်ယောင်နယ်မြေဖန်တီးနိုင်ကြတာပဲလေ...မင်းတို့အတွက်မှားတာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲ....သာမာန် ကပ်ဘေးအဆင့်လောက်ကို ဒီလောက်ကြီးကြောက်နေစရာလိုလို့လား......"
ကြယ်သုံးပွင့် ကျောင်းသားတစ်ဉီးက ကျိုးကြောင်းဆီလျော်စွာ မေးခွန်းပြန်ထုတ်နေသည်ကို အခြားသူများကလည်း ခေါင်းညိတ် သဘောတူကြသည်။ မည်သူ
မျှ ဤနေရာတွင် မဖြုန်းချင်ကြပေ။
"စီနီယာကျန်း.....အဆင့်သုံးမျှော်စင်ကိုမသန့်စင်နိုင်တာကြောင့် ငါတို့ကိုပါဆွဲချဖို့ ဉာဏ်ဆင်နေတာလား......"
ထိုသို့ပြောလိုက်သူက အခြားသူမဟုတ် စုန်ချီယုသာပင်.....
ကြယ်သုံးပွင့်ခန်းမမှ ကျောင်းသားများက သူတို့၏နတ်ဘုရားမလေးကို စွပ်စွပ်စွဲစွဲပြောနေသည်ကို သည်းမခံနိုင်သောကြောင့်.....
." စီနီယာကျန်းရဲ့အဆင့်နဲ့ ဒါမျိုးလုပ်စရာလိုလို့လား....စဉ်းစဉ်းစားစားလည်းပြောကြပါဉီး......."
" ယုတ္တိလုံးဝမရှိဘူး....ကောင်းကင်ဘုံကပ်ဘေးအဆင့်ကို အရိပ်အယောင်တောင်မမြင်ရဘဲ ဒီနေရာမှာအချိန်ဖြန်းနေစရာလား......"
စုန်ချီယုကလည်း မရ ရအောင် ကန့်လန့်တိုက်နေသည်။အခုဆို ခုခံသူနှင့် ငြင်းဆန်သူများဟူ၍အဖွဲ့ကွဲကုန်ကြပြီ......
"တော်ကြတော့......သတိပေးသင့်တယ်ထင်လို့သတိပေးပြီးပြီ....ကျန်တာကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ကြ......တစ်ခုတော့ထပ်ပြောလိုက်မယ်....ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့ တွေ့ကြုံပြီး ပြုစားခံခဲ့ရတာ ငါတို့တစ်ဖွဲ့တည်းတင်မဟုတ်လောက်ဘူး......မင်းတို့ထဲက တစ်ချို့တွေလည်း တွေ့ဖူးပြီးသားဖြစ်လိမ့်မယ်.....ဘာလို့ဆို.....မင်းတို့ထဲက တချို့တွေ ပြုစားခံနေရပြီ........"