← Chapters

ညွှန်ကြားသူ.......

Vol. 20 Ch. 271

ညွှန်ကြားသူ.......

Vol. 20 Ch. 271

ကျန်းချင်းအာ၏ အပြောကြောင့် ကျောင်းသားအားလုံး တစ်ယောက်ကိုတစ်ယောက် သံသယမျက်လုံးများဖြင့်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အချင်းချင်း လူစုခွဲလိုက်ကြလေသည်။

ကောင်းကင်ဘုံကပ်ဘေးအဆင့် တကယ်ရှိ မရှိ မသေချာသော်လည်း ကျန်းချင်းအာကိုယုံကြည်လိုက်သည်က အကောင်းဆုံးဖြစ်လိမ့်မည်။

အရိပ်လှိုဏ်ဂူ၏ ကြောက်မက်ဖွယ်ကောင်းမှုများကို စီနီယာကျောင်းသားတိုင်း ကောင်းကောင်းနားလည်ကြသည်မဟုတ်လော။

"စီနီယာကျန်း..... နင် အားလုံးကို အထိတ်တလန့်ဖြစ်အောင် သွေးထိုးနေတာလား......."

စုန်ချီယုက အရင်ဉီးအောင် စွပ်စွဲနေလေပြီ။

ကျန်းချင်းအာက သူမကို လျစ်လျူရှုထားပြီး ကျောင်းသားတွေဘက်ကိုလှည့်ပြီး ပြုံးပြနေလေ၏။

ကျန်းချင်းအာ၏ နှစ်လိုဖွယ်ကောင်းသော တောက်ပသည့်အပြုံး​ကြောင့် ကျောင်းသားတိုင်း အသက်ရှူမှားကုန်ပြီး အလိုလို လိုက်ပြုံးမိလိုက်ကြသည်။

သို့သော် မပြုံးနိုင်သူအချို့လည်း ရှိနေသေးသည်။

လူအုပ်ကြားထဲမှ အချို့သည်  မေးရိုးကြွက်သားများ တင်းမာနေသည်ကို  ဖိအားပေးပြီး ပြုံးနေသောကြောင့် နှုတ်ခမ်းထောင့်များ စုတ်ပြဲကုန်လေသည်။

သွေးစွန်းနေသော မျက်နှာများမှ ရူးကြောင်ကြောင် အပြုံးများ......

ဗြိ.....ဗြိ......

မိမိတို့၏အဖွဲ့သားများ ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားမှုကြောင့် အကုန်အံ့သြထိတ်လန့်ကုန်ကြသည်။

ရူးသွပ်သော ရယ်မောသံများကြားတွင် အပြုစားခံထားရသော ကျောင်းသားများက စတင်တိုက်ခိုက်လာသဖြင့်  ပဲ့တင်ထပ်သံ စွမ်းအားများရုတ်တရက် ပျံ့လွင့်လာပြီးမြင်ကွင်းတစ်ခုလုံး ပရမ်းပတာဖြစ်သွားသည်။

"မကြောက်ကြနဲ့.....အတူတူနှိမ်နင်းကြမယ်....."

လီလော့က ဝရုန်းသုန်းကားဖြစ်နေသော လူအုပ်ကြီးကို အော်ဟစ်သတိပေးလိုက်သည်။

ထိုအခါမှသာ ကျောင်းသားများသတိဝင်လာပြီး ပြုစားခံရသူများကို စတင်တိုက်ခိုက်လိုက်ကြသည်။

အနည်းငယ်ကြာပြီးနောက် ကျောင်းသားအချို့ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြသည်။

ကျောင်းသားများ ထိတ်လန့်တုန်လှုပ်နေကြဆဲပင်.....အဖွဲ့သားအချင်းချင်း ပြုစားခံထားရသည်ကိုပင်မသိဘဲ စိတ်ချလက်ချ အနီးကပ်နေမိသည်ကိုတွေးမိတိုင်း ကြက်သီးထလာမိသည်။

လီလော့သည် သူတို့ရပ်နေသည့် မြင့်မားသော စင်မြင့်ပေါ်မှနေ၍ စုန်ချီယုရှေ့သို့ ခုန်ဆင်းကာ သူမ၏ ပါးစပ်ကို လက်ဖြင့် တင်းကြပ်စွာ ဖိထားလိုက်ပြီး.....

"မင်းလက်ကို ချလိုက်ပြီး ငါ့ကို ပြုံးပြ.."

စုန်ချီယု​က သူ့ကို စိုက်ကြည့်နေလေ၏။

"မင်း မပြုံးရဲရင် ပြုစားခံထားရတယ်လို့သတ်မှတ်ပြီး တိုက်ခိုက်ရလိမ့်မယ်..."

လီလော့က ဓားတိုနှစ်လက်ဆီသို့ စွမ်းအားများပို့လွှတ်ပြီး ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်သည်။

စုန်ချီယုက အဖွဲ့သားများကိုအကူညီတောင်းဖို့လှည့်ကြည့်လိုက်သော်လည်း အားလုံးက သူမကို သံသယအကြည့်များနှင့််သာကြည့်နေကြသည်။

ယခုလိုအရေးကြီးနေချိန်တွင် လီလော့ဘက်က နောက်ပြောင်နေမည်မဟုတ်ဟု ယူဆထားသောကြောင့်ပင်.....

သူမလက်ကို ဖယ်လိုက်ပြီး သွားစိကာ မချိပြုံး ပြုံးပြလိုက်ပြီး.....

" ရပြီလား..."

"လက်တွေ့ကြုံထားရတဲ့အတွေ့အကြုံအရ အပြုစားခံထားရသလားဆိုတာကို အပြုံးတွေကိုကြည့်ပြီးဆုံးဖြတ်ရတာ.....ခုနက ငါတို့ကို အကန်တွေချည်းပဲ ပြောနေပုံထောက်ရင် ပြုစားခံရတာပဲဖြစ်မယ်.. အဲ့တော့ သံသယရှင်းသွားအောင် တစ်နာရီတိတိဒီအတိုင်းပြုံးနေလိုက်......"

" တစ်နာရီတောင်....."

စုန်ချီယု အေးခဲသွားသည်။

လီလော့က သူမကို လျစ်လျူရှုပြီး အခြားအဖွဲ့များဆီသို့ လှည့်သွားခဲ့သည်။

" အခု ယုံပြီလား.... သာမန်ကပ်ဘေးအဆင့်လောက်က ဘာအန္တာရာယ်မှမရှိပါဘူးဆို....."

"အခုက ထိတ်လန့်ရမယ့်အချိန်မဟုတ်သေးဘူး"

ထျန်ထျန်းက ကျယ်လောင်စွာအော်လိုက်သည်။

" ကောလိပ်ကစစ်ကူပို့တဲ့အထိ ဒီနယ်မြေကို  လုံခြုံအောင်ထားပြီး  ခုခံကာကွယ်မှုတွေ ခိုင်မာအောင်လုပ်ထားသင့်တယ်...."

အားလုံးက ထိုအစီအစဥ်ကို စိတ်အားထက်သန်စွာ ခေါင်းညိတ်သဘောတူလိုက်ကြသည်။

" စီနီယာကျန်း ဉီးဆောင်မှုနောက် လိုက်ပါ့မယ် ....."

"ဟုတ်တယ်....စီနီယာကျန်းက ကြယ်သုံးပွင့်ခန်းမရဲ့ ခေါင်းဆောင်ဖြစ်တဲ့အပြင် ကောလိပ်ရဲ့ စည်းမျဉ်းအရ ဒီလိုအရေးပေါ်အခြေအနေမှာ ကျောင်းသားတွေရဲ့ ညွှန်​ကြားသူအဖြစ်တာဝန်ယူလိုက်ပါ....ငါတို့တွေ လိုက်နာပါ့မယ်....."

ကျန်းချင်းအာ၏ ဂုဏ်သိက္ခာကို ယုံကြည်လက်ခံသည့်  ထောက်ခံသံများ ပိုများလာသည်။

ကျန်းချင်းအာသည် ထိုရာထူးကို စိတ်မဝင်စားသော်လည်း အဖွဲ့များစွာကို စုစည်းနိုင်ရန် သူမတစ်ဉီးတည်းသာ လုပ်ဆောင်နိုင်သောကြောင့် ညွှန်ကြားသူရာထူးကိုလက်ခံလိုက်ရတော့သည်။

“အပြုစားခံထားရတဲ့ ကျောင်းသားတွေကို ကျောက်မျှော်စင်နားမှာ ထားလိုက်ပါ..... သန့်စင်တဲ့အလင်းရောင်က သူတို့ကို သန့်စင်ပေးလိမ့်မယ်.....ပြီးရင် သန့်စင်တဲ့နယ်မြေကိုဝင်တဲ့ ဝင်ပေါက်တွေမှာ မှန်တွေထောင်ထားပေးပါ..... အထဲဝင်ချင်တဲ့ ကျောင်းသားတိုင်း မဝင်မီ တစ်မိနစ်လောက် ပြုံးပြရမယ်......"

တစ်မိနစ်ပြည့်အောင် မှန်ကြည့်ပြီး ပြုံးပြရမည်ဆိုသည်မှာ  အများအားဖြင့် ရယ်စရာကောင်းသော အတွေးတစ်ခု ဖြစ်သည်။ သို့သော်လည်း သွေးစွန်းနေသော ပါးပြင်များနှင့် တစ်ဖက်စောင်းနင်း ရူးသွပ်နေသော အပြုံးမျိုးမှာ တွေးကြည့်ရုံနှင့်ပင်အသည်းထိတ်စရာကောင်းလွန်းလှသည်။

" လီလော့ ​ပြောတာမှန်တယ်..... အပြုံးတွေကပျက်သုန်းခြင်းမျိုးစေ့တွေရဲ့ မူလဇစ်မြစ်ဖြစ်နိုင်တယ်...  ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါ..."

ကျန်းချင်းအာက လီလော့၏ အဆိုပြုချက်ကို လေးလေးနက်နက် ထောက်ခံနေသည်။

မည်သို့ပင်ဖြစ်စေ လုံခြုံရေးအတွက် အသုံးဝင်သော အဆိုပြုချက်မျိုးကို မည်သူမျှ မငြင်းနိုင်ကြပေ။

ထို့နောက် ကျန်းချင်းအာသည် ကျောင်းသားများကို တာဝန်များခွဲဝေပေးပြီး ကာကွယ်ရေးကို အားကောင်းစေရန် လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးတော့ အ​ခြေနေတွေက ကောင်းမွန်တဲ့ လမ်းကြောင်းဆီဉီးတည်နေခဲ့လေပြီ.....

တတ်နိုင်သမျှအကုန်လုပ်ပြီးပြီဖြစ်သောကြောင့် ကောင်းကင်ဘုံကပ်ဘေးအဆင့် ရောက်မလာဖို့သာ ထိုင်ဆုတောင်းရတော့မည်။

အခုဆို အမှတ်ရဖို့အတွက် မဟုတ်ဘဲ အသက်ဘေးအတွက်မျှော်စင်ကိုကာကွယ်ရတော့မည်။

ကျန်းချင်းအာသည်လည်း ညွှန်ကြားသူအဖြစ်တာဝန်ယူကာ အချိန်မရွေးတိုက်ခိုက်လာနိုင်သည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစွာပြုလုပ်နေသည်။

ဝင်ပေါက်များတွင် စုပေါင်းတပ်ဖွဲ့ဝင်များကစောင့်ကြပ်စစ်ဆေးနေပြီး ထူးဆန်းသော လုံခြုံရေးအစီအမံအသစ်များနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ရှိနေသည်။ သို့သော် အပြုစားခံရသော ကျောင်းသားအချို့ကို ဖော်ထုတ်ပြီးနောက်တွင် ငြင်းခုံမှုများ မရှိတော့ပေ။

ကျန်းချင်းအာနှင့်လီလော့ တို့သည်မြင့်မားသောမျှော်စင်တစ်ခု၏ထိပ်တွင် ရပ်နေကြသည်။ သုတ်သင်ရှင်းလင်းရေးမစ်ရှင်စတင်ပြီး တစ်လခွဲအတွင်းတွင် အနက်ရောင်အမှုန်အမွှားများစွာ ကင်းစင်သွားခဲ့ပြီဖြစ်သောကြောင့် အချို့သောနေရာများကိုရှင်းလင်းစွာမြင်နေရသည်။

သို့သော်လည်း အဝေးဆီမှ မှောင်မိုက်မှုများကြောင့် စိတ်မသက်မသာ ဖြစ်နေဆဲပင်.....

"ချင်းအာ..... ကောင်းကင်ဘုံကပ်ဘေးအဆင့်  ဒီကိုလာနေပြီလို့ ထင်လား....."

သူမ သူ့ကို အံ့သြစွာ ကြည့်လိုက်ပြီး...

"နင့်မှာ သံသယဝင်စရာရှိနေလို့လား...."

"ခံစားချက်သက်သက်ပါ...... ကောင်းကင်ဘုံကပ်ဘေးအဆင့်က ကောင်းကင်ဘုံနစ်မြုပ်ခြင်းအဆင့်နဲ့ညီတယ်..အမာခံခုနှစ်ယောက်တောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး......"

"ကြောက်နေပြီလား....စိတ်မပူပါနဲ့ ငါ နင့်ကိုကာကွယ်ပေးမှာပါ..."

ကျန်းချင်းအာက လီလော့ကို ကလေးငယ်တစ်ယောက်လို ခေါင်းပုတ်ပေးဖို့လက်လှမ်းနေသောကြောင့် လီလော့က အလန့်တကြားရှောင်တိမ်းလိုက်ပြီး.....

"တစ်နေ့ကျရင် ဒီစကားမျိုးကို ငါပဲပြောမယ်....."

"အင်း...အစွမ်းကုန်ကြိုးစားပါ... ငါစောင့်နေမယ်...."

သူမသည် လုပ်ရိုးလုပ်စဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် မြေပုံကိုဆွဲထုတ်လိုက်သော်လည်း လီလော့၏ မျက်လုံးများပြူးကျယ်သွားလေ၏။

"ဘာမှားလို့လဲ..."

လီလော့က မြေပုံပေါ်ရှိ ဧရိယာတစ်ခုကို ညွှန်ပြသည်။

"ငါတို့ အသက်သွင်းခဲ့တဲ့ အဆင့်နှစ်မျှော်စင်တစ်ခု ထပ်ပြီး ပျက်စီးသွားပြီ....."

ဟုတ်ပေသည်...အရင်ရက်ပိုင်းက အသက်သွင်းခဲ့သော် မျှော်စင်များနေရာတွင် မည်းနက်နေသောအမှတ်အသားများသာရှိနေတော့သည်။

All Chapters