← Chapters

နက်ရှိုင်းစွာ ပြုစားခံရခြင်း....

Vol. 20 Ch. 273

နက်ရှိုင်းစွာ ပြုစားခံရခြင်း....

Vol. 20 Ch. 273

သုံးရက်အကြာတွင် နယ်မြေ ၁၃သို့ ကျောင်းသား ၈၀% လောက် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

သို့တိုင် သူတို့အပေါ်တွင် မှောင်မိုက်သော တိမ်တိုက်တစ်ခုလိုအုပ်မိုး စိုးရိမ်ပူပန်မှုတစ်ခု ရှိနေသေးသည်။ ဤသည်မှာ ကောင်းကင်ဘုံကပ်ဘေးနှင့် ပထမဆုံး ကြုံတွေ့ရခြင်းပင် ဖြစ်သည်။

ပြန်လာချိန်တွင် ပျက်သုန်းခြင်းမျိုးစေ့ကူးစက်ခံထားရသည့် ကျောင်းသားများစွာကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ အကြိမ်တိုင်း ထိတ်လန့်တုန်လှုပ်ရစမြဲပင်....

အတူရယ်မောပျော်ရွှင်ခဲ့ဖူးသော အဖွဲ့သားများသည် မျက်စိတမှတ်အတွင်းမှာ မကောင်းဆိုးဝါးတစ်ကောင်သဖွယ် အသွင်းပြောင်းသွားပြီး ကြမ်းတမ်းရက်စက်စွာ ရန်မူနေသည်ကို မထိတ်လန့်သူရှိနိုင်ပါမည်လော.....

ဤ ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် ယခင်က တတိယနှစ်ကျောင်းသားများ ကြုံတွေ့ခဲ့ရသည့် မည်သည့် အဆင့်ထက်မဆို အဆပေါင်းများစွာ ပိုဆိုးသွမ်းပါသည်။

လီလော့နှင့်ကျန်းချင်းအာ တို့သည်မျှော်စင်များပေါ်တွင် အနီးကပ်စောင့်ကြည့်ခဲ့ကြပြီး မျဉ်းတစ်ကြောင်းမှိန်သွားသည်ကို တွေ့လိုက်ရသည်။

သန့်စင်သောနယ်မြေဆီသို့ အမှောင်ထုတစ်ခု  တဖြည်းဖြည်းချဉ်းကပ်လာနေပြီ.....

ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကို လက်ခံရုံမှတပါး အခြားမရှိ......

နယ်မြေ ၁၃ ကို ခိုင်ခံ့စေရုံမှတပါး အခြားမည်သည့်အရာမှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ......

တစ်နေ့တွင် ..........

ဒူဇီဟုန်လျန်တို့အဖွဲ့ နယ်​မြေ ၁၃ အပြင်ဘက်တွင်ရောက်နေပြီဖြစ်ကြောင်း သတင်းလက်ခံရရှိခဲ့သည့်အတွက် လီလော့နှင့် ကျန်းချင်းအာတို့ တံခါးဝသို့ အမြန်ပြေးသွားခဲ့ကြသည်။

ဒူဇီဟုန်လျန်တို့အဖွဲ့သည် မဟူရာငန်းအဖွဲ့နောက်တွင် ဒုတိယအင်အားအကောင်းဆုံးအဖွဲ့ဖြစ်သည်။ သန့်စင်သောနယ်​မြေဆီ  သူတို့အဖွဲ့ပြန်လည်ရောက်ရှိလာပါက အင်အားတိုးလာတော့မည်သာ။

သို့သော်.....ဒူဇီဟုန်လျန်တို့အဖွဲ့သည် အနက်ရောင်အမှတ်အသားအဖြစ်ပြောင်းသွားသော မျှော်စင်များနှင့် ဆန့်ကျင်ရာဘက်မှ လာခဲ့ကြခြင်းဖြစ်သောကြောင့် ကောင်းကင်ဘုံကပ်ဘေးအဆင့်နှင့် တနည်းမဟုတ်တနည်းကြုံခဲ့ကြလိမ့်မည်ယ ထိုသို့သာဆိုပါက အခြေနေသိပ်မကောင်းနိုင်ပေ။

ကျန်းချင်းအာတို့ ဂိတ်ဝသို့ရောက်လာချိန်တွင် ဒူဇီဟုန်လျန်တို့အဖွဲ့နှင့် စစ်ဆေးရေးဂိတ်မှ ကျောင်းသားများ အချင်းပွားနေကြပြီး ကျန်းချင်းအာကိုမြင်မှသာ နှစ်ဖက်စလုံး ရပ်တန့်သွားကြသည်။

"ဘာတွေဖြစ်နေတာလဲ....."

သူမ မေးလိုက်သော အသံသည် စွမ်းအားများကြောင့် အဝေးကနေတောင် ကြားနိုင်သည်။

" စီနီယာကျန်း.... သူတို့က  ကောက်ကျစ်တဲ့အပြုံးကြေးမုံစစ်ဆေးမှုကို လက်မခံဘဲ ဒီအတိုင်းဝင်ဖို့ ကြိုးစားနေကြတာ...."

ကောက်ကျစ်တဲ့အပြုံးကြေးမုံ ဆိုသည်မှာ ကျောင်းသားများပေးထားသော နာမည်ပြောင်ဖြစ်သည်။ နားထောင်ရဆိုး

သော်လည်း လူတိုင်းက ထိုစစ်ဆေးမှု၏ အရေးပါမှုကို လေးစားကြသည်။ ဒူဇီဟုန်လျန်တို့သာ ဒါကို လျစ်လျူရှုခဲ့မယ်ဆိုအားလုံး၏ အပြစ်တင်မှုကိုခံရလိမ့်မည်။

ကျန်းချင်းအာက ဒူဇီဟုန်လျန်တို့ အဖွဲ့ဆီသို့  အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

" ငါတို့ကို ဒီမှာ အရူးတွေလို ပြုံးပြခိုင်းပြီး အချိန်ဖြုန်းချင်နေတာလား.....ဘာအဓိပ္ပာယ်မှမရှိဘူး......"

ကျန်းချင်းအာ ထိုအဖွဲ့ကို သေချာအနီးကပ် ကြည့်လိုက်မိသည့်အခါ မလုံသည့်အိုး တုတ်မိုးရုံနှင့်ကွဲဆိုသလို အကုန်လုံး အကြည့်လွှဲသွားကြသည်။

ရဲချုတင်းပင်လျှင် ကျန်းချင်းအာကို ရင်မဆိုင်ရဲပေ။

ဒူဇီဟုန်လျန်ကို အဖွဲ့သားတစ်ဉီးက တွဲခေါ်လာပြီး သူမ၏မျက်နှာကလည်း စက္ကူဖြူတရွက်သဖွယ် ဖြူဖျော့နေသည်။

သူမသည် ဤအတောအတွင်း တိတ်ဆိတ်နေခဲ့သော်လည်း ကျန်းချင်းအာကို အကြည့်မလွှဲဘဲ ပြန်ကြည့်နေလေ၏။

"နင် ဒဏ်ရာရထားတယ်မလား...."

ကျန်းချင်းအာက ဒူဇီဟုန်လျန်ကို သေချာလှည့်ပတ်ကြည့်လိုက်ပြီး.....

" ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့လည်း တွေ့ခဲ့တယ် မဟုတ်လား"

သူမ၏ရွှေရောင်မျက်လုံးများတွင် သိသာထင်ရှားသော အေးစက်မှုတစ်ခုကိန်းဝပ်နေသည်။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများကလည်း ပင့်သက်ရှိုက်လိုက်ပြီး အမှတ်မထင် နောက်ဆုတ်လိုက်ကြသည်။

"ငါ့ဘာသာ ဘာဖြစ်ဖြစ်နင့်အပူမပါဘူး....."

" သာမန်အချိန်ဆို ဘာမှမဖြစ်ပါဘူး..... ဒါပေမယ့် ကောင်းကင်ဘုံကပ်ဘေးအဆင့်က  ဒီကို ရောက်လာတော့မယ်.....အဲ့တော့ နယ်မြေ ၁၃ထဲဲမှာရှိသမျှသူတိုင်း အပြုစားမခံရတာ သေချာအာင်အတည်ပြုဖို့လုပ်ကမှာပဲ.....ဒူဇီဟုန်လျန် နင် ပွင့်ပွင့်လင်းလင်းပြော....နင် အပြုစားခံထားရတယ်မလား....."

ဒူဇီဟုန်လျန် အကြည့်လွှဲသွားလေပြီ......

"သူ့ကိုအောက်ချလိုက်...."

ကျန်းချင်းအာ၏ ရုတ်တရက်ဆန်သော အမိန့်ကြောင့်ကျောင်းသားများ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ဒူဇီဟုန်လျန်ကို ညင်သာစွာ လှဲချလိုက်သည်။ သူမသည် ဒဏ်ရာနှင့် နာကျင်မှုကြောင့် အားနည်းနေပြီး ခွေကနဲပုံကျတော့မည့်အချိန်တွင် ကျန်းချင်းအာက သူမကိုအချိန်မှီ ဖမ်းထားလိုက်သည်။

" ကျန်းချင်းအာ....နင်ဘာလုပ်မလို့လဲ... "

ကျန်းချင်းအာက ဒူဇီဟုန်လျန် တွန့်လိမ်ရုန်းကန်နေသည်ကို ဖမ်းချုပ်လိုက်ပြီး ကျောပြင်ကိုစမ်းကြည့်လိုက်သည့်အခါ လက်ချောင်းထိပ်မှ နာကျင်မှုအချို့ကိုခံစားလိုက်ရသည်။

ထို့ကြောင့် ဒူဇီဟုန်လျန်ကို လူမမြင်အောင် ဂန်းရံဖို့ ကျောင်းသူအချို့ကိုအမိန့်ပေးလိုက်လေသည်။

ဒူဇီဟုန်လျန်၏ အော်ဟစ်ရုန်းကန်နေမှုများကို လျစ်လျူရှုရင်း ကျန်းချင်းအာသည် သူမ၏ အင်္ကျီကို ဆုတ်ဖြဲလိုက်လေတော့သည်။

မြင်တွေ့ရလိုက်ရသောအရာကြောင့် ကျောင်းသူအချို့အော်ဟစ်ထွက်ပြေးကုန်သည်။

ဒူဇီဟုန်လျန်၏နောက်ကျောအလယ်တွင် ရူးသွပ်ဖွယ်ပြုံးနေသော မျက်နှာတစ်ခုရှိနေသည်။

ဒူဇီဟုန်လျန်၏ ကျောပြင်ပေါ် အဝတ်တစ်ထည်အမြန်အုပ်ပြီးဖုံးပေးလိုက်သည်။

သူမ ပြုစားခံရခြင်းသည် အခြားသးများထက် အခြေနေအတော်ဆိုးနေလေပြီ။

"အမှတ်တွေရဖို့ လောဘတက်ပြီး ကောင်းကင်ဘုံကပ်ဘေးအဆင့်ရှိနေတာကြောင့် ဗလာဖြစ်နေတဲ့ မျှော်စင်တွေကို အသက်သွင်းဖို့ကြိုးစားခဲ့တယ်မဟုတ်လား...."

ကျန်းချင်းအာ၏ ခန့်မှန်းချက် မှန်ကန်နေသောကြောင့် ဒူဇီဟုန်လျန် တုပ်တုပ်မျှမလှုပ်နိုင်တော့ပေ။

"အ​ခြေနေတော်တော်ဆိုးနေပြီ.....သိပ်မကြာခင် အတွင်းထဲထိလှိုက်စားပြီး ရုပ်သေးရုပ်တရုပ်လိုဖြစ်လာလိမ့်မယ်....."

ကျန်းချင်းအာက ဒူဇီဟုန်လျန်၏ ခါးသိမ်သိမ်လေးကို လှမ်းပုတ်လိုက်ပြီး......

"နင့်ရဲ့ လှပတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း​တွေအကုန်လုံးစက္ကူပျော့ဖတ်တွေလို ဖြစ်လာလိမ့်မယ်......"

ယခုချိန်တွင် ဒူဇီဟုန်လျန်သည် စိတ်ပျက်အားငယ်နေသည့်အပြင် မိန်းကလေးသဘာဝ အလှပျက်မည်ကိုပါ စိုးထိတ်နေလေပြီ.....

သူမသည် ကျန်းချင်းအာ၏ လက်ကောက်ဝတ်ကို အားပါပါ ဆုပ်ကိုင်ထားကာ သူမ၏မာနကို ချိုးနှိမ်ထားလိုက်လေပြီ......

"ကျန်း..ကျန်းချင်းအာ... ငါ့ကိုကူညီပေးပါ....!"

All Chapters