← Chapters

ဒူဇီဟုန်လျန်တို့အဖွဲ့ ပြန်လာကြခြင်း.....

Vol. 20 Ch. 274

ဒူဇီဟုန်လျန်တို့အဖွဲ့ ပြန်လာကြခြင်း.....

Vol. 20 Ch. 274

ဒူဇီဟုန်လျန်နှင့် ကျန်းချင်းအာတို့မတည့်ကြသည်ကို ကောလိပ်တွင် မသိသူမရှိကြပေ။

သူတို့နှစ်ဦးစလုံးသည် အိမ်တော်သခင်မလေးများဖြစ်ကြပြီး အသက်အရွယ်လည်း တူညီကြသည်။ ထို့ကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး အမြဲယှဥ်ပြိုင်နေခဲ့ကြသည်။

သို့သော်လည်း ကျန်းချင်းအာကသာ သည် ကဏ္ဍတိုင်းတွင် အမြဲတမ်းအောင်ပွဲခံနိုင်ခဲ့ပါသည်။

ဒူဇီဟုန်လျန်လို အခြေကြီးသူတစ်ယောက်အဖို့ ကျန်းချင်းအာသည် ဖြိုဖျက်မရနိုင်သော ပြိုင်ဘက်တစ်ဉီးဖြစ်နေခဲ့သည်။

ထို့အပြင်၊ ၎င်းတို့၏အိမ်တော်အချင်းချင်းကလည်း  ပဋိပက္ခများစွာဖြစ်ခဲ့ကြပြီး ဆက်ဆံရေးမပြေလည်ကြပေ။

ကောလိပ်သို့ ဝင်ရောက်ကတည်းက ကျန်းချင်းအာ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒူဇီဟုန်လျန်ကတော့ ပြိုင်ဘက်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။

အပွဲပွဲရှုံးလေ ဒူဇီဟုန်လျန် အသည်းနာလေပင်.....

သို့သော်လည်း အသက်ဘေးနှင့်ရင်ဆိုင်ရချိန်တွင် မာနကိုခဝါချပြီးသူမကို ကယ်တင်ရန် သူမ၏ အကြီးကျယ်ဆုံး ပြိုင်ဘက်ကို တောင်းပန်နေရလေပြီ။

ဒူဇီဟုန်လျန်သည် ရှိစုမဲ့စုသတ္တိလေးဟူသမျှကို သုံးပြီးတောင်းပန်ပြီးကာမှ ရှက်ရွံမှုကြောင့် မျက်နှာမဖော်ရဲတော့ပေ။

သို့သော်လည်း ကျန်းချင်းအာက သူမ၏ တောင်းဆိုမှုအပေါ် မည်သို့မျှ သဘောမထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဒူဇီဟုန်လျန်ကိုဘယ်တုန်းကမှ ပြိုင်ဘက်တစ်ယောက်အဖြစ် အသိအမှတ်မပြုခဲ့သောကြောင့်ပင်......

" အပြုစားခံရတာ အတော်နက်ရှိူင်လွန်းတယ်.... ဒါကို ဖယ်ရှားနိုင်မလားဆိုတာ မသေချာပါဘူး"

ဒူဇီဟုန်လျန်သည် ကျန်းချင်းအာ၏မှတ်ချက်ကြောင့် စိတ်ဓာတ်ကျသွားသော်လည်း ထပ်မံတောင်းဆိုခြင်းမပြုတော့ပေ....

“ဒါပေမယ့်.....ငါကြိုးစားကြည့်မယ်..... ငါမလုပ်ရင် နင်  ရုပ်သေးဖြစ်သွားလိမ့်မယ်..... အားပိုကောင်းရင် နင်က ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်.....နင်တို့အဖွဲ့နှစ်ဖွဲ့စလုံး ကြေးမုံရှေ့မှာ အစစ်ဆေးခံရမယ့်အပြီး အပြုံးအမှတ်အသားတွေ ရှိမရှိ ခေါင်းကနေ ခြေဖျားအထိ ကိုယ့်ကိုကိုယ် စစ်ဆေးကြည့်ကြပါ.....ပြီးရင် နင်တို့ကို အစောင့်ကြပ်နဲ့သေချာထိန်းသိမ်းထားမယ်....သံသယမရှင်းမချင်း ဘယ်မှ သွားခွင့်မရှိဘူး..... "

ကျန်းချင်းအာပြောလိုက်သည့် ညွှန်ကြားချက်ထဲတွင် ဒူဇီဟုန်လျန်သာမက ရဲချုတင်းတို့ပါ အကြုံးဝင်နေသောကြောင့် အကုန်လုံး စိတ်မသက်မသာဖြစ်ကုန်ကြသည်။

" ကိုယ်ရေးကိုယ်တာကြောင့် ဒီလိုလုပ်ရတာမဟုတ်ဘူး...... နင်တို့တွေ ကောင်းကင်ဘုံကပ်ဘေးအဆင့်နဲ့ တကယ်တွေ့ခဲ့ကြတယ်မဟုတ်လား.....ဒူဇီဟုန်လျန်လို လူမျိုးတောင် ကူးစက်ခံရတယ်ဆိုတော့ နင်တို့တွေ ကူးစက်ခံရလား မရခံဘူးလား ငါတို့တွေသေချာမသိနိုင်ဘူး.....အဲ့တော့ လိုအပ်လို ညွှန်ကြားရတာတွေကို သေချာလိုက်နာပေးကြပါ......."

ကျန်းချင်းအာ၏ အေးစက်ပြတ်သားမှုကြောင့် အဖွဲ့နှစ်ဖွဲ့စလုံး အထွန့်မတက်ရဲကြတော့ပေ။

ကြေးမုံရှေ့တွင် အစစ်ဆေးခံပြီးနောက် ပြုစားခံရသူ ထပ်မတွေ့တော့မှသာ အကုန်စိတ်အေးနိုင်တော့သည်။

သို့သော်လည်း ကျန်းချင်းအာနှင့် လီလော့တို့က စိုးရိမ်စွာဖြင့် အကြည့်ချင်းဖလှယ်နေကြသည်။

ကြေးမုံစမ်းသပ်မှုတွင် အပေါ်ယံ အပြုစားခံလိုက်ရသည်ကိုသာ တွေ့မြင်နိုင်သော်လည်း ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေသော အမှတ်အသားများကို မည်သူမျှ အလွယ်တကူရှာမတွေ့နိုင်ပေ။

အကယ်၍ အမှတ်အသားရှိနေသူတစ်ယောက်သာ နယ်​မြေထဲသို့ ဝင်ခွင့်ရသွားပါက ကောင်းကင်ဘုံကပ်ဘေးအဆင့်ရောက်လာချိန်တွင်အကုန်ဒုက္ခရောက်ကုန်လိမ့်မည်။

စစ်ဆေးပြီးနောက် သူတို့ကို ဝင်ခွင့်ပေးလိုက်သည်။

"ချိုးပိုင်....ထျန်းထျန်း...သူတို့ကို မျက်ချေမပြတ်စောင့်ကြည့်ထားပါ....."

ကျန်းချင်းအာက မည်သူမှမကြားအောင် တိုးညှင်းသောလေသံဖြင့် ပြောလိုက်သည်။

"လမ်းလျှောက်နိုင်သေးလား"

ပြီးနောက်  အားနည်းနေသည့် ဒူဇီဟုန်လျန်ကို မေးလိုက်သော်လည်း မာနကြီးသူပီပီ အားတင်းကာ ကိုယ့်ဘာသာကိုယ်လျှောက်ဖို့ပြင်နေလေ၏။

သို့သော်လည်း ​​ခြေနှစ်လှမ်းမပြည့်မီမှာပင် ဘိုင်းကနဲလဲကျသွားသောကြောင့် ကျန်းချင်းအာက သတို့သမီးချီသလို ပွေ့ချီလိုက်လေတော့သည်။

ဘုရားရေ.....ရဲရဲတောက် ဒူဇီဟုန်လျန်ကို နတ်သမီးလေး ကျန်းချင်းအာက ပွေ့ချီလာတယ်........

ရုတ်တရက်ဆိုတော့ ဒူဇီဟုန်လျန် တုံ့ပြန်ဖို့မမှီလိုက်ပေ။

" ကျန်းချင်းအာ....နင်ဘာလုပ်နေတာလဲ....အခုချက်ချင်း အောက်ချပေး....."

" အချိန်မဖြန်းစမ်းနဲ့.....ကောင်းကင်ဘုံကပ်ဘေးအဆင့်ရောက်လာပြီး မျိုးစေ့ကိုနှိုးဆော်လိုက်ရင် နင့်ကို ဘယ်သူမှကယ်နိုင်မှာမဟုတ်တော့ဘူး......"

[TN/ အပြုစားခံရတယ်အစား ကူးစက်ခံရတယ်လို့ပြောင်းသုံးပါ့မယ်...ဖတ်ရတာ ထောက်နေလို့ပါ.....]

ကူးစက်မှုပြင်းထန်နေချိန်တွင် သူမကို ကျန်းချင်းအာမှလွဲ၍ မည်သူမျှ မထိရဲကြပေ။

သူမသည် ဒူဇီဟုန်လျန်ကို မျှော်စင်တစ်ခုရှိအခန်းတစ်ခုသို့ သယ်ဆောင်သွားပြီးကြမ်းခင်းပေါ်တွင် လှဲအိပ်ခိုင်းထားလိုက်သည်။

"နင့်...ဗိုက်ပေါ်မှာ..."

တခဏအကြာတွင် အဝတ်စုတ်ဖြဲသံများထွက်ပေါ်လာပြီး ဒူဇီဟုန်လျန်၏ ခန္ဓာကိုယ်ပေါ်တွင်ရှိသော ရူးသွပ်ဖွယ်အပြုံးမျက်နှာကို နောက်တစ်ကြိမ်မြင်လိုက်ရပြန်သည်။

ကျန်းချင်းအာသည် ၎င်းကို ခဏလောက်ကြည့်ပြီးနောက် မျှော်စင်များကိုအသက်သွင်းရာတွင်သုံးသော သန့်စင်သည့်မြုမှုန်များကို အရူးမျက်နှာပေါ်လောင်းချလိုက်လေသည်။

ရွှီးးးးးးးး

အနက်ရောင်အခိုးအငွေ့ ဆူဝေလှိုက်တက်လာသည်။

တုံ့ပြန်မှု ပြင်းထန်လွန်းသဖြင့် ဒူဇီဟုန်လျန်သည် အနာသက်သာအောင် ကျောက်သားကြမ်းခင်းကို လက်သည်းဖြင့်ကုတ်ခြစ်နေလေ၏။ သို့သော်လည်း မာနကြီးသူပီပီ အသံမထွက်အောင် နှုတ်ခမ်းပြတ်လုမတတ် အံကြိတ်သည်းခံနေရှာသည်။

ဝေါင်းးးးးးးး

ပြုံးနေသော မျက်နှာသည် ပွက်ပွက်ဆူလာပြီး ပါးစပ်ကလည်း ပိုကျယ်လာသည်။ ထို့နောက် သန့်စင်သောမြူမှုန်များကို ပြန်အန်ထုတ်လိုက်သည်။

ယခုအခါ အာနိသင်ကုန်ခမ်းသွားသောမြုမှုန်များသည် မီးသွေးမှုန်များသဖွယ် လုံးဝမည်းနက်နေသည်။

"သန့်စင်တဲ့မြူမှုန်တောင် အသုံးမဝင်ဘူးဆိုတော့ ငါ့အသွေးအသားထဲစိမ့်ဝင်နေပြီထင်တယ်....."

"ဟုတ်တယ်....အရူးမျက်နှာက နင့်အသွေးအသားနဲ့ချိတ်ဆက်နေပြီ...ဒါကိုဖယ်ထုတ်ဖို့ကြိုးစားရမယ်...."

"ကောင်းကင်ဘုံကပ်ဘေးအဆင့်ရဲ့ အမှတ်အသားကို နင်ဘယ်လို ဖယ်ထုတ်မှာလဲ.... သေချာတာက နင့်ရဲ့ အဆင့်ကိုး အလင်းပဲ့တင်ထပ်သံကိုတောင် ကျော်လွန်နေပြီမလား....."

"ဟုတ်တယ်.... ဒါဆို ငါ တို့လက်ထောက်တစ်ယောက်လိုမယ်....."

ကျန်းချင်းအာက တံခါးဘက်ကိုလှည့်ပြီး တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

" ဝင်လာခဲ့....."

သိလိုစိတ်ဖြင့် ကြည့်လိုက်သည့်အခါ ဝင်လာသူမှာ လီလော့ဖြစ်နေသောကြောင့် ဒူဇီဟုန်လျန် ရှက်စိတ် မွှန်ထူသွားလေ၏။

ဟုတ်တော့လည်းဟုတ်ပေသည်။ လက်ရှိတွင် သူမသည် အပေါ်ပိုင်းအဝတ်ဗလာနဲ့ ဖြစ်နေချိန်တွင် လီလော့က မပြောမဆိုနှင့်ဝင်လာခဲ့သည်။

" ကျန်းချင်းအာ!!!!!! နင် တော်တော်ပျော်နေတယ်ပေါ့.....!!!!!!!"

All Chapters