အရှက်ကွဲပြီ.....
Vol. 20 Ch. 275
" ဒါ ဘာသဘောလဲ.. ကျန်းချင်းအာ!!!"
ဒူဇီဟုန်လျန်က ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်လိုက်ပြီး ဒေါသတကြီးအော်ဟစ်နေလေ၏။
"အကယ်၍ ငါသာ ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့်ဆို နင့်ကို ငါတစ်ယောက်တည်း ကုပေးနိုင်တယ်...ဒါပေမယ့် အဲ့အဆင့်ထိမရောက်သေးတဲ့အတွက် အကူခေါ်လိုက်ရတာ......"
" ဒါဆိုလည်း အရည်အချင်းရှိတဲ့ကျောင်းသူတွေရှိနေရက်နဲ့ ဘာလို့ လီလော့ကို ခေါ်လိုက်ရတာလဲ!!!"
"သူ့မှာ ပဲ့တင်ထပ်သံနှစ်ခုရှိလို့ပေါ့...ကြာကြာမသုံးနိုင်ပေမယ့်လည်း သူ့ရဲ့ပေါင်းစပ်စွမ်းအားက ငါတို့နှစ်ယောက်စလုံးထက် ပိုသန်မာတယ်.....ပြီးတော့ ပုံရိပ်ယောင်နယ်မြေထဲမှာ ပိတ်မိနေတုန်းကလည်း သူ့ဘာသာသူဖောက်ထွက်နိုင်ခဲ့တာ....."
" နင် လုပ်ဇာတ်ခင်းမနေနဲ့......"
မည်သို့ပင်ဆိုစေ သူမလို ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်တောင် အကူးစက်ခံရသည်ကို လီလော့က ဆရာသခင်အဆင့်လောက်နဲ့ ဖောက်ထွက်နိုင်ခဲ့သည်ကို တစ်စက်လေးမှ မယုံကြည်နိုင်ပေ။
သို့သော်လည်း ကျန်းချင်းအာသည် လိမ်ညာပြောဆိုတတ်သူတစ်ယောက်မဟုတ်ခဲ့ပေ။
တကယ်ပဲ လီလော့က သူမကို ကူညီပေးနိုင်မည်လား.....
ထိုအတွေးကြောင့် သူမ ရင်တထိတ်ထိတ် ခုန်နေပြီး သူမ၏ အဝတ်ဗလာကျောပြင်ကို လီလော့ ထိတွေ့နေမည်ကို တွေးကြည့်ရုံနှင့်တင် မူးမေ့လဲကျသွားပေလိမ့်မည်။
"ဒူဇီဟုန်လျန်!!! အခုချိန်က နင့်ရဲ့မာနတွေကို ဂရုစိုက်နေရမယ့်အချိန်မဟုတ်ဘူး.....အရူးမျက်နှာ မကောင်းဆိုးဝါးရောက်လာရင် နင်ပဲရုပ်သေးရုပ်ဖြစ်သွားမှာ....ငါတို့တွေ ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး...မာနကို ဘေးဖယ်ထားလိုက်စမ်းပါ....နင့်ထိုက်နဲ့နင့်ကံပဲလေ အမှတ်ရဖို့ လောဘတက်ပြီး မဆင်မခြင်လုက်ခဲ့တာတွေရဲ့အကျိုးဆက်တွေလို့သာမှတ်လိုက်....."
ဒူဇီဟုန်လျန် ဒေါသတကြီး တုန့်ပြန်လိုက်သည်။ အရှက်တရားကြောင့် ရင်ထဲတွင် မီးတောက်နေသော်လည်း အသာတကြည်လက်ခံလိုက်ရလေသည်။
ရှေ့သို့ မဝံ့မရဲ လျှောက်လာနေသော လီလော့၏ စိတ်ထဲတွင်မူ....
ရက်စက်လိုက်တာ ကျန်းချင်းအာရယ်.....
"ငါတကယ် ကုပေးရမှာလား...အဆင်ပြေမနေဘူးနော်......"
" အသက်နဲ့ယှဉ်ရင် အကုန်အသေးအဖွဲတွေချည်းပဲ...ကျန်တာတွေဂရုစိုက်မနေနဲ့. ...အရုးမျက်နှာကို ဖယ်ထုတ်ဖို့ ငါ့ကိုကူညီရုံပဲ...."
"ဟုတ်ပြီ....အခု ငါဘာလုပ်ရမှာလဲ...."
"နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကို အသုံပြီး သူ့အသားထဲကနေ အရူးမျက်နှာကို ခဏလောက်ဆွဲထုတ်လိုက်...... ပြီးရင် ငါ သန့်စင်လိုက်မယ်"
ကျန်းချင်းအာက က တိုးတိုးလေးပြောလိုက်သည်။
ရိုးရှင်းသော အစီအစဉ်ဖြသ်သောကြောင့်လီလော့ကလည်း အသာတကြည်လက်ခံလိုက်ပါသည်။
သူသည် ဒူဇီဟုန်လျန် ၏ ကျောပြင်ပေါ်ရှိ အရူးမျက်နှာ၏ အတိမ်အနက်ကို သေချာ တိုင်းတာစစ်ဆေးလိုက်သည်။
နေမထိ လေမထိကျောပြင်ပေါ်ရှိအရေပြားသည် နူးညံ့ချောမွေ့လွန်းလှသည်။သို့သော်....
သူ ငေးကြည့်နေခြင်းကို ရပ်လိုက်တာက ပိုကောင်းလိမ့်မည်။ သို့မဟုတ်ပါက ကျန်းချင်းအာ သူ့ကို သတ်ပစ်လိမ့်မည်။
လီလော့သည် ရေနှင့်သစ်သားပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်လွှတ်ကာ သူ့လက်ဖဝါးအတွင်းတွင် ထိုစွမ်းအင်နှစ်ခုကို ရောနှောလိုက်ပြီး ဒူဇီဟုန်လျန်၏ကျောပြင်ကို ထိကပ်လိုက်သည့်အခါ ရောနှောနေသောစွမ်းအင်များသည် သူမ၏ကျောရိုးတစ်လျှောက်ဆီ စိမ့်ဝင်သွားလေသည်။
ဝုန်းးးးးး
ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုက ပြုံးနေသောမျက်နှာကို တိုက်ခိုက်လိုက်သည့်အခါအရိုးကျိုးလုနီးပါး အက်ကွဲသံ ထွက်ပေါ်လာပြီး အရူးမျက်နှာကလည်း အရေပြားထဲသို့နက်ရှိုင်းစွာတိုးဝင်သွားလေသည်။
နာကျင်မှုကြောင့် ဒူဇီဟုန်လျန် ချွေးများရွှဲနစ်နေရှာသည်။
အရင်ကထက် ပိုနာကျင်တယ်.....
ကျန်းချင်းအာက လက်တစ်ဖက်ကနေ မြူမှုန်များကို လောင်းချနေပြီး ကျန်လက်တစ်ဖက်ကနေ မြူမှုန်ထဲသို့ အလင်းစွမ်းအားများ ပို့လွှတ်ပေးနေသည်။
အလင်းပဲ့တင်ထပ်သံစွမ်းအားဖြင့် သန့်စင်ထားသော မြူမှုန်များသည် ဒူဇီဟုန်လျန်ကျောပြင်ပေါ်သို့ ရွှေရောင်သဲများသဖွယ် ကျဆင်း သွားလေသည်။
ရွှီးးးးးးးး
ဒူဇီဟုန်လျန်၏ ကျောပြင်ပေါ်ရှိ မွှေးညှင်းပေါက်တိုင်းမှ အနက်ရောင် အခိုးအငွေ့များ လှိုက်တက်လာလေ၏။
ဤလုပ်ငန်းစဉ်သည် တစ်နာရီကြာမြင့်ခဲ့သည်။
နောက်ဆုံးတွင် ဒူဇီဟုန်လျန်၏ နောက်ကျောမှ အနက်ရောင် မီးခိုးငွေ့များ ထပ်မထွက်လာတော့ဘဲ အရူးမျက်နှာသည်လည်း ပျောက်ကွယ်သွားလေပြီ....
ကျန်းချင်းအာသည်လည်း နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ငုတ်တုတ်ထိုင်ချလိုက်လေသည်။ သန့်စင်ခြင်းသည် ရိုးရှင်းသော လုပ်ငန်းစဉ်တစ်ခုဖြစ်သော်လည်း သူမ၏ ပဲ့တင်ထပ်သံစွမ်းအားကို တစ်နာရီကျော်ကြာ ထုတ်သုံးခဲ့ရသည်။
ဒူဇီဟုန်လျန်သည်လည်း နာကျင်မှုဒဏ်ကို အလူးအလဲခံစားခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်နေပုံရသည်။
"ဘာကိုစောင့်နေတာလဲ.... သူ့ကို ဒီကနေ ထွက်သွားခိုင်းလိုက်တော့လေ...."
ဒူဇီဟုန်လျန်က အားနည်းနေသော်လည်း လီလော့ကို အော်ဟစ်လိုက်သည်။
ကျန်းချင်းအာက လီလော့ကို ခေါင်းညိတ်ပြလိုက်ပြီး....
"အရင်သွားနှင့်..."
// လိုတုန်းက ခေါ်ပြီး အခုတော့ နှင်ပြီပေါ့.....//
မည်သို့ပင်ဆိုစေ ဒူဇီဟုန်လျန်လို အဆိပ်ပြင်းသူနှင့် နီးနီးကပ်ကပ်မနေလိုသောကြောင့် လီလော့လည်း ချက်ချင်း အပြင်ထွက်လာခဲ့လိုက်သည်။
ထိုအခါမှသာ ဒူဇီဟုန်လျန် စိတ်သက်သာရာ ရနိုင်ရှာနိုင်သည်။
" နင့်ကို အဝတ်ဗလာနဲ့မြင်လိုက်တဲ့အတွက် ငါ့သတို့သားလောင်းကို တာဝန်ယူခိုင်းဖို့ ကြံမနေနဲ့ဉီး.....လော့လန်အိမ်တော်မှာ အခန်းပိုတွေရှိပေမယ့် နင့်လို ဟန်တစ်လုံးပန်တစ်လုံးနဲ့ သူမျိုးကို မကြိုဆိုဘူး....."
" နင်လို မိန်းမမျိုးကများ သူများကို ဟန် တစ်လုံးပန်တစ်လုံးနဲ့လို့ ပြောထွက်တယ်နော်....အဟင်းဟင်း အမှန်တိုင်းဝန်ခံလိုက်စမ်းပါ ကျန်းချင်းအာရယ်လီလော့သာ ငါ့ကိုစွဲလန်းသွားရင် နင်နဲ့စေ့စပ်ထားတာ ဖျက်သိမ်းလိုက်မှာပေါ့....ဒါဆို ပိုပျော်စရာကောင်းမသွားဘူးလား....."
" နင်က...."
ကျန်းချင်းအာ၏ မချိုမချဉ်အပြုံးကြောင့် ဒူဇီဟုန်လျန် တွေဝေသွားသည်။
" မဆိုးပါဘူး .....ဒီနှစ်တွေထဲ ငါ့ကိုတစ်ခါမှမနိုင်ဖူးတဲ့ နင့်အတွက် နိုင်ကွက်လေးတစ်ခုရှာတွေ့သွားပြီပေါ့....ဟားးးဟားးးး"