ကောင်းကင်ဘုံကပ်ဘေးအဆင့်ရောက်ရှိလာခြင်း.....
Vol. 20 Ch. 276
ကျန်းချင်းအာ၏ရိုးရှင်းသောစကားသည် ဒူဇီဟုန်လျန်၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်.....
နောက်ဆုံးတော့လည်း ကျန်းချင်းအာကို မနိုင်သောကြောင့် ခေါင်းငုံ့နေလိုက်ရတော့သည်။
ထို့အပြင် လီလော့ကို သွေးဆောင်ဖြားယောင်းတာမျိုးလည်း ဘယ်တော့မှ မလုပ်ခဲ့ပါဘဲနှင့် ကျန်းချင်းအာက အဘယ်ကြောင့် ဆတ်ဆတ်ထိမခံဖြစ်နေရသနည်း။
တကယ်ဆို ကုန်းရှန်ကျွင်းနှင့်ယှဉ်လိုက်ပါက လီလော့သည် သာမန်မျှသာပင်.....
ဒူဇီဟုန်လျန် အဝတ်ပြန်ဝတ်လိုက်ပြီး လှပသောကောက်ကြောင်းများကို ဖုံးကွယ်လိုက်သည်။ရှက်စိတ်ကြောင့် မျက်နှာနီနေသောလည်း အရင်ကထက်စာလျှင် အခြေနေ
ပိုကောင်းလာပြီဖြစ်သည်။
" အချိန်ရှိတုန်း အမြန်သက်သာအောင်ကြိုးစားထားပါ....ကောင်းကင်ဘုံကပ်ဘေးအဆင့်က အချိန်မရွေးရောက်လာနိုင်တယ်..."
ကျန်းချင်းအာက တံခါးဆီလျှောက်လှမ်းသွားရင်းပြောလိုက်သည်။
" ကျန်းချင်းအာ!!! ငါ နင့်တို့နှစ်ယောက်အပေါ် အကြွေးတင်နေတာနဲ့ သဘောထားပြောင်းလိမ့်မယ် မထင်လိုက်နဲ့....ငါတို့ရဲ့အိမ်တော်နှစ်ခုက အစကတည်းက ဆန့်ကျင့်ဘက်မှာ ရပ်နေကြပြီးသား....ဒူဇီအိမ်တော်သားတစ်ယောက်အနေနဲ့ နင်တို့ကို ဘယ်တော့မှကရုဏာထားမှာမဟုတ်ဘူး......"
ကျန်းချင်းအာက ခဏရပ်ပြီး သူမကိုလှည့်ကြည့်လိုက်သည်။
" အတွေးလွန်မနေနဲ့...နင့်ရဲ့အဆင့်တန်းကြောင့် နင့်ကိုကယ်ခဲ့တာမဟုတ်ဘူး....နောက်ဆက်တွဲပြသာနာတွေဖြစ်လာမှာစိုးလို့သာ ကယ်လိုက်တာ.....နင့်ဘာသာ ဘယ်လိုသဘောထား ထား ငါတို့အတွက် အရေးမကြီးဘူး... တစ်ခုတော့ပြောလိုက််မယ်....ကိုယ့်ကိုကိုယ်အထင်မကြီးနဲ့....ပြီးတော့ လော့လန်အိမ်တော်ကိုလည်းလျှော့မတွက်နဲ့......"
ပြောပြီသည်နှင့် သူမ တံခါး တွန်းဖွင့်ပြီး ထွက်သွားလေတော့သည်။
ကျန်ခဲ့သော ဒူဇီဟုန်လျန်ကလည်း မျက်မှောင်ကျုံ့ပြီး တွေးတောနေခဲ့သည်။
// သူပြောတဲ့အတိုင်းဆို ငါတို့ဘက်က ဘာမှမလုပ်ရတော့ဘူးပေါ့....လီလော့သာ ရှီးယန်ရုံးချုပ်ကို မကယ်တင်ခဲ့ရင် အခုလောက်ဆို လော့လန်အိမ်တော် ပျက်စီးနေလောက်ပြီ.....//
လီလော့....လီလော့အကြောင်းတွေးမိလိုက်ချိန်မှာ သူမ၏ အဝတ်ဗလာခန္ဓာကိုယ်ကို လီလော့ မြင်ဖူးသွားသည်ကို သတိရလိုက်မိသည်။
" ကျန်းချင်းအာ သက်သက်မဲ့ယုတ်မာသွားတာ...ဟူးးးး ရှက်လိုက်တာ....."
ထို့နောက် ကြာပန်းသဏ္ဍန်ထိုင်ပြီး စွမ်းအားကျင့်ကြံဖို့ပြင်လိုက်တော့သည်။
.................................
ကျန်းချင်းအာ ကျောက်မျှော်စင်ပေါ်မှ ဆင်းလာသောအခါ အောက်ခြေတွင် လီလော့ စောင့်နေသည်ကို တွေ့လိုက်ရသည်။
"သူ အဆင်ပြေပါ့မလား...."
လီလော့၏ အမေးကို ကျန်းချင်းအာက ခေါင်းညိတ်ပြလိုက်သည်။
" ဟူးးးး ဘယ်လိုဖြစ်ပြီး သူ့ကိုကူညီဖို့တွေးလိုက်မိတာလဲကွာ....."
ဒူဇီအိမ်တော်သည် ယခင်ကတည်းက လော့လန်အိမ်တော်ကို အကြိမ်ပေါင်းများစွာ ဒုက္ခပေးခဲ့ဖူးသည်။ ဆီနှင့်ရေကဲ့သို့ မရောနှောနိုင်သော်လည်း ယခုအခါ ရေသည် ဆီများကို ကယ်တင်ခဲ့ရသည်။
"ဒူဇီဟုန်လျန် မရှိရင်တောင် အိမ်တော်နှစ်ခုကြားမှာ ပဋိပက္ခတွေရှိနေဉီးမှာပဲ......အိမ်တော်တွေရဲ့ ရပ်တည်ချက်ကိုက မေးခွန်းထုတ်စရာ ဖြစ်နေတ......နောက်ပြီး....ငါတို့ အရေးပေါ် အခြေအနေ ရောက်နေပြီး အဲ့တော့ ဘယ်သူ့ကိုမဆို ကူညီရမှာပဲလေ......"
လီလော့ ခေါင်းညိတ်လိုက်သည်။ဤသည်မှာ ပြဿနာကြီးများကို မဖြေရှင်းနိုင်သေးခင် သေးငယ်တဲ့ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းလိုက်သည့်သဘောပင်.....
" အေးပါ....ကျေးဇူးတရားတိုင်းမှာ ရောင်ပြန်ဟပ်မှုကိုယ်စီရှိကြတာပဲလေ...."
" ဒူဇီဟုန်လျန်က ပြောလိုက်တယ်...နင့်ကို မြူဆွယ်ပြီး နင်နဲ့ငါကွာရှင်းရအောင်လုပ်မယ်တဲ့......"
လီလော့၏ အပြုံးများ အေးခဲကုန်လေသည်။
" ကျေးဇူးကန်းလိုက်တာကွာ....ငါတို့မှာတော့ ကြိုးကြိုးစားစား ကယ်တင်လိုက်ရတာ....နေပြန်ကောင်းတာနဲ့ ဒုက္ခပေးဖို့ကြံစည်တော့တာပဲ......"
" စိတ်ဆိုးနေတာလား.....သူ့ခန္ဓာကိုယ် အရမ်းလှတယ်မဟုတ်ဘူးလား....."
လီလော့က အလျင်စလို ခေါင်းခါလိုက်ပြီး....
"အဲ့ဒီအခန်းထဲမှာတုန်းက အရူးမျက်နှာကိုဘယ်လိုရှင်းထုတ်ရမလဲဘဲ တွေးနေခဲ့တာပါ......"
" အင်းပါ...ယုံလိုက်ပါ့မယ်....."
"ဟေး ဒါ မတရားဘူးနော်.... ငါ့ကို နင်ပဲလာကူခိုင်းတာလေ....အခုတော့ ဒီစကားမျိုးပြောပြီပေါ့......"
" အင်းပါ.....အကယ်၍ ဒူဇီဟုန်လျန်သာနင့်ကို မြူစွယ်ရင် ချက်ချင်းလက်ခံလိုက်နော်....ဒါမှ ငါ့တို့အတွက် အတွင်းသူလျှိုတစ်ယောက်ရမှာ......"
ဤသည်မှာ မဖြစ်နိုင်မှန်းသိသော်လည်း မွန်းကြပ်ဖွယ်အခြေနေကို ဖြေလျှော့နိုင် ကျန်းချင်းအာဘက်က နောက်ပြောင်ကျီစယ်နေမှန်း လီလော့နားလည်ခဲ့ပါသည်။
"ဒူဇီဟုန်လျန်ရဲ့ ကူးစက်မှု ပြန်မဖြစ်နိုင်လောက်ပါဘူးနော်....."
"တကယ် သန့်ရှင်းသွားလောက်ပါပြီ.....ငါတကယ်စိုးရိမ်နေတာက ရဲချုတင်းနဲ့တခြားသူတွေကို...... "
လီလော့ မျက်မှောင်ကြုတ်လိုက်သည်။
ပျက်သုန်းခြင်းမျိုးစေ့များသည် မည်သည့်နေရာတွင်မဆို ပုန်းအောင်းနေနိုင်သောကြောင့် မမြင်နိုင်သော ရန်သူကို ဆန့်ကျင်ရန် မည်သည့်အရာမှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။
ဤသည်မှာ ဘယ်အချိန်ပေါက်ကွဲမည်မှန်းမသိသော ဗုံးတစ်လုံးကို ပိုက်ထားရသလိုပင်....
မြေပုံကို စစ်ကြည့်ရင်း ကျန်းချင်းအာ ၏ မျက်နှာ ပျက်သွားသည်။
"အနီးကပ်ဆုံး မျှော်စင်တစ်ခု အခု ပျက်စီးသွားပြန်ပြီ....."
ထိုမျှော်စင်သည် နယ်မြေ၁၃နှင့် နေ့တစ်ဝက်ခန့်သာ ကွာဝေးသည်။ ဆိုလိုသည်မှာ ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် ထိုနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
"ငါတို့ဖြေရှင်းနိုင်ပါ့မလား...." Li Luo က မေးသည်။
ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် စစ်သူကြီးအဆင့်နီးတူ အလွန်သန်မာလှသည်။ကုန်းရှန်ကျွင်း သို့မဟုတ် မင်းသမီးကြီးပင်လျှင် တစ်ယောက်တည်း တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
"ဘယ်သူသိနိုင်မလဲ.... နောက်နှစ်ဝက်လောက်နေရင် ငါလည်း သူတို့လောက်နီးနီးသန်မာနေမှာပါ......"
ကျန်းချင်းအာ၏ ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုမှုကြောင့် လီလော့ မျက်ခုံးပင့်လိုက်မိသည်။
ဆိုလိုတာက သူမဟာ နှစ်ဝက်ခွဲအတွင်းနောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ သူမယုံကြည်နေတာလား......
အဆင့်ကိုး အလင်းပဲ့တင်ထပ်သံဟာ တကယ်ကို အံ့သြဖို့ကောင်းသလား.....
"သွားကြစို့.....အားလုံးကို အသင့်ပြင်ခိုင်းထားရမယ်....."
ကျန်းချင်းအာ သူ့အတွေးတွေ
ကိုဖြတ်တောက်လိုက်သောကြောင့် ပြေချင်နေသည့်စကားလုံးများကို မြိုချလိုက်ရသည်။
ကောင်းကင်ဘုံကပ်ဘေးအဆင့် မကြာမီရောက်ရှိလာတော့မည့်အကြောင်း သတင်း ပျံ့နှံ့လာသည်နှင့်အမျှ အကြောက်တရား၏ အငွေ့အသက်များ တရိပ်ရိပ်တိုးမြင့်လာလေ၏။
ယခုဆို အားလုံးက တဖြည်းဖြည်း အနက်ရောင်ပြောင်းလာနေသော အနောက်မြောက်အရပ်သို့သာ စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။
တစ်ရက်ခွဲခန့်အကြာတွက် နယ်မြေ၁၃ အနီးတစ်ဝိုက်ရှိ လေထုသည် အရိပ်လှိုဏ်ဂူထဲသို့ စဝင်စနေ့ကလို အပြည့်အဝမည်းနက်သွားခဲ့လေပြီ။
နားကွဲလုမတတ်ကျယ်လောင်လှသော ကြုံးဝါးသံနှင့်အတူ တရိပ်ရိပ်လှိုက်တက်လာသော အနက်ရောင် မီးခိုးငွေ့များကြောင့် ကျောင်းသားများ ကြောက်ရွံထိတ်လန့်ကုန်ကြသည်။
ကောင်းကင်ဘုံကပ်ဘေးအဆင့်ကမ္ဘာခြားသက်ရှိ ရောက်လာခဲ့ပြီ.......