ကမ္ဘာခြားသက်ရှိများ ဝန်းရံခံရခြင်း......
Vol. 20 Ch. 277
နယ်မြေ၁၃သည် သန့်စင်သော နောက်ဆုံး နယ်မြေဖြစ်သည်။အတားအဆီးများကို တွန်းလှန်လိုက်သည်မှာ တိမ်မည်းများဖြစ်ပြီး များပြားလှသော တီးတိုးအော်သံများနှင့်အတူ အမျက်ဒေါသထွက်နေဟန်ရုပ်ပုံများလည်း မြူခိုးများအတွင်းမှထွက်ပေါ်လာကြသည်။
နီရဲတောက်နေသော မျက်လုံးများက အတားအဆီးနောက်ကွယ်ရှိ ကျောင်းသားများကို အငမ်းမရ စိုက်ကြည့်နေကြသည်။
လီလော့နှင့်ကျန်းချင်းအာတို့သည် အနည်းငယ်သည် မြင့်မားသောနံရံတစ်ခုပေါ်တွင် ရပ်နေပြီး ရန်သူ့အခြေနေကို စောင့်ကြည့်နေကြသည်။
ခန့်မှန်းထားသည့်အတိုင်း ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် ၎င်းနှင့်အတူအခြားသော ကမ္ဘာခြားသက်ရှိများကိုပါ အလုံးအရင်းနှင့် ခေါ်ဆောင်လာခဲ့သည်။
မျှော်စင်မှ ထုတ်လွှတ်သော အလင်းအတားအဆီးသည် ၎င်းတို့အား ယခုအချိန်တွင် ဘေးကင်းအောင် ထိန်းထားသောကြောင့် အနည်းငယ်လုံခြုံသည်ဟုခံစားနေရသည်။
ဒီဘေးကင်းတဲ့ ခံစားချက်က ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဘယ်သူမှ မသိနိုင်ပေ။
ပြန်လည်သက်သာလာပြီ ဖြစ်သော ဒူဇီဟုန်လျန်ကလည်း ဒယိမ်းဒယိုင်ဖြင့် ရောက်လာပြီး.......
"ငါတို့တွေ့ခဲ့တဲ့ကောင်နဲ့အတူတူပဲ...မယုံနိုင်လောက်အောင် ပြင်းထန်တယ်.....ခဏတာလောက်သာ ထိပ်တိုက်တွေ့ခဲ့ရပေမယ့် ငါတို့မှာ ခုခံဖို့တောင်အခွင့်ရေးမရခဲ့ဘူး....."
လီလော့ အံ့အားသင့်မနေတော့ပေ။ဒူဇီဟုန်လျန်လို သန်မာသူပင်လျှင် ကောင်းကင်ဘုံကပ်ဘေးအဆင့်ရှေ့တွင် ဘာဆိုဘာမျှ မဟုတ်တော့ပေ။
"သူ နင့်ကိုတမင် လွှတ်ပေးလိုက်လို့ ဒီကိုပြန်လာနိုင်တာဖြစ်မယ်....."
ကျန်းချင်းအာ၏ သုံးသပ်ချက်ကြောင့် ဒူဇီဟုန်လျန် ထိတ်လန့်သွားရှာသည်။ ဤသည်မှာ အမှန်ဖြစ်နိုင်သည်။ မဟုတ်လျှင် သူမ လွတ်မြောက်ဖို့ အခွင့်အရေးတောင် ရှိမည်မထင်.....
"ဒါဆို နင် ဘယ်လိုစီစဉ်ထားလဲ..."
အချင်းချင်း မသင့်မြတ်မှုများကို ယခုချိန်တွင် တေးဖယ်ထားမှဖြစ်တော့မည်။
"နယ်မြေ ၁၃ရဲ့ အကာအကွယ်တွေကို သေချာ အားဖြည့်ပေးရမယ်....စစ်ကူတွေမရောက်ခင်ထိ ထိန်းထားနိုင်မှဖြစ်မယ်....."
"အေးပါ..မျှော်လင့်ချက်တွေ အများကြီးမထားနဲ့ပေါ့ဟာ...."
ဒူဇီဟုန်လျန်၏ ပြောပုံကြောင့် လီလော့ပင်လျှင် ဘာပြောရမှန်းမသိတော့ပေ။
ဒူဇီဟုန်လျန်သည် အရူးမျက်နှာနှင့် ထိပ်တိုက် ရင်ဆိုင်ဖူးသောကြောင့် ထပခမံတိုက်ခိုက်ဖို့ ဆန္ဒမရှိတော့ပေ။
အတားအဆီးကိုဖွင့်ပြီး လက်မြှောက်အရှုံးပေးမလို့လား.....မင်းနောက်နေပဲတာဖြစ်မယ်.......
သူတို့စကားပြောနေစဉ်တွင် အနက်ရောင်အမှုန်အမွှားများသည် ၎င်းတို့အထက်တွင် ထင်ရှားစွာရွေ့လျားနေသည်ကို သတိပြုမိလိုက်ကြသည်။ လေထုထဲတွင် ပြုံးရယ်နေသောမျက်နှာကြီးတစ်ခု ထင်ထင်ရှားရှားပေါ်လာပြီး တရွေ့ရွေ့ချဉ်းကပ်လာနေသည်။
ထိုအပြုံးကို မြင်ဖူးသူတိုင်း အလွန်တရာ ထိတ်လန့်ကြောက်ရွံနေကြလေ၏။
ထိုအပြုံးမျက်နှာသည် သားရည်တမြားမြားဖြင့် မိမိတို့ကို စားကောင်းသောက်ဖွယ်များသဖွယ် စူးစိုက်ကြည့်နေသည်ကို ဘယ်သူမကြောက်ဘဲနေလိမ့်မည်နည်း။
ဟီးးးးဟီးးးးးးးးး
ထိုရယ်သံသည် ၎င်းတို့အချင်းချင်း ဆက်သွယ်နေသော အသံပင်....
အချက်ပေးသံကြားရသည်နှင့်တပြိုင်နက် အနက်ရောင် မြုခိိုးများသည် အတားအဆီးများကို ဖြိုဖျက်ရန် အရှိန်ပြင်းစွာ ချီတက်လာခဲ့ကြသည်။
ထိုမြူခိုးထဲတွင် လူသားတစ်ပိုင်း မကောင်းဆိုးဝါးတစ်ပိုင်း ရုပ်ပျက်ဆင်းပျက် အကောင်ကြီးများစွာ ပါဝင်နေသည်။
ဖျစ်းးးးးး
အလင်းအတားအဆီးကို တွန်းလှန်လိုက်သောအခါတွင် အားနည်းသော ကမ္ဘာခြားသက်ရှိများသည် မှုန်ကုပ်ကုပ်ဖြစ်ကာ အနက်ရောက် မီးခိုးငွေ့များအဖြစ် လောင်ကျွမ်းသွားလေသည်။
အနည်းဆုံးတော့ နယ်မြေ ၁၃ ကို ကာကွယ်ပေးနိုင်သည့်အရာတစ်ခုရှိနေသောကြောင့် စိတ်သက်သာရာရသည့်အနေဖြင့် သက်ပြင်းချလိုက်မိကြသည်။
ဤသည်မှာ အရူးမျက်နှာသည် အတားအဆီး၏ ခွန်အားကို စမ်းသပ်နေကြောင်း လီလော့၊ကျန်းချင်းအာနှင့် ဒူဇီဟုန်လျန်တို့သာ သိထားကြသည်။
စမ်းသပ်မှု လှိုင်းလုံးကြီးတွင် အနက်ရောင်မြူမှုန်များ ပြန်လည်စုရုံးလာကာ အတားအဆီးတွေဆီ ထပ်မံတိုးဝင်လာပြန်သည်။
ဒုတိယလှိုင်းက ပိုအားကောင်းသည်။၎င်းတို့အားလုံးသည် တိုက်စားသူအဆင့်များဖြစ်ကြပြီး အချို့ဆိုလျှင် အဖြူရောင်မှ အနီရောင်သို့ စတင်အရောင်ပြောင်းနေကြပြီဖြစ်သည်။
ဤသည်မှာ အတားအဆီးကို အားနည်းအောင် တဖွဲ့ပြီးတစ်ဖွဲ့ ထိုးကျွေးနေခြင်းပင်.....
ဤတစ်ကြိမ်တွင် အတားအဆီးသည် အရင်ကလောက် ကောင်းစွာမသန့်စင်နိုင်တော့ပေ။အချို့ဆိုလျှင် ပြာကျလောင်ကျွမ်းဖို့အချိန်အတော်ကြာခဲ့သည်။
စိတ်မသက်မသာစရာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သော်လည်း ကျန်းချင်းအာ ကျောင်းသားများကို ငြိမ်သက်စေရန် အချက်ပေးလိုက်ပြီး.....
"အားလုံးနားထောင်ကြ..... ငါပြောတဲ့အတိုင်းလိုက်နာပြီး အလယ်ဗဟိုကမျှော်စင်ကို မင်းရဲ့စွမ်းအားတွေနဲ့အားဖြည့်လိုက်ပါ....."
သူမ၏ အမိန့်အတိုင်း ကျောင်းသားများသည် မျှော်စင်ပေါ်သို့ ပြေးတက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ ထို့နောက် ပဲ့တင်ထပ်သံစွမ်းအားများကို မျှော်စင်ဆီပို့လွှတ်လိုက်ကြသည်။
ယခုအခါ အတားအဆီးသည် ယခင်ကထက် ပိုမိုတောက်ပလာသည်။
ဟားးးးဟားးးးးး
အရူးမျက်နှာသည် မျှော်စင်ပေါ်တွင် ဝဲပျံနေရာကနေ အတားအဆီးအထက်တွင် ပျံဝဲနေလေသည်။
နက်မှောင်သော မျက်လုံးများသည်လည်းတဖြည်းဖြည်း နီရဲတောက်ပလာသည်။
၎င်သည် အလင်းအတားအဆီးကို အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်သည်။
အရူးမျက်နှာ၏ အပြုံးကို ကြည့်နေရင်းကနေ လူ့သွေးသားကို ဆာလောင်မွတ်သိပ်လာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် အယောင်ယောင်အမှားမှားနဲ့ ပါးစပ်ကိုစမ်းကြည့်လိုက်သည့်အခါ အရူးတစ်ယောက်လို ပြုံးရယ်နေပြီး သွားရည်များလည်း ယိုစီးကျနေသည်။
" သတိထား....အသိစိတ်လွတ်ထွက်မသွားစေနဲ့.... ."
သန့်စင်သော အလင်းစွမ်းအားများ လွှမ်းခြုံလာမှသာ လီလော့တစ်ယောက် အသိစိတ်ပြန်ဝင်လာတော့သည်။
သူတောင်ဒီလိုဖြစ်နေတယ်ဆို..တခြားသူတွေရော......
ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည့်အခါ ကျောင်းသားအချို့ ကူးစက်ခံလိုက်ရပြီဖြစ်သည်။.အချို့ဆိုလျှင်ပါးစပ်မှ သွေးများပင်စီးကျနေသည်။
ဤသည်မှာ ကောင်းကင်ဘုံကပ်ဘေးအဆင့်၏ တမူထူးခြားသောစွမ်းရည်ဖြစ်လိမ့်မည်။ အကြည့်တစ်ချက်နှင့်ပင် ကူးစက်စေနိုင်သည်။
ဤအတိုင်းသာဆို စစ်ကူတွေရောက်လာတဲ့အထိ တောင့်ခံနိုင်ပါ့မလား........