← Chapters

ကူးစက်မှု ရောင်ပြန်ဟပ်ခြင်း

Vol. 20 Ch. 278

ကူးစက်မှု ရောင်ပြန်ဟပ်ခြင်း

Vol. 20 Ch. 278

သန့်စင်သောနယ်မြေအတွင်း၌......

ကျောင်းသားများသည် ပိုမိုမြင့်မားသောစွမ်းအားဖြင့် အမိန့်ပေးသည့်အတိုင်း အရူးသဖွယ် ပြုံးရယ်နေကြသည်။

ပါးစပ်နားရွက်တက်ချိတ်တော့မမတ်ဟူသောစကားအတိုင်း အပြုံးများ ပိုမိုကျယ်ပြန့်လာသောအခါ နှုတ်ခမ်းထောင့်များ ကွဲအက်ကုန်ပြီး သွေးများစီးကျနေ၏။

" ငါတို့တွေ တွက်ကိန်းမှားပြီ.....အရူးမျက်နှာက သန့်စင်တဲ့နယ်မြေထဲထိ ဝင်လာနိုင််တယ်.....ဘယ်လိုမှ တားနိုင်မှာမဟုတ်တော့ဘူး......"

ဒူဇီဟုန်လျန် ထိုသို့အော်ဟစ်လိုက်သည်ကို လီလော့ ဒေါသတ​ကြီးဖြင့် ပြန်အော်လိုက်သည်က.....

" ပါးစပ်ပိတ်ထား..."

လီလော့ တစ်စုံတစ်ခုကို အသည်းအသန်စဉ်းစားပြီးနောက် ရှေ့သို့ထွက်လာကာ......

" ရေပဲ့တင်သံနဲ့ အလင်းပဲ့တင်ထပ်သံရှိသူတွေ အကုန်ရှေ့ထွက်ပြီး ရေကြေးမုံနဲ့ အလင်းကြေးမုံတွေဖန်တီးကြပါ......"

နမူနာပြသည့်အနေဖြင့် သူသည် အချင်း မီတာအနည်းငယ်ကျယ်ပြန့်သော ရေကြေးမုံတစ်ခုဖန်တီးပြလိုက်သည်။

ဝုန်းးးးးးးး

ကျန်းချင်းအာသည် လီလော့ထက် အဆပေါင်းများစွာ ပိုကြီးသော ကြေးမုံတစ်ချပ်ကို ဖန်တီးပြီး သူ့ဘေးတွင် ထားလိုက်သည်။

တခဏအကြာတွင်  ကောင်းကင်ပေါ်တွင် ကျောင်းသားများဖန်တီးထားသော ကြေးမုံများဖြင့်ပြည့်နှက်နေတော့သည်။

ကြေးမုံ၏အလင်းပြန်သော မျက်နှာပြင်သည် အရူးမျက်နှာရှိရာဆီ ဉီးတည်နေသည်။

ယခု အောက်ကို ငုံ့ကြည့်လိုက်သည့်အခါ သူ၏ ကိုယ်ပိုင်အရူးမျက်နှာကိုသာ ပြန်မြင်နေရသည်။

လူမဆန်သော ရယ်သံကျယ်ကြီးထွက်ပေါ်လာပြီး နီရဲနေသော မျက်လုံးကနေ သွေးမျက်ရည်များ တသွင်သွင် စီးကျလာသည်။

အထိနာသွားပြီဖြစ်သောကြောင့် မြုမှုန်များကြားသို့ ဝင်ပြေးလေတော့သည်။

အရူးမျက်နှာ  ဆုတ်ခွာသွားသည်နှင့်အမျှ လွှမ်းမိုးမှုခံရသော ကျောင်းသားများ တဖြည်းဖြည်း သတိ ပြန်ဝင်လာကြသည်။

ဒါမှ ဒီနည်းနဲ့ ဖြေရှင်းလို့ရတယ်။

" နင်ဘယ်လို လုပ်လိုက်တာလဲ.....စွမ်းအားကြီးတဲ့မကောင်းဆိုးဝါးကို အထိနာအောင် ဘယ်လိုလုပ်လိုက်တာလဲ....."

ဒူဇီဟုန်လျန်သည် ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်နေရှာသည်။

" ငါက ဉာဏ်ကောင်းတယ်လေ.....သူ့ကို ကြည့်မိသူတိုင်း ကူးစက်ခံရတယ်မလား....သူဖော်တဲ့ဆေး သူ့ပြန်စားခိုင်းလိုက်တာ......"

လီလော့၏ တန်ပြန်မှုသည် မယုံနိုင်လောက်အောင် ထိရောက်ခဲ့သည်။

" ထိထိမိမိ မတိုက်ခိိုက်နိုင်လိုက်ဘူး..... "

ကျန်းချင်းအာကို ကြည့်ရသည်မှာ အားမလိုအားမရ ဖြစ်နေပုံရသည်။

သို့တိုင်... ရောင်ပြန်ဟပ်ခြင်းလှည့်ကွက်ကို တစ်ကြိမ်သာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ တစ်ကြိမ်အထိနာထားပြီးသော အရူးမျက်နှာကလည်း နောက်တစ်ကြိမ် ထောင်ချောက်ထဲသို့ ဆင်းသက်လာမည်မဟုတ်။

မည်သို့ပင်ဆိုစေကာမူ ပိုမိုပြင်းထန်သော လှုပ်ရှားမှုတစ်ခုအား ရပ်တန့်နိုင်ခဲ့သည်မဟုတ်လော......

ယခုဆိုလျှင်  အပြင်ဘက်အလင်းအတားအဆီးကို တိုက်ခိုက်နေကြသော ကမ္ဘာခြားသက်ရှိများကို အာရုံစိုက်နိုင်ပြီဖြစ်သည်။

ပထမအချီမှာ အနိုင်ရခဲ့ပေမယ့် အရူးမျက်နှာတွင် နည်သို့သောဝှက်ဖဲများရှိနေသည်ကို မည်သူမျှ မသိနိုင်ပေ။

အတားအဆီးများကို အလွယ်တကူဖြတ်ကျော်သွားနိုင်ခြင်းကလည်း စိုးရိမ်စရာ အကောင်းဆုံးအချက်တစ်ခုဖြစ်နေသည်။

အလင်းအတားအဆီးသည် ၎င်းတို့၏ နောက်ဆုံးကာကွယ်ရေးဖြစ်သည်။

လီလော့တို့သည်  အဓိကရန်သူမှာ အရူးမျက်နှာဖြစ်နေသောကြောင့်အတားအဆီးများကို အသေခံတိုးဝင်နေကြသော ကမ္ဘာခြားသက်ရှိများကို နတည်းနည်းမှစိတ်မပူခဲ့ကြပေ။

ခဏတာငြိမ်သက်နေခြင်းသည် မုန်တိုင်းမဝင်ခင် လေငြိမ်နေသလိုပင်.....

ယခုဆိုလျှင် လီလော့တို့နှင့်အတူ ကြယ်သုံးပွင့်ခန်းမ၏ထူးချွန်ကျောင်းသားများပါ ပူးပေါင်းပြီး အနက်ရောင်မြုခိုးများထဲမှ လှုပ်ရှားမှုတစ်ခုချင်းစီကို အသေးစိတ်စောင့်ကြည့်နေကြသည်။

နောက်ဆုံးတွင် အနက်ရောင်မြူခိုးများ  ထပ်မံလှုပ်ခတ်လာပြီး ထိုအထဲမှ အနက်ရောင်ပုံသဏ္ဍန်တစ်ခု တရွေ့ရွေ့ထွက်လာပေါ်လာသည်။

၎င်းသည် မီတာအနည်းငယ်ခန့်ရှည်လျားသည့် လူ့ဘီလူးကြီးတစ်ကောက်ဖြစ်ပြီး မျက်နှာပေါ်တွင် ရူးသွပ်ဖွယ်အပြုံးတစ်ခုရှိနေသည်။

နီရဲ​တောက်ပနေသော ကြက်သွေးရောင်မျက်လုံးများသည် ကျန်းချင်းအာကိုသာ မမှိတ်မသုန်စိုက်ကြည့်နေပြီး တစ်ခုတည်းသော ခြိမ်းခြောက်မှုအစစ်အမှန်အဖြစ် အသိအမှတ်ပြုထားပုံရသည်။

အရိပ်လှိုဏ်ဂူ၏ ဤဧရိယာတွင် ကောင်းကင်ဘုံကပ်ဘေးအဆင့်သည် အထွတ်အထိပ်သားကောင်များဖြစ်ကြသည်။

အလင်းတားအဆီးများသည် ၎င်းအတွက် ဖျက်စီးရန် ခက်နေသော်လည်း သူ့ထံတွင် နည်းလမ်း အချို့ရှိနေပါသေးသည်။

လူ့ဘီလူးကြီးသည် ပါးစပ်ထဲကနေ မည်းမှောင် စေးကပ်သော ရွှံ့အညစ်အကြေးများကို ရုတ်တရက် အန်ထုတ်လိုက်သည်။

မကြာခင်မှာပင် ထိုအနက်ရောင်ရွှံ့စေးများကို ရွံ့ရုပ်ထုများအဖြစ် ဖန်တီးလိုက်ပြီး

ပိုလျှံနေသော အနက်ရောင်ရွှံ့များဖြင့်လည်း သေးငယ်သော စင်မြင့်အချို့ကိုလည်း ဖန်းတီးနေသေးသည်။

မကျောင်းသားများသည် ထိုမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။

ဘာတွေဖြစ်နေမှန်း မသိပေမယ့် အဆင်ပြေမနေသည်မှာ သေချာသလောက်ပင်......

စစ်ပွဲပုံစံ တစ်ခုခုကို စီစဉ်နေပုံရသည်။

အန္တရာယ်ရှိသောစစ်ပွဲ.......

All Chapters