← Chapters

အရူးမျက်နှာ၏ အစီအစဉ်.....

Vol. 20 Ch. 279

အရူးမျက်နှာ၏ အစီအစဉ်.....

Vol. 20 Ch. 279

အနက်ရောင်တိမ်တိုက်...အနက်ရောင်မြူခိုး....အနက်ရောင်တီးတိုးသံများ.....

၎င်းတို့သည်  အတားအဆီးများဆီ အရူးမျက်နှာ အလိုကျ ပျော်ရွှင်စွာတိုးဝင်နေကြဆဲပင်......

အရူးမျက်နှာကလည်း မြုခိုးများကြားတွင် ကို့ရိုးကားယားကခုန်နေလေ၏။

ဤသည်မှာ ရယ်စရာကောင်းနေသော်လည်း မည်သူမျှမရယ်နိုင်ကြပေ။

အရူးမျက်နှာ၏ ကြောက်စရာကောင်းမှုကို ဉီးနှောက်ရှိသူတိုင်း သိပြီးသားဖြစ်သည်။

" ဘာအတွက်ပဲဖြစ်ဖြစ် အားလုံးအသင့်ပြင်ထားကြပါ......သတိမလွတ်ကြနဲ့......"

ကျန်းချင်းအာ၏ အမိန့်ပေးသံကို လူတိုင်းရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။

အပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေသော်လည်း နယ်​​​မြေအတွင်းပိုင်းတွင် ဖိအားအချို့ကြောင့် တိတ်ဆိတ်ငြိမ်သက်နေပါသည်။

ကခုန်ခြင်းပြီးဆုံးသွားသည့်အခါ အရူးမျက်နှာ၏ အပြုံးများကလည်း ပိုမိုပြန့်ကားလာလေသည်။

" ဟားးးဟားးးဟားးးးးးး"

တဟားဟားအော်ရယ်ပြီးသည်နှင့်အနက်ရောင်စွမ်းအားများကို လက်သည်းများကနေတဆင့် ရွံ့ရုပ်များဆီပို့လွှတ်နေသည်။

ကျောင်းသားများသည် ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေကြစဉ်တွင် အော်​သံတစ်​ခု ​ရုတ်တရက်ထွက်ပေါ်လာသည်။

ကျောင်းသားအချို့၏ ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးငွေ့များ ထွက်လာပြီး ၎င်းတို့၏ပါးစပ်များသည် မမြင်နိုင်သော အင်အားအချို့ဖြင့် ဆုတ်ဖြဲခံလိုက်ရသလိုညစုတ်ပြဲကုန်ပြီး သူတို့၏အော်သံများသည် ရူးသွပ်တခစ်ခစ်ရယ်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။

ပျက်သုန်းခြင်း စွမ်းအင်လှိုင်းလုံးများ ၎င်းတို့အပေါ် လွှမ်းခြုံသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားလိုက်လေပြီ။

တိုတောင်းသောအခိုက်အတန့်တွင် ကျောင်းသားများသည်  မွဲခြောက်ခြောက်မျက်လုံးများဖြင့် နီရဲနေသော ရုပ်သေးရုပ်များဖြစ်လာခဲ့ပြီး အနီးနားက ကျောင်းသားတွေကို စတင် တိုက်ခိုက်လေတော့သည်။

နယ်မြေ ၁၃ထဲဲတွင် ကမ္ဘာပျက်နေလေပြီ။

လီလော့ တွေးလိုက်မိသည်က...

"မဖော်ထုတ်ရသေးတဲ့ ကူးစက်ခံရသူတွေ...."

“အဲ့ဒီ့အနက်ရောင် ရွှံ့ရုပ်တွေက သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းက မျိုးစေ့တွေနဲ့ ဆက်စပ်လိမ့်မယ်....လှုံ့ဆော်ခံလိုက်ရလို့ ရုပ်သေးရုပ်တွေအဖြစ် ပြောင်းသွားတာ....."

ရှင်းနေသည်မှာ၊ သူတို့သည် ကူးစက်ခံရသည့်ကျောင်းသားများအားလုံးကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ဒါကိုကြိုသိနေသော အရူးမျက်နှာက မျိုးစေ့များကို နက်ရှိုင်းစွာ စိုက်ပျိိုးပေးလိုက်ခြင်းဖြစ်သည်။

ကျန်းချင်းအာနှင့် လီလော့တို့သာ မကယ်တင်ပေးလျှင် သူမလည်း အခုချိန်လောက်ဆို ရုပ်သေးရုပ်ဖြစ်နေလောက်ပြီ....ဒူဇီဟုန်လျန် တွေးရင်း တွေးရင်း အလွန်ထိတ်လန့်နေမိသည်။

"ယွမ်ရှုန်း နဲ့ ရဲချုတင်းကို သတိထား.... သူတို့လည်း အရူးမျက်နှာနဲ့ တွေ့ခဲ့တယ်၊ သူတို့ အကြီးအကျယ် ဖောက်ပြန်ဖို့ အခွင့်အလမ်း များတယ်....."

ဘုန်းးးးးးး

ထိုစဉ် ကျောက်မျှော်စင်ကြီးတစ်ခု ရုတ်တရက်ပြိုကျလာပြီး ကောင်မလေးတစ်ယောက်လည်း အတူပြုတ်ကျလာသည်။

ထိုသူသည် ယွမ်ရှုံးနှင့်ရဲချူတင်းကို  စောင့်ကြည့်နေခဲ့သော ထျန်ထျန်း ဖြစ်သည် ။

သူမ နောက်တွင် လူရိပ် အနည်းငယ် ကပ်ပါလာပြီး ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။

ယွမ်ရှုံး၊ရဲချူတင်းနှင့် ၎င်းတို့၏အဖွဲ့သားများသည် နီရဲသောမျက်လုံးများဖြင့် ထျနိထျန်းကိုသာ မမှိတ်မသုန်စိုက်ကြည့်နေကြသည်။

"ခေါင်းဆောင်.... ကူးစက်ခံရပြီးမှ သူတို့တွေ  ပိုသန်မာလာတယ်!"

ထျန်ထျန်းက ကျန်းချင်းအာနှင့် တခြားသူတွေကို သတိပေးသည့်အနေဖြင့် လှမ်းအော်လိုက်သည်။

"မကြောက်ကြနဲ့.... "

ကျန်းချင်းအာက ကျောင်းသားအားလုံးကို ကျယ်လောင်စွာ သတိပေးလိုက်သည်။

“အတူပူးပေါင်းပြီး ဖိနှိပ်ကြမယ်....ဗဟိုမျှော်စင်နားမှာ ခံစစ်စည်းတစ်ခုဖွဲ့ပါ....သူတို့ကိုလုံးဝ အနားမကပ်စေနဲ့....သူတို့ရဲ့ ပန်းတိုင်က ဗဟိုမျှော်စင်ကို ချိုးဖျက်ပြီး သန့်စင်တဲ့အတားအဆီးကို ဖယ်ရှားဖို့ပဲ ဖြစ်ရမယ်....."

ကျောင်းသားများသည် ကျန်းချင်းအာ၏ အနီးတဝိုက်တွင် စုရုံးခဲ့ကြပြီး ကူးစက်ခံရသည့်ကျောင်းသားများကို တွန်းလှန်ဖို့ အတူတူပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဗဟိုမျှော်စင်သာ ပျက်စီးသွားပါက သန့်စင်ရေးအတားအဆီး ရပ်ဆိုင်းသွားလိမ့်မည်ဖြစ်ပြီး ကမ္ဘာခြားသက်ရှိများ အလုံးအရင်းဖြင့် ဝင်ရောက်လာကြလိမ့်မည်။

သေခြင်းတရား၏ ခြိမ်းခြောက်မှုမှာ ၎င်းတို့၏ အာရုံများကို ထက်မြက်စေပြီး ခွန်အားအပြည့်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။

လီလော့ ၊ ဒူဇီဟုန်လျန် ၊ ချိုးပိုင် နှင့် အခြားသော အဓိက ခေါင်းဆောင်များ သည် ခံစစ်စည်းကိုထိန်းထားရန် ထွက်သွားခဲ့ကြပြီး ကျန်းချင်းအာတစ်ယောက်တည်းသာ  မြင့်မားသော နံရံပေါ်တွင် ကျန်ခဲ့ပြီးအခြေအနေအရပ်ရပ်ကို တည်ငြိမ် စူးရှသော မျက်လုံးဖြင့် ကြည့်ရှုစစ်​ဆေးနေသည်။ သူမသည် အရူးမျက်နှာကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

အခုအချိန်မှာတွက် သူမ မပါဘဲ အခြေအနေကို ထိန်းနိုင်သောကြောင့်  ရန်သူ ပြိုလဲသွားနိုင်သည့် အပြောင်းအလဲအသစ်များအတွက် သူမ သတိရှိရမည်ဖြစ်သည်။

သူမသည် အရူးမျက်နှာကိုခြိမ်း​ခြောက်နိုင်သည့် တစ်ဦးတည်းသော သူဖြစ်ကြောင်း သူမ သိသည်။

သို့သော်လည်း ခွန်အားကွာခြားချက်ကြောင့်

အခွင့်ကောင်းကို စောင့်ဆိုင်းရပေမည်။

နံရံထက်တွင် သွေးညှီနံ လှိုင်လှိုင်ထနေသော လေပြင်းများတိုက်ခတ်လျှက်ရှိသည်။ သူမဓားရိုးပေါ် လက်တင်လိုက်သည့်အခါ ဓားသည် မြေပြင်ပေါ်သို့ ထိုးစိုက်ကျဆင်းသွားလေသည်။

.......................

ဝုန်းးးးးးးး

လီလော့၏ ဓားတိုများသည် အထပ်ထပ်အခါခါ ခုတ်ပိုင်းပြီးသည့်တိုင် ကူးစက်ခံရသော ကျောင်းသားတစ်ဦးထံသို့  ထပ်မံပျံသန်းသွားခဲ့သည်။

ရှေ့သို့ လှမ်းလိုက်သော်လည်း ပျက်သုန်းခြင်း စွမ်းအင်နောက်တစ်ခုက သူ့အနားကို ရောက်လာသည်။

ထို့ကြောင့် လျင်မြန်စွာတုံ့ပြန်သည့်အနေဖြင့် အလင်း​​ကြေးမုံတစ်ချပ်ပဧ်လွှတ်ပြီး ခုခံလိုက်ရသည်။

ဝုန်းးးးးး

ကြေးမုံပျက်စီးသွားသော်လည်း တိုက်ခိုက်မူအချို့ကို မူလဉီးတည်ရာဆိီပြန်ပို့နိုင်ခဲ့သည်။

ထန် ထန်.....

ပဲ့တင်ထပ်သံစွမ်းအား  ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး လီလော့  ဒေါသတကြီး အော်ဟစ်ကာ နောက်ဆုတ်သွားခဲ့ရသည်။

ကူးစက်ခံရခြင်းသည် ကျောင်းသားများ၏ အသွင်အပြင်ကို ထိခိုက်စေသော်လည်း တိုက်ခိုက်နည်းများကို မှတ်မိနေဆဲဖြစ်သည်။

"ရဲချူတင်း....."

လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ မကူးစက်ခံရခင်ကတည်းက ရဲချုတင်းသည်

သူ့ထက်အဆပေါင်းများစွာ သန်မာသော ဆရာသခင်တတိယအဆင့်တစ်ယောက် ဖြစ်သည်။ ယခုချိန်တွင် သူ့တွင် မကောင်းသော တွန်းအားများ ရှိလာသဖြင့် လီလော့ထက် အဆပေါင်းများစွာ သန်မာနေသည်။

ရဲချုတင်း၏ ကြက်သွေးရောင်မျက်လုံးများသည် ရက်စက်မှုကြောင့် တလက်လက်တောက်ပနေသည်။ထို့နောက် လီလော့ထံသို့ ကြောက်စရာကောင်းသော စွမ်းအားများပစ်လွှတ်လိုက်ပြန်သည်။

ရဲချူတင်းသည် အခြားသူများကို မတိုက်ခိုက်ဘဲ လီလော့တစ်ယောက်တည်းကိုသာ သည်းကြီးမည်းကြီးတိုက်ခိုက်နေခြင်းဖြစ်သည်။

"သူ ငါ့ကို အဲ့လောက်မုန်းနေတာလား....."

လီလော့  အသဲအသန် ပြေးနေရင်းကနေ ကျိန်ဆဲလိုက်မိသည်။ ကူးစက်ခံထားရသည့်အတွက် အသိစိတ်မရှိတော့သည့်တိုင် လီလော့ကိုသာ မဆုတ်မနစ် တိုက်ခိုက်နေသည်မှာ အတော်ထူးဆန်းနေသည်။

သူသည် ကျန်းချင်းအာကို မသိစိတ်ထဲက​နေပင် စွဲလန်းနေခြင်းဖြစ်လိမ့်မည်။

"ခွေးမသား...ကူးစက်ခံရလို့ အသိစိတ်လွတ်နေတာတောင် မနာလိုဖြစ်နေတုန်းပဲ....."

အရှိန်မြန်လွန်းသော ရဲချုတင်းက မကြာမီ လီလော့ကိုလိုက်မီလာ​လေတော့သည်။

ရောင်စုံကျောက်ရေအိုင်တွင် ကျင့်ကြံပြီးပြီဖြစ်သောကြောင့် ရဲချုတင်းသည် ဆရာသခင် ပြောင်းလဲခြင်းအဆင့်သို့ရောက်နေပြီဖြစ်သည်။

သို့သော် လီလော့သည် ရဲချူတင်းလို တစ်ယောက်တည်းသမားမဟုတ်ခဲ့ပေ။

ပေါက်ကွဲထွက်လာတဲ့ ကြယ်ရောင်ပဲ့တင်ထပ်သံ စွမ်းအားတွေက ရဲချူတင်းရဲ့မျက်နှာကို ကြယ်ရောင်လိပ်ပြာလေးတွေအဖြစ် ဝိုင်းအုံလာပြီး အနက်ရောင် အရိပ်စွမ်းအားများကလည်း သူ့ထံသို့ တည့်တည့်ကျဆင်းလာသည်။

ရဲချုတင်းသည် ပိုင်မျန်မျန်၏ ကြယ်ကြွေများကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ခဲ့

သော်လည်း လီလော့အတွက် လွတ်လမ်းပေးလိုက်သလိုဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ရဲချုတင်း  အသက်သွေးကြောများကို တိုက်ရိုက်ရည်ရွယ်၍ မြှားတစ်စင်းကဲ့သို့ ပြင်းထန်သော အရိပ်စွမ်းအင်တစ်ခု လွင့်ထွက်လာသော်လည်း ၎င်းကို လေထဲမှ ဖယ်ထုတ်လိုက်လေသည်။

လီလော့သည် ဓားများကို လွှတ်ချလိုက်ပြီး....

" နင်တို့တွေ အလောင်းကောက်ဖို့စောင့်နေကြတာလား....."

"ငါတို့လည်း သူ့ကို မနိုင်ဘူးလေကွာ...."

ရှင်းဖူက ငြီးတွားပြီး ပြန်ပြောလိုက်သည်။

သူတို့ သုံးယောက် အတူတူတိုက်ခိုက်ခဲ့သော်လည်း ရဲချူတင်းသည် ပိုသန်မာနေသေးသည်။ မည်သို့ပင်ဆိုစေ သူသည် ကြယ်နှစ်ပွင့်ခန်းမ၏ ထိပ်တန်းကျောင်းသားဖြစ်သည်မဟုတ်လော......

"ကောင်းပြီ... ငါတို့ချည်းပဲ သူ့ကို အနိုင်မယူနိုင်ရင်  စစ်ကူခေါ်လိုက်ရုံပေါ့ကွာ....."

လီလော့ ထွက်သွားပြီး သိပ်မကြာခင် ရင်းနှီးနေသူ သုံးယောက်နှင့်အတူပြန်ရောက်လာခဲ့သည်။

စီချိုးယင်း၊ ရိလီရှ၊ ချိုးရဲ......

အခုဆိုလျှင် ဂျူနီယာအဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီး စီနီယာတစ်ယောက်ကို တိုက်ခိုက်တော့မည်။

All Chapters