← Chapters

အခွင့်ရေးတစ်ခု......

Vol. 20 Ch. 280

အခွင့်ရေးတစ်ခု......

Vol. 20 Ch. 280

ယခုချိန်တွင် အရူးမျက်နှာသည် ကောင်းမွန်စွာ ကျဲချထားသော အသီးပွင့်များကို ကောင်းကောင်းကြီး ရိတ်သိမ်းနေပြီဖြစ်သည်။

ထိုအစီအစဉ်သည် ကောက်ကျစ်သော်လည်း အမှန်ပင် အလုပ်ဖြစ်ခဲ့ပါသည်။

ကူးစက်ခံရသော ကျောင်းသားများသည် အရေအတွက်နည်းသော်လည်း အရူးမျက်နှာထံတွင် ၎င်းတို့၏စွမ်းအားများကို သိသိသာသာမြှင့်တင်ရန် နည်းလမ်းများစွာရှိနေပုံရသည်။

အရေအတွက် အားသာသော်လည်း ကူးစက်မခံရသောကျောင်းသားများသည် ကောင်းကောင်းကြီး ဖိနှိပ်ခံနေရသည်။

လူစည်ကားသောလမ်းကြားတွင်၊ လီလော့တို့အဖွဲ့နှင့် ရိလီရှတို့အဖွဲ့တို့သည် ကူးစက်ခံထားရသော ရဲချူတင်းနှင့်ရင်ဆိုင်နေကြရသည်။

ခြောက်ပွဲဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း  ရဲချူတင်းကသာ အနိုင်ရရှိခဲ့သည်။

လီလော့သာ ရေအစွန်အဖျား ပညာရပ်ကိုသုံးကာ ဓားတိုနှစ်လက်နှင့် ရဲချူတင်းကို ထောင့်ဖြတ်ခုတ်ပိုင်းလိုက်ပြီး ရိလီရှကို ကူညီပေးလိုက်သည်။

ထို့နောက် ရေစွမ်းအားနှင့်သစ်သားစွမ်းအားတို့ကိုသုံးကာ သစ်နွယ်ပင်များဖန်တီးလိုက်ပြီး ရဲချုတင်း၏ခြေထောက်များကို ချူပ်နှောင်လိုက်သည်။ သို့သော် ပျက်သုန်ခြင်းစွမ်းအားကြောင့်သစ်နွယ်ပင်များ တမဟုတ်ချင်း ညှိုးနွမ်းသွားလေသည်။

တို​တောင်းလှသည့် ထိုအခိုက်အတန့်သည် အနည်းဆုံးတော့ ရဲချူတင်းကို ဟန်ချက် ပျက်သွားစေဖို့ လုံလောက်ခဲ့ပါသည်။

အတော်ဆုံးကျောင်းသားများပီပီ လီလော့နှင့် ရိလီရှတို့သည် ဤအခြေနေကို အခွင့်ကောင်းယူပြီး တိုက်ကွက်အသီးသီးထုတ်ဖော်လိုက်လေသည်။

ဝုန်းးးးးးးးး

ရဲချုတင်းဆီသို့ လက်သီးချက်နှင့် ဓားချက်တို့ တပြိုက်နက်ကျဆင်းသွားခဲ့သည်။

သို့သော်လည်း ရဲချူတင်းထုတ်လွှတ်လိုက်သော ပျက်သုန်းခြင်းစွမ်းအားကြောင့် နှစ်ယောက်စလုံးအဝေးသို့လွှင့်စင်သွားခဲ့ကြသည်။

ကုသရေးစွမ်းအင် ရှိသောကြောင့် လီလေု့ကအထ်ိမနာခဲ့သော်လည်း ရိလီရှက နံရံနှင့်ဆောင့်မိသည့်အရှိန်ကြောင့် ခက်ခက်ခဲခဲ အသက်ရှူနေရပြီစ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေ၏။

အင်အားကွာခြားချက် ကြီးမားလွန်းလှသည်။

အဖွဲ့နှစ်ဖွဲ့သည် ယခုအခါ ခေါင်းဆောင်များကို  ကယ်ဆယ်ရန် အလုပ်များနေကြရှာသည်။

"လီလော့...တခုခုတော့မှားနေပြီထင်တယ်....ဒီသူတောင်းစားက တဖြည်းဖြည်း ပိုသန်မာလာတယ်......"

ရိလီရှက ဒေါသတကြီးပြောလိုက်ပြီး သူ့ပါးစပ်မှ သွေးများကို ထွေးထုတ်လိုက်သည်။

လီလော့ ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ထိုသို့ ခံစားနေရသည်မဟုတ်လော....

အပွဲပွဲနွှဲပြီးချိန်တွင် ​ခြောက်ယောက် တစ်ယောက် တိုက်ခိုက်နေသည့်တိုင်  ရဲချူတင်းသည် တစ်နည်းနည်းဖြင့် အားကောင်းလာသည်။

ဒီအတိုင်းဆက်သွားရင် သူတို့နှစ်ဖွဲ့သာ အမှောက်သိပ်ခံရလိမ့်မည်။

နောက်ထပ် စစ်ကူထပ်ခေါ်သင့်သလား.....

ဒါပေမယ့်လည်း နေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဘယ်သူမှလာကူနိူင်မည်မဟုတ်။

ဤနေရာ၌ ၎င်းတို့သည် ကြီးမားသောအန္တရာယ်များထဲမှ တစ်ခုကို ရင်ဆိုင်နေ

ရသော်လည်း လီလော့သည် အခြားတိုက်ပွဲများကိုလည်း မျက်ခြေမပျက် အကဲခတ်နေခဲ့ပါသည်။ တခြားသော ကူးစက်ခံရသူများလည်း ရဲချူတင်းလိုသန်မာလာကြသည်။

"ဒါက ဟိုအရူးမျက်နှာ လက်ချက်မဟုတ်လား....."

ကူးစက်ခံရသူများ ဘယ်လောက်ထိအာယကောင်းလာမည်မှန်း မသိသလို သူတို့ဘက်ကလည်း ဘယ်လောက်ထိခုခံနိုင်မလဲ မသေချာတော့ပေ။

ဗဟိုမျှော်စင် ပြိုကျသည်နှင့် အတားအဆီလည်း ပြိုကျလိမ့်မည်။

"စစ်ကူတွေ ငါတို့နဲ့မပူးပေါင်းမချင်း ရသလောက် အချိန်ဆွဲထားရမယ်....."

လက်ရှိအခြေအနေသည် ဓားမိုးထားသလို ရင်တထိတ်ဖွယ်ကောင်းနေလေ၏။

အကယ်၍ ရဲချုတင်းကိုသာ ထိန်းမထားနိုင်လျှင် ဗဟိုမျှော်စင်သေချာပေါက်ပျက်စီးသွားလိမ့်မည်။

သန့်စင်သောနယ်မြေထဲတွင် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ကျန်းချင်းအာသည် တိုက်ပွဲတစ်ခုလုံးကို စူးစမ်းလေ့လာသည်။

ကူးစက်ခံရသော ကျောင်းသားများ ပို၍ အားကောင်းလာသည်ကို သူမလည်း သတိပြုမိသည်။

သူမသည် ရွှဲရုပ်ထုများကြားတွင် တင်ပျဉ်ခွေထိုင်နေသော အရူးမျက်နှာကို သေချာကြည့်လိုက်သည်။ ထို့နောက် နဖူးပေါ်တွင် လက်ညှိုးဖြင့် မျဉ်းတစ်​ကြောင်းရေးဆွဲလိုက်သည်။

"တောက်ပသောမျက်ဝန်း!"

နဖူးပေါ်တွင် ပါးလွှာသော ရွှေရောင်မျဉ်းတစ်ကြောင်း ပေါ်လာပြီး ရုတ်တရက် သူမ၏ အမြင်အာရုံ ကြည်လင်လာသည်။ သူမသည် အနက်ရောင် မြူခိုးများကိုပင် ဖောက်ထွင်း မြင်နိုင်ပြီး အထပ်ထပ် ဖြန့်ကျက်နေသော ကမ္ဘာခြားသက်ရှိများ၏ အဆင့်အတန်းကို မြင်နေရသည်။

သူမသည် အရူးမျက်နှာဆီ  အာရုံစိုက်လိုက်သည်။

သူမ၏ ပိုမိုကောင်းမွန်သော စက္ခုအာရုံတွင်

အရူးမျက်နှာနှင့် ရွံ့ရုပ်ထုများကြားတွင် ချိတ်ဆက်ထားသောအနက်ရောင်အလင်းတန်းများ ပေါ်လာသည်။

" ရုပ်ထုတွေကိုကြားခံအဖြစ်သုံးပြီး ကူးစက်ခံရတဲ့သူတွေဆီ စွမ်းအားပို့လွှတ်နေတာပဲ....သူလည်း အတော်အားနည်းနေပြီ......"

ခဏအကြာတွင်သူမ၏ နဖူးပေါ်မှ ရွှေရောင်

မျဉ်းကြောင်းများ မှေးမှိန်သွားကာ သူမ၏ လေးလံသော ဓားကို ဓားအိမ်ထဲမှဆွဲထုတ်လိုက်လေသည်။

သူမသည် ယခုအခါတွင် စွမ်းအားများကို စတင်စုဆောင်းနေပြီဖြစ်သော်လည်း တည်ငြိမ်စွာ ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။

သူမ၏နောက်တွင်မူ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲပင်....

ကူးစက်ခံရသောကျောင်းသားများ ပိုမိုအားကောင်းလာသည်နှင့်အမျှ  သွေးထွက်သံယိုဒဏ်ရာရသူ ပိုများလာသည်။

ကျန်းချင်းအာ ဒါတွေကိုလျစ်လျူရှုထားပြီး အာရုံစူးစိုက်ကာအခွင့်အရေးကို စောင့်ဆိုင်းနေလေ၏။

ကူးစက်ခံရသော ကျောင်းသားများ ပိုမိုသန်မာလာသည့်အတွက် တိုက်ခိုက်နေသူအချို့ စိတ်ပျက်အားလျော့လာကြသည်။

တဖြည်းဖြည်းနှင့် ဗဟိုမျှော်စင်နားနီးကပ်လာကြပြီ.....

အချိန်တန်ပြီ......

ကျန်းချင်းအာ၏ ရွေ့လျားမှုသည် ပြစ်သားကို ပြစ်ဒဏ်ခတ််ဖို့ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်ဘုရားတစ်ဉီးသဖွယ်ပင်.....

ကျော့ရှင်းသော နတ်ဘုရားမ ကိုင်ဆောင်ထားသော ဓားတစ်လက်သည် သန့်စင်သောအလင်းစွမ်းအားတို့ကြောင့် မျက်စိကျိန်းလုမတတ်တောာက်ပနေလေ၏။

သူမသည် သန့်စင်ရေးအတားအဆီးကို ဖြတ်ကျော်ကာ အရူးမျက်နှာရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီးသည်နှင့် တသ်ချက်လေးမျှ တွေဝေမနေဘဲခုတ်ပိုင်းလိုက်လေတော့သည်။

ကွပ်မျက်မှုစတင်ခဲ့ပြီ........

All Chapters