← Chapters

ဉာဏ်ရည်မြင့် စက်ရုပ်လေး ရှောင်ယွင်

Vol. 26 Ch. 390

ဉာဏ်ရည်မြင့် စက်ရုပ်လေး ရှောင်ယွင်

Vol. 26 Ch. 390

“ဟားဟားဟား၊ ရှန်းကျောင်း ချန်နယ်တော့ ရူးသွားပြီပဲ၊ သူတို့ ရူးနေပြီ”

ဥက္ကဋ္ဌဟဲသည် သူ့အရှေ့မှ သတင်းအချက်ကို ကြည့်ပြီး အားပါးတရ ရယ်မောလိုက်မိသည်။ သူက ခနဲ့သော အသံဖြင့် ပြောလိုက်သည်။

“သူတို့က တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို တကယ် လက်ခံလိုက်တာပဲ၊ ဒါ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက် တာပဲ မဟုတ်ဘူးလား”

“ဥက္ကဋ္ဌဟဲ၊ ဘုရားက ကျုပ်တို့ လျိုလျန်ချန်နယ်ကို ကူညီနေတာပဲ”

ဝတ်စုံပြည့်နှင့်လူကလည်း ရယ်လေသည်။

“ကျုပ်တို့ အစက ရှန်းကျောင်း ချန်နယ်ကို ခြိမ်းခြောက်မှုတစ်ခုလို့ တွေးထားခဲ့တာ၊ ဒါပေမဲ့ အခု သူတို့က ကပ်ဆိုက်နေပြီ ဆိုတော့ ကျုပ်တို့ ထိုင်ပြီး အေးဆေးနေရုံပဲ”

“ကျစ် … ငါ ဘယ်တော့မှ သူတို့ကို ခြိမ်းခြောက်မှုလို့ သဘောမထားခဲ့ဘူး”

ဥက္ကဋ္ဌဟဲက သရော်လေသည်။

“ရှန်းကျောင်း ချန်နယ် နာမည်ကြီးလာရတဲ့ အကြောင်းရင်းက အဆိုတော်ဝိုင်ကြောင့်ပဲ၊ ရှင်းရှင်း ပြောရရင် သူတို့ ကြက်ကန်းဆံအိုးတိုးသွားတာပါ၊ တကယ်လို့ အဆိုတော်ဝိုင်က ငါတို့ ရုပ်သံဌာနကို လာမယ်ဆိုရင် ငါတို့ ကောင်းကင်ဘုံလောက်အထိ မြင့်သွားလောက်ပြီ”

“ခင်ဗျား ပြောတာ သိပ်မှန်တယ်၊ ဒါရိုက်တာ၊ ဒါကို ကြည့်ခြင်းအားဖြင့် ဆက်တိုက် ကံကောင်းတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး၊ ရှန်းကျောင်းချန်နယ်ရဲ့ အရှိန်အဝါက ထင်တဲ့အတိုင်းပဲ ကြာကြာခံတော့မှာ မဟုတ်ဘူး”

ဝတ်စုံပြည့်နှင့်လူက အခိုင်အမာ ပြောလေသည်။

“သူတို့က ငါတို့နဲ့ ယှဉ်ပြိုင်ရဲတယ်လား၊ ဟားဟားဟား ... သူတို့က သူတို့ကိုယ်သူတို့ အထင်ကြီးနေတာပဲ၊ ငါ နှစ်သစ်ကူးနေ့ကို စောင့်နေတယ္၊ ပြီးတော့ ရှန်းကျောင်း ချန်နယ် ဘယ်လောက် ကံဆိုးလိုက်မလဲ ကြည့်ရ သေးတာပေါ့”

ဥက္ကဋ္ဌဟဲက ရယ်မောလိုက်သည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ့မျက်လုံးများက ဝင်းလက်လာသည်။

“ဒါနဲ့ အဆိုတော်ဝိုင်မှာ တော်တော် လူကြိုက်များတာပဲ၊ ငါတို့ ရသစုံရှိုးပွဲတစ်ခု စီစဉ်ပြီး သူ့ကို ဖိတ်တာ ပိုကောင်းလိမ့်မယ်၊ သူ့အပြင် မင်းတို့ ဝိုင်နတ်ဘုရားနဲ့ စာရေးဆရာ ဝိုင်ကိုလည်း ကြိုးစားကြည့်ရမယ်၊ သူတို့ မျက်နှာကို ထုတ်ပြစရာ မလိုဘဲ မျက်နှာဖုံး တပ်ထားလို့ ရတယ်”

“ကောင်းပါပြီ၊ ကျုပ် အခု လုပ်လိုက်ပါ့မယ်၊ တကယ်လို့ ကျုပ်တို့ သူတို့ကို ဖိတ်နိုင်မယ်ဆိုရင် ကျုပ်တို့ ရုပ်သံဌာနက ပိုပြီး တိုးတက်လာမှာ သေချာတယ်”

ဝတ်စုံပြည့်နှင့်လူက ခေါင်းညိတ်လေသည်။

“မင်း ရှန်းကျောင်း ချန်နယ်ကလေ လေ့လာပြီးတော့ ချန်ရှောင်ယန်နဲ့ စလိုက်၊ ငါတို့လို ရုပ်သံထုတ်လွှင့်ရုံကြီးက ဖိတ်တာကို သူ ငြင်းမှာ မဟုတ်ဘူး”

ဥက္ကဋ္ဌဟဲက အမိန့်ပေးလိုက်သည်။

“ပြီးတော့ လိုင်းပေါ်က လူတွေရဲ့ နောက်ကနေ မီးစာ ထပ်ထည့်ပေးရမယ္၊ သူတို့ကို တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ကိုယ့်အချစ်အတွက်လောက် မကောင်းဘူးဆိုတဲ့ ခံစားချက်တွေ ပေးလိုက်၊ အဲ့ဒါက လူတိုင်းကို တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အလိုလို ကြည့်ဖို့ တွန့်သွားအောင် လုပ်မှာပဲ”

…

ရဲ့လင်းချန်သည် လူအများ၏ တုံ့ပြန်မှုကို မြင်သော်လည်း သိပ်အလေးမထားချေ။ အစပိုင်းမှ အရာအားလုံးသည် အတုအယောင်များသာ ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲကိုယ်တိုင် သက်သေပြပေလိမ့်မည်။ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့် ရှိပါသည်။

ချန်ချီချီနှင့် အခြားသူများမှာမူ အင်တာနက်ပေါ်မှ မှတ်ချက်များကို မြင်ပြီးနောက် အားလုံး နှစ်ဆ ကြိုးစားကြပြီး အကောင်းဆုံး ရိုက်ကူးကြလေသည်။ သူတို့က နာမည်မကြီးတော့‌‌ရော ဘာဖြစ်လဲ၊ နာမည်မရှိတဲ့သူတွေက ကောင်းကောင်း သရုပ်မဆောင်နိုင်သလို ဇာတ်လမ်းကောင်းတွေ မဖန်တီးနိုင်လို့လား၊ ဘယ်သူက အဲ့စည်းကမ်းကို ချမှတ်ထားတာလဲ။

သို့သော် ရုပ်သံဇာတ်လမ်းတွဲ၏ ပြဿနာကို ဖြေရှင်းပြီးခါစမှာပင် အိုးရန်ချင်းက တံခါးဝသို့ ရောက်လာပြီး ဉာဏ်ရည်မြင့် သန့်ရှင်းရေး စက်ရုပ်က ထုတ်လုပ်ရေးအတွက် အသင့်ဖြစ်ပြီဖြစ်ကြောင်း အသိပေးလာသည်။

ရဲ့လင်းချန်သည် ဝမ်ရုံ နည်းပညာ၏ ဆယ့်ခုနစ်ထပ်မြောက်သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။ ထိုအခိုက်တွင် အိုးရန်ချင်းအပြင် ရှုနန်၊ ရှုဝမ်ချင်းနှင့် သူမတို့၏ ဖခင်လည်း ထိုနေရာ၌ ရောက်နေ၏။

“ဥက္ကဋ္ဌရှု”

ရဲ့လင်းချန်က ရှုနန်၏ အဖေကို ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။

ဥက္ကဋ္ဌရှုက မချိတင်ကဲပြုံး၍ ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားကို ဥက္ကဋ္ဌရဲ့လို့ ခေါ်သင့်တာပါ၊ ဥက္ကဋ္ဌရဲ့က ငယ်ရွယ်ပြီး အလားအလာ ကောင်းတယ်၊ တကယ်ကို အံ့ဩစရာ ကောင်းပါတယ်”

“ဥက္ကဋ္ဌရှုက ကျွန်တော့်ကို အမွှမ်းတင်နေတာပဲ၊ အရင်တစ်ခေါက်က ကျွန်တော် ပြောတာနဲ့ ပတ်သက်ပြီး စဉ်းစားပြီးပြီလား”

ရဲ့လင်းချန် ပြုံးနေသည်။

“ဟားဟားဟား ဥက္ကဋ္ဌရဲ့ကတော့ နောက်နေပြန်ပြီ၊ ကျုပ် သူငယ်မပြန်သရွေ့ အဲ့ဒါကို ရောင်းမှာ မဟုတ်ဘူး”

ဥက္ကဋ္ဌရှုက ရယ်နေ၏။

“ဥက္ကဋ္ဌအိုးရန်ကရော”

ရဲ့လင်းချန်က ဥက္ကဋ္ဌအိုးရန်ကို ထပ်ကြည့်လိုက်သည်။

“စဉ်းတောင် မစဉ်းစားနဲ့”

အိုးရန်ချင်းက ရဲ့လင်းချန်ကို စူးစိုက်ကြည့်သည်။

“ငါတို့ ရှယ်ယာတွေကို ငါတို့ ရောင်းမှာ မဟုတ်ဘူး”

“ဒါဆိုရင်တော့ နှမြောစရာပဲ”

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

သူသည် ကျန်ရှိနေသော ရှယ်ယာ ၁၉ ရာခိုင်နှုန်း ဖြစ်သည့် ဥက္ကဋ္ဌအိုးရန်နှင့် ဥက္ကဋ္ဌတို့၏ ရှယ်ယာများကို ဈေးများများ ပေး၍ ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။ သို့သော် သူ ငြင်းဆန်ခံလိုက်ရလေသည်။

“ဆရာ၊ ကျွန်မက ရှင့်တပည့်လေ၊ ရှင် ကျွန်မအဖေကို မလှည့်စားပါနဲ့”

ရှုနန်က မနေနိုင်ဘဲ ဝင်ပြောလေသည်။

“စိတ်မပူပါနဲ့၊ ငါ နောက်နေရုံလေးပါ”

ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။

ဉာဏ်ရည်မြင့် သန့်ရှင်းရေး စက်ရုပ်များ ထုတ်လုပ်မှုနှင့်အတူ ဥက္ကဋ္ဌအိုးရန်နှင့် ဥက္ကဋ္ဌရှုတို့သည် သူတို့၏ ဦးနှောက်ထဲ၌ အပေါက် မဖြစ်သေးသရွေ့ သူတို့ ရှယ်ယာများအားလုံးကို လုံးဝ ရောင်းမည် မဟုတ်ပါ။

နောင်အနာဂတ်တွင် ဤသို့သော စက်ရုပ်မျိုးက ဈေးကွက်ကို ဘယ်လောက် သိမ်းပိုက်ထားနိုင်မလဲ ဆိုသည်ကို အတွင်းလူများ မဆိုထားနှင့် ရှုနန်နှင့် ရှုဝမ်ချင်းပင် မတွေးနိုင်ပါ။

ထို့အပြင် ၎င်းကို အိုးရန်ချင်းအတွက် ရဲ့လင်းချန်က ရေးဆွဲထားခြင်း ဖြစ်သည်။ အကယ်၍ အနာဂတ်၌ နောက်ထပ် နည်းပညာမြင့် ထုတ်ကုန်များ ရှိလာပါက သူတို့ ချမ်းသာလာမှာပင်။

အနာဂတ်က ရဲ့လင်းချန် ပြောသည့်အတိုင်း ဖြစ်လာနိုင်သည်။ ဝမ်ရုံ နည်းပညာက ကမ္ဘာပေါ်၌ စိတ်အဝင်စား ခံရဆုံး နည်းပညာတစ်ခု ဖြစ်လာနိုင်သည့် အလားအလာ ရှိပေသည်။

သူတို့၌ ရှယ်ယာ နည်းပညာ အနည်းငယ်သာ ရှိသည်ဟု မကောင်းမြင်စရာ မလိုပါ။ ဝမ်ရုံ နည်းပညာက နည်းပညာ လောက၏ ထိပ်တန်း၌ ရပ်တည်လာလျင် ရှယ်ယာ တစ်ရာခိုင်နှုန်းကတောင်မှ ဘယ်သူမဆိုကို ရူးသွားစေနိုင် လောက်သည်။

“ဥက္ကဋ္ဌရဲ့ ဉာဏ်ရည်မြင့် သန့်ရှင်းရေး စက်ရုပ်ရဲ့ ရလဒ်ကို ကြည့်ဖို့ ကျွန်မနောက် လိုက်ခဲ့ပေးပါ”

အိုးရန်ချင်းက လေးနက်သော မျက်နှာထားနှင့် ပြောလိုက်သည်။

ထို့နောက် သူမက ဦးဆောင်၍ စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားပြီး လျှို့ဝှက် စမ်းသပ်ခန်းတစ်ခုသို့ သွားလေသည်။

စမ်းသပ်ခန်းသည် ဗလာကျင်းနေပြီး အချင်း သုံးဆယ် စင်တီမီတာသာ ရှိသည့် စက်ဝိုင်းပုံ သန့်ရှင်းရေး စက်ရုပ်သာ အထဲ၌ လှည့်ပတ် သွားလာနေသည်။

“ဒါ ကျွန်မတို့ရဲ့ ရလဒ်ပါ၊ ကျွန်မတို့ ဒီစက်ရုပ်ကို ရှောင်ယွင်လို့ နာမည်ပေးထားပါတယ်”

အိုးရန်ချင်က ပြောပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ အထဲတွင် ရှောင်ယွင်၏ အခန်းတွင်းမှ သန့်ရှင်းရေး လုပ်ငန်းစဉ်များ၏ ရှင်းလင်းသော မှတ်တမ်းများနှင့် ရလဒ်များ ရှိသည်။

နှိုင်းယှဉ်ခြင်း မရှိဘဲ ဘာမှ သိသာမည် မဟုတ်ပါ။ သို့သော် နှိုင်းယှဉ်လိုက်သည်နှင့် လက်ရှိ အခန်းက ယခင်ထက် အဆပေါင်းများစွာ ပိုသန့်ရှင်းသည်ကို တွေ့ရပေလိမ့်မည်။ ဘာအစက်အပြောက်မှ မရှိဟုပင် ဆိုနိုင်ပေသည်။

ရှုဝမ်ချင်က အားလုံးကို တအံ့တဩ ကြည့်ပြီးမှ မေးလိုက်သည်။

“ရှင် ခုနတုန်းက ကြမ်းပြင်ကို တမင်သက်သက် ညစ်ပတ်အောင် လုပ်ထားတာလား”

“ဟုတ်တယ်”

အိုးရန်ချင်းက ခေါင်းညိတ်သည်။

“အခု ဈေးကွက်ထဲက စက်ရုပ်တွေက လုပ်နိုင်စွမ်း နည်းပြီးတော့ ဖုန်တွေကိုပဲ ရှင်းနိုင်တာ၊ အဲ့ဒါတွေက အတားအဆီးတွေနဲ့ တွေ့ရင်လည်း နည်းနည်း အူကြောင်ကြောင် နိုင်တယ်၊ ငါတို့က အဲ့ပြဿနာကို လုံးဝ ဖြေရှင်းထားတယ်၊ သူ့ဘာသာသူ အားသွင်းနိုင်တဲ့အပြင် အထဲက အမှိုက်သိုလှောင်တဲ့နေရာ ပြည့်သွားရင်လည်း လဲနိုင်စွမ်း ရှိတယ်၊ သန့်ရှင်း‌ရေး လုပ်လို့ ပြီးသွားရင် အထဲမှာ ရေလှောင်တဲ့ နေရာလေး ရှိတယ်၊ အဲ့ဒါနဲ့ ကြမ်းပြင်ကို ကြမ်းတိုက်လို့တောင် ရတယ်”

“ဥက္ကဋ္ဌရဲ့၊ ဒီစက်ရုပ်ကို အခြား ဘာတွေ တိုးတက်အောင် လုပ်လို့ရနိုင်ဦးမလဲ တစ်ချက် ကြည့်ပေးပါဦး”

အိုးရန်ချင်းက ရဲ့လင်းချန်ကို ကြည့်လိုက်သည်။

သူမသည် ရဲ့လင်းချန်ကို ယခု ယုံကြည်သွားပြီ ဖြစ်သည်။ သို့သော် သူမမျက်လုံး၏ နက်ရှိုင်းသော အတွင်းတစ်နေရာ၌ ရှုပ်ထွေးသော ခံစားချက် အရိပ်အယောင်များ ရှိနေသည်။ သူမ၏ မာနကြီးပုံက လုံးဝ မရှိတော့ဘဲ အံ့ဩခြင်းနှင့် အခြား ရောထွေးသော ခံစားချက်များက အစားထိုး ဝင်ရောက်လာသည်။

“ခင်ဗျား ကောင်းကောင်း လုပ်ခဲ့ပါတယ်၊ ဒါ ထုတ်လို့ဖို့ အဆင်သင့်ပဲ”

ရဲ့လင်းချန်၏ စကားက လူတိုင်းကို ပျော်ရွှင်သွားစေသည်။ ဤနည်းဖြင့်ဆိုလျင် ဝမ်ရုံ နည်းပညာအတွက် ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ရန် သိပ်မလိုတော့ပေ။

အိုးရန်ချင်းက သူ့ကို စိတ်မပျက်စေခဲ့ပါ။ သူမသည် မောက်မာသော်လည်း သူမတွင် တကယ် အရည်အချင်း ရှိပြီး အလုပ်လုပ်ချိန်၌ စေ့စပ်သေချာသည်။ သူမရှိလျင် သိပ္ပံနည်းပညာနှင့် ပတ်သက်၍ စိုးရိမ်စရာ မလိုပါ။

“ဆရာ ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ၊ ရှင်က သိပ္ပံနည်းပညာနဲ့ ပတ်သက်ပြီးတောင် သိနေပါလား”

ရှုနန်သည် အလွန် စိတ်လှုပ်ရှားနေပြီး ရဲ့လင်းချန်ကို တန်းဖက်လေသည်။ ဝမ်ရုံလုပ်ငန်းစုသည် သူမအတွက် အလွန် အရေးပါပြီး ရဲ့လင်းချန်၏ အပြုအမူက ဝမ်ရုံကို ကယ်လိုက်ခြင်းနှင့် အတူတူပင်။

“ကျောင်းသား ရဲ့လင်းချန် ကျေးဇူးတင်ပါတယ်”

ရှုဝမ်ချင်ကလည်း‌ ပြောလိုက်သည်။ ရဲ့လင်းချန်၏ သိပ္ပံနှင့် နည်းပညာ အရည်အချင်းနှင့်ဆိုလျင် ပူးပေါင်းရန် အခြား ကုမ္ပဏီကြီးများကို ရှာနိုင်သလို ကိုယ်ပိုင် ကုမ္ပဏီတောင်မှ ထောင်နိုင်လေသည်။ သို့သော် သူက ထိုအခွင့်အရေးကို ဝမ်ရုံအား ပေးခဲ့သည်။ သူတို့အတွက် ယင်းသည် အကြီးမားဆုံး ကျေးဇူးပင်။

“ဆရာမရှု၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့၊ ဒီအခြေကနေ အခွင့်အရေး ယူလိုက်တာ ကျွန်တော်ပါ”

ရဲ့လင်းချန် ပြုံးလိုက်သည်။ ထိုအခြေအနေက ကိုယ်ကိုယ်တိုင် ဘာမှမလုပ်ချင်ဘဲ အခြားသူများကိုသာ လုပ်စေချင်သော သူ့အတွက် အသင့်တော်ဆုံး ဖြစ်သည်။

All Chapters