ရှောင်ယွင်ကြောင့် ဖြစ်လာသော ဆူညံပွက်လောရိုက်မှု
Vol. 27 Ch. 392
“အမလေး မဖြစ်ဘူး၊ ငါ အိမ်မြန်မြန် ပြန်မှဖြစ်မယ်”
ယင်းမှာ ရှောင်ယာ၏ ပထမဆုံးအတွေးပင် ဖြစ်သည်။ တကယ်တမ်းတွင်လည်း သူမ ထိုအတိုင်း လုပ်ဆောင်ပြီး တစ်ရက်စာခွင့် မြန်မြန် တင်လိုက်သည်။ သူမ စက္ကန့်မျှ အချိန်မဆွဲရဘဲ မြန်နိုင်သမျှ မြန်မြန် အိမ်ပြန်သွားခဲ့သည်။
ထိုအခိုက်တွင် ကုမ္ပဏီမှ လူတိုင်းက သူမကို သနားဟန်ဖြင့် ကြည့်နေကြသည်။ ရှောင်ယာက စက်ရုပ်ကို သုံးခဲ့ပုံ ပေါ်ပြီး သူမအိမ် မီးမလောင်ရန် မျှော်လင့်နေပုံရသည်။
လမ်းတစ်လျှောက်တွင် ရှောင်ယာ၏ မျက်လုံးများက ဘာကြောင့်မှန်းမသိ နီရဲလာပြီး မသိလျင် သူမအိမ် မီးလောင်နေသည်ကို မြင်ရပြီး သူမ ဘာမှမလုပ်နိုင်သည့်ပုံစံမျိုး ပေါက်နေသည်။
သူမ ပိုတွေးလေ စိတ်ထဲ၌ ပို၍ စိုးရိမ်ပူပန်လာလေပင်။ သူမ နာကျင်မှုကို သည်းခံ၍ မြန်မြန် လျှောက်နေရသည့် အဖြစ်သို့ ရောက်နေသည်။
ထိုအိမ်သည် သူမ၏ အသက်သွေးကြော ဖြစ်သလို သူမတစ်မိသားစုလုံး၏ အသက်သွေးကြောလည်း ဖြစ်သည်။ ထို့ကြောင့် သူမ နည်းနည်းလေးမှ အထိခိုက်မခံနိုင်ပါ။
နောက်ဆုံးတွင် သူမ အိမ်သို့ ပြန်ရောက်လာပြီး တံခါးကို ဖွင့်လိုက်သည်။ သူမလက်များက စိုးရိမ်တုန်လှုပ်ခြင်းနှင့် ကြောက်စိတ်တို့ကြောင့် ပြင်းထန်စွာ တုန်ယင်နေ၏။
“ဟင်”
သူမ တံခါးကို ခပ်သွက်သွက် ဖွင့်လိုက်ပြီးနောက် သူမ တစ်အိမ်လုံးကို ကြည့်လိုက်သောအခါ အံ့ဩသွား လေသည်။
သူမ၏ အံ့ဩစိတ်က မတော်တဆမှုကြောင့် ဖြစ်လာခြင်း မဟုတ်ဘဲ အိမ်က ဖုန်တစ်စက်ပင် မရှိလွန်းပင်။
သူမ မကြာခဏ သန့်ရှင်းမည်ဟု ပြောခဲ့သော်လည်း တစ်နေကုန် အလုပ်လုပ်ခဲ့ရသောကြောင့် သူမ ပင်ပန်းလွန်း၍ ဘာမှ မသန့်ရှင်းနိုင်သဖြင့် အိမ်ကို အလွန် သန့်သည်ဟု မဆိုနိုင်ပါ။ သို့သော် လက်ရှိတွင် ကြမ်းပြင်မှ ဖုန်မှုန့်များအားလုံး မရှိတော့ပါ။ ရေစိုရာအချို့ပင် ရှိနေသေးပြီး မကြာသေးခင်ကမှ ကြမ်းတိုက်ထားကြောင်း သက်သေ ပြနေသည်။ ထို့အပြင် နံရံများပင် သန့်ရှင်းနေ၏။
*နေပါဦး*
*နံရံလား*
ရှောင်ယာ ထိတ်လန့်သွားသည်။ သူမ မော့ကြည့်လိုက်သောအခါ သန့်ရှင်းရေး စက်ရုပ်က နံရံတစ်လျှောက် ဒေါင်လိုက် ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ ၎င်း ဖြတ်သွားသည့် နေရာတိုင်း၌ ရေစက်များပင် ကျန်နေခဲ့သည်။
ထိုစက်ရုပ်အတွက် အညွှန်းစာကို သူမ မှတ်မိပါသည်။ အောက်ခြေတွင် စုပ်ယူနိုင်သည့် အစွမ်း ရှိပြီး ပို၍ နှံနှံ့စပ်စပ် သန့်ရှင်းနိုင်ရုံတင် မကဘဲ သန့်ရှင်းသည့် ဧရိယာကိုပါ ကျယ်ပြန့်လာစေသည်။
ယခုအခါတွင်မှ အညွှန်းစာက ဘာပြောချင်သလဲ သူမ သိသွားသည်။ ထိုအရည်အချင်းက နံရံကို တက်နိုင်သော တောက်တဲ့၏ အစွမ်းလိုပင်။ အံ့ဩစရာ ကောင်းလိုက်လေခြင်း။
“အဆင့်မြင့်၊ လုံးဝကို အဆင့်မြင့်ပဲ၊ အခြား သန့်ရှင်းရေး စက်ရုပ်တွေထက် အများကြီး ပိုသာတယ်”
ရှောင်ယာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ၎င်းက ထိတ်လန့်စရာ ကောင်းလွန်းလှပြီး ကြီးမားသော အပြောင်းအလဲက သူမအား မှင်တက်သွားစေခဲ့သည်။
သူမ၏ စိုးရိမ်မှုများက မလိုအပ်ဟု ဘယ်သူမှ ထင်ထားမိမည် မဟုတ်ပါ။ သူမတောင်မှ အံ့ဩသွားခဲ့ရသည်။
ထိုအခိုက်တွင် သန့်ရှင်းရေး စက်ရုပ်က နံရံမှ ဆင်းလာပြီးနောက် စက်ထံသို့ အလိုအလျောက် ဦးတည်သွားပြီး ပြန်ချိတ်ကာ ရေပြန်ဖြည့်လေသည်။ ရေဖြည့်ပြီးသည်နှင့် နံရံကို တိုက်ချွတ်ခြင်းကို ဆက်လုပ်လေသည်။
စက်သည် သန့်ရှင်းရေး စက်ရုပ်ကို အားသွင်းရသည့် နေရာဖြစ်သည်။ သို့သော် အားသွင်းခြင်းအပြင် ၎င်း၌ အခြား လုပ်ငန်းစဉ်လည်း ရှိသည်။ ယင်းမှာ ရေဆွဲချသည့် စက်နှင့် ချိတ်ဆက်ထားခြင်းပင်။ ထို့အပြင် ၎င်း ကြမ်းတိုက်သည့် ပုံစံက ကြမ်းတိုက်တံကိုသုံး၍ ကြမ်းတိုက်ခြင်းနှင့် ကွာခြားလေသည်။ ယင်းသည် စိုရွှဲနေခြင်း မရှိဘဲ အလုပ်ကို ညီညီမျှမျှ လုပ်ဆောင်သည်။
“အဲ့လူတွေက ငါ့ကို အကြောက်လွန်ပြီး သေအောင် လုပ်နေတာပဲ၊ ဒါက သိပ်ကောင်းတဲ့ စက်ရုပ်ကို၊ သူတို့က ဒါကို ပိုင်ရတာက ကြောက်စရာကောင်းတယ်လို့ ထင်ရအောင် လုပ်ခဲ့တာပဲ”
ရှောင်ယာက သက်ပြင်းချ၍ သူမရင်ဘတ်ကို ပုတ်ကာ သူမစိတ်ကို ပြန်ထိန်းလိုက်သည်။ ထို့နောက် သူမ မနေနိုင်ဘဲ ဖုန်းကိုထုတ်၍ အားသွန်ခွန်စိုက် အလုပ်ကြိုးစားနေသော စက်ရုပ်ကို ဗွီဒီယို ရိုက်လိုက်သည်။ ထိုဗွီဒီယိုအား TikTok ၌ တင်လိုက်လေသည်။
[ဒီမနက် ငါ အလုပ်သွားတော့ ဝမ်ရုံနည်းပညာက အရမ်းကို မယုံရဘူးလို့ လူတွေ ပြောနေတာကို ရုတ်တရက် ကြားလိုက်ရတယ်၊ ငါ အချိန်မဆွဲဘဲ အိမ်ပြန်လာပြီး စစ်ကြည့်လိုက်တယ္၊ ငါ့ကို အဲ့လောက် အံ့ဩအောင် လုပ်မယ်လို့ ငါ ထင်မထားမိဘူး၊ ဒါနဲ့ ငါ့အိမ်က အရမ်း ဖုန်ထူခဲ့တာနော်]
[အံ့ဩစရာပဲ၊ သူက ဝမ်ရုံနည်းပညာက ထုတ်ကုန်တွေကို သုံးရလောက်အောင် သတ္တိကောင်းတာပဲ]
[တင်တဲ့သူက ကံစမ်းမဲပေါက်တဲ့ အယောက်ငါးရာထဲက တစ်ယောက်ပဲ၊ မင်းရဲ့ ဗွီဒီယိုက အတုလား အစစ်လား]
[လခွမ်း၊ ဘယ်လိုလုပ် အဲ့ဒါက နံရံပေါ် ရောက်နေတာလဲ၊ ဒါ ဘာသဘောတရားကြီးလဲ]
[ဒီလောက်ကောင်းတဲ့ ကြော်ငြာအတွက် မင်း ဝမ်ရုံ နည်းပညာကို ဘယ်လောက် တောင်းလိုက်လဲ၊ ခွေးမ]
[မင်းအိမ်ကို တကယ်ပဲ စက်ရုပ်ကြောင့် သန့်ရှင်းသွားတာဆိုရင် ဒါက တကယ် အံ့ဩစရာပဲ]
…
ဝမ်ရုံ နည်းပညာက ယခု မုန်တိုင်းအလယ်၌ ရောက်နေသည်။ ကုမ္ပဏီနှင့် ပတ်သက်သော ဘယ်သတင်းမဆိုက အလွယ်တကူ အာရုံစိုက်ခံရဿည်။ ထို့အပြင် လူအများသည် ကံစမ်းမဲပေါက်သူ အယောက်ငါးရာ ဘာဖြစ်သွားသလဲ သိချင်နေကြလေသည်။
ရှောင်ယာသည် သူမဗွီဒီယိုက အလွန် နာမည်ကြီးသွားလိမ့်မည်ဟု ထင်မထားမိပါ။ သို့သော် လူတော်တော် များများက သူမကို ကြော်ငြာနေသည်ဟု ထင်နေကြသည်။
ဉာဏ်ရည်မြင့် သန့်ရှင်းရေးစက်ရုပ်များကို လူတိုင်း မရင်းနှီးသည်တော့ မဟုတ်ပါ။ သူတို့အားလုံး ထူးခြားသော လုပ်ဆောင်ချက်များကို ကောင်းကောင်း သတိထားမိပါသည်။ လူတော်တော်များများအတွက် စိတ်မချရဟု သိလာပြီး ဝယ်မိသည်ကို နောင်တရလာသည်။
ယင်းမှာ သူတို့အိမ်များက လုံးဝ သန့်ရှင်းမနေ၍ ဖြစ်သည်။ စက်ရုပ်သည် အလွန် ကြောင်တောင်တောင် နိုင်ပြီး အလွယ်တကူ ကြောင်သွားတတ်သည်။ ကိုယ်တိုင် အားသွင်းသည့်စနစ်ကလည်း အားကိုးမရပေ။ ၎င်းသည် လူကိုယ်တိုင် ပြန်ထည့်၍ အားသွင်းရန် လိုအပ်ပေသည်။ ထို့ကြောင့် ထိုစက်ရုပ်နှင့် ပတ်သက်၍ အများအမြင်က ဆိုးရွားပေသည်။
ပရော်ဖက်ရှင်နယ် ထုတ်လုပ်ရေး ကုမ္ပဏီများတောင်မှ ၎င်းတို့ကို မထုတ်နိုင်သဖြင့် ဘယ်လိုလုပ် ဝမ်ရုံ နည်းပညာက ဤမျှ ကောင်းမွန်သော ထုတ်ကုန်ကို ဖန်တီးနိုင်ပါမည်နည်း။
သို့သော် လူအများသည် ရှောင်ယာ၏ TikTok ကို ကြည့်ပြီးနောက် ဝမ်ရုံနည်းပညာ၏ ရှောင်ယွင်ကို ပြန်မစမ်းသပ်ဘဲ မနေနိုင်ပါ။
TikTok ပေါ်မှ ဗွီဒီယိုက အမှန်ဆိုလျင် အပြောင်းအလဲကြီးတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။
လူအများ၏ မသေချာမရေရာမှုအောက်တွင် ဗွီဒီယိုတစ်ခုအောက်၌ ပွက်လောရိုက်လာပြန်သည်။
ထိုဗွီဒီယိုမှာ ကံစမ်းမဲပေါက်သူ တစ်ယောက်ထံမှ ဖြစ်သည်။
[ဝမ်ရုံနည်းပညာက နှစ်ဆ ဂရုစိုက်ရမယ့် စည်းကမ်းကြောင့် နာမည်ဆိုး ထွက်နေခဲ့တာ၊ ဒီစက်ရုပ်ဆိုတဲ့ ဟာကို ငါ ဆက်တိုက် စောင့်ကြည့်နေခဲ့တယ်၊ အဲ့ဒါက ငါ့ကို တကယ် အံ့ဩစေခဲ့တာပဲ]
ထို့နောက် ရှောင်ယာ၏ ဗွီဒီယိုထက် ပိုကြာသော ဗွီဒီယိုတစ်ခု တက်လာသည်။ ၎င်းသည် ငါးမိနစ်တိတိ ကြာမြင့်ပြီး တည်းဖြတ်ခြင်း ပြုလုပ်ပြီးနောက် အားသွင်းခြင်းမှ ကြမ်းတိုက်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ရိုက်ကူးထားလေသည်။
ထိုဗွီဒီယိုသည် ရှောင်ယာ၏ ဗွီဒီယိုထက် ပို၍ ယုံကြည်ချင်စရာ ကောင်းသည်။ ပထမဆုံးအကြိမ်အဖြစ် ထိုစက်ရုပ်သည် လူတိုင်း၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပြီး အပြည့်အဝ လူစိတ်ဝင်စားခံရလေသည်။ ထို့အပြင် ပထမအသုတ် မှာယူခြင်းများက တရားဝင် website ပေါ်တွင် ပေါ်လာသည်။ ထို့နောက်တွင်မူ ဒုတိယအသုတ်နှင့် တတိယအသုတ် …
“ဆရာ ရှင့်နည်းလမ်းက တကယ် အသုံးဝင်တာပဲ”
ရှုနန်သည် အင်တာနက်ပေါ်မှ တစ်ခုပြီးတစ်ခု ပေါ်လာသော အမှာစာများကို ကြည့်နေပြီး တစ်ကိုယ်လုံး တုန်လာသည်။ အမြဲတမ်း မပြုံးတတ်သော အိုးရန်ချင်းတောင်မှ ပြုံးလာလေသည်။
ဤသည်က အစကောင်းပင်။ အရာအားလုံး ရှင်းလင်းသွားသည်နှင့် ရှောင်ယွင်၏ မြင့်မားသော စံချိန်စံနှုန်းနှင့် ဆိုလျင် ပြင်းထန်သော သက်ရောက်မှု ဖြစ်လာမှာပင်။ လူတိုင်း၏ စိတ်ကို ဖမ်းစားနိုင်ရန် သိပ်မကြာတော့သလို ဝမ်ရုံ နည်းပညာသည် မကြာခင် နာမည် ပြန်ရလာပေတော့မည်။
“စိတ်မပူပါနဲ့၊ ပွဲက အခုမှ စရုံပဲ ရှိသေးတယ်”
ရဲ့လင်းချန်က အသာပြုံးနေသည်။
“လူတွေက အမြဲ သူတို့ရှေ့မှာ ဖြစ်ပျက်တဲ့ ဘယ်အရာကိုမဆို ယုံကြည်တတ်တယ္၊ အကောင်းဆုံး ကြော်ငြာက လာဦးမှာ”
တစ်ချိန်တည်းမှာပင် နည်းပညာကုမ္ပဏီများကလည်း ရှောင်ယွင်အပေါ် မျက်စိကျလာသည်။
“အွန်လိုင်း ဗွီဒီယိုတွေက တကယ်ပဲလား”
“ဝမ်ရုံ နည်းပညာက အရမ်း သတ္တိကောင်းနေတာ အံ့ဩစရာ မရှိတော့ဘူးပဲ၊ လတ်စသက်တော့ သူတို့က နည်းပညာအသစ်ကို ကျွမ်းကျင်သွားတာကိုး၊ ငါတို့ ကုမ္ပဏီက စက်ရုပ်တွေကရော အဲ့လို လုပ်နိုင်ပါ့မလား”
“ဘော့စ်၊ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဒီအဆင့်ကို ရဖို့ အရမ်း ခက်တယ်၊ ကျွန်တော် သိသလောက်ဆိုရင် ဒီစက်ရုပ်ရဲ့ အဆင့်မြင့်အဆင့်က လက်ရှိ ဈေးကွက်ထဲက နည်းပညာထက် နှစ်နှစ်၊ သုံးနှစ် ကျောနေတယ်”
“ဘာ … မင်းတို့အားလုံးက အမှိုက်လား၊ ငါတို့က နည်းပညာကို အထူးပြုတဲ့ ကုမ္ပဏီလေ၊ ငါတို့ ဘယ်လိုလုပ် ကားကုမ္ပဏီတစ်ခု ကျော်တက်တာကို ခံရမှာလဲ၊ ငါတို့ နည်းပညာဌာနကို တစ်ညလုံး အချိန်ပိုဆင်းဖို့ အမိန့်ထုတ်လိုက်၊ သူတို့ ဆင်တူ စက်ရုပ်ကို မြန်နိုင်သမျှ မြန်မြန် ထုတ်ရမယ်”
တူညီသော အဖြစ်အပျက်များက အဓိက ကုမ္ပဏီကြီးများတွင် ဖြစ်ပွားနေလေသည်။ ရှောင်ယွင် ပေါ်ထွက် လာခြင်းက ပြည်တွင်း နည်းပညာ ကုမ္ပဏီများကို အံ့အားသင့်စေခဲ့ပြီး သူတို့အား ဖြစ်လာတော့မည့် ခြိမ်းခြောက်မှုကို ခံစားမိသွားစေသည်။
သတင်းများ လျင်မြန်စွာ တက်လာနေချိန်တွင် ဝမ်ရုံ နည်းပညာ၏ ဝန်ထမ်းများစွာက ဝိုင်အလှကုန်ပစ္စည်းဆိုင်၏ တံခါးဝသို့ ထုတ်ကုန်အချို့ သယ်လာနေ၏။