← Chapters

အမေနှင့် အဖေထံမှ ဖုန်းဆက်ခြင်း

Vol. 27 Ch. 395

အမေနှင့် အဖေထံမှ ဖုန်းဆက်ခြင်း

Vol. 27 Ch. 395

တရုတ်နိုင်ငံ၏ ဘတ်စကက်ဘောသည် နိမ့်ကျနေသည်မှာ ကြာမြင့်လှလေပြီ။ ရဲ့လင်းချန် ပေါ်လာခြင်းက တရုတ်လူမျိုးတို့၏ သမိုင်းတွင် ကြီးမားသော မှတ်တိုင်သစ်တစ်ခု ဖြစ်သည်။ လူတော်တော်များက သူ့အား နိုင်ငံ၏ ဂုဏ်ယူစရာအဖြစ် မှတ်ယူထားသလို ဘတ်စကက်ဘော လောက၏ ကယ်တင်ရှင်အဖြစ်လည်း သတ်မှတ်ထားသည်။ ထို့အပြင် ရဲ့လင်းချန်သည် ရုပ်ချောပြီး သူ ဘတ်စကက်ဘော ကစားသောအချိန်၌ ပို၍တောင်မှ ချောနေသည်။ ယင်းက ပရိသတ်များကို ရူးမတတ် ဖြစ်သွားစေ၏။

“ရဲ့နတ်ဘုရား၊ ကျေးဇူးပြုပြီး ကျွန်တော့် အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေးပါ”

အရပ် ရှည်ရှည်နှင့် ကြံ့ခိုင်သော ဆယ်ကျော်သက်တစ်ယောက်က ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ သူသည် ဂျာစီတစ်ထည်ကို ဝတ်ဆင်ထားပြီး တစ်ချက် ကြည့်လိုက်ရုံနှင့် ဘတ်စကက်ဘော ပရိသတ်တစ်ယောက် ဖြစ်ပြီး ဘတ်စကက်ဘော ကစားရသည်ကို နှစ်ခြိုက်သူ ဖြစ်ကြောင်း သိနိုင်ပေသည်။

ရဲ့လင်းချန် ဘာမှမပြောပေ။ သူသည် ရေပန်းစားမှုကို လိုချင်နေသဖြင့် သူ့ပရိသတ်များအပေါ် အလွန် ကောင်းမွန်သော အပြုအမူ ရှိလေသည်။ ဤချစ်စရာကောင်းသော လူများ သူ့အား စနစ်ထဲ၌ အမှတ်တက်လာအောင် လုပ်ပေးကြသူများ ဖြစ်သည် မဟုတ်ပါလော။

“ရွှစ် ရွှစ် ရွှစ်”

မြွေတစ်ကောင်ကဲ့သို့ သွက်လက်ကျွမ်းကျင်မှုနှင့်အတူ သူ့နာမည်အား ခပ်မိုက်မိုက် ထိုးလိုက်သည်။

ရဲလင်းချန်၏ နာမည် သင်္ကေတသုံးခုက ရှေ့နောက် ညီညွတ်နေသည်။ ၎င်းတို့တွင် အားပြင်းသော ရေးဆွဲမှုများ ပါသော်လည်း ထိန်းချုပ်မှုကင်းမဲ့ပြီး လွတ်လပ်ပေသည်။ ၎င်းသည် အလွန် ကြည်နူးစရာ ကောင်းလှသဖြင့် ထိုလူငယ်အား ဂုဏ်ယူသလို ခံစားမိသွားစေသည်။

အနုပညာ လောကတစ်ခုလုံး၌ ကျုပ်တို့၏ ပါရမီရှင်ကြီးကဲ့သို့ လက်မှတ်ကို နာမည်စာလုံးရေ များများဖြင့် ထိုးပေးသူ မရှိလောက်ပါ။ ထိုလူငယ်လေး၏ ဂျာစီသည် ထိုလက်မှတ်ကြောင့် တန်ဖိုးတက်လာပြီး လူတိုင်းအား မနာလို အားကျမှုတို့ ဖြစ်လာစေသည်။

ရဲ့လင်းချန် ၎င်းနှင့်ပတ်သက်၍ ကျေနပ်နေမိသည်။

နောက်ပိုင်းတွင် ပရိသတ်များက အကြံဉာဏ်ပေါင်းစုံကို စတွေးမိလာပြီး အမျိုးမျိုးသော ထူးဆန်းသည့် တောင်းဆိုမှုများကို ပြုလုပ်လာကြသည်။

“ရဲ့နတ်ဘုရား၊ ကျွန်တော့် လက်ဝါးပေါ်မှာ လက်မှတ် ထိုးပေးပါ၊ ကျွန်တော်က ခင်ဗျားရဲ့ အမာခံ ပရိသတ်ပါ”

“အစ်ကိုရဲ့ ကျွန်မ လည်ပင်းမှာ လက်မှတ် ထိုးပေးပါ၊ အား … ကျွန်မ သိပ်ပျော်တာပဲ”

“အစ်ကိုရဲ့ ကျွန်မ ရင်သားပေါ်မှာ ထိုးပေးပါ”

အချို့သော ပရိသတ်များသည်လည်း အလွန် ဆွဲဆောင်မှု ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်များက အလွန် မိုက်ပြီး သူတို့၏ တောင်းဆိုမှုများကလည်း ထပ်တူပင်။ သူတို့သည် အဖွဲ့လိုက် လာကြပြီးဖြစ်ပြီး ရဲ့လင်းချန်အား ပျော်ရွှင်စွာ ဝိုင်းထားကြသည်။ အမျိုးသမီးများသည် အဖွဲ့လိုက် ရှိနေပါက အမျိုးသားများထက် ပိုပွင့်လင်းကြလေသည်။

လှပသော ထိုအမျိုးသမီးများက သူ့ကို ဝိုင်းလာသောအခါ ရဲ့လင်းချန်သည် ဗုဒ္ဓဘာသာနှင့် တာအိုသဘောတရားကို လေ့လာထားတာတောင်မှ တောင့်မခံနိုင်ပါ။

အမျိုးသမီး တစ်ယောက်ချင်းစီတိုင်း၌ ကိုယ်ပိုင် အလှအပများ ရှိကြပြီး တကယ် ရွေးရခက်သည်။

“အစ်ကိုရဲ့ ဒီမှာ ထိုးပေးပါ”

ခန္ဓာကိုယ် အမို့အမောက်ရှိသော နောက်ထပ် အမျိုးသမီးတစ်ယောက်က အနား ရောက်လာပြီး သူမ၏ ခါးသိမ်သိမ်ကို လက်ညှိုးထိုးပြသည်။ သူမက သူမနှုတ်ခမ်းကို ထိ၍ ရဲ့လင်းချန်အား မျက်စိတစ်ဖက် မှိတ်ပြလေသည်။

ရဲ့လင်းချန်သည် သူ့နှာခေါင်းက အနည်းငယ် ပူလာသလို ခံစားလိုက်ရသည်။ ယင်းက အလွန် ဆွဲဆောင် လွန်းလှသည်။

အားကစားရုံတွင်းမှ လူများသည်လည်း မှင်တက်နေကြလေသည်။ သို့သော် ထိုသို့သော မြင်ကွင်းမျိုးက တစ်ကြိမ်မက ဖြစ်နေ၏။ အနုပညာရှင်များနှင့် တွေ့ဆုံရာတွင် အမျိုးမျိုးသော ပရိသတ်များ ရှိတတ်ပေသည်။

ရဲ့လင်းချန် သူ့နှာခေါင်းကို ပွတ်လိုက်သည်။ သူ မငြင်းသော်လည်း ထိုအမျိုးသမီး၏ လက်မောင်းပေါ်၌ အလျင်အမြန် လက်မှတ် ထိုးပေးလိုက်လေသည်။ ဤနေရာတွင် သတင်းထောက်များလည်း ရှိသဖြင့် သူ့ပုံရိပ်ကို သူ အာရုံစိုက်မှ ဖြစ်ပေမည်။ သို့သော် ထိုအမျိုးသမီးသည် အလွန် ရဲတင်းလှပြီး ရဲ့လင်းချန်၏ ဝမ်းဗိုက်ကို သူမ၏ နောက်လက်တစ်ဖက်ဖြင့် လာကိုင်လေသည်။

“ဝိုး … တကယ့် ကြွက်သားတွေပဲ၊ မာနေတာပဲ”

အမျိုးသမီး ပရိသတ်များ၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် ပို၍ နီရဲလာသည်။ ထို့နောက် သူမက မြောက်ကြွ မြောက်ကြွဖြင့် ပြန်ထွက်သွားပြီး သူမ၏ ကျန်သူငယ်ချင်းများကို ကြွားနေလေသည်။

…

နေ့တစ်ဝက်မျှ အလုပ်သွားပြီးနောက် တွေ့ဆုံနှုတ်ဆက်ပွဲက ပြီးဆုံးသွားလေသည်။ ရဲ့လင်းချန်၌ ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိလျင်တောင်မှ တစ်ကိုယ်လုံး ချွေးပြန်နေ၏။ ထိုနေ့တစ်ဝက်သည် သူ့အတွက် အုတ်ခဲများ ရွှေ့ရသည်ထက် ပို၍ ပင်ပန်းနေလေသည်။ သူ့ကို ကျေနပ်စေသည့် တစ်ခုတည်းသော အရာက သူ၏ တိုးတက်လာသော ရေပန်းစားမှု အမှတ်များပင်။ တစ်ချိန်တည်းမှာပင် သူ့ပရိသတ်များ၏ စိတ်အားထက်သန်မှုက သူ့ကိုလည်း ပျော်ရွှင်စေသည်။

ညနေဘက်တွင် သူသည် ဥက္ကဋ္ဌဖန်နှင့် အခြားသူများနှင့်အတူ ဘတ်စကက်ဘောအကြောင်း ပြောဆိုခဲ့ပြီးနောက် ထရပ်၍ နှုတ်ဆက်လာခဲ့သည်။ သူ့အား တစ်ယောက်က ပြန်လိုက်ပို့သည်။

သူ အိမ်ပြန်ရောက်သောအခါ ကျန်းယွင်ရှီနှင့် မီယာကိုတို့လည်း ပြန်ရောက်နေသည်။ သူတို့သည် မီးဖိုချောင်၌ ညစာချက်ရင်း အလုပ်များနေ၏။

“လင်းချန် နင် ပြန်လာပြီလား၊ ဒီနေ့ တွေ့ဆုံနှုတ်ဆက်ပွဲက အဆင်ပြေပြေ ပြီးသွားလား”

ကျန်းယွင်ရှီ၏ မျက်လုံးများက တောက်ပနေပြီး ရဲ့လင်းချန်ကို လှမ်းကြည့်လာသည်။

“အဆင်ပြေပါတယ်၊ အဲ့ဒီပရိသတ်တွေက … ချစ်စရာကောင်းတယ်”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

“နင်က တကယ် အံ့ဩဖို့ ကောင်းတာပဲ၊ အခု နင်ကလည်း ပရိသတ် သန်းချီရှိတဲ့ ကြယ်ပွင့်တစ်ယောက် ဖြစ်လာပြီ”

ကျန်းယွင်ရှီက စားပွဲပေါ် ဟင်းပွဲများ ချကာ ပြုံးနေပြီး မျက်လုံးတွင် ချိုမြိန်မှုတို့ ပါဝင်နေသည်။

“နတ်ဘုရားမလေး ယွင်ရှီကတော့ နောက်နေပါပြီ၊ TikTok က မင်းရဲ့ပရိသတ်တွေက ဆယ်သန်းကျော်တယ် မဟုတ်ဘူးလား”

ရဲ့လင်းချန် ရယ်နေသည်။

ဝိုင်အလှကုန် ပစ်စည်းဆိုင်သည် အွန်လိုင်းပေါ်၌ နာမည်ကြီးသော ဆိုင်တစ်ဆိုင် ဖြစ်ပြီး ကျန်းယွင်ရှီ၏ ရုပ်ရည်က ကြယ်ပွင့်များနှင့် ယှဉ်နိုင်လေသည်။ ဝိုင်အလှကုန် ပစ္စည်းဆိုင်သို့ သူမ ဝင်ကတည်းက ပရိသတ်များစွာကို ဆွဲဆောင်နိုင်ပြီး TikTok ပေါ်က နာမည်ကြီး အွန်လိုင်း အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

“လင်းချန် ငါ့ကို မစပါနဲ့”

ကျန်းယွင်ရှီ လျှာလေးထုတ်ကာ ပါးနှစ်ဖက်လုံး နီရဲလာသည်။

သူတို့ ညစာစားပြီး၍ ရဲ့လင်းချန် အပေါ်တက်လာသည်နှင့် ဖုန်းက မြည်လာသည်။

ဖုန်းခေါ်သူကို ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ဖုန်းကိုင်လိုက်သည်။

“အမေ”

“သား၊ အမေ မင်းကို တစ်ခု မေးချင်တယ်၊ မင်း အမေ့ကို အမှန်အတိုင်း ဖြေရမယ်”

တစ်ဖက်မှ ရှုကျန်း၏ အသံ ထွက်ပေါ်လာသည်။ အသံသည် အလွန် နူးညံ့ပြီး စိုးရိမ်စိတ်နှင့် လေးနက်သော အရိပ်အယောင်တို့ ပေါ်လွင်နေသည်။

“ဘာဖြစ်တာလဲ”

“အမေတို့ရွာက တစ်ယောက်က မင်းက နာမည်ကြီး ဘတ်စကက်ဘော ကြယ်ပွင့်တစ်ယောက် ဖြစ်လာပြီလို့ ပြောလာလို့၊ အဲ့ဒါ အမှန်ပဲလား”

ရှုကျန်းက မေးလာသည်။

“ကျွန်တော် ဘတ်စကက်ဘော ကစားပတယ်၊ ဟုတ်တယ်၊ ဒါပေမဲ့ အပြင်မှာ ထွက်နေတဲ့ ကောလာဟလ တွေလောက် မကြီးကျယ်ပါဘူး”

ရဲ့လင်းချန်က ပြုံးလိုက်ပြီး ထိုအခွင့်အရေးကို အသုံးချ၍ ပြောပြလိုက်သည်။

“အမေ့သားက ပိုက်ဆံ ရှာနိုင်နေပြီလို့ အမေ့ကို ကျွန်တော် အရင်က ပြောခဲ့သားပဲ၊ အမေ ကျွန်တော့်အတွက် ပိုက်ဆံ စုထားပေးဖို့ တကယ် မလိုပါဘူး”

“သားက အမေ့ရဲ့ သားကောင်းလေးပဲ”

တစ်ဖက်မှ ရှုကျန်း၏ ရယ်သံ ထွက်ပေါ်လာပြီး သူမ ဂုဏ်ယူနေ၏။

“အခု အမေတို့မြို့မှာ မင်း နာမည်ကြီးနေပြီ၊ အမေ့ဆီကို လူဘယ်နှစ်ယောက်လာပြီး မိတ်ဆွေဖြစ်ဖို့ ကြိုးစားနေလဲ မင်း မသိပါဘူး၊ မိသားစုတွေ အများကြီး လာကြပြီးတော့ နားဖောက်ဖို့ ပြောနေကြတာ၊ ဒါပေမဲ့ အမေ သူတို့အားလုံးကို ငြင်းခဲ့တယ်၊ မင်းနဲ့ ယွင်ရှီနဲ့ရော အဆင်ပြေရဲ့လား”

သူ့အမေက စကားလမ်းကြောင်း ပြောင်းသွားပြီး သူမ၏ ချွေးမအတွက် စိတ်ရင်းအတိုင်း စိုးရိမ်နေသည်။

“အမေ ဒီမှာ အားလုံး အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့”

“အမေ မင်းကို ပြောမယ်နော် … ယွင်ရှီက မိန်းမကောင်းလေး တစ်ယောက်၊ အခု မင်း ကြယ်ပွင့်တစ်ယောက် ဖြစ်နေရင်တောင်မှ သူ့ကို အနိုင်ကျင့်ခွင့် မပေးဘူးနော်၊ အနုပညာ လောကမှာ ရေတွေက နက်တယ်လို့ လူတွေ ပြောတာကို အမေ ကြားဖူးတယ်၊ မင်း လမ်းမှား လိုက်လို့ မရဘူးနော်”

ရှုကျန်းက စိုးရိမ်စွာ သတိပေးသည်။

“အမေ အနုပညာလောကက ရေဘယ်လောက် နက်နက် ကျွန်တော့်ကို မဆွဲချနိုင်ပါဘူး”

ရဲ့လင်းချန် ပြုံးလိုက်သည်။

ဖုန်းတစ်ဖက်မှ သူ့အဖေအသံက ရုတ်တရက် ထွက်လာသည်။ ဖုန်းကို စပီကာ ဖွင့်ထားမှန်း သိသာလှသည်။ ထိုအခိုက်တွင် သူသည် မနေနိုင်ဘဲ သူ့သားကို ဝင်ဆုံးမသည်။

“မင်းအမေက မင်းကို ပိုဂရုစိုက်ဖို့ ပြောနေတာ၊ မင်းကို ဆွဲမချနိုင်ပါဘူးဆိုတာက ဘာကို ဆိုလိုချင်တာလဲ၊ အခု မင်းရဲ့ အပြုအမူက မာန်တက်နေသလိုပဲ၊ မာနမကြီးဖို့ သတိရပါ”

“ကျွန်တော် နားလည်ပါတယ် အဖေ”

ရဲ့လင်းချန် နားလည်ပါသည်။

“နားလည်ရုံနဲ့ အသုံးမဝင်ဘူး၊ မင်းစိတ်ထဲမှာ စွဲနေအောင် မှတ်ထား၊ မင်းမိဘစကားကို မင်း နားမထောင်ဘူးဆိုရင် အနှေးနဲ့အမြန် အကျိုးဆက်ကို ခံစားရလိမ့်မယ်”

ရဲ့ကျင်းသည် အနုပညာလောကနှင့် ပတ်သက်၍ အလွန် အဆိုးမြင်တတ်သည်။ သူက စိုးရိမ်စွာ ပြောလိုက်သည်။

“မင်းအကြောင်း မကောင်းသတင်း ကြားလို့ကတော့ ငါ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်”

“အဖေ ကျွန်တော်က ဘတ်စကက်ဘော ကစားတာပါ၊ တိတိကျကျ ပြောရရင် အနုပညာလောကလို့တောင် သတ်မှတ်လို့ မရဘူး”

ရဲ့လင်းချန် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

“သား မင်းအဖေကို အာရုံစိုက်မနေနဲ့”

ရှုကျန်းက ပြောလိုက်သည်။

“အမေတို့ရွာက လူငယ်လေးတွေက မင်း ပြန်လာတာကို စောင့်နေတာ၊ လက်မှတ် လိုချင်လို့ တောင်းနေကြတယ်”

“အမေ ကျွန်တော့်မှာ ကျွန်တော့် လက်မှတ် ထိုးထားတဲ့ အားကစားရုံက ပို့စကတ် အပိုတွေ ရှိတယ်၊ ကျွန်တော် အမေ့ဆီ ပို့လိုက်ရမလား”

“အဲ့လိုဆို အဆင်ပြေတာပေါ့”

ရှုကျန်း အလွန်အမင်း ကျေနပ်သွားသည်။

“အမေ့ဆီ မြန်မြန် ပို့လိုက်၊ အမေ အဲ့ဒါကို အမေတို့ အိမ်နီးချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပေးရမယ်၊ အမေ့ဆီ ပိုပို့ပေးနော်၊ သူတို့ကို အမေ့သားပုံ ပြရမယ်”

“မောက်မာလိုက်တာ”

သူ့အဖေသံ ပေါ်လာသည်။

“ငါ့သားကို ကောင်းကောင်း ဆုံးမခဲ့လို့‌ တော်သေးတယ်၊ မင်းဆီကနေသာ သင်ယူရရင် သူ ဘယ်လိုပုံ ဖြစ်သွားမလဲ ငါ မသိတော့ဘူး”

“တော်စမ်းပါ၊ ရှင့်ကိုယ်ရှင် မာနကြီးနေတာပဲ၊ ရှင် သူ့ကို ဘာသင်ပေးလို့လဲ၊ သူ ငယ်ငယ်လေးကတည်းက ကျွန်မ မဆုံးမခဲ့လို့လား”

ရှုကျန်းကလည်း ပြန်ဂုဏ်ဖော်သည်။

“သားတွေက သူတို့အမေနဲ့တူတယ်လို့ လူတွေက ပြောကြတယ်၊ အဲ့စကားက တကယ် ဟုတ်တဲ့ပုံပဲ”

သူ့အဖေက မကျေနပ်သံ ပြုပြီး ငြိမ်သွားပြီးမှ ပြောလိုက်သည်။

“သား အဖေ့ဆီကိုလည်း ပို့စကတ် နည်းနည်းလောက် ပို့ပေးဖို့ သတိရဦး၊ အဖေ အဲ့ဒါတွေကို ဆေးရုံမှာ လိုက်ပေးရမယ်”

…

All Chapters