← Chapters

ကွပ်မျက်ခြင်း........

Vol. 21 Ch. 281

ကွပ်မျက်ခြင်း........

Vol. 21 Ch. 281

မြင့်မားသော နံရံထက်ကနေ ဉက္ကာခဲပျံတစ်ခုစဖွယ် လျင်မြန်စွာပျံသန်းသွားသော ကျန်းချင်းအာသည် အားလုံး၏အကြည့်များကို ဖမ်းစားသွားခဲ့သည်။

သူမ၏ ပုံမှန်မဟုတ်သော ပေါက်ကွဲထွက်လာသည့် စွမ်းအားများသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းနေလေ၏။

ကျန်းချင်းအာ ရင်ဆိုင်နေရသောရန်သူသည် ပေါ့ပေါ့သေးသေးမဟုတ်.....ကောင်းကင်နစ်နမြှုပ်ခြင်းအဆင့်နှင့်ယှဉ်နိူင်သော ကောင်းကင်ဘုံကပ်ဘေးအဆင့်.........

အဆင့်ကိုး အလင်းပဲ့တင်ထပ်သံ ပင်လျှင် ယှဉ်နိုင်ဖို့မလွယ်ပေ။

တစ်ချက်တည်းနှင့် မအောင်မြင်ဘူးဆို အရူးမျက်နှာ၏ ဝါးမြိုစားသောက်ခြင်းကို ခံရလိမ့်မည်။

သို့သော်လည်း သူမ၏ စိတ်ထဲတွင် မည်သည့်အတွေးမျှ ရှိမနေခဲ့ပေ။သူမသည် ပစ်မှတ်ကိုသာ စူးစူးနစ်နစ်စိုက်ကြည့်ပြီး လေးညှို့မှပစ်လွှတ်လိုက်သော မျှားတစ်စင်းသဖွယ် အရှိန်ဖြင့် ဉီးတည်ပျံသန်းသွားလေသည်။

အနိူင်အရှုံးရလဒ်များကို စဉ်းစားမနေဘဲ သတ္တိရှိစွာ တိုက်ခိုက်ပေတော့မည်။

မှောင်ထုကို အလင်းဆောင်မည့် မီးရှုးတန်ဆောင်သဖွယ်ဖြစ်နေသော ကျန်းချင်းအာ၏လုပ်ရက်ကြောင့် လီလော် နှလုံးရပ်လုမတတ်ပင်.....

ရွှင်းးးးးးးးးး

သူမ၏ အရေပြားပေါ်တွင် တောက်ပသော အလင်းရောင်များ စတင်တောက်ပလာပြီး စစ်မြေပြင်တွင် ဖုံးအုပ်နေသောအနက်ရောင် ဖုန်မှုန့်များအားလုံးကင်းစင်သွားလေ၏။

ထိုမြင်ကွင်းကြောင့် ဒူဇီဟုန်လျန်တို့ ပင့်သက်ရှိုက်လိုက်မိသည်။

"သူရဲကောင်းဆန်လိုက်တာ..."

"သူ့ရဲ့သန်မာမှုက မယုံနိုင်စရာကောင်းလိုက်တာ......"

တခြားသောကျောင်းသားတွေ မသိနိုင်ပေမယ့် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်များကတော့ ကျန်းချင်းအာ၏ သန်မာမှုကို ကောင်းကောင်းနားလည်ကြသည်သာ......

သူမသည် ကောင်းကင်နစ်မြုပ်ခြင်းအဆင့် နှင့် ခြေတစ်လှမ်းသာဝေးတော့သည်။

ယခုနှစ်ကုန်တွင် အမာခံခုနှစ်ဉီးကို စိန်ခေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်နေခြင်းမှာ အံ့သြစရာမဟုတ်တော်ပေ။ သူမသည် ကောင်းကင်နစ်မြုပ်ခြင်းအဆင့်နှင့် အလွန်နီးကပ်နေပြီး ကျန်သူများမှာ ကမ္ဘာမြေနှင့်ရင်းနှီးခြင်း အစောပိုင်းအဆင့်တွင်သာ ရှိကြသေးသည်။

အဆင့်ကိုး အလင်းပဲ့တင်ထပ်သံပိုက်ဆိုင်ထားသော ကျန်းချင်းအာသည် ရွယ်တူများထက် အမြဲခြေတစ်လှမ်းသာနေခဲ့သည်။

ဝုန်းးးးးးး

သူမ၏ဓားသည် အပူရှိန်ပြင်းသော နေမင်းသဖွယ် တောက်လောင်နေပြီး ဖြတ်သန်းလာရာလမ်းတစ်လျှောက်တွင် ရှိသမျှ အရာတိုင်းကိုလောင်မြိုက်သွားစေခဲ့သည်။

အရှိန်ဟုန်ပြင်းစွာ တိုးဝင်လာသော ကျန်းချင်းအာကြောင့် အရူးမျက်နှာသည်လည်း အံ့သြသွားသည့်အတွက် အနီရောင်မျက်စံများ ပို၍ပြူးကျယ်လာသည်။

ဟစ်... ဟစ်...ဟစ်

အရူးမျက်နှာဆီမှ ရယ်သံ ထွက်လာသည်။

ကျန်းချင်းအာကလည်း ဤသည်ကို သတိပြုမိလိုက်သည်။

ငါးစားချချင်နေတာလား.....

အရူးမျက်နှာသည် ကောင်းကင်ဘုံကပ်ဘေးအဆင့်ဖြစ်သောကြောင့် ဉာဏ်ရည်ထက်မြက်နိုင်သည်။

မြောက်များစွာသော ကမ္ဘာခြားသက်ရှိများကို ထိန်းချုပ်နိုင်သူဖြစ်သောကြောင့် လူသားများနည်းတူ ဉာဏ်ရည်ထက်မြင်သည်ဟုယူဆနိုင်သည်။

အရာရာတွေးဆထားပြီး ဖြစ်သောကြောင့် ကျန်းချင်းအာ ပျာယာခတ်မနေခဲ့ပေ။

ထို့အတူ သူမ၏ဓားပေါ်ရှိအလင်းတန်းသည်လည်း ပိုမို လင်းလက်တောက်ပလာသည်။

ရှူးးးးးး

အရူးမျက်နှာသည် ပါးစပ်ဖွင့်ကာအသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရွံ့ရုပ်များဆီပို့လွှတ်ထားသော အနက်ရောင်အငွေ့များကို ပြန်လည်စုပ်ယူလိိုက်သည်။

တစ်ချိန်တည်းမှာပင် သန့်စင်သောနယ်မြေအတွင်းရှိ ကူးစက်ခံရသော ကျောင်းသားများသည်လည်း ကြံ့ခိုင်မှု အားနည်းလာသည်။

တချို့ဆိုလျှင် အပြည့်အဝ သတိပြန်လည်လာကြပြီ.....

"မြန်မြန်! ကူးစက်ခံထားရတဲ့ကျောင်းသားတွေအားလုံးကို  ချည်နှောင်လိုက်.....!"

ကျန်းချင်းအာ ခက်ခက်ခဲခဲ လမ်းဖွင့်ကေးနေခြင်းကို အလဟာသအဖြစ်ခံလို့မရသောကြောင့် လီလော့က အားလုံးကိုအော်ဟစ်သတိပေးလိုက်သည်။

ထိုအခါ ကျောင်းသားများ စိတ်ဓာတ်ပြန်လည် တက်ကြွလာပြီး ကူးစက်ခံထားရ​သောကျောင်းသားများကို ပူးပေါင်းနှိမ်နှင်းလိုက်ကြသည်။

နယ်မြေအပြင်ဘက်တွင်မူ အရူးမျက်နှာသည် ခွန်အားကိုစမ်းသပ်သည့်အနေဖြင့် အော်ဟစ်ရယ်မောလိုက်သည့်အခါ မြေပြင်သိမ့်သိမ့်တုန်ခါသွားသည်။

ထို့နောက် ၎င်း၏ ချွန်မြလှသော လက်သည်းများကို မြှောက်လိုက်သည့်အခါ ကမ္ဘာမြေပေါ်ရှိအလင်းရောင်အားလုံးကွယ်ပျောက်သွားသလို အမှောင်ထုကြီးစိုးလာလေ၏။

အရာအားလုံးကို ဖျက်ဆီးမည့် အမှောင်ထု.......

မျှော်လင့်ခြင်းအလင်းရောင်တောက်ပနေသော ဓားတစ်လက်သည် ထိုလက်ဖဝါးအောက်ရှိ မှောင်မိုက်နေသော  ကမ္ဘာကြီးကို ကယ်တင်ပေးတော့မည်။

ဝုန်းးးးးးးးးးးးး

သက်ရောက်မှု ကြီးမားလွန်းသည့်အတွက်  ငလျင်လှုပ်ခတ်သလို  အပေါ်ယံမြေဆီလွှာတွန့်ခေါက်ကုန်လေသည်။

ပေါက်ကွဲမှုအရှိန်ကြောင့် အဆင့်နိမ့်သောကမ္ဘာခြားသက်ရှိများ အမှောင်ထုထဲသို့ပြေးဝင်ကုန်ကြသည်။

သန့်စင်သောနယ်မြေအတွင်းရှိ ကျောင်းသားများသည် ကယ်တင်ခြင်း နတ်ဘုရားမညကျန်းချင်းအာ ဒဏ်ရာရသွားသည့်အတွက် စိတ်မကောင်းဖြစ်နေကြရှာသည်။

ကျန်းချင်းအာထံတွင် အရူးမျက်နှာကို အနိုင်ယူရန် လုံလောက်သော အင်အားမရှိပေ။

ဟီးးးးဟီးးးးဟီးးးးးး

အရူးမျက်နှာက ကျန်းချင်းအာ၏ဓားချက်ကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်ပြီး ထူးဆန်းသောရယ်သံဖြင့် ရယ်မောနေသည်။

"ခေါင်းဆောင်.....မြန်မြန်ပြန်လာခဲ့တော့......"

ထျန်ထျန်းနှင့်ချိုးပိုင်တို့က ကျန်းချင်းအာကို သတိလှမ်းပေးနေသည်။

လီလော့ အလွန်အမင်းစိုးရိမ်နေသောလည်း ထိုနေရာမှ ​ခြေတစ်လှမ်းသော်မျှမရွေ့ခဲ့ပေ။အဘယ့်ကြောင့်ဆိုသော် သူသွားကူခဲ့လျှင်တောင် ကျန်းချင်းအာအတွက် အကူအညီမဖြစ်ဘဲဝန်ထုပ်ဝန်ပိုးသာဖြစ်စေလိမ့်မည်။

ကျောင်းသားများထံမှ ထိတ်လန့်တကြားအော်သံများ ထွက်ပေါ်လာသည်။

ဒဏ်ရာရားသော်လည်း ကျန်းချင်းအာ နောက်မဆုတ်လာသေးဘဲရှေ့ဆက်တိုးသွားခဲ့သည်။

ထို့နောက် ဓားသွားကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်သည့်အခါ ဓားသွားပေါ် သွေးများစွန်းထင်ကုန်သည်။

ထိုအခါ အစိတ်စိတ်အမွှာမွှာကွဲထွက်သွာသော ဓားအလင်းသည် သူ့အလိုလို ပြန်လည်ပေါင်းစပ်လာပြီး ယခုအခါတွင် အရူးမျက်နှာ၏ ရယ်မောခြင်းကို ရုတ်တရက် ရပ်တန့်သွားစေသည့်အထိ တောက်ပလင်းလက်သော နတ်ဘုရားအလင်းတန်းများထွက်ပေါ်လာသည်။

အရူးမျက်နှာကလည်း နဖူးကို လက်ဖဝါးဖြင့်ထိကပ်လိုက်ပြီး အရာအားလုံးကို ဝါးမြိုဖျက်စီးပစ်နိုင်သည်အထိပြင်းထန်သော မကောင်းဆိုးဝါးစွမ်းအင်များကို စတင်စုဆောင်းနေလေ၏။

ကျန်းချင်းအာ ပင့်သက်ရှိုက်လိုက်ပြီး တောက်ပနေသော ဓားထဲကနေ မီးတောက်နေသော ဓားတစ်လက်ကိုဆွဲထုတ်လိုက်လေပြီ......

"သန့်ရှင်းစင်ကြယ်သော မီးတောက်ဓားဖြင့် ဆုံးယုတ်မှုဟူသမျှကို လောင်ကျွမ်းပြာချပစ်မည်......"

ဓားသွားပေါ်ရှိအလင်းရောင်သည်း မီးတောက်များအဖြစ်ပြောင်းလဲသွားပြီးသူမကို တမာန်တော်နတ်သမီးတစ်ပါးအသွင်းကူးပြောင်းသွားစေသည်။

အနက်ရောင် ရေဝဲများ၏တိုက်ခိုက်မှုကို ရှောင်ရှားရင်းဖြင့်  အရူးမျက်နှာဆီ တည့်တည့်ကြီးတိုးဝင်သွားခဲ့သည်။

ထိုသို့တိုးဝင်ခြင်းသည် အရူးမျက်နှာကိုသေစေနိူင်သလို သူမအတွက်လည်းအန္တာရာယ်များလွန်းလှသည်။

မိမိကိုယ်မိမိ ကာကွယ်ခြင်းနှင့် ရန်သူကို သတ်ဖြတ်ခြင်းနှစ်ခုတွင် ကျန်းချင်းအာက နောက်ဆုံးတစ်ခုကိုသာ ရွေးချယ်ခဲ့သည်။

အရူးမျက်နှာသည် ထိုကဲ့သို့ မဆင်မခြင် လှုပ်ရှားမှုအတွက် ပြင်ဆင်ထားခြင်း မရှိသော်လည်း သူ့ကိုယ်သူ ကာကွယ်ရန် အချိန်နှောင်းသွားခဲ့သည်။

မီးတောက်နေသောဓားတစ်လက် သူ့မျက်နှာပေါ်သို့ တည့်တည့်ကျဆင်းလာခဲ့ပြီ.....

ထိုအခိုက်အတန့်တွင် အချိန်စက်ဝိုင်းတစ်ခုလုံးရပ်တန့်နေသလိုပင်........

All Chapters