← Chapters

လီလော့၏ အစီအစဉ်.....

Vol. 21 Ch. 283

လီလော့၏ အစီအစဉ်.....

Vol. 21 Ch. 283

" အကူအညီ....."

နယ်မြေဆယ့်သုံးထဲတွင်ရှိသမျှကျောင်းသားတိုင်း လက်ပန်းကျနေပြီဖြစ်သည့်အပြင် ကြယ်လေးပွင့်နှင့်အမာခံခုနှစ်ယောက်ကလည်း လှိုဏ်ဂူ၏ အနက်ပိုင်းတွင်ရောက်နေသည်။ မည်သူ့ကို အကူအညီတောင်း

ခံရမည်နည်း.....ကျန်းချင်းအာ မတွေးတတ်တော့ပေ။

ဒူဇီဟုန်လျန်က လီလော့ကို ဘုကြည့်ကြည့်နေလေ၏။

//အကူအညီရမယ်ဆို တောင်းပြီးတာကြာရောပေါ့....မသိရင် သူ့မှာ အကူအညီတောင်းစရာရှိနေတာကြနေတာပဲ....//

" ကျားနှစ်ကောင်အချင်းချင်းကိုက်ကြရင် အထိကြမှာပဲလေ..... "

လီလော့၏ အပြောကြောင့် အားလုံးအံ့အားသင့်ကုန်ကြသည်။

" နင်ပြောချင်တာက....... "

တစ်ခုခုကိုသတိပြုမိလိုက်သည့်အတွက် ကျန်းချင်းအာ မျက်လုံးပြူးသွားသည်။

"တားမြစ်နယ်မြေထဲက သားရဲကိုလား....."

" လီလော့....နင်ရူးနေပြီလား....."

လီလော့၏ ထူးဆန်းသောအကြံဉာဏ်​ကြောင့် ဒူဇီဟုန်လျန် ကြောက်လန့်တကြား အော်ဟစ်လိုက်လေ၏။

" သားရဲ ငါတို့ဆီရောက် လာတာမလာတာနောက်ထား....တားမြစ်နယ်မြေဆီဘယ်လိုရောက်အောင်သွားကြမှာလဲ.....မဖြစ်နိုင်တာတွေမပြောစမ်းနဲ့......ဘာလဲ နင် ဒါကိုအကြောင်းပြပြီးထွက်ပြေးမလို့လား......"

ဘန်းးးး

ကျန်းချင်းအာ ဒေါသထွက်လာတာ​ကြောင့် ဓားကို မြေပြင်ပေါ်ထိုးစိုက်လိုက်သည်။

" ဒူဇီဟုန်လျန်! !!! ငါ ဒဏ်ရာရနေတယ်ဆိုပြီး နင့်ကိုမရိုက်နိုင်ဘူးမထင်လိုက်နဲ့နော်! !!!!."

" ငါပြောတာဘာမှားလို့လဲ.....သားရဲကြီးက အိမ်မွေးခွေးပေါက်လေးမှမဟုတ်တာ....ပြီးတော့ ကျောင်းအုပ်ကြီးရဲ့စည်းတံဆိပ်ကို ဘယ်လိုဖျက်ကြမလဲ......"

ဒူဇီဟုန်လျန်၏ ထောက်ပြချက်များကလည်း မှန်သင့်သလောက်မှန်ကန်နေသောကြောင့် လီလော့ ငြိမ်ကျသွားလေ၏။

" သန်းခေါင်ထက်တော့ ညဉ့်နက်နိုင်စရာအကြောင်းမရှိတော့ဘူး....စစ်ကူတွေရောက်မလာခင်အထိ ငါတို့တွေ တောင့်ခံနိုင်မှာမဟုတ်ဘူး ....အဲ့တော့ ကြိုးစားကြည့်တာ အရှုံးမရှိနိုင်ဘူး...."

ကျန်းချင်းအာ ဘယ်လိုပြောပြော ဒူဇီဟုန်လျန် နားမဝင်ဘဲ လီလော့ထွက်ပြေးဖို့အကြောင်းပြနေသည်ဟုသာ မျက်စိမှိတ်ယုံကြည်နေ၏။

အကယ်၍ လီလော့ထွက်ပြေးလွတ်မြောက်သွားရင်တောင် ကောလိပ်ဘက်က စစ်ဆေးမေးမြန်းမှုများ မလွဲမသွေပြုလုပ်လိမ့်မည်။ထို့အတွက် အကြောင်းပြချက်ပေးချင်သောကြောင့်သာ အခုလိုကြံစည်နေခြင်းဖြစ်လိမ့်မည်။

" အေးပါ....နင်ဘယ်လိုပဲလိမ် လိမ်...အချိန်တန်ရင်ဘူးပေါ်သလိုပေါ်မှာပဲ......"

အနီးအနားရှိကျောင်းသားများကလည်း ယုံကြည်ရမလား၊ သံသယဝင်ရမလား ဟူ၍ လမ်းပျောက်နေကြပြီ.....

လီလော့၏ အကြံအစည်သည် အောင်မြင်ရန်လုံးဝမဖြစ်နိုင်သော်လည်း ကျန်းချင်းအာကို မလှန်ဝံ့သောကြောင့် အားလုံးငြိမ်နေကြရသည်။

ကျန်းချင်းအာက အားလုံးကို လျစ်လျူရှူထားပြီး လီလော့ဘက်လှည့်ကာ.....

" နင့်အစီအစဉ်အတွက် အကူအညီလိုသေးလား......"

" အရင်ကတည်းက မြေမျက်နှာသွင်ပြင်ကိုစူးစမ်းထားပြီးပြီ....တားမြစ်နယ်မြေနဲ့ နယ်မြေဆယ့်သုံးကို ဆက်သွယ်ထားတဲ့ မြစ်တစ်စင်းရှိတယ်.....ရေစွမ်းအင်သုံးပြီး အဲ့လမ်းကြောင်းအတိုင်းသွားလိုက်ရုံပဲ...ကျန်တာတွေကိုတော့ ဟိုရောက်မှပဲကြည့်ရှင်းတော့မယ်......"

ကျန်းချင်းအာက ခေါင်းညိတ်လိုက်ပြီး......

" ကောင်းပြီ....သတိမပြတ်စေနဲ့.....ငါတို့အတွက် မျှော်လင့်ချက်တွေသယ်လာခဲ့ပေး......"

" အင်းပါ.....သုံးရက်အတွင်း နင်တို့ကိုကယ်တင်ဖို့နည်းလမ်းရှာခဲ့ပါ့မယ်....."

" အောင်မြင်မှဖြစ်မယ်....ငါတို့တွေ ဒီမှာသေဆုံးခဲ့ရင် လော့လန်အိမ်တော်လဲ ပျက်စီးရလိမ့်မယ်....."

လီလော့ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။

အကူအညီမပေးနိုင်မှန်းသိနေသောကြောင့် ပိုင်မျန်မျန်နှင့်ရှင်းဖူတို့က လီလော့ဆီအပြေးရောက်လာပြီး......

" ခေါင်းဆောင်....ဘယ်သူမှမယုံရင်တောင် ငါတို့နင့်ကိုယုံတယ်....."

သူ့အကြံအစည်ကို အကုန် ဟားတိုက်လှောင်ပြောင်နေချိန်တွင် ယုံကြည်နေသူများရှိသေးသောကြောင့် လီလော့ ထ်ိရှခံစားသွားရလေသည်။

မည်သို့ပင်ဆိုစေ အတူတူဖြတ်သန်းဖူးကြသည့်အတွက် ပိုင်မျန်မျန်နှင့်ရှင်းဖူတို့သည် လီလော့ကို ကောင်းစွာနားလည်နေကြပြီဖြစ်သည်။

" ငါပြန်လာခဲ့မယ်....."

ထိုသို့ပြောပြီးသည်နှင့် နံရံထက်ကနေ ခုန်ဆင်းပြီး သန့်စင်နယ်မြေကို ကျောခိုင်းထွက်ခွာခဲ့လေတော့သည်။

လီလော့ ထွက်သွားသည်ကို ရိလီရှတို့က မျက်စိတစ်ဆုံးကြည့်ရှုနေပြီး......

" ဒီကောင် အတည်ပြောနေတာလား.....ဟန်ဆောင်နေတာလား...."

ချိုးရဲက ရိလီရှကို လှမ်းမေးလိုက်သည်။

" အမှန်တိုင်းပြောရရင် ယုံချင်စရာတော့မရှိဘူး....ဒါပေမယ့် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုတော့ သိချင်မိတယ်......."

" အောင်မြင်မယ် မအောင်မြင်တော့ မသိပေမယ့် သေချာတာတစ်ခုကတော့ လီလော့ ဘယ်နည်းနဲ့မှထွက်ပြေးမှာမဟုတ်ဘူး....."

လီလော့သည် ကပျက်ကချော်နေတတ်ပုံရသော်လည်း ကျန်းချင်းအာလို စိတ်ဓာတ်ခိုင်မာပြတ်သားသူဖြစ်သောကြောင့် စီချိုးယင်းအခုလို အခိုင်အမာ ပြောဆိုရဲခြင်းဖြစ်သည်။

" ဒီသတင်းတွေပြန့်သွားရင် နင့်လို ဘယ်သူမှယုံကြည်နေမှာမဟုတ်ဘူး....."

" အကယ်၍ လီလော့သာ မအောင်မြင်ခဲ့ရင် ငါတို့အကုန်သေရတော့မှာ....အဲ့တော့ဒါတွေကို ဘာကြောင့်အရေးစိုက်နေမှာလဲ....."

ဟုတ်တော့လည်းဟုတ်ပေသည်။ ပထမဆုံးအကြိမ် အရိပ်လှိုဏ်ဂူထဲ ဝင်ကာမှာ ဒီနေရာမှာတင် သေရတော့မည်။

ကျန်ခဲ့သူများ အတွေးကိုယ်စီ နစ်မြောနေချိန်တွင် လီလော့ကတော့ မြစ်ကြောင်းအတိုင်း တားမြစ်နယ်​မြေဆီ ခရီးနှင်နေခဲ့လေပြီ.......

All Chapters