စည်းတံဆိပ်......
Vol. 21 Ch. 284
မြစ်ကြောင်းတစ်လျှောက်စုန်ဆင်းခဲ့သည့်အတွက်တားမြစ်နယ်မြေဆီသို့ တခဏအတွင်းရောက်ရှိသွားခဲ့သည်။
နေ့တစ်ဝက်အကြာတွင် ရင်းနှီးနေသော တောင်တန်းများကို လှမ်းမြင်နေရပြီဖြစ်သည်။
ယခုချိန်သည် အင်မတန်အရေးကြီးသောအချိန်ဖြစ်ပြီး တစ်ချက်မှားယွင်းလိုက်သည်နှင့် စီစဉ်ထားသမျှ အကုန်ပျက်စီးကုန်လိမ့်မည်။
စည်းတံဆိပ်ကို ပယ်ဖျက်ပြီးသည်နှင့် ပဲ့တင်ထပ်သံနှစ်ခုကို မက်မောနေသော သားရဲကြီးကို ဆွဲဆောင်ရန်သာကျန်တော့သည်။
ဆရာသခင်အဆင့်တစ်ယောက်တွင် မြို့စားအဆင့်၏စွမ်းရည်မျာရှိနေခြင်းမှာ သားရဲကြီးအတွက် အလွန် သားရည်ကျစရာကောင်းနေလေ၏။
ထို့ကြောင့် ဆွဲဆောင်ရလွယ်ကူမည်မှန်းသော်လည်းကျောင်းအုပ်ကြီး၏စည်းတံဆိပ်ရှိနေသေးသည်။
အရင်တစ်ခေါက်ကမြင်ခဲ့ရသလောက်ဆို စည်းတံဆိပ်သည် တောင်ထိပ်ပေါ်တွင်ရှိလိမ့်မည်။
၎င်းသည် တားမြစ်နယ်မြေအတွင်းမှ ဝိညာဉ်သားရဲကြီးအပြင်ထွက်လာမည်ကို ကန့်သတ်ထားသောအရာဖြစ်သည်။
စည်းတံဆိပ်ကိုသာ မဖြည်နိုင်လျှင် ခဲလေသမှ သဲရေကျ ဖြစ်ကုန်လိမ့်မည်။
သို့သော်လည်း သူ့ထံ စိတ်ကူးအချို့ရှိနေပါ၏။
တောင်းပန်ခြင်း........
ဟုတ်ပေသည်။ စည်းတံဆိပ်ကို တောင်းပန်ရမည်။
ကျန်းချင်းအာ၏ အပြောအရဆို စည်းတံဆိပ်ကိုကျောင်းအုပ်ကြီးကိုယ်တိုင် ဖန်တီးခဲ့သည့်တွက် ၎င်းတွင် ကျောင်းအုပ်ကြီး၏ဆန္ဒအပိုင်းအစအချို့ ရှိနေလိမ့်မည်။ထို့ကြောင့် ကျောင်းအုပ်ကြီး ချန်ထားခဲ့သည့်စိတ်ဆန္ဒအပိုင်းအစနှင့်သယ ဆက်သွယ်နိုင်လျှင် ပွဲပြီးပြီ......
ဤအရာသည် ပြောရလွယ်သော်လည်း အလုပ်ခက်သည့်အမျိုးပင်.....
မည်သို့ပင်ဆိုစေ ကြိုးစားကြည့်ရပေမည်။
ဤသည်မှာ အတော်အတင့်ရဲသောအကြံအစည်တစ်ခုပင်....အကယ်၍သားရဲကြီးလွတ်ထွက်လာလျှင် အခန့်မသင့်ပါက တစ်လုတ်တည်းမျိုချခံရလိမ့်မည်။
လီလော့ အတွေးပေါင်းစုံဖြင့်တောင်ထိပ်ပေါ်သို့တက်လှမ်းလာခဲ့သည်။
လေးနာရီကြာပြီးနောက် လီလော့သည် ကျောက်စိမ်းတုံးကြီးကို စိုက်ကြည့်ရင်း တောင်ထိပ်သို့ ရောက်သွားခဲ့သည်။
၎င်းပေါ်တွင် "စည်းတံဆိပ်" ဟူသော အက္ခရာကို ရေးထွင်းထားသည်။
သာမာန်ဆန်သောလက်ရေးဖြင့်ရေးထွင်းထားသောစာလုံးများသည် ဘုရင်အဆင့် ကျွမ်းကျင်သူ၏လက်ရာဟု ထင်ရက်စရာပင်မရှိပေ။
လီလော့သည် ကျောက်တုံးနားသို့ သတိကြီးစွာချဉ်းကပ်သွားပြီး အန္တာရာယ်အငွေ့အသက်တစ်စုံတစ်ရာမခံစားရတော့မှသာ စိတ်အေးနိုင်ခဲ့သည်။
"ကျောင်းအုပ်ကြီး.....ကျွန်တော်က ကြယ်တစ်ပွင့်ကျောင်းသား လီလော့ပါ...... နယ်မြေ 13 ကို ကောင်းကင်ဘုံကပ်ဘေးအဆင့် ကမ္ဘာခြားသက်ရှိတစ်ကောင်ရောက်လာလို့ အကူအညီလာတောင်းတာပါ....နယ်မြေ 13မှာအတော်အခြေနေဆိုးနေလို့ တားမြစ်နယ်မြေထဲက သားရဲကို ခဏလောက်လွှတ်ပေးလို့ရမလား....ဒါဟာ ရူးသွပ်တဲ့အစီအစဥ်လို့ ထင်ရပေမယ့် ကြီးမားတဲ့အိပ်မက်တွေကသာ ကြီးမားတဲ့ အောင်ပွဲတွေ ရစေမှာပါ ..... အဲ့တော့ ကျောင်းအုပ်ကြီးဘက်က ကျွန်တော့်ကိုကူညီပေးဖို့တောင်းဆိုပါရစေ......"
လီလော့သည် ကျောက်တုံးကြီးကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှမရှိသောကြောင့် ကျောက်တုံးပေါ် လက်တင်လိုက်မိသည်။
ထိုအခါ....အေးမြပြီး တုန်လှုပ်ချောက်ချားသော ခံစားမှုမျိုးကို ခံစားလိုက်ရပြီး အနည်းငယ် တုန်လှုပ်သွားသော်လည်း ဘာမှမရှိတော့ပေ။
စိတ်ပျက်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျေးဇူးပြုပြီး တစ်ခုခုတော့တုံ့ပြန်ပါ...ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့သေတာကို ဒီအတိုင်းထိုင် ကြည့်နေတော့မလို့လား....."
ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်ရမည်ထင်သည်။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားပြီး လေတိုးသံပင်မကြားရတော့ပေ။
နောက်ကိုလှည့်ကြည့်လိုက်တော့ ကျောက်တုံးပေါ်မှာ လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။
ထိုသူသည် အစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ မျက်ခုံးမွှေးများ လုံးဝဖြူစွတ်နေသော်လည်း မျက်ဝန်းများကတော့စူးရှနက်မှောင်နေသည်။
ထိုသူသည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေပြီး လီလော့ကိုကြည့်နေသည်။
ထိုသူ၏တိတ်ဆိတ်သောအကြည့်များက အစွမ်းထက်သောသားရဲတစ်ကောင်က သူ့ကိုကြည့်နေသလိုမျိုး အန္တာရာယ်များလွန်းလှသည်။
လျှို့ဝှက်ဆန်းကြယ်သောကျောင်းအုပ်ကြီးဖြစ်ကြောင်း သိလိုက်ရချိန်တွင် လီလော့ ကြောက်ကြောက်လန့်လန့်နှင့်တံတွေးမျိုချလိုက်မိသည်။
"ကျောင်းသားလီလော့က ကျောင်းအုပ်ကြီးကို နှုတ်ဆက်ပါတယ်...."
လီလော့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ထိုသူသည် သူ့ဘဝတွင် တွေ့ဖူးသမျှထဲ၌ အသန်မာဆုံးလူ ဖြစ်နိုင်သည်။
"ဟားးးဟားးးလီလော့....ဗလာနန်းတော်နဲ့မွေးဖွားလာပေမယ့် မင်းမှာပဲ့တင်ထပ်သံနန်းတော်သုံးခုရှိတယ်မလား......ပြီးတော့ မင်းက လီတိုင်ရွှမ်နဲ့တိုင်တန်လန်တို့ရဲ့သားလေ....."
ထိုသူ၏ရိုးရှင်းသောစကားအနည်းငယ်သည် လီလော့၏စိတ်ကို အထပ်ထပ်အခါခါ တုန်လှုပ်သွားစေပြီး အံ့သြမှုကြောင့်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်မိသည်။
ထိုသူသည် သူ့ဘဝ၏ လျှို့ဝှက်ချက်များကို တစ်ချက်ကြည့်ရုံဖြင့်အကုန်မြင်နိုင်လောက်အောင် ကြောက်စရာကောင်းလွန်းလှသည်။