ကျောင်းအုပ်ကြီး ဖန်ချန်ယွမ်......
Vol. 21 Ch. 285
ကျောင်းအုပ်ကြီး၏ရှေ့တွင် ဘာကိုမျှ ဖုံးကွယ်မရဘဲ အဝတ်ဗလာဖြင့်မတ်တပ်ရပ်နေရသလိုသာ ခံစားနေရမိသည်။
ကျောင်းအုပ်ကြီးက လီလော့ နေရခက်နေသည်ကို နားလည်သောကြောင့် ခပ်သော့သော့ရယ်မောလိုက်ပြီး......
"လီလော့....ငါက ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ကျောင်းအုပ်ကြီး ဖန်ချန်ယွမ်ပါ....."
ထိုနာမည်ကို လီလော့ သေချာမှတ်သားထားလိုက်သည်။
" ကျောင်းအုပ်ကြီးကို နတ်ဘုရားနဲ့တူတယ်လို့ ကျောင်းမှာပြောနေကြတာကြားဖူးပေမယ့် အခုမှပဲမျက်မြင်ကြုံဖူးတော့တယ်...."
ရာထူးလည်းကြီး သန်လည်းသန်မာသူကို လီလော့မည်ပုံမည်နည်းဆကိဆံရမည်မှန်းမသိတော့ပေ။
"အိုး? ငါကျောင်းကို မရောက်ဖြစ်တာ နှစ်အတော်ကြာနေပြီ၊ ငါ့ကို တွေ့ဖူးတဲ့သူများများစားစားမရှိပါဘူးကွာ....."
"အဲ..."
သေလိုက်ပါတော့....ဖြီးဖြန်းတာလွန်သွားပြီ....
"မင်းက အပြောချိုသားပဲ....ငါ့ကိုဘယ်သူမှ နတ်ဘုရားနဲ့တူတယ်လို့မပြောပါဘူးကွာ....နတ်ဆိုးနဲ့တူတယ်လို့ပဲပြောကြတာ...."
လီလော့က မျက်မှောင်ကြုတ်လိုက်ပြီး....
" ဒါ ကျောင်းအုပ်ကို မနာလိုလို ပြောတာနေပါလိမ့်မယ်....အဲ့လိုပြောတာဘယ်သူလည်း ကျွန်တော်နဲ့တွေ့မယ်......"
"အဲ့လူနာမည်က လီတိုင်ရွှမ်...."
"လီတိုင်....ဗျာ...အဲ့တာ ကျွန်တော့်အဖေလေ...."
ဖန်ချန်ယွမ် ခေါင်းညိတ်လိုက်တော့ လီလော်အတော်မျက်နှာပူနေရလေပြီ...
" ကျွန်...ကျွန်တော်အဖေက ရဲရင့်ပေမယ့် နည်းနည်း တုံးအတယ်...."
// အဖေရယ်...ဘုရင်အဆင့်ကိုမှ နတ်ဆိုးလို့သွားခေါ်ရသလား....ကိုယ့်အသက်ကိုယ်မနှမြောတော့ဘူးလား အဖေရယ်.....//
"အင်း.လီတိုင်ရွှမ်က. အပြင်က လာတာဆိုတော့ နဂါးရိုင်းတစ်ကောင်လို ပဲ"
ဖန်ချန်ယွမ်နှင့်အတူ လီလော့ပါ ရယ်မောလိုက်မိသည်။
ဘုရင်အဆင့်နဲ့ယှဉ်ရင် အဖေက နဂါးရိုင်းမဟုတ်ဘူး....တီကောင်.....
လီလော့တွေးနေသမျှ မျက်နှာပေါ်အထင်းသားပေါ်လွင်နေတာကြောင့်.....
" မင်းအဖေက ဘုရင်အဆင့်တွေထက်တောင် ပိုမြင့်မြတ်တယ်....သူ့ရဲ့ မျိုးရိုးဇာတိက နယ်နယ်ရရမဟုတ်ဘူး......"
" ကျောင်းသားသမဂ္ဂထက်တော့ မသာနိူင်လောက်ပါဘူးဗျာ....."
" အင်းး...ကျောင်းသားသမဂ္ဂက ဒီကမ္ဘာမှာ အပြင်းထန်ဆုံး အဖွဲ့တွေထဲက တစ်ခုဆိုပေမယ့် သူ့တို့နဲ့တန်းတူ အင်အားကြီးမားတဲ့ အင်အားစုတွေလည်း ရှိပါသေးတယ်ကွာ....."
သတင်းအချက်အလက်အသစ်တိုင်းက အံ့အားသင့်ဖွယ် အပြည့်ပင်....ကျောင်းသားသမဂ္ဂသည် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ပေးသည့် ကြီးကျယ်ခမ်းနားသော အဖွဲ့အစည်းဖြစ်သည်ကို မကြာသေးမီကပင် သိရှိခဲ့သည်။ ထပ်တူထပ်မျှ သန်မာတဲ့ တခြားသူတွေ ရှိနေသေးသလား.......
"ဒါဆို ကျွန်တော့်အဖေက အဲ့ဒီ့မိသားစုတွေထဲလား...."
ဖန်ချန်ယွမ် တခဏမျှ တိတ်ဆိတ်သွားသည်။
"မင်းမိဘတွေ မင်းကို ဘာမှမပြောခဲ့ဘူးထင်တယ်....."
"ဟားဟားးးသူတို့ ကျွန်တော့်ကို အမှိုက်ပုံထဲက ကောက်ခဲ့တာပဲဖြစ်ရမယ်....."
" ထားလိုက်ပါတော့....သူတို့တောင်မပြောခဲ့မှတော့ ငါလည်း ပြောဖို့မသင့်ဘူး.....တစ်ခုတော့မှတ်ထား...ကောင်းကင်ဘုရင်လီရဲ့သွေးမျိုးဆက်က မင်းထင်ထားတာထက်တောင် ပိုနက်ရှ်ိုင်းသေးတယ်......"
ကောင်းကင်ဘုရင်လီတဲ့လား....ဘာတွေလည်း ကောင်းကင်ဘုရင်လီဆိုတာ အဖေ့ကိုပြောတာလား....ဒါမှမဟုတ်ဘယ်သူလဲ.....
"ကမ္ဘာကြီးဟာ မင်းစိတ်ကူးထားတာထက် ပိုကျယ်တယ်..... ငါတို့ အခုနေနေတဲ့ ကုန်းမြေတိုက်ကြီးကို အပြင်ဘက် နတ်ဘုရားကုန်းမြေလို့ခေါ်ကြတယ်....ဒါတွေနဲ့ယှဉ်လိုက်ရင် ရှပြည်ထောင်စုဆိုတာ ပုရွက်ဆိတ်ထက်တောင် ပိုသေးငယ်နေလိမ့်မယ်......"
အပြင်ဘက်နတ်ဘုရားကုန်းမြေ...... ဒါဆို အတွင်းပိုင်းနတ်ဘုရားကုန်းမြေရှိနေသေးတာလား....သတင်းအချက်လက်တွေအများကြီးရလိုက်တာပဲ.......
ကျောင်းအုပ်ကြီးက သူ့ကို စဉ်းစားစရာ အချက်အလက်တွေ အများကြီးပေးခဲ့ပါသည်။ သူ့အဖေက ဘယ်သူလဲ....ဘယ်ဇာတိလဲ....ဘယ်သူ့ရဲ့မျိုးဆက်လဲ.....ဘယ်ကြောင့် တောကြိုအုံကြား ရှပြည်ထောင်စုကိုရောက်လာကြတာလဲ....
သူ့မိဘတွေက ဒီအချက်အလက်အားလုံးကို ဘာတစ်ခွန်းမှ မပြောဘဲဖုံးကွယ်ထားခဲ့သည်။
ဘာကြောင့်မှန်းမသိပေမယ့် သူတို့မှာ လည်း ပြောမရသည့် အကြောင်းပြချက်တွေ ရှိနေနိုင်သည်မဟုတ်လော....
စုပြုံရောထွေးနေသော သတင်းအချက်အလက်အသစ်များကို ခဏဘေးဖယ်ထားလိုက်ပြီး လိုရင်းကိုသာအာရုံစိုက်ရပေမည်။
"ကျောင်းအုပ်ကြီး.....ကျွန်တော် ဒီကိုရောက်လာရတဲ့အကြောင်းအရင်းကိုသိတယ်မဟုတ်လား...."
ဖန်ချန်ယွမ် ခေါင်းညိတ်လိုက်သည်။
"ကောင်းကင်ဘုံကပ်ဘေးအဆင့်ကြောင့်မဟုတ်လား....အင်းလေ မင်းတို့လို ကျောင်းသားလေးတွေအတွက်တော့ တကယ့်ကပ်ဘေးကြီးပေါ့....."
"ကူညီနိုင်မလား...."
ဖန်ချန်ယွမ်လို သန်မာသူတစ်ယောက်အဖို့ ကောင်းကင်ဘုံကပ်ဘေးအဆင့်လောက်ကိုု မှုနေစရာမလိုပေ။
"ဒီပုံစံက ငါ့ဆန္ဒရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ..... ငါ့ခန္ဓာကိုယ်အစစ်က အရိပ်လှိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံးမှာရှိတဲ့ တကယ်ကြောက်စရာကောင်းတဲ့ စက်ဆုပ်ရွံရှာဖွယ်ရာတွေကို တိုက်ထုတ်နေတာ။ ငါ့ကိုယ်ခန္ဓာအစစ်က ဒီကိုရောက်နေတယ်ဆိုရင် မင်းရဲ့စိတ်ကူးတွေထက်တောင် ပိုဝေးသွားလိမ့်မယ်။"
"မင်းရဲ့ပြဿနာအားလုံးကို ငါမဖြေရှင်းနိုင်ပေမယ့် မင်းရဲ့အစီအစဥ်ကို ငါသိတယ်...ဟားးဟားးး မင်းလည်း အဖေတူသားပဲ......ဝိဉာဉ်သားရဲကို ခေါ်ထုတ်ဖို့ ကိုယ့်ကိုကိုယ် ငါးစာချမယ်ပေါ့.....ဒီလိုစိတ်ကူးမျိုးကို ဘယ်သူမှယောင်လို့တောင် အိမ်မက်ထဲထည့်မက်မှာမဟုတ်ဘူး......"
မည်သို့ပင်ဆိုစေ ဖန်ချန်ယွမ်၏ အကြည့်ထဲတွင် လေးစားမြတ်နိုးမှုများကိန်းဝပ်နေပါသည်။
"မင်းရဲ့အစီအစဥ်ကို ငါထောက်ခံပါတယ်...... မင်းအတွက် စည်းတံဆိပ်ကို ဖယ်လိုက်မယ်..... ပြီးတော့ ကျောင်းသားအားလုံးကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ မင်းကိုလက်ဆောင်လေးတွေ ပို့ပေးလိုက်မယ်...."
စကားသံဆုံးသည်နှင့် ဖန်ချန်ယွမ်၏ပုံရိပ်သည် နေလာနှင်းသဖွယ် လွင့်ပါးပျောက်သွားလေ၏။
ထို့အတူ ကျောက်တုံးပေါ်ရှိ စည်းတံဆိပ်စာလုံးလည်း ပျောက်ကွယ်သွားခဲ့ပြီ.....
လီလော့ လက်ဖဝါးဖြန့်လိုက်သည့်အခါ လက်ဖဝါးပေါ်တွင် စည်းတံဆိပ်ဟူသောစာလုံးများသည် ခပ်မှိန်မှိန်လင်းလက်နေလေ၏။